တိုင္ဖြန္း မုန္တိုင္းႀကီး ဗမ္ကို ဗီ ယက္ နမ္ ကို ဝင္မည္၊ ျမန္ မာျ ပည္ အေရွ႕ပိုင္း မိုးႀကီးမည္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ထူးျခားျဖစ္စဥ္ မိုးေလဝသအေျခအေန ၂၀၂၀ ျပည့္ႏွစ္၊

ႏိုဝင္ဘာလ (၁၄)ရက္ေန႔ ညေန(၄:၀၀)နာရီအခ်ိန္ ထုတ္ျပန္ခ်က္)

ဘဂၤလားပင္လယ္ေအာ္ေျမာက္ပိုင္းႏွင့္ အေနာက္အလယ္ပိုင္းတို႔တြင္ တိမ္အနည္းငယ္ ျဖစ္ထြန္းေနၿပီး၊

ကပၸလီပင္လယ္ျပင္ႏွင့္ က်န္ဘဂၤလားပင္လယ္ေအာ္တို႔တြင္ တိမ္အသင့္ အတင့္မွ တိမ္ထူထပ္ေနပါသည္။

ယေန႔ျမန္မာစံေတာ္ခ်ိန္(၁၅:၃၀)နာရီအခ်ိန္ တိုင္းထြာခ်က္မ်ားအရ ေတာင္တ႐ုတ္ ပင္လယ္ျပင္တြင္ ျဖစ္ေပၚေနေသာ တိုင္ဖြန္းမုန္တိုင္း“ဗမ္ကို”(Vamco)သည္

ဗီယက္နမ္ႏိုင္ငံ ဒါနန္းၿမိဳ႕(Da Nang)၏ အေရွ႕ဘက္ ေရမိုင္(၁၀၀)မိုင္ခန႔္အကြာ ပင္လယ္ျပင္ကို ဗဟိုျပဳေနပါသည္။

အဆိုပါ တိုင္ဖြန္းမုန္တိုင္း “ဗမ္ကို”(Vamco)သည္ အေနာက္ဘက္သို႔ ဆက္လက္ေ႐ြ႕လ်ားမည္ဟု ခန႔္မွန္းရပါသည္။

မနက္ျဖန္နံနက္အထိ ခန႔္မွန္းခ်က္ကေတာ့ တနသၤာရီတိုင္းေဒသႀကီးတြင္ ေနရာကြက္က်ား မိုးထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။ ႐ြာရန္ရာႏႈန္း(၆၀) ျဖစ္ပါသည္။

ေနျပည္ေတာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးေအာက္ပိုင္း၊ မႏၲေလးတိုင္းေဒသႀကီး၊ မေကြးတိုင္းေဒသႀကီးႏွင့္

ကယားျပည္နယ္တို႔တြင္ အမ်ားအားျဖင့္ သာယာၿပီး၊ က်န္တိုင္းေဒသႀကီးႏွင့္ ျပည္နယ္တို႔တြင္ တိမ္အသင့္အတင့္ ျဖစ္ထြန္းမည္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)တြင္ မိုးအနည္းငယ္ ထစ္ခ်ဳန္း႐ြာႏိုင္ပါသည္။

ဖိလစ္ပိုင္မွာ လူ ၅၃ ဦး ေသဆုံးေစခဲ့တဲ့ တိုင္ဖြန္းဗမ္ကို ဗီယက္နမ္သို႔ ဆက္လက္ ဦးတည္

တိုင္ဖြန္းမုန္တိုင္း ဗမ္ကိုဟာ တနဂၤေႏြေန႔ (ႏိုဝင္ဘာ ၁၄) အေစာပိုင္းမွာ

ႏိုင္ငံရဲ႕ အလယ္ပိုင္း ကမ္း႐ိုးတန္းသို႔ ဝင္ေရာက္တိုက္ခတ္ဖို႔ရွိတာေၾကာင့္ ဗီယက္နမ္မွာ ျပင္ဆင္မႈေတြ ျပဳလုပ္လ်က္ရွိေၾကာင္း သိရပါတယ္။

