ရှာဖွေသမျှစည်းစိမ်တွေကို မခံစားရပဲ တိုက်ခန်းကျဉ်းလေးမှာပဲ နေနေရတဲ့ မင်းသမီးကြီး Kim Hye Soo

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်



 





 

Kim Hye Soo



Kim Hye Soo



Kim Hye Soo



Kim Hye Soo

Credit – NORA

Reference – Koreaboo

Unicode

၁၉၈၆ ခုနှစ်ကစတင်လို့ အနုပညာလောကကို ဝင်ရောက်လာပြီး လက်ရှိအချိန်ထိ ‘Hyena’ နဲ့ Signal တို့လို နာမည်ကျော်ဇာတ်လမ်းတွဲတွေကို ရိုက်ကူးရင်း

ပရိတ်သတ်အချစ်တော်မင်းသမီးတစ်လက်အဖြစ် ရပ်တည်နေဆဲ Kim Hye Soo ကိုတော့ ပရိတ်သတ်တွေက စည်းစိမ်ချမ်းသာတွေနဲ့ နေထိုင်နေတဲ့ မင်းသမီးတစ်လက်လို့ မြင်ကြမှာပါပဲ။

ဒါပေမယ့် အများမြင်နေရတဲ့ သူ့ရဲ့ဝင်ငွေနဲ့ အောင်မြင်မှုတွေရဲ့နောက်မှာ ရင်နာစရာ ဇာတ်လမ်းအချို့လဲရှိနေပါတယ်။

အဲ့ဒါကတော့ အနှစ်နှစ်ဆယ်ကျော်အနုပညာလောကမှာ အောင်မြင်နေတဲ့ Kim Hye Soo ဟာ အခြားသောအနုပညာရှင်တွေလို ဇိမ်ခံတိုက်ခန်းတွေ villa တွေမှာ မနေထိုင်နိုင်ပဲ

တိုက်ခန်းဟောင်း ကျဉ်းကျဉ်းလေးမှာသာနေထိုင်လျက်ရှိပါတယ်တဲ့။

Kim Hye Soo
အကြောင်းကတော့ သူ့မိခင်ရဲ့ငွေကြေးအရှုပ်အရှင်းတွေကြောင့်ပါ။

သူ့မိခင်ဟာ ဒေါ်လာ 1.1 million ရှိတဲ့ငွေကြေးပမာဏကိုလဲ ချေးယူကာထွက်ပြေးသွားပြီး

အဲ့ဒီအကြွေးတွေနဲ့ အတောမသတ်တဲ့အတိုးတွေကို Kim Hye Soo က ဒိုင်ခံဆပ်နေရကြောင်း အတွင်းလူဖြစ်တဲ့ Reporter Kim က ထုတ်ပြောခဲ့ပါတယ်။

Kim Hye Soo
Reporter Kim ဟာ Kim Hye Soo ကို ၁၉၉၁ ခုနှစ်တည်းက သိကျွမ်းသူဖြစ်ပြီး Kim Hye Soo ဟာ

အဲ့ဒီကတည်းကမိခင်ဖြစ်သူရဲ့ ငွေကြေးအရှုပ်အရှင်းတွေကြောင့် ရုန်းကန်နေရကြောင်းနဲ့ ၂၀၁၂ ခုနှစ်မှာ သူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကို မိခင်ရဲ့အကြွေးတွေဆပ်ဖို့ လွှဲပြောင်းပေးခဲ့ပြီး

တိုက်ခန်းဟောင်းလေးမှာ ပြောင်းရွှေ့နေထိုင်ကြောင်းပြောကြားခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ပိုင်ဆိုင်မှုတွေနဲ့တောင် သူ့အမေရဲ့အကြွေးတွေဟာ ဆပ်လို့မကုန်ခဲ့ပါဘူးတဲ့။

Kim Hye Soo
Kim Hye Soo ဟာ ရှေ့နေကတစ်ဆင့် မိခင်ရဲ့အကြွေးဟာ သူနဲ့မသက်ဆိုင်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် နစ်နာသူတွေက Kim Hye Soo မျက်နှာနဲ့ ယုံကြည်ခဲ့တာကြောင့်

အကြွေးကိုလဲ Kim Hye Soo ကို ဆပ်ခိုင်းပါတယ်တဲ့။

ဒီလိုအဖြစ်မျိုးဟာ Kim Hye Soo တစ်ယောက်တည်းမဟုတ်ပဲ အခြားသောအနုပညာရှင်တွေလဲ ကြုံရတဲ့အဖြစ်မျိုးလို့သိရပါတယ်။

Kim Hye Soo
အခုတော့ Kim Hye Soo ရဲ့မိခင်ဟာ သမီးအပေါ်ပြဿနာတွေမပေးတော့ဖို့ ကတိပေးပြီး အဆက်အသွယ်ဖြတ်လိုက်ပြီလို့ Kim Hye Soo ရဲ့ ရှေ့နေကဆိုပါတယ်။

Credit – NORA

Reference – Koreaboo