2021 မွာ ကံအေကာင္းဆံုး ျဖစ္လာမယ့္ ရာသီခြင္( ၄ )ခု
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
2021 မွာ ကံအေကာင္းဆုံး ျဖစ္လာမယ့္ ရာသီခြင္( ၄ )ခု
2020 ႏွစ္ႀကီးကလည္း တျဖည္းျဖည္း ကုန္ဆုံးဖို႔ ႏွစ္လေလာက္ပဲ လိုပါေတာ့တယ္ေနာ္။
ဒီေတာ့ ႏွစ္သစ္မွာ ကိုယ့္အတြက္ ဘယ္လိုကံေကာင္းျခင္းမ်ိဳးေတြက ေစာင့္ႀကိဳေနမလဲဆိုတာကို အားလုံးက ေမွ်ာ္လင့္မိၾကမွာပါ။
လာမယ့္
2021 မွာေတာ့ ရာသီခြင္အားလုံးထဲမွာ ကံေကာင္းျခင္းေတြကို ပိုင္ဆိုင္ထားတဲ့ ရာသီခြင္ေတြ ရွိလို႔ေနပါတယ္ေနာ္။
ကဲ ဘယ္လိုရာသီခြင္ေတြက ဘယ္လိုကံေကာင္းျခင္းေတြ ပိုင္ဆိုင္ထားလဲဆိုတာကိုေတာ့ ကိုယ္တိုင္ဖတ္ၾကည့္လိုက္ပါေတာ့ … ။
Leo
Leo ေတြက ကံေကာင္းျခင္း ၾကယ္ပြင့္ေလးေတြအျဖစ္ ေမြးဖြားလာခဲ့ၾကတဲ့ သူေတြပါ။
သူတို႔ေတြက ဘယ္ေလာက္ေတာင္ ကံေကာင္းၾကလဲဆိုရင္ သူတို႔လိုခ်င္တာေတြကို ႀကိဳးႀကိဳးစားစား ရယူစရာမလိုပဲကို ပိုင္ဆိုင္ႏိုင္တဲ့ သူမ်ိဳးေတြပဲ ျဖစ္ပါတယ္။
ဒီႏွစ္မွာလည္း ေအာင္ျမင္မႈေတြ ရသင့္သေလာက္ ရခဲ့သလို လာမယ့္ 2021 မွာလည္း အားလုံးရဲ႕ ထိပ္မွာရွိလာမွာပဲ ျဖစ္ပါတယ္။
ျဖစ္ခ်င္တဲ့ အိပ္မက္ေတြဟာလည္း အမွန္တကယ္ျဖစ္လာမွာျဖစ္သလို ကိုယ္အနာဂတ္တစ္ေလွ်ာက္ လက္တြဲသြားရမယ့္ တစ္စုံတစ္ေယာက္နဲ႔လည္း ဆုံေတြ႕ခြင့္ရမယ့္ ႏွစ္ပဲ ျဖစ္ပါတယ္။
မိသားစုေရး၊ အခ်စ္ေရး၊ အလုပ္အကိုင္ အားလုံးက ေျပာစရာမလိုေအာင္ကို perfect ျဖစ္ေနမယ့္ ႏွစ္တစ္ႏွစ္ပဲ ျဖစ္ပါတယ္ေနာ္။
Sagittarius
Sagittarius ရာသီခြင္ေတြက 2020 မွာ ေပ်ာ္႐ႊင္မႈေတြကို ရွာမေတြ႕ခဲ့ေပမယ့္ လာမယ့္ 2021 မွာေတာ့ ေသခ်ာေပါက္ ေပ်ာ္႐ႊင္မႈေတြနဲ႔ ႀကဳံေတြ႕ရမယ့္ ႏွစ္သစ္ေလးပဲ ျဖစ္ပါတယ္။
သူတို႔ရဲ႕ စြန္႔္စားတတ္တဲ့ စိတ္နဲ႔ စိတ္အားထက္သန္မႈေတြက သူတို႔ျဖစ္ခ်င္တဲ့ အိပ္မက္ေတြဆီကို ေရာက္ေအာင္ေခၚေဆာင္ေပးသြားမွာပါ။
ဒီႏွစ္က သူတို႔ဘဝကို ေျပာင္းလဲေပးမယ့္ သူေတြနဲ႔ ဆုံေတြ႕ခြင့္မယ့္ႏွစ္ျဖစ္သလို ေအာင္ျမင္ေပ်ာ္႐ႊင္မႈေတြကို ခံစားရမယ့္ ကံေကာင္းတဲ့ ႏွစ္တစ္ႏွစ္ ျဖစ္လာမွာ ျဖစ္ပါတယ္။
Virgo