ဗမ္ကိုဟာ ယခုႏွစ္အတြင္း ဖိလစ္ပိုင္ရဲ႕ လူအေသအေပ်ာက္အမ်ားဆုံး တိုင္ဖြန္းျဖစ္ခဲ့ၿပီး ေသဆုံးသူ ၅၃ ဦးအထိ ေရာက္ရွိသြားခဲ့ပါတယ္။

ေလတိုက္ႏႈန္း တစ္နာရီ ၁၀၃ မိုင္ရွိတဲ့ ဗမ္ကိုဟာ Ha Tinh မွသည္ Quang Ngai ျပည္နယ္ထိတိုင္ ဗီယက္နမ္ရဲ႕ ကမ္း႐ိုးတန္းတေက်ာ ဝင္ေရာက္တိုက္ခတ္လာမယ္လို႔ ခန႔္မွန္းေၾကာင္း

အစိုးရရဲ႕ မိုးေလဝသေအဂ်င္စီက စေနေန႔မွာ ေျပာဆိုခဲ့ပါတယ္။

“ဒါက အေတာ္အင္အားျပင္းတဲ့ တိုင္ဖြန္းပါ” လို႔ ဝန္ႀကီးခ်ဳပ္ ငုယင္ ထန္ဖူက ေျပာဆိုခဲ့ၿပီး ဗမ္ကိုလမ္းေၾကာင္းအတြင္း က်ေရာက္ႏိုင္တဲ့ ျပည္နယ္ေတြအေနနဲ႔ သက္ေရာက္မႈအတြက္ ျပင္ဆင္ထားၾကဖို႔ သတိေပးခဲ့ပါတယ္။

စေနေန႔ ေနာက္ဆုံးထားကာ လူဦးေရ ၄၆၈၀၀၀ ေလာက္ကို ေ႐ႊ႕ေျပာင္ကယ္ထုတ္ေပးဖို႔ ျပည္နယ္တာဝန္ရွိသူေတြက

စီစဥ္ထားၾကေၾကာင္း

အစိုးရ သဘာဝေဘး စီမံခန႔္ခြဲေရး အာဏာပိုင္အဖြဲ႕ကို ကိုးကားၿပီး ႏိုင္ငံပိုင္ မီဒီယာက ေဖာ္ျပပါတယ္။

ရွည္လ်ားတဲ့ ကမ္း႐ိုးတန္းပိုင္ဆိုင္ထားတဲ့ ဗီယက္နမ္ႏိုင္ငံဟာ ျပင္းထန္တဲ့ မုန္တိုင္းေတြနဲ႔ ေရလႊမ္းမိုးမႈေတြ မၾကာခဏ ႀကဳံရေလ့ရွိတဲ့ ႏိုင္ငံျဖစ္ပါတယ္။

ဗမ္ကိုဟာ ယခုႏွစ္အတြင္း အေရွ႕ေတာင္အာရွႏိုင္ငံကို ၁၃ လုံးေျမာက္ ဝင္ေရာက္တိုက္ခတ္တဲ့ မုန္တိုင္းျဖစ္ပါတယ္။

ဗီယက္နမ္မွာ ေအာက္တိုဘာလ အေစာပိုင္းမွစကာ ဝင္ေရာက္ခဲ့တဲ့

မုန္တိုင္းေတြေၾကာင့္ သေဘာဝေဘးအႏၲရာယ္ေတြ ႀကဳံေတြ႕ခဲ့ရမႈအတြင္း ေသဆုံးသူ ၁၆၀ ေက်ာ္ေနၿပီျဖစ္ေၾကာင္း သိရပါတယ္။

Credit- မိုးေလဝသ

Unicode

ထူးခြားဖြစ်စဉ် မိုးလေဝသအခြေအနေ ၂၀၂၀ ပြည့်နှစ်၊

နိုဝင်ဘာလ (၁၄)ရက်နေ့ ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်)

ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး၊

ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့် အတင့်မှ တိမ်ထူထပ်နေပါသည်။

ယနေ့မြန်မာစံတော်ချိန်(၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ် ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း“ဗမ်ကို”(Vamco)သည်

ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့(Da Nang)၏ အရှေ့ဘက် ရေမိုင်(၁၀၀)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

