တန္ေဆာင္မုန္းလအတြက္အေကာင္းဆုံးယၾတာ (15.11.2020)မွ (14.12.2020)ထိ .
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
တန္ေဆာင္မုန္းလအတြက္အေကာင္းဆုံးယၾတာ
တန္ေဆာင္မုန္းလဆန္း(၁)ရက္ေန႔(15.11.2020)မွ တန္ေဆာင္မုန္းလကြယ္ေန႔(14.12.2020)ထိ
တစ္လတာလုံး
“ပန္းကန္လုံးႀကီးထဲတြင္ ဆန္အျပည့္နီးပါး ထည့္ထားပါ။
အခြံခြၽတ္ခြာထားၿပီးသား အုန္းသီးအလုံးေခ်ာတစ္လုံးေပၚ တြင္
ထုံး ျဖင့္ “ဝ” အကၡရာ ေရးဆြဲထားလိုက္ပါ။
၎အုန္းသီးကို
ဆန္ထည့္ထားေသာပန္းကန္လုံး အလယ္တြင္ ေထာင္ထားလိုက္ပါ။
အုန္းသီးေဘးဆန္ထဲတြင္
ေ႐ႊထီးႏွင့္ေငြထီး တစ္လက္စီ စိုက္ထားရပါမယ္။
ထို႔ေနာက္ ယၾတာစီရင္ထားသည့္ ပန္းကန္လုံးကို ကလပ္ တစ္ခ်ပ္ေပၚ၌တင္၍
မိမိအိမ္ဘုရားေက်ာင္းေဆာင္ေပၚတြင္
႐ိုေသစြာျဖင့္ တင္ထားလႈဒါန္းေပးထားပါခင္ဗ်။
ေအာက္ပါ ဂါထာေတာ္ကို (၁၂)ေခါက္တိတိ ႐ြတ္ဖတ္ေပးရပါမယ္။
” ဥဳံ ပထဗ်ာ အာကာေသ ပဗၺေတေစဝ
ဥဒေက ဝေန ယံယံ ပတၱံ ပဝါေဒမိ
သဗၺ လာဘသိဒၶိ ဥေပတုံေမ။”
ဆုေတာင္းစာ
အကြၽႏ္ုပ္ႏွင့္တကြ အကြၽႏ္ုပ္၏တစ္မိသားစုလုံးတန္ေဆာင္မုန္းလ
တစ္လတာအတြင္း ကိုယ္ေရာက်န္းမာ၊ စိတ္ေရာခ်မ္းသာစြာျဖင့္ မေကာင္းေသာ အညံ့အပ၊
အတိုက္အခိုက္ မ်ား မွန္သမွ် ကင္းရွင္းေစၿပီး ေကာင္းျခင္းမဂၤလာအျဖာျဖာျဖင့္
ေအာင္ျမင္ျဖစ္ထြန္းတိုးတက္ရပါလို၏။”
{၁၀}ရက္တစ္ႀကိမ္ အထက္ပါနည္းလမ္းအတိုင္းအသစ္
ျပန္လည္ လွဲလွယ္လႉဒါန္းေပးသြားရပါတယ္။
ယခင္လႈထားခဲ့ေသာ ဆန္မ်ားကို ခိုစာ၊ငွက္စာအျဖစ္ ေကြၽးၿပီး
ဒါနျပဳေပးပါ။
အုန္းသီးႏွင့္ေ႐ႊထီး၊ ေငြထီးမ်ားကိုေရရွင္တြင္ေမွ်ာေပးလိုက္ပါ။
ဤယၾတာကို
တန္ေဆာင္မုန္းလ တစ္လတာလုံးအတြင္း
မည္သည့္ေန႔ရက္မွမဆို စတင္၍လုပ္ေဆာင္ႏိုင္သည္။
ဤယၾတာအစီအရင္သည္ အလြန္အစြမ္းထက္ ထိေရာက္ေသာေၾကာင့္
ယုံယုံၾကည္ၾကည္လုပ္ပါက
တန္ေဆာင္မုန္းလ တစ္လတာလုံး
စီးပြားလာဘ္႐ႊင္ေစကာ
လိုအင္ဆႏၵျပည့္ဝေစရပါမည္။
ဆႏၵရွိသူမ်ားအတြက္
ေဗဒင္ႏွင့္အထူးယၾတာေပးပညာရွင္
