၎နှစ်အတွင်း အပြီးတည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ မြို့တွင်း မိုးပျံလမ်းမကြီး
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
၎နှစ်အတွင်း အပြီးတည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ မြို့တွင်း မိုးပျံလမ်းမကြီး
၎ နှစ်အတွင်းအပြီးတည်ဆောက်မယ့် ဒီပါတ်လမ်းဟာ ၆၉ ကီလိုမီတာရှည်လျားပြီး၊ ၆ လမ်းသွားအမြန်လမ်းမကြီးဖြစ်ပါတယ်။
Unicode
၄နှစ်အတွင်း အပြီးတည်ဆောက်မယ့် နိုင်ငံတကာအဆင့်မီ မြို့တွင်း မိုးပျံလမ်းမကြီး
၄ နှစ်အတွင်းအပြီးတည်ဆောက်မယ့် ဒီပါတ်လမ်းဟာ ၆၉ ကီလိုမီတာရှည်လျားပြီး၊ ၆ လမ်းသွားအမြန်လမ်းမကြီးဖြစ်ပါတယ်။
ဒေါ်လာသန်း ၁၀၀၀ နီးပါးသုံးပြီး တည်ဆောက်မယ့်ဒီလမ်းမဟာ သီလဝါနဲ့ ရန်ကုန်-မန္တလေးအမြန်လမ်းမ၊ မင်္ဂလာဒုံစက်မှုဇုန်နဲ့ လေဆိပ်တို့ကို ဦးစွာချိတ်ဆက်ပေးမှာပဲ ဖြစ်ပါတယ်။
ပထမအဆင့်စီမံကိန်းမှာ ၁.၄ ကီလိုမီတာရှည်တဲ့ ပဲခူးမြစ်ကူတံတားတစင်းလည်းပါမှာဖြစ်ပြီး ၂၀၂၄ ခုနှစ်မှာ ပြီးပါလိမ့်မည်။
ဒုတိယအဆင့်မှာတော့ မြောက်ဖက်မှာ လှည်းကူး-လှိုင်သာယာ၊ အနောက်ဖက်မှာ လှိုင်သာယာ-ဒလ နဲ့ တောင်ဖက်မှာ
သီလဝါ-ဒလတို့ကို ဆက်သွယ်ပေးသွားမှာဖြစ်ပြီး ၂၀၄၀ မှာ အားလုံးချိတ်မိဖို့
JICA masterplan အရ သိရပါတယ်။
တည်ဆောက်ဖို့အဆိုတင်ထားကြသူတွေကတော့ တရုတ်၊ ဂျပန်၊ ပြင်သစ်၊ ကိုရီးယားစတဲ့ နိုင်ငံတကာကွန်ထရက်တာတွေမို့
ဒီရန်ကုန်ပါတ်လမ်းမဟာ တနာရီကို ၁၀၀ ကီလိုမီတာနှုန်းမောင်းနိုင်တဲ့ နိုင်ငံတကာအဆင့်မီလမ်းမကြီး ဖြစ်လာမှာပဲဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ပြည်သူ့အစိုးရဟာ ၂၇.၅ ကီလိုမီတာရှည်လျားတဲ့ ရန်ကုန်အတွင်းပါတ် မိုးပျံလမ်းမကြီးကို တည်ဆောက်သွားအုံးမှာမို့
အဆင့်မြှင့်မြို့ပါတ်ရထားတွေနဲ့ မဟာရန်ကုန်ဟာ များမကြာခင်မှာပဲ လမ်းပေါ်က မော်တော်ယာဉ်ကျပ်တည်းမှုတွေကို ဖြေလျှော့သွားနိုင်တော့မှာပဲ ဖြစ်ပါတယ်။
Credit – Project Bank, MMTimes, Irrawaddy