Virgo ေတြကေတာ့ ဒီႏွစ္မွာ ေမွ်ာ္လင့္ထားသေလာက္ ေအာင္ျမင္မႈေတြ မရွိခဲ့ေပမယ့္ လာမယ့္ႏွစ္ကေတာ့ သူတို႔အတြက္ ပိုေကာင္းတဲ့ ႏွစ္တစ္ႏွစ္ျဖစ္လာမွာ အေသအခ်ာပါ။
သူတို႔အတြက္ အၿမဲတမ္းရွိေနေပးတဲ့သူေတြအတြက္ သူတို႔ရဲ႕စိတ္ကို ပိုေဖာ္ျပတတ္လာမွာျဖစ္သလို သူတို႔ေဘးနားမွာ ရွိတဲ့သူေတြကလည္း အရမ္းကို ေကာင္းမြန္တဲ့ သူေတြျဖစ္ေနမယ့္ ၿပီးျပည့္စုံတဲ့ ႏွစ္ေလးတစ္ႏွစ္ ျဖစ္လာမွာပါ။
ကိုယ့္စိတ္ႀကိဳက္ ေအာင္ျမင္မႈေတြကို ဖန္တီးႏိုင္သလို ကိုယ့္ဘဝအတြက္ အေရးပါတဲ့ တစ္စုံတစ္ေယာက္နဲ႔လည္း ဆုံေတြ႕ရမယ့္ ႏွစ္ပဲျဖစ္ပါတယ္။
Scorpio
Scorpio ေတြအတြက္ကေတာ့ ဒီႏွစ္ဟာ သူတို႔အတြက္ ဟုတ္ခ်င္မွ ဟုတ္မယ္ဆိုေပမယ့္ လာမယ့္ 2021 ကေတာ့ သူတို႔ရဲ႕ ႏွစ္လို႔ေျပာလို႔ရေအာင္ ျဖစ္ခ်င္တာေတြကို အေကာင္အထည္ေဖာ္ႏိုင္မွာပါ။
ေနာက္ၿပီး သင့္စိတ္ကူးထဲကနဲ႔ ထပ္တူက်တဲ့ တစ္စုံတစ္ေယာက္နဲ႔လည္း အံ့ၾသစြာ ဆုံေတြ႕ခြင့္ရမယ့္ ႏွစ္ပဲျဖစ္ပါတယ္။
အရင္က သူတို႔အေပၚမေကာင္းတဲ့ သူေတြကို အေလးထားေနတာထက္ ကိုယ့္ကိုယ္ကို ပိုခ်စ္တတ္လာၿပီး ကံေကာင္းျခင္းနဲ႔ ေပ်ာ္႐ႊင္မႈေတြကို အပိုင္ရထားတဲ့ ႏွစ္တစ္ႏွစ္ပဲ ျဖစ္ပါတယ္။
Credit – Khin
Unicode
2021 မှာ ကံအကောင်းဆုံး ဖြစ်လာမယ့် ရာသီခွင်( ၄ )ခု
2020 နှစ်ကြီးကလည်း တဖြည်းဖြည်း ကုန်ဆုံးဖို့ နှစ်လလောက်ပဲ လိုပါတော့တယ်နော်။
ဒီတော့ နှစ်သစ်မှာ ကိုယ့်အတွက် ဘယ်လိုကံကောင်းခြင်းမျိုးတွေက စောင့်ကြိုနေမလဲဆိုတာကို အားလုံးက မျှော်လင့်မိကြမှာပါ။
လာမယ့် 2021 မှာတော့ ရာသီခွင်အားလုံးထဲမှာ ကံကောင်းခြင်းတွေကို ပိုင်ဆိုင်ထားတဲ့ ရာသီခွင်တွေ ရှိလို့နေပါတယ်နော်။
ကဲ ဘယ်လိုရာသီခွင်တွေက ဘယ်လိုကံကောင်းခြင်းတွေ ပိုင်ဆိုင်ထားလဲဆိုတာကိုတော့ ကိုယ်တိုင်ဖတ်ကြည့်လိုက်ပါတော့ … ။
Leo
Leo တွေက ကံကောင်းခြင်း ကြယ်ပွင့်လေးတွေအဖြစ် မွေးဖွားလာခဲ့ကြတဲ့ သူတွေပါ။
သူတို့တွေက ဘယ်လောက်တောင် ကံကောင်းကြလဲဆိုရင် သူတို့လိုချင်တာတွေကို ကြိုးကြိုးစားစား ရယူစရာမလိုပဲကို ပိုင်ဆိုင်နိုင်တဲ့ သူမျိုးတွေပဲ ဖြစ်ပါတယ်။
ဒီနှစ်မှာလည်း အောင်မြင်မှုတွေ ရသင့်သလောက် ရခဲ့သလို လာမယ့် 2021 မှာလည်း အားလုံးရဲ့ ထိပ်မှာရှိလာမှာပဲ ဖြစ်ပါတယ်။
ဖြစ်ချင်တဲ့ အိပ်မက်တွေဟာလည်း အမှန်တကယ်ဖြစ်လာမှာဖြစ်သလို ကိုယ်အနာဂတ်တစ်လျှောက် လက်တွဲသွားရမယ့် တစ်စုံတစ်ယောက်နဲ့လည်း ဆုံတွေ့ခွင့်ရမယ့် နှစ်ပဲ ဖြစ်ပါတယ်။
မိသားစုရေး၊ အချစ်ရေး၊ အလုပ်အကိုင် အားလုံးက ပြောစရာမလိုအောင်ကို perfect ဖြစ်နေမယ့် နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်နော်။
Sagittarius
Sagittarius ရာသီခွင်တွေက 2020 မှာ ပျော်ရွှင်မှုတွေကို ရှာမတွေ့ခဲ့ပေမယ့် လာမယ့် 2021 မှာတော့ သေချာပေါက် ပျော်ရွှင်မှုတွေနဲ့ ကြုံတွေ့ရမယ့် နှစ်သစ်လေးပဲ ဖြစ်ပါတယ်။
သူတို့ရဲ့ စွန့််စားတတ်တဲ့ စိတ်နဲ့ စိတ်အားထက်သန်မှုတွေက သူတို့ဖြစ်ချင်တဲ့ အိပ်မက်တွေဆီကို ရောက်အောင်ခေါ်ဆောင်ပေးသွားမှာပါ။
ဒီနှစ်က သူတို့ဘဝကို ပြောင်းလဲပေးမယ့် သူတွေနဲ့ ဆုံတွေ့ခွင့်မယ့်နှစ်ဖြစ်သလို အောင်မြင်ပျော်ရွှင်မှုတွေကို ခံစားရမယ့် ကံကောင်းတဲ့ နှစ်တစ်နှစ် ဖြစ်လာမှာ ဖြစ်ပါတယ်။
Virgo
Virgo တွေကတော့ ဒီနှစ်မှာ မျှော်လင့်ထားသလောက် အောင်မြင်မှုတွေ မရှိခဲ့ပေမယ့် လာမယ့်နှစ်ကတော့ သူတို့အတွက် ပိုကောင်းတဲ့ နှစ်တစ်နှစ်ဖြစ်လာမှာ အသေအချာပါ။
သူတို့အတွက် အမြဲတမ်းရှိနေပေးတဲ့သူတွေအတွက် သူတို့ရဲ့စိတ်ကို ပိုဖော်ပြတတ်လာမှာဖြစ်သလို သူတို့ဘေးနားမှာ ရှိတဲ့သူတွေကလည်း အရမ်းကို ကောင်းမွန်တဲ့ သူတွေဖြစ်နေမယ့် ပြီးပြည့်စုံတဲ့ နှစ်လေးတစ်နှစ် ဖြစ်လာမှာပါ။
ကိုယ့်စိတ်ကြိုက် အောင်မြင်မှုတွေကို ဖန်တီးနိုင်သလို ကိုယ့်ဘဝအတွက် အရေးပါတဲ့ တစ်စုံတစ်ယောက်နဲ့လည်း ဆုံတွေ့ရမယ့် နှစ်ပဲဖြစ်ပါတယ်။
Scorpio
Scorpio တွေအတွက်ကတော့ ဒီနှစ်ဟာ သူတို့အတွက် ဟုတ်ချင်မှ ဟုတ်မယ်ဆိုပေမယ့် လာမယ့် 2021 ကတော့ သူတို့ရဲ့ နှစ်လို့ပြောလို့ရအောင် ဖြစ်ချင်တာတွေကို အကောင်အထည်ဖော်နိုင်မှာပါ။
နောက်ပြီး သင့်စိတ်ကူးထဲကနဲ့ ထပ်တူကျတဲ့ တစ်စုံတစ်ယောက်နဲ့လည်း အံ့သြစွာ ဆုံတွေ့ခွင့်ရမယ့် နှစ်ပဲဖြစ်ပါတယ်။
အရင်က သူတို့အပေါ်မကောင်းတဲ့ သူတွေကို အလေးထားနေတာထက် ကိုယ့်ကိုယ်ကို ပိုချစ်တတ်လာပြီး ကံကောင်းခြင်းနဲ့ ပျော်ရွှင်မှုတွေကို အပိုင်ရထားတဲ့ နှစ်တစ်နှစ်ပဲ ဖြစ်ပါတယ်။
Credit – Khin