Credit – ဆရာေပါက္က်ိဳင္း 09776478912
Unicode
တန်ဆောင်မုန်းလအတွက်အကောင်းဆုံးယတြာ
တန်ဆောင်မုန်းလဆန်း(၁)ရက်နေ့(15.11.2020)မှ တန်ဆောင်မုန်းလကွယ်နေ့(14.12.2020)ထိ
တစ်လတာလုံး
“ပန်းကန်လုံးကြီးထဲတွင် ဆန်အပြည့်နီးပါး ထည့်ထားပါ။
အခွံချွတ်ခွာထားပြီးသား အုန်းသီးအလုံးချောတစ်လုံးပေါ် တွင်
ထုံး ဖြင့် “ဝ” အက္ခရာ ရေးဆွဲထားလိုက်ပါ။
၎င်းအုန်းသီးကို
ဆန်ထည့်ထားသောပန်းကန်လုံး အလယ်တွင် ထောင်ထားလိုက်ပါ။
အုန်းသီးဘေးဆန်ထဲတွင်
ရွှေထီးနှင့်ငွေထီး တစ်လက်စီ စိုက်ထားရပါမယ်။
ထို့နောက် ယတြာစီရင်ထားသည့် ပန်းကန်လုံးကို
ကလပ် တစ်ချပ်ပေါ်၌တင်၍
မိမိအိမ်ဘုရားကျောင်းဆောင်ပေါ်တွင် ရိုသေစွာဖြင့် တင်ထားလှုဒါန်းပေးထားပါခင်ဗျ။
အောက်ပါ ဂါထာတော်ကို (၁၂)ခေါက်တိတိ ရွတ်ဖတ်ပေးရပါမယ်။
” ဥုံ ပထဗျာ အာကာသေ ပဗ္ဗတေစေဝ
ဥဒကေ ဝနေ ယံယံ ပတ္တံ ပဝါဒေမိ
သဗ္ဗ လာဘသိဒ္ဓိ ဥပေတုံမေ။”
ဆုတောင်းစာ
အကျွန်ုပ်နှင့်တကွ အကျွန်ုပ်၏တစ်မိသားစုလုံးတန်ဆောင်မုန်းလ တစ်လတာအတွင်း ကိုယ်ရောကျန်းမာ၊
စိတ်ရောချမ်းသာစွာဖြင့် မကောင်းသော အညံ့အပ၊
အတိုက်အခိုက် များ မှန်သမျှ ကင်းရှင်းစေပြီး ကောင်းခြင်းမင်္ဂလာအဖြာဖြာဖြင့် အောင်မြင်ဖြစ်ထွန်းတိုးတက်ရပါလို၏။”
{၁၀}ရက်တစ်ကြိမ် အထက်ပါနည်းလမ်းအတိုင်းအသစ် ပြန်လည် လှဲလှယ်လှူဒါန်းပေးသွားရပါတယ်။
ယခင်လှုထားခဲ့သော ဆန်များကို ခိုစာ၊ငှက်စာအဖြစ် ကျွေးပြီးဒါနပြုပေးပါ။
အုန်းသီးနှင့်ရွှေထီး၊ ငွေထီးများကိုရေရှင်တွင်မျှောပေးလိုက်ပါ။
ဤယတြာကို တန်ဆောင်မုန်းလ တစ်လတာလုံးအတွင်း မည်သည့်နေ့ရက်မှမဆို စတင်၍လုပ်ဆောင်နိုင်သည်။
ဤယတြာအစီအရင်သည် အလွန်အစွမ်းထက် ထိရောက်သောကြောင့်
ယုံယုံကြည်ကြည်လုပ်ပါကတန်ဆောင်မုန်းလ တစ်လတာလုံး
စီးပွားလာဘ်ရွှင်စေကာ လိုအင်ဆန္ဒပြည့်ဝစေရပါမည်။
ဆန္ဒရှိသူများအတွက် ဗေဒင်နှင့်အထူးယတြာပေးပညာရှင်
Credit – ဆရာပေါက်ကျိုင်း 09776478912