ကိုဗစ္တိုက္ဖ်က္ေရး ဗ်ဴဟာရဲ႕ အားနည္းခ်က္မ်ားနဲ႔ ရန္ကုန္လူဦးေရတဝက္ေလာက္ ကူးစက္ၿပီး ျဖစ္ႏိုင္ေျခ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ကိုဗစ္တိုက္ဖ်က္ေရး ဗ်ဴဟာရဲ႕ အားနည္းခ်က္မ်ားနဲ႔ ရန္ကုန္လူဦးေရတဝက္ေလာက္ ကူးစက္ၿပီး ျဖစ္ႏိုင္ေျခ
တည္ဆဲ ဥပေဒအရ အေရးယူမယ္ဆိုလာေတာ့ မဲဆြယ္တဲ့သူေတြနဲ႔ ေအာင္ပြဲခံတဲ့သူေတြက ရယ္ျပေနတယ္။
ဥပေဒလိုက္နာၿပီး ပါဆယ္သီးသန႔္ေရာင္းေနတဲ့ အခြန္ေဆာင္ထားတဲ့ စားေသာက္ဆိုင္ပိုင္ရွင္ေတြက လမ္းေဘးမွာ ထိုင္စားခြင့္ေပးလို႔ စည္ကားေနတဲ့ ဆိုင္ေတြကိုၾကည့္ၿပီး
မခ်ိၿပဳံးေလး ၿပဳံးေနတယ္
ဥပေဒနဲ႔ ကိုင္ခ်င္ရင္ ရန္ကုန္မွာ ဥဒဟိုသြားလာေနတဲ့ ဆိုင္ကယ္ေလးေတြကလဲ သူတို႔ကို လွည့္ၾကည့္ပါအုံးတဲ့။
ေနာက္ၿပီး လမ္းေပၚမွာ ကားေရမေဆးရဆိုတာမ်ိဳး လူမသိသူမသိ ဥပေဒေတြကလဲ အမ်ားႀကီး။ စည္ပင္ေတြကိုယ္တိုင္ကေရာ သိရဲ႕လား မေျပာတတ္ပါဘူး။
ျမန္မာႏိုင္ငံရဲ႕ ဥပေဒစိုးမိုးေရး အေျခအေနကို သိလို႔ စကတည္းက Containment ဟာ အလုပ္မျဖစ္ဘူးလို႔ တြက္ခဲ့တာ။
ဟိုေန႔ကပဲ ေဒါက္တာ ခ်စ္စိုးေရးထားတာ ဖတ္လိုက္ရတယ္။ မဲလာေပးတဲ့သူေတြကို အေယာက္ ၄၀၀၀ random စစ္လိုက္တာ ၂၀၀ မွာ ပိုးရွိေနသတဲ့။ ၅% ေပါ့။
အဲ့ဒီ ၅% ဟာ ေရာဂါလကၡဏာ လုံးဝမေပၚတဲ့ လူေကာင္းေတြ။ သိထားသေလာက္ ဒါဟာ ျမန္မာႏိုင္ငံမွာ ပထမဆုံး Community Random Test ပဲ။
ရန္ကုန္တစ္ၿမိဳ႕လုံးသာစစ္လိုက္ႏိုင္ရင္ ၂ သိန္းခြဲေလာက္အထိ Positive ထြက္လာႏိုင္တဲ့ အေျခအေနရွိတယ္လို႔ ေဒါက္တာခ်စ္စိုးက သုံးသပ္ထားတယ္။
ကိုယ့္သူငယ္ခ်င္း အသိုင္းအဝိုင္းထဲမွာေတာင္ ေရာဂါလကၡဏာျပတာတင္ အေတာ္ပြေနၿပီဆိုတာ သိထားရေတာ့ ျဖစ္လဲ တကယ္ျဖစ္ႏိုင္တယ္။
ေရာဂါလကၡဏာမျပတာက ၇၀% ေလာက္ရွိတာကိုး။
စဥ္းစားၾကည့္ေပါ့ လက္ရွိမွာ ၅% ကူးေနတာရွိရင္ ေနာက္ထပ္ ၂ ပတ္အတြင္းမွာ ေနာက္ထပ္ ၅-၂၀% ထပ္ၿပီး ျဖန႔္ႏိုင္စြမ္းရွိတယ္။
ေပ်ာက္ၿပီးသားလူကလဲ ၅% ထက္နည္းမွာမဟုတ္ဘူး။ ေဒါက္တာခ်စ္စိုးက ဆက္ေျပာထားတာ ျဖစ္ႏိုင္ေခ်ရွိတာ
ရန္ကုန္လူဦးေရရဲ႕ ၄၀-၅၀% ေလာက္ဟာ ၿပီးခဲ့တဲ့ ၂လ ၃လအတြင္းမွာ ကူးၿပီးသြားေလာက္ၿပီတဲ့။
ဒါေၾကာင့္ Flatten the curve ျဖစ္သြားတာ ျဖစ္ႏိုင္ေခ်ရွိတယ္တဲ့။
ဟုတ္လဲဟုတ္တယ္။ အိမ္ထဲက ဘယ္မွ မထြက္တဲ့သူေတြလဲ လြတ္မွ မလြတ္တာကိုး၊ ဖ်ားေနၾကတာပဲ၊ ေသေနၾကတာပဲ။
Herd Immunity က သီးသန႔္ ေ႐ြးခ်ယ္စရာမလိုေတာ့ဘူး။
သဘာဝအရကိုက ေ႐ြးခ်ယ္သြားၿပီ။
စကတည္းကလဲ ျမန္မာဟာ ဒီလမ္းကို ေရာက္မွာပဲဆိုတာ ျမင္ထားတာ၊
အေပၚမွာ ေျပာခဲ့သလိုပဲ ကိုယ့္ႏိုင္ငံ အားနည္းခ်က္ ကိုယ္ပဲသိတယ္။
ဘယ္ေလာက္ အားနည္းသလဲဆို ၂၀ တန္ (တစ္ဘူး တစ္ေထာင္တန္) Mask ေတြ ေမႊေနတာေတာင္ မတားႏိုင္ေလာက္ေအာင္ အားနည္းတယ္။
အဲ့ Mask ေတြတပ္ၿပီး လူတိုင္း အကူးခံေနၾကတာ ျမင္မေကာင္း။
ဒီေတာ့ကာ တားမရတဲ့ ေရာဂါအတြက္နဲ႔ တားလို႔ရတဲ့
စီးပြါးေရးက်ဆင္းမႈ ပညာေရးက်ဆင္းမႈႀကီးေတြကို ဆက္ၿပီး လုပ္ေနၾကအုံးမွာလားဆိုတဲ့ ေမးခြန္းေလး ရွိလာေရာ။
ေဒါက္တာခ်စ္စိုးက ဆက္ေျပာထားတာ ဒီဇင္ဘာလမွာ ေနာက္ဆုံး ေဟာက္ဆာဂ်င္ဆရာဝန္အသစ္ တစ္သုတ္ ၿပီးၿပီ၊
ေနာက္ႏွစ္မွာ ထပ္ထြက္လာမယ့္ ေဟာက္ဆာဂ်င္ အဆက္ျပတ္ၿပီ။ အဲ့ဒီ ဘြဲ႕ရလာမယ့္ ဆရာဝန္ေတြထဲ အလုပ္ဝင္မယ့္ ဆရာဝန္ အနည္းငယ္ ဒီႏွစ္ရမယ္။
ေနာက္ႏွစ္မွာ ဘြဲ႕ရမယ့္သူမရွိေတာ့ အလုပ္ဝင္မယ့္ ဆရာဝန္မရွိေတာ့ဘူး။
ဘယ္လိုလုပ္ၾကမလဲတဲ့ ….
အခုကေတာ့ ေျပာပုံေတြအရ ဆက္ပိတ္ေနအုံးမယ့္သေဘာပဲ။
ကိုဗစ္က ၂၀၂၂ အကုန္ေလာက္ဆို ကာကြယ္ေဆးေတြ အကုန္ထိုးႏိုင္လို႔ ၿပီးသေလာက္ျဖစ္သြားမွာ။
ဒါေပမယ့္ လူအကုန္မထိုးႏိုင္ေသးခင္ ၾကားထဲမွာ ဟိုလူထိုးၿပီး
ဒီလူမထိုးရေသးျဖစ္တဲ့အခ်ိန္ ဖြင့္မွာလား မဖြင့္ဘူးလား။
သူထိုးၿပီး၊ ငါမထိုးရေသး ျပႆနာနဲ႔ ထိုးၿပီးသူ မထိုးၿပီးသူ ဘယ္လိုေတြ ခြဲၿပီး လည္ပတ္ၾကမယ္၊
ထြက္ခြင့္ သြားလာခြင့္ ေပးၾကမယ္ ႀကိဳျပင္ထားၾကရဲ႕လား၊ ႀကိဳေၾကျငာထားၿပီးၿပီလား၊ ႀကိဳၿပီး ခြဲျခားခြင့္ျပဳေပးမွာလား။
ခလုတ္တစ္ခ်က္ႏွိပ္လိုက္႐ုံနဲ႔ တစ္ႏိုင္ငံလုံးထိုးၿပီးသြားမယ္ဆိုတာ အာ႐ိုက္တဲ့အဆင့္ပဲရွိတယ္။
တစ္ႏိုင္ငံလုံးထိုးဖို႔ လုံေလာက္တဲ့ ေဆးရဖို႔က ၂၀၂၂ ထဲမွာမွ ျဖစ္ႏိုင္မွာ။
အဲ့လို ေလႀကီးေလက်ယ္ေတြ ေျပာၿပီး တာဝန္မယူႏိုင္တဲ့ သူေတြကိုေရာ ေနရာဆက္ေပးထားအုံးမွာလား။
ကိုဗစ္ၿပီးတဲ့အခါ က်န္ခဲ့မယ့္ Long Term Consequences ေတြကို အဲ့ဒီက်မွ လိုက္ေျဖရွင္းမွာလား မေျပာတတ္။
အခုက ဘာလုပ္လုပ္ၾကည့္လိုက္ရင္ ကိုယ္က ႀကိဳးမဆြဲႏိုင္ဘဲနဲ႔ ဟိုဖက္က ႀကိဳးဆြဲတာကို ေနာက္က ဒ႐ြတ္ဆြဲလိုက္ေနရတာခ်ည္းပဲ။
ျဖစ္ၿပီေဟ့ဆို ထီခနဲပဲ အရင္ထိ၊ သူတို႔က ေနာက္ ၁၀ ရက္ေလာက္မွ အစည္းအေဝးစထိုင္တာ။ ႀကိဳတြက္ထား ႀကိဳျပင္ထားေတာ့ ဘာျဖစ္မွာမို႔လဲ။
အခုလဲ ေနာက္ျဖစ္လာမွာေတြက ျမင္ေနရၿပီ၊ ခလုတ္တစ္ခ်က္နဲ႔ အားလုံးၿပီးသြားေအာင္ ျပင္ဆင္ထားၿပီးၿပီ လုပ္ေနတုန္း။
Credit – ေဒါက္တာေက်ာ္ေက်ာ္ဆိုင္း
Unicode
ကိုဗစ်တိုက်ဖျက်ရေး ဗျူဟာရဲ့ အားနည်းချက်များနဲ့ ရန်ကုန်လူဦးရေတဝက်လောက် ကူးစက်ပြီး ဖြစ်နိုင်ခြေ
တည်ဆဲ ဥပဒေအရ အရေးယူမယ်ဆိုလာတော့ မဲဆွယ်တဲ့သူတွေနဲ့ အောင်ပွဲခံတဲ့သူတွေက ရယ်ပြနေတယ်။
ဥပဒေလိုက်နာပြီး ပါဆယ်သီးသန့်ရောင်းနေတဲ့ အခွန်ဆောင်ထားတဲ့ စားသောက်ဆိုင်ပိုင်ရှင်တွေက လမ်းဘေးမှာ ထိုင်စားခွင့်ပေးလို့ စည်ကားနေတဲ့ ဆိုင်တွေကိုကြည့်ပြီး
မချိပြုံးလေး ပြုံးနေတယ်
ဥပဒေနဲ့ ကိုင်ချင်ရင် ရန်ကုန်မှာ ဥဒဟိုသွားလာနေတဲ့ ဆိုင်ကယ်လေးတွေကလဲ သူတို့ကို လှည့်ကြည့်ပါအုံးတဲ့။
နောက်ပြီး လမ်းပေါ်မှာ ကားရေမဆေးရဆိုတာမျိုး လူမသိသူမသိ ဥပဒေတွေကလဲ အများကြီး။ စည်ပင်တွေကိုယ်တိုင်ကရော သိရဲ့လား မပြောတတ်ပါဘူး။
မြန်မာနိုင်ငံရဲ့ ဥပဒေစိုးမိုးရေး အခြေအနေကို သိလို့ စကတည်းက Containment ဟာ အလုပ်မဖြစ်ဘူးလို့ တွက်ခဲ့တာ။
ဟိုနေ့ကပဲ ဒေါက်တာ ချစ်စိုးရေးထားတာ ဖတ်လိုက်ရတယ်။ မဲလာပေးတဲ့သူတွေကို အယောက် ၄၀၀၀ random စစ်လိုက်တာ ၂၀၀ မှာ ပိုးရှိနေသတဲ့။ ၅% ပေါ့။
အဲ့ဒီ ၅% ဟာ ရောဂါလက္ခဏာ လုံးဝမပေါ်တဲ့ လူကောင်းတွေ။ သိထားသလောက် ဒါဟာ မြန်မာနိုင်ငံမှာ ပထမဆုံး Community Random Test ပဲ။
ရန်ကုန်တစ်မြို့လုံးသာစစ်လိုက်နိုင်ရင် ၂ သိန်းခွဲလောက်အထိ Positive ထွက်လာနိုင်တဲ့ အခြေအနေရှိတယ်လို့ ဒေါက်တာချစ်စိုးက သုံးသပ်ထားတယ်။
ကိုယ့်သူငယ်ချင်း အသိုင်းအဝိုင်းထဲမှာတောင် ရောဂါလက္ခဏာပြတာတင် အတော်ပွနေပြီဆိုတာ သိထားရတော့ ဖြစ်လဲ တကယ်ဖြစ်နိုင်တယ်။
ရောဂါလက္ခဏာမပြတာက ၇၀% လောက်ရှိတာကိုး။
စဉ်းစားကြည့်ပေါ့ လက်ရှိမှာ ၅% ကူးနေတာရှိရင် နောက်ထပ် ၂ ပတ်အတွင်းမှာ နောက်ထပ် ၅-၂၀% ထပ်ပြီး ဖြန့်နိုင်စွမ်းရှိတယ်။
ပျောက်ပြီးသားလူကလဲ ၅% ထက်နည်းမှာမဟုတ်ဘူး။ ဒေါက်တာချစ်စိုးက ဆက်ပြောထားတာ ဖြစ်နိုင်ချေရှိတာ
ရန်ကုန်လူဦးရေရဲ့ ၄၀-၅၀% လောက်ဟာ ပြီးခဲ့တဲ့ ၂လ ၃လအတွင်းမှာ ကူးပြီးသွားလောက်ပြီတဲ့။
ဒါကြောင့် Flatten the curve ဖြစ်သွားတာ ဖြစ်နိုင်ချေရှိတယ်တဲ့။
ဟုတ်လဲဟုတ်တယ်။ အိမ်ထဲက ဘယ်မှ မထွက်တဲ့သူတွေလဲ လွတ်မှ မလွတ်တာကိုး၊ ဖျားနေကြတာပဲ၊ သေနေကြတာပဲ။
Herd Immunity က သီးသန့် ရွေးချယ်စရာမလိုတော့ဘူး။
သဘာဝအရကိုက ရွေးချယ်သွားပြီ။
စကတည်းကလဲ မြန်မာဟာ ဒီလမ်းကို ရောက်မှာပဲဆိုတာ မြင်ထားတာ၊
အပေါ်မှာ ပြောခဲ့သလိုပဲ ကိုယ့်နိုင်ငံ အားနည်းချက် ကိုယ်ပဲသိတယ်။
ဘယ်လောက် အားနည်းသလဲဆို ၂၀ တန် (တစ်ဘူး တစ်ထောင်တန်) Mask တွေ မွှေနေတာတောင် မတားနိုင်လောက်အောင် အားနည်းတယ်။
အဲ့ Mask တွေတပ်ပြီး လူတိုင်း အကူးခံနေကြတာ မြင်မကောင်း။
ဒီတော့ကာ တားမရတဲ့ ရောဂါအတွက်နဲ့ တားလို့ရတဲ့
စီးပွါးရေးကျဆင်းမှု ပညာရေးကျဆင်းမှုကြီးတွေကို ဆက်ပြီး လုပ်နေကြအုံးမှာလားဆိုတဲ့ မေးခွန်းလေး ရှိလာရော။
ဒေါက်တာချစ်စိုးက ဆက်ပြောထားတာ ဒီဇင်ဘာလမှာ နောက်ဆုံး ဟောက်ဆာဂျင်ဆရာဝန်အသစ် တစ်သုတ် ပြီးပြီ၊
နောက်နှစ်မှာ ထပ်ထွက်လာမယ့် ဟောက်ဆာဂျင် အဆက်ပြတ်ပြီ။ အဲ့ဒီ ဘွဲ့ရလာမယ့် ဆရာဝန်တွေထဲ အလုပ်ဝင်မယ့် ဆရာဝန် အနည်းငယ် ဒီနှစ်ရမယ်။
နောက်နှစ်မှာ ဘွဲ့ရမယ့်သူမရှိတော့ အလုပ်ဝင်မယ့် ဆရာဝန်မရှိတော့ဘူး။
ဘယ်လိုလုပ်ကြမလဲတဲ့ ….
အခုကတော့ ပြောပုံတွေအရ ဆက်ပိတ်နေအုံးမယ့်သဘောပဲ။
ကိုဗစ်က ၂၀၂၂ အကုန်လောက်ဆို ကာကွယ်ဆေးတွေ အကုန်ထိုးနိုင်လို့ ပြီးသလောက်ဖြစ်သွားမှာ။
ဒါပေမယ့် လူအကုန်မထိုးနိုင်သေးခင် ကြားထဲမှာ ဟိုလူထိုးပြီး
ဒီလူမထိုးရသေးဖြစ်တဲ့အချိန် ဖွင့်မှာလား မဖွင့်ဘူးလား။
သူထိုးပြီး၊ ငါမထိုးရသေး ပြဿနာနဲ့ ထိုးပြီးသူ မထိုးပြီးသူ ဘယ်လိုတွေ ခွဲပြီး လည်ပတ်ကြမယ်၊
ထွက်ခွင့် သွားလာခွင့် ပေးကြမယ် ကြိုပြင်ထားကြရဲ့လား၊ ကြိုကြေငြာထားပြီးပြီလား၊ ကြိုပြီး ခွဲခြားခွင့်ပြုပေးမှာလား။
ခလုတ်တစ်ချက်နှိပ်လိုက်ရုံနဲ့ တစ်နိုင်ငံလုံးထိုးပြီးသွားမယ်ဆိုတာ အာရိုက်တဲ့အဆင့်ပဲရှိတယ်။
တစ်နိုင်ငံလုံးထိုးဖို့ လုံလောက်တဲ့ ဆေးရဖို့က ၂၀၂၂ ထဲမှာမှ ဖြစ်နိုင်မှာ။
အဲ့လို လေကြီးလေကျယ်တွေ ပြောပြီး တာဝန်မယူနိုင်တဲ့ သူတွေကိုရော နေရာဆက်ပေးထားအုံးမှာလား။
ကိုဗစ်ပြီးတဲ့အခါ ကျန်ခဲ့မယ့် Long Term Consequences တွေကို အဲ့ဒီကျမှ လိုက်ဖြေရှင်းမှာလား မပြောတတ်။
အခုက ဘာလုပ်လုပ်ကြည့်လိုက်ရင် ကိုယ်က ကြိုးမဆွဲနိုင်ဘဲနဲ့ ဟိုဖက်က ကြိုးဆွဲတာကို နောက်က ဒရွတ်ဆွဲလိုက်နေရတာချည်းပဲ။
ဖြစ်ပြီဟေ့ဆို ထီခနဲပဲ အရင်ထိ၊ သူတို့က နောက် ၁၀ ရက်လောက်မှ အစည်းအဝေးစထိုင်တာ။ ကြိုတွက်ထား ကြိုပြင်ထားတော့ ဘာဖြစ်မှာမို့လဲ။
အခုလဲ နောက်ဖြစ်လာမှာတွေက မြင်နေရပြီ၊ ခလုတ်တစ်ချက်နဲ့ အားလုံးပြီးသွားအောင် ပြင်ဆင်ထားပြီးပြီ လုပ်နေတုန်း။
Credit – ဒေါက်တာကျော်ကျော်ဆိုင်း