Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
( ဒေါင်းမှာ မှ ဓါးမ )
ဒုက္ခ ကို … ကျုပ်အမ လည်း မကယ်နိုင်။
ဒုက္ခိတ … ပျားတုတ်။
ဒုံရင်း က … ဒုံရင်း။
ဒိုးတူ … ဘောင်ဖက်။
ဒွေးရော….. ယှက်တင်။
( ဓ )
ဓမ္မကို….. အ ဓမ္မက မနိုင်။
ဓါး နဲ့….. ဆား လဲသလို။
ဓါးမ က တုံး….. ဖုံးဆိုး က ထ။
ဓါးမ….. ခါးထိုးရှာ။
ဓါးမ….. နောက်ပိတ် ခွေး။
Unicode
မြန်မာ့ ဆိုရိုးစကား နှင့် စကားပုံများ ( ၇၈ )
( ဒေါင်းမှာ မှ ဓါးမ )
ဒေါင်းမှာ အက….. ဆောင်းမှာ ည။
ဒေါင်းယောင်ဆောင်တဲ့ ကျီး….. စပါးယောင်ဆောင်တဲ့ မြက်ရိုင်း လို။
ဒေါင်း ယောင်ဆောင်သော … ကျီးမိုက်လို။
ဒေါင်းယောင်ဆောင်တဲ့ကျီး … အမြှီးကားပြ၍ ဖင်ပြဲရ။
ဒေါင်းသွေးမစစ် … မြောင်းဘေးလစ်။(ဒီမိုစကား)
ဒေါင်းအကကောင်း ….. ဖင်က ဟောင်းလောင်း။
ဒေါင်း အိုးဝေ … မျောက် ကြိုးခွေ။
ဒိတ်ကုန်နေတဲ့….. ငွေဖြည့်ကဒ်လို။
ဒိန်းဒလိန်း….. နတ်ဖမ်း သလို။
ဒုက္ခ ကို … ကျုပ်အမ လည်း မကယ်နိူင်။
ဒုက္ခကို ခေါင်းပေါ်တင် … သောကကို ရင်ဝယ်ပိုက်လို့။
ဒုက္ခကို ရွာလည်ကာ … ရှာဝယ်ချင်။
ဒုက္ခကို သုခထင် … သံသရာတစ်ခွင် လည်မဆုံး။
ဒုက်ခကို … ဟ ဟ လေးသိစသေလို။
ဒုက္ခကို အရင်းတည်မှ … သုခကို ရ။
ဒုက္ခကို … အရောင်ဆိုးချင်။
ဒုက္ခ ဆိုတာ … ချိုနဲ့လား မေး။
ဒုက္ခတွေက များ … အို ဗုဒ္ဓ ကယ်ပါ့ဘုရား။
ဒုက္ခ နဲ့….. လှလှတော့ တွေ့ကြပေါ့။
ဒုက္ခ ပင်လယ်ထဲ ဒုက္ခရွက်ကိုလွှင့် … ဒုက္ခပေါ် ဒုက္ခဆင့်တာကို ဒုက္ခတွေနဲ့ တင့်တယ်တယ်လို့ ထင်နေမိသလို။
ဒုက္ခ မရောက်သေးဘဲ ….. “ဒုက္ခ””ဒုက္ခ” မလုပ်ပါနဲ့။
ဒုက္ခ ရှာ … လွယ်လွယ် တွေ့။
ဒုက္ခိတ ကို … ကြိုးတုတ်ရိုက်သလို။
ဒုက္ခိတ … ပျားတုတ်။
ဒုံရင်း က … ဒုံရင်း။
ဒိုးတူ … ဘောင်ဖက်။
ဒိုက်ခုတ်တော့ အုတ်ပေါ်….. အုတ်ခုတ်တော့ ကြွေပေါ်….. ကြွေခုတ်တော့ ရေပေါ်။(ထာ= အုန်းသီး)
ဒွါရ ခြောက်ဖြာ ထင်ပေါ်ရာ….. လိုက်ကာ ရှုမှတ်လေ။
ဒွေးရော….. ယှက်တင်။
( ဓ )
ဓမ္မကို….. အ ဓမ္မက မနိုင်။
ဓမ္မ ကိန်းက…..စိတ်ငြိမ်းရ။
ဓမ္မစက်နဲ့ မရ….. အာဏာစက်နဲ့ ချ။
ဓမ္မသရ၊ တေရ်မြတ်လှ….. နေထ ရှေ့မျက်နှာ။
ဓမ္မသတ်ကို….. ရာဇသတ် ဖျက်။
ဓမ္မသတ် တရား၊ ရှိပါငြားလည်း….. တိမ်းပါး ငဲ့ကွက်၊ လက်ဆောင် ဖျက်။
ဓမ္မာ ၊ သောက ၊ အင်းဝ ၊ ရာဇာ….. အိမ်ထောင်ဘက် အသက်မရှည်ရာ။(ဗေဒင်)
ဓမ္မာ ဟဝေ….. ရက္ခတိ ဓမ္မစာရိံ။(တရားစောင့်သောသူကို တရားကပြန်စောင့်ရှောက်၏)
ဓါးကို ထစ်လိုလျှင် သွေးပေး….. သားကို ချစ်လိုလျှင် ပညာပေး။
ဓါးကို ဓါးချင်း….. လှံကို လှံချင်း။
ဓါးကို ဖျက် ၊ ဝါးမြစ်….. လူကို ဖျက်၊ အရက်….. ရှင်ကို ဖျက် ဓဇဂ်။
ဓါးကောင်းကိုင်လျှင် သွေး….. မြင်းကောင်းကိုင်လျှင် ကျွေး။
ဓါး ခုတ်ရာ….. လက်ဝင် လျှို။
ဓါး ငှားလျှင် လွှဖြစ်….. လွှ ငှားလျှင် ဓါးဖြစ်။
ဓါးတောင်ကို ကျော်….. မီးပင်လယ်ကို ဖြတ်။
ဓါး ဓါးချင်း တိုက်….. သွား သွားချင်း ကိုက်။
ဓါး နဲ့….. ဆား လဲသလို။
ဓါးမ က တုံး….. ခရမ်းသီး က ပိန်ပိန်။
ဓါးမ က တုံး….. ဖုံးဆိုး က ထ။
ဓါးမ….. ခါးထိုးရှာ။
ဓါး မထက်တော့….. ဓါးသွေးကျောက် အပြစ်တင်။
ဓါးမ….. နောက်ပိတ် ခွေး။
အားလုံးကို ချစ်ခင် လေးစားလျက်
Credit- ဦးမျိုးမြင့်သန်း