ၿဗိတိန္မွာ ကာကြယ္ေဆး ရမယ့္ရက္ကိုပါ ေၾကညာလိုက္ပါၿပီ (ကပ္ႀကီး အဆုံးသတ္ပါေတာ့မယ္)
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဗိတိန္မွာ ကာကြယ္ေဆး ရမယ့္ရက္ကိုပါ ေၾကညာလိုက္ပါၿပီ (ကပ္ႀကီး အဆုံးသတ္ပါေတာ့မယ္)
ၿဗိတိန္ႏိုင္ငံမွာ ဒီဇင္ဘာလ ၁ရက္ကစတင္ကာ ကိုဗစ္ ကာကြယ္ေဆးအတြက္
အဆင္သင့္ျဖစ္ႏိုင္ဖြယ္ရွိၿပီး ကာကြယ္ေဆးေတြကို ခရစၥမတ္ပြဲေတာ္မတိုင္မီ ထိုးႏွံသြားႏိုင္မယ္လို႔
ၿဗိတိန္က်န္းမာေရးဝန္ႀကီးမက္ဟန္ေကာ့ခ္က ေျပာၾကားလိုက္ပါတယ္။
ၿဗိတိန္ႏိုင္ငံအတြင္း ဒီဇင္ဘာလ ၁ ရက္က စတင္ၿပီး Pfizer ရဲ႕ ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ေဆးေတြကို ျဖန္႔ေဝေပးသြားဖို႔ အဆင္သင့္ ျဖစ္ႏိုင္မယ္လို႔
က်န္းမာေရးဝန္ႀကီး မက္ဟန္ေကာ့ခ္က ေျပာၾကားလိုက္တာပါ။
ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ ၿဗိတိန္အစိုးရအေနနဲ႔ ကာကြယ္ေဆးကုမၸဏီနဲ႔အတူ ပူးေပါင္းေဆာင္႐ြက္ေနၿပီး
ဒီဇင္ဘာလ ၁ ရက္ကစလို႔ အဆင္သင့္ျဖစ္ႏိုင္ကာ ခရစၥမတ္ပြဲေတာ္ မတိုင္မီမွာ ပိုၿပီး ျဖစ္ႏိုင္ပါလိမ့္မယ္လို႔ ဝန္ႀကီးက ဆိုပါတယ္။
တစ္ခ်ိန္တည္းမွာပဲ သိပၸံပညာရွင္ေတြအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ေနာက္တစ္မ်ိဳးကို ၿဗိတိန္ႏိုင္ငံမွာ လူေပါင္း ၆၀၀ဝ နဲ႔ စမ္းသပ္မႈကို စတင္ေနၾကၿပီလို႔လည္း ၎ကဆိုပါတယ္။
Janssen ေဆးဝါးထုတ္လုပ္ေရးဆီက ကာကြယ္ေဆး သန္း ၃ဝ စာကိုလည္း ၿဗိတိန္မွာ လာမယ့္ ၂၀၂၁ခုႏွစ္၊ ႏွစ္လယ္ပိုင္းေလာက္က်ရင္ ရရွိသြားဦးမယ္လို႔လည္း သိရပါတယ္။
ေနာက္ထပ္အေနနဲ႔ ေအာက္စ္ဖို႔ဒ္တကၠသိုလ္နဲ႔ AstraZenecaရဲ႕ ကာကြယ္ေဆး စမ္းသပ္စစ္ေဆးမႈအေျခအေနကိုလည္း လာမယ့္အပတ္ထဲမွာ အစီရင္ခံထုတ္ျပန္သြားႏိုင္မယ္လို႔ သိရပါတယ္။
Credit
Unicode
ဗိတိန်မှာ ကာကွယ်ဆေး ရမယ့်ရက်ကိုပါ ကြေညာလိုက်ပါပြီ (ကပ်ကြီး အဆုံးသတ်ပါတော့မယ်)
ဗြိတိန်နိုင်ငံမှာ ဒီဇင်ဘာလ ၁ရက်ကစတင်ကာ ကိုဗစ် ကာကွယ်ဆေးအတွက်
အဆင်သင့်ဖြစ်နိုင်ဖွယ်ရှိပြီး ကာကွယ်ဆေးတွေကို ခရစ္စမတ်ပွဲတော်မတိုင်မီ ထိုးနှံသွားနိုင်မယ်လို့
ဗြိတိန်ကျန်းမာရေးဝန်ကြီးမက်ဟန်ကော့ခ်က ပြောကြားလိုက်ပါတယ်။
ဗြိတိန်နိုင်ငံအတွင်း ဒီဇင်ဘာလ ၁ ရက်က စတင်ပြီး Pfizer ရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးတွေကို ဖြန့်ဝေပေးသွားဖို့ အဆင်သင့် ဖြစ်နိုင်မယ်လို့
ကျန်းမာရေးဝန်ကြီး မက်ဟန်ကော့ခ်က ပြောကြားလိုက်တာပါ။
ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဗြိတိန်အစိုးရအနေနဲ့ ကာကွယ်ဆေးကုမ္ပဏီနဲ့အတူ ပူးပေါင်းဆောင်ရွက်နေပြီး
ဒီဇင်ဘာလ ၁ ရက်ကစလို့ အဆင်သင့်ဖြစ်နိုင်ကာ ခရစ္စမတ်ပွဲတော် မတိုင်မီမှာ ပိုပြီး ဖြစ်နိုင်ပါလိမ့်မယ်လို့ ဝန်ကြီးက ဆိုပါတယ်။
တစ်ချိန်တည်းမှာပဲ သိပ္ပံပညာရှင်တွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး
နောက်တစ်မျိုးကို ဗြိတိန်နိုင်ငံမှာ လူပေါင်း ၆၀၀ဝ နဲ့ စမ်းသပ်မှုကို စတင်နေကြပြီလို့လည်း ၎င်းကဆိုပါတယ်။
Janssen ဆေးဝါးထုတ်လုပ်ရေးဆီက ကာကွယ်ဆေး သန်း ၃ဝ စာကိုလည်း
ဗြိတိန်မှာ လာမယ့် ၂၀၂၁ခုနှစ်၊ နှစ်လယ်ပိုင်းလောက်ကျရင် ရရှိသွားဦးမယ်လို့လည်း သိရပါတယ်။
နောက်ထပ်အနေနဲ့ အောက်စ်ဖို့ဒ်တက္ကသိုလ်နဲ့ AstraZenecaရဲ့ ကာကွယ်ဆေး စမ်းသပ်စစ်ဆေးမှုအခြေအနေကိုလည်း လာမယ့်အပတ်ထဲမှာ အစီရင်ခံထုတ်ပြန်သွားနိုင်မယ်လို့ သိရပါတယ်။
Credit