
Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်


 










Credit ..Arlar Waka

Unicode

ဒီနေ့ ပိုးတွေ့လူနာတွေပို့ရတဲ့အထဲ ရင်ထဲအထိဆုံး မြင်ကွင်းလေးပါဘဲ

၃နှစ်သမီးလေး ပိုးတွေ့လို့ လွှဲပြောင်းဆေးရုံကိုပို့တော့

တည်တည်ငြိမ်ငြိမ်လေး ကားပေါ်တက်လိုက်လာတာလေးမြင်ရတော့

ကိုယ်တွေရင်ထဲမကောင်းချက်

မိဘတွေနဲ့တကွဲစီသွားနေရမယ်ဆိုတော့ နောက်ကနေလိုက်ပို့ပေးတဲ့အမေရဲ့

အားပေးသံ ဆေးရုံရောက်ရင်မေမေ့ကို VC ခေါ်နော်သမီးလေးတဲ့

တည်ငြိမ်တဲ့သမီးငယ်လေး ကိုယ့်အထုတ်လေးကိုယ်ဆွဲပီး

ခေါင်းလေးငြိမ့်ပြပြီး ကားပေါ်တက်လိုက်ခဲ့ရှာတယ်

Fighting သမီးလေးရေ ဦးတို့အားပေးနေတယ်

အမြန်ဆုံးပျောက်ကင်းပါစေကွယ်

Credit ..Arlar Waka