အသက္(၅) ႏွစ္အ႐ြယ္ ေသဆုံခါနီးေကာင္မေလးရဲ႕ ေနာက္ဆုံးဆႏၵ လက္ထပ္ပြဲ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

စေကာ့တလန္ႏိုင္ငံ ေျမာက္ဘက္ရွိ Morayျပည္နယ္က အသက္(၅)ႏွစ္အ႐ြယ္ ေကာင္မေလးနဲ႔ အသက္(၆)ႏွစ္အ႐ြယ္ ေကာင္ေလးတစ္ဦးရဲ႕ မဂၤလာပြဲကေတာ့

မီဒီယာေတြအၾကားပ်ံ႕ႏွံ႔ခဲ့သလို အြန္လိုင္းမွာလည္း

နာမည္ႀကီးေနတဲ့ပုံျပင္တစ္ပုဒ္ တစ္ခုျဖစ္ခဲ့ပါတယ္။

လက္ထပ္ခဲ့တဲ့ စုံတြဲဟာ Eileidh Paterson လို႔အမည္ရေသာ

အသက္(၅)ႏွစ္အ႐ြယ္ ေကာင္မေလးနဲ႔ Harrison Grierလို႔အမည္ရတဲ့

အသက္(၆)ႏွစ္အ႐ြယ္ ေကာင္ေလးတို႔ပါ။

Eileidh Patersonက အာ႐ုံေၾကာနဲ႔ပတ္သက္ၿပီး ကင္ဆာေရာဂါေနာက္ဆုံးအဆင့္ေဝဒနာရွင္ေကာင္မေလးတစ္ဦး ျဖစ္ၿပီးေတာ့

ဒီDream Wedding ကလည္း သူမရဲ႕ ေနာက္ဆုံးဆႏၵလက္ထပ္ပြဲျဖစ္ပါတယ္ေနာ္။

သတိုးသား Harrison Grierဟာ သူမရဲ႕ အေကာင္းဆုံးသူငယ္ခ်င္းတစ္ဦးျဖစ္ၿပီးေတာ့ သူမရဲ႕ေနာက္ဆုံးဆႏၵကို ျဖည့္ဆည္းေပးခဲ့တာ လို႔သိရပါတယ္ေနာ္။

ဟန္ေဆာင္မဂၤလာလက္ထပ္ပြဲဆိုေပမယ့္လည္း အဘာဒန္းခန္းမမွာက်င္းပတဲ့

မဂၤလာပြဲကို ႂကြေရာက္သူပရိသတ္(၁၀၀)ေက်ာ္ ခန႔္ရွိတယ္လို႔သိရတာပါ။

မဂၤလာပြဲကို ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္႐ႊင္စရာေကာင္းေအာင္ဖန္တီးထားၿပီးေတာ့ ကင္ဆာေဝဒနာရွင္ Eileidh Patersonနဲ႔ Harrison တို႔လက္ထပ္ၿပီးတဲ့အခါမွေတာ့

ႏွစ္ဦးစလုံးဟာ ကိုရီးယားနာမည္ႀကီးအဆိုေတာ္ PSYရဲ႕ Gangnam Styleအကနဲ႔ ေဖ်ာ္ေျဖခဲ့တယ္လို႔ သိရပါတယ္ေနာ္။

သတိုးသားHarrisonရဲ႕အေဖျဖစ္သူက Harrisonဟာ အရင္ကမဂၤလာေဆာင္ေတြကို တစ္ခါမွမသြားဖူးပါဘူး။

ဒီမဂၤလာေတာင္ကလည္း သူ႔အတြက္အသစ္ပါ။ မဂၤလာေဆာင္က ေပ်ာ္႐ႊင္ရပါတယ္။

Harrisonနဲ႔ Eileidh Paterson ဟာ အရမ္းခင္ၿပီး ခြဲလို႔မရတဲ့သူငယ္ခ်င္းေတြဟာ Eileidh Patersonမွာ ေရာဂါရွိေနတာကိုHarrisonသိပါတယ္။

ဒါေၾကာင့္လည္း သူဟာ သူမရဲ႕ဆႏၵကို ျဖည့္ဆည္းဖို႔အတြက္ အခုလို သတိုးသားလုပ္ခဲ့တာပါ လို႔ ေျပာသြားခဲ့တာျဖစ္ပါတယ္။

Source – The Sun

Credit – Life Style

Unicode

စကော့တလန်နိုင်ငံ မြောက်ဘက်ရှိ Morayပြည်နယ်က အသက်(၅)နှစ်အရွယ် ကောင်မလေးနဲ့ အသက်(၆)နှစ်အရွယ် ကောင်လေးတစ်ဦးရဲ့ မင်္ဂလာပွဲကတော့

မီဒီယာတွေအကြားပျံ့နှံ့ခဲ့သလို အွန်လိုင်းမှာလည်း

နာမည်ကြီးနေတဲ့ပုံပြင်တစ်ပုဒ် တစ်ခုဖြစ်ခဲ့ပါတယ်။

လက်ထပ်ခဲ့တဲ့ စုံတွဲဟာ Eileidh Paterson လို့အမည်ရသော

အသက်(၅)နှစ်အရွယ် ကောင်မလေးနဲ့ Harrison Grierလို့အမည်ရတဲ့

အသက်(၆)နှစ်အရွယ် ကောင်လေးတို့ပါ။

Eileidh Patersonက အာရုံကြောနဲ့ပတ်သက်ပြီး ကင်ဆာရောဂါနောက်ဆုံးအဆင့်ဝေဒနာရှင်ကောင်မလေးတစ်ဦး ဖြစ်ပြီးတော့

ဒီDream Wedding ကလည်း သူမရဲ့ နောက်ဆုံးဆန္ဒလက်ထပ်ပွဲဖြစ်ပါတယ်နော်။

သတိုးသား Harrison Grierဟာ သူမရဲ့ အကောင်းဆုံးသူငယ်ချင်းတစ်ဦးဖြစ်ပြီးတော့ သူမရဲ့နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးခဲ့တာ လို့သိရပါတယ်နော်။

ဟန်ဆောင်မင်္ဂလာလက်ထပ်ပွဲဆိုပေမယ့်လည်း အဘာဒန်းခန်းမမှာကျင်းပတဲ့

မင်္ဂလာပွဲကို ကြွရောက်သူပရိသတ်(၁၀၀)ကျော် ခန့်ရှိတယ်လို့သိရတာပါ။

မင်္ဂလာပွဲကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စရာကောင်းအောင်ဖန်တီးထားပြီးတော့ ကင်ဆာဝေဒနာရှင် Eileidh Patersonနဲ့ Harrison တို့လက်ထပ်ပြီးတဲ့အခါမှတော့

နှစ်ဦးစလုံးဟာ ကိုရီးယားနာမည်ကြီးအဆိုတော် PSYရဲ့ Gangnam Styleအကနဲ့ ဖျော်ဖြေခဲ့တယ်လို့ သိရပါတယ်နော်။

သတိုးသားHarrisonရဲ့အဖေဖြစ်သူက Harrisonဟာ အရင်ကမင်္ဂလာဆောင်တွေကို တစ်ခါမှမသွားဖူးပါဘူး။

ဒီမင်္ဂလာတောင်ကလည်း သူ့အတွက်အသစ်ပါ။ မင်္ဂလာဆောင်က ပျော်ရွှင်ရပါတယ်။

Harrisonနဲ့ Eileidh Paterson ဟာ အရမ်းခင်ပြီး ခွဲလို့မရတဲ့သူငယ်ချင်းတွေဟာ Eileidh Patersonမှာ ရောဂါရှိနေတာကိုHarrisonသိပါတယ်။

ဒါကြောင့်လည်း သူဟာ သူမရဲ့ဆန္ဒကို ဖြည့်ဆည်းဖို့အတွက် အခုလို သတိုးသားလုပ်ခဲ့တာပါ လို့ ပြောသွားခဲ့တာဖြစ်ပါတယ်။

Source – The Sun

Credit – Life Style