အဆိုပါ တိုင်ဖွန်းမုန်တိုင်း “ဗမ်ကို”(Vamco)သည် အနောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်ကတော့ တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။

နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။

ဖိလစ်ပိုင်မှာ လူ ၅၃ ဦး သေဆုံးစေခဲ့တဲ့ တိုင်ဖွန်းဗမ်ကို ဗီယက်နမ်သို့ ဆက်လက် ဦးတည်

တိုင်ဖွန်းမုန်တိုင်း ဗမ်ကိုဟာ တနင်္ဂနွေနေ့ (နိုဝင်ဘာ ၁၄) အစောပိုင်းမှာ နိုင်ငံရဲ့ အလယ်ပိုင်း ကမ်းရိုးတန်းသို့ ဝင်ရောက်တိုက်ခတ်ဖို့ရှိတာကြောင့် ဗီယက်နမ်မှာ ပြင်ဆင်မှုတွေ ပြုလုပ်လျက်ရှိကြောင်း သိရပါတယ်။

ဗမ်ကိုဟာ ယခုနှစ်အတွင်း ဖိလစ်ပိုင်ရဲ့ လူအသေအပျောက်အများဆုံး တိုင်ဖွန်းဖြစ်ခဲ့ပြီး သေဆုံးသူ ၅၃ ဦးအထိ ရောက်ရှိသွားခဲ့ပါတယ်။

လေတိုက်နှုန်း တစ်နာရီ ၁၀၃ မိုင်ရှိတဲ့ ဗမ်ကိုဟာ Ha Tinh မှသည် Quang Ngai ပြည်နယ်ထိတိုင် ဗီယက်နမ်ရဲ့ ကမ်းရိုးတန်းတကျော ဝင်ရောက်တိုက်ခတ်လာမယ်လို့ ခန့်မှန်းကြောင်း

အစိုးရရဲ့ မိုးလေဝသအေဂျင်စီက စနေနေ့မှာ ပြောဆိုခဲ့ပါတယ်။

“ဒါက အတော်အင်အားပြင်းတဲ့ တိုင်ဖွန်းပါ” လို့ ဝန်ကြီးချုပ် ငုယင် ထန်ဖူက ပြောဆိုခဲ့ပြီး ဗမ်ကိုလမ်းကြောင်းအတွင်း ကျရောက်နိုင်တဲ့ ပြည်နယ်တွေအနေနဲ့ သက်ရောက်မှုအတွက် ပြင်ဆင်ထားကြဖို့ သတိပေးခဲ့ပါတယ်။

စနေနေ့ နောက်ဆုံးထားကာ လူဦးရေ ၄၆၈၀၀၀ လောက်ကို ရွှေ့ပြောင်ကယ်ထုတ်ပေးဖို့ ပြည်နယ်တာဝန်ရှိသူတွေက စီစဉ်ထားကြကြောင်း

အစိုးရ သဘာဝဘေး စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ကို ကိုးကားပြီး နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ရှည်လျားတဲ့ ကမ်းရိုးတန်းပိုင်ဆိုင်ထားတဲ့ ဗီယက်နမ်နိုင်ငံဟာ ပြင်းထန်တဲ့ မုန်တိုင်းတွေနဲ့ ရေလွှမ်းမိုးမှုတွေ မကြာခဏ ကြုံရလေ့ရှိတဲ့ နိုင်ငံဖြစ်ပါတယ်။

ဗမ်ကိုဟာ ယခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံကို ၁၃ လုံးမြောက် ဝင်ရောက်တိုက်ခတ်တဲ့ မုန်တိုင်းဖြစ်ပါတယ်။

ဗီယက်နမ်မှာ အောက်တိုဘာလ အစောပိုင်းမှစကာ ဝင်ရောက်ခဲ့တဲ့

မုန်တိုင်းတွေကြောင့် သဘောဝဘေးအန္တရာယ်တွေ ကြုံတွေ့ခဲ့ရမှုအတွင်း သေဆုံးသူ ၁၆၀ ကျော်နေပြီဖြစ်ကြောင်း သိရပါတယ်။

Credit- မိုးလေဝသ