ထူးထူးဆန်းဆန်းအိပ်မက်များနှင့် ထိုအိပ်မက်များကညွှန်းဆိုနေတဲ့ နိမိတ်များ
Unicode
၁။ “အမြင့်တစ်နေရာကနေ ပြုတ်ကျတယ်”လို့ အိပ်မက်မက်တယ်ဆိုရင် လုပ်ငန်းကိစ္စတွေနဲ့ အချစ်ရေးမှာ ထူးဆန်းတာတွေကြုံရမယ့် နိမိတ်ဖြစ်ပါတယ်
လုပ်ငန်းနဲ့ပတ်သက်ရင် ပြဿနာဖြစ်နိုင်ပြီး အချစ်ရေးနဲ့ပတ်သက်ရင်တော့ ရင်ခုန်စရာလေးတွေ ဖြစ်လာနိုင်တယ်ဆိုတဲ့ နိမိတ်လည်းဖြစ်ပါတယ်။
၂။ “သွားကျိုးသွားတယ်”လို့ အိပ်မက်မက်တယ်ဆိုရင် လူပုံအလယ်မှာ အရှက်ကွဲတတ်တယ်။ အချစ်ရေးမှာ ပဋိပက္ခလေးတွေ ဖြစ်တတ်တယ်။ အိမ်ထောင်သည်အမျိုးသမီးတွေ သွားကျိုးတယ်လို့ အိပ်မက်မက်ရင် ကိုယ်ဝန်ရမယ့်နိမိတ်ဖြစ်ပါတယ်။
၃။ “ကျောင်း (သို့) အလုပ်ကို ဝတ်လစ်စလစ်နဲ့ သွားတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် အလုပ်မှာ ရာထူးတိုးမယ့်နိမိတ်၊ အလုပ်သစ်လုပ်ရမယ့်နိမိတ်ဖြစ်ပါတယ်
ပညာရေးမှာ စာမေးပွဲရလဒ်ကောင်းမယ့် နိမိတ်လည်းဖြစ်ပါတယ် လူပုံအလယ်မှာ မျက်နှာပန်းလှမယ့်နိမိတ်၊ ထင်ပေါ်ကျော်ကြားမယ့်နိမိတ်လည်း ဖြစ်ပါတယ်။
၄။ “ခက်ခဲတဲ့ စာမေးပွဲဖြေရတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် အလုပ်နဲ့ ပညာရေးတစ်ခုခုမှာ စိတ်ဖိစီးစရာတွေဖြစ်လာနိုင်ပါတယ်
ဖြေရှင်းရခက်တဲ့ ပြဿနာတွေကြားရောက်သွားနိုင်တယ်