မႏၱေလးၿမိဳ႕၌ စည္ပင္ရဲတပ္သားတစ္ဦး ဖုန္းႏွင့္ဆိုင္ကယ္ ႐ိုက္လုခံရသျဖင့္ ေဆးရံုေရာက္
မႏၱေလးျမိဳ႕တြင္ ဧျပီ(၂၆)ရက္ ညပိုင္းက တာ၀န္ခ်ိန္ျပီးဆံုး၍ အိမ္ျပန္လာသည့္ စည္ပင္သာယာ ရဲတပ္သားတစ္ဦး ဆိုင္ကယ္ႏွင့္ဖုန္း ရိုက္ႏွက္လုယက္ခံရေၾကာင္း
သတင္းရရွိသည္။ ဧၿပီ (၂၆)ရက္၊ ည (၈) နာရီခြဲ၀န္းက်င္က မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္၊ ၿမိဳ႕သစ္ (၁)ရပ္ကြက္ လမ္း (၆၀)ႏွင့္ ငုေ႐ႊဝါလမ္းေထာင့္တြင္
ဆိုင္ကယ္စီးလာသူ အမ်ိဳးသားတစ္ဦကို တုတ္ျဖင့္႐ိုက္ကာ ဖုန္းႏွင့္ ဆိုင္ကယ္လုယက္မွု ျဖစ္ပြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔မွ သတင္းရရွိသည္။ ထိုသို႔ ရိုက္ႏွက္လုယက္
ခံရသည့္ အမ်ိဳးသားသည္ မႏၱေလးစည္ပင္သာယာ ရဲတပ္ဖြဲ႔၀င္ တစ္ဦးျဖစ္ျပီး ယင္းေန႔က မႏၱေလးျမိဳ႕ ခ်မ္းျမေ႐ႊျပည္ (ကၽြဲဆည္ကန္) ကားႀကီးကြင္း၌ တာဝန္က်သူ
ျဖစ္ေၾကာင္း ၄င္းသည္ တာ၀န္ခ်ိန္ ျပီးဆံုး၍ အရပ္၀တ္ျဖင့္ ဆိုင္ကယ္စီးကာ အိမ္ျပန္လာစဥ္ ရိုက္ႏွက္လုယက္ခံရျခင္း ျဖစ္သည္ဟု ဆိုသည္။ ၄င္း စည္ပင္ရဲ
တပ္သားသည္ Ceiling 125 အမ်ိဳးအစား ဆိုင္ကယ္ျဖင့္ အိမ္ျပန္လာခ်ိန္ လမ္း(၆၀)ႏွင့္ သုေရႊ၀ါလမ္းေထာင့္၌ ဆိုင္ကယ္ႏွစ္စီးျဖင့္ အမည္မသိ အမ်ိဳးသားေလးဦးမွ
တုတ္ျဖင့္ရိုက္ကာ ၎ပိုင္ ဆိုင္ကယ္ႏွင့္ VIVO အမ်ိဳးအစား ဟန္းဆက္တို႔ကို လုယူထြက္ေျပးသြားခဲ့ျခင္း ျဖစ္သည္ဟု ဆိုသည္။ ထိုသို႔ ရိုက္ႏွက္လုယက္ခံရ
မွုေၾကာင့္ စည္ပင္ ရဲတပ္သားမွာဦးေခါင္းႏွင့္ မ်က္လံုးအနီးတြင္ ထိခိုက္ဒဏ္ရာမ်ား ရရွိခဲ့ျပီး မႏၲေလးေဆး႐ုံႀကီး၌ ေဆး၀ါးကုသမႈ ခံယူေနရသည္ဟု ဆိုသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆိုင္ကယ္ႏွင့္ဖုန္း ရိုက္ႏွက္လုယက္သူမ်ားကို ဖမ္းဆီးရမိျခင္း မရွိေသးဘဲ သက္ဆိုင္ရာ ရဲတပ္ဖြဲ႔၀င္မ်ား ပူးေပါင္းကာ စံုစမ္းေဖာ္ထုတ္လွ်က္
ရွိသည္ဟု စည္ပင္သာယာ ရဲတပ္ဖြဲ႔မွ ရဲမွဴးျငိမ္းခ်မ္းေအာင္က ေျပာသည္။ အဆိုပါ ရိုက္ႏွက္လုယက္မွုႏွင့္ ပတ္သက္၍ မနၱေလးျမိဳ႕ ခ်မ္းျမသာစည္ျမိဳ႕နယ္ အမွတ္(၁၁)
နယ္ေျမရဲစခန္း၌ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၃၉၄ (လုယက္မွု က်ဴးလြန္ရာတြင္ နာက်င္ေစမွု)ျဖင့္ ေရးဖြင့္ စုံစမ္းလ်က္ရွိေၾကာင္း သတင္းရရွိသည္။ ခရက္ဒစ္
Unicode
မန္တလေးမြို့တွင် ဧပြီ(၂၆)ရက် ညပိုင်းက တာဝန်ချိန်ပြီးဆုံး၍ အိမ်ပြန်လာသည့် စည်ပင်သာယာ ရဲတပ်သားတစ်ဦး ဆိုင်ကယ်နှင့်ဖုန်း ရိုက်နှက်လုယက်ခံရကြောင်း
သတင်းရရှိသည်။ ဧပြီ (၂၆)ရက်၊ ည (၈) နာရီခွဲဝန်းကျင်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်၊ မြို့သစ် (၁)ရပ်ကွက် လမ်း (၆၀)နှင့် ငုရွှေဝါလမ်းထောင့်တွင်
ဆိုင်ကယ်စီးလာသူ အမျိုးသားတစ်ဦကို တုတ်ဖြင့်ရိုက်ကာ ဖုန်းနှင့် ဆိုင်ကယ်လုယက်မှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။ ထိုသို့ ရိုက်နှက်လုယက်
ခံရသည့် အမျိုးသားသည် မန္တလေးစည်ပင်သာယာ ရဲတပ်ဖွဲ့ဝင် တစ်ဦးဖြစ်ပြီး ယင်းနေ့က မန္တလေးမြို့ ချမ်းမြရွှေပြည် (ကျွဲဆည်ကန်) ကားကြီးကွင်း၌ တာဝန်ကျသူ
ဖြစ်ကြောင်း ၎င်းသည် တာဝန်ချိန် ပြီးဆုံး၍ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးကာ အိမ်ပြန်လာစဉ် ရိုက်နှက်လုယက်ခံရခြင်း ဖြစ်သည်ဟု ဆိုသည်။ ၎င်း စည်ပင်ရဲ
တပ်သားသည် Ceiling 125 အမျိုးအစား ဆိုင်ကယ်ဖြင့် အိမ်ပြန်လာချိန် လမ်း(၆၀)နှင့် သုရွှေဝါလမ်းထောင့်၌ ဆိုင်ကယ်နှစ်စီးဖြင့် အမည်မသိ အမျိုးသားလေးဦးမှ
တုတ်ဖြင့်ရိုက်ကာ ၎င်းပိုင် ဆိုင်ကယ်နှင့် VIVO အမျိုးအစား ဟန်းဆက်တို့ကို လုယူထွက်ပြေးသွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ ရိုက်နှက်လုယက်ခံရ
မှုကြောင့် စည်ပင် ရဲတပ်သားမှာဦးခေါင်းနှင့် မျက်လုံးအနီးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး မန္တလေးဆေးရုံကြီး၌ ဆေးဝါးကုသမှု ခံယူနေရသည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ်နှင့်ဖုန်း ရိုက်နှက်လုယက်သူများကို ဖမ်းဆီးရမိခြင်း မရှိသေးဘဲ သက်ဆိုင်ရာ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ စုံစမ်းဖော်ထုတ်လျှက်
ရှိသည်ဟု စည်ပင်သာယာ ရဲတပ်ဖွဲ့မှ ရဲမှူးငြိမ်းချမ်းအောင်က ပြောသည်။ အဆိုပါ ရိုက်နှက်လုယက်မှုနှင့် ပတ်သက်၍ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် အမှတ်(၁၁)
နယ်မြေရဲစခန်း၌ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၉၄ (လုယက်မှု ကျူးလွန်ရာတွင် နာကျင်စေမှု)ဖြင့် ရေးဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။ ခရက်ဒစ်