Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Credit – Nyein Chan Zu
Unicode
သာမည ဆရာတော်ကြီး၏ အမှုအခင်းရှိလျှင်၊ ပစ္စည်းပျောက်လျှင် ၊နေထိုင်မကောင်းလျှင်၊ ချမ်းသာချင်လျှင်၊ စစ်တိုက်သွားလျှင် ရွတ်ဆိုပူဇော်ရမည့် ဂါထာ
ဥုံ – သိဒ္ဓိဘုရားထိပ်မှာထား ၊ နားမှာ ဗြဟ္မာ ၊ ၊လက်မှာ သိကြား ၊ ခါးမှာ ဘီလူး ၊ ဒူးမှာ ခြင်္သေ့ ၊ခြေမှာ နဂါး ၊ကိုယ်မှာ ဂဠုန်၊ အစောင့်ထားပါ၏ ။
ဥုံ – ကောက္ကုသံ ၊ ဥုံ – ကောဏဂုံ ၊ ဥုံ – ကဿဖ ၊ ဥုံ – ဂေါတမ ၊ ဥုံ – အရိမေတ္တယျ ၊ ဥုံ – ဒီပင်္ကရာမြတ်စွာဘုရားကို ကိုးကွယ်ပါ၏ ။ဓာတ်တော်ဝင် ၊မဟာဝင် ၊ဧရာဝင် ၊မဟာဝိနေယာ
၊ဗောဓိရှစ်တန် ၊ဉာဏ်တော်( ၁၈ ) ပါး ၊ ဥုံ – ဘုရား ၊ ဥုံ – တရား ၊ ဥုံ – သံဃာတော်နှင့် ရွှေအဆင်းအလား ဦးခေါင်းတော်က မြင်းမိုရ်တောင် ၊မျက်လုံးတော်က ပုလဲရောင် ၊
သွားတော်က ဝရဇိန် ၊လည်တော်က သံချောင်း ၊ မဏိဗောဓိ ရွှေညောင်ပင်က ပွင့်တော် မူပါ၍
လေးသင်္ချေ ကမ္ဘာတစ်သိန်း ၊ရှစ်သင်္ချေ ကမ္ဘာတစ်သိန်း ၊တစ်ဆယ့်ခြောက်သင်္ချေ ကမ္ဘာ တစ်သိန်း ၊ပါရမီဖြည့်လာသော ဘဘုရား ၊ သားတော် ၊ သမီးတော် တို့ကို
ဆင်းရဲဒုက္ခ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ချမ်းသာသုခဘဝရောက်အောင် ပို့ဆောင်နိုင်သော အရှင်ဘုရား ၊ ၊ ချမ်းသာအောင် စောင့်ရှောက်တော်မူပါအရှင်ဘုရား။
(မှတ်ချက်) သာမညဆရာတော် ဘုရားကြီး အထူးပေးသော ဂါထာတော်ကို – ( ၁ ) အမှုအခင်းရှိက ( ၉ ) ခေါက် ရွတ်။ ( ၂ ) ပစ္စည်းပျောက်လျှင် ( ၃ ) ခေါက် ရွတ်။
( ၃ ) နေထိုင်မကောင်းလျှင် ( ၇ ) ခေါက် ရွတ်။ ( ၄ ) ချမ်းသာချင်လျှင် ( ၁၂ ) ခေါက် ရွတ်။ ( ၅ ) စစ်တိုက်သွားလျှင် ( ၅ ) ခေါက်ရွတ်။ ဘုရားအား အာရုံပြု၍ ရွတ်ဖတ်သရဇ္ဇျယ် ပွားများပါ။)
Credit – Nyein Chan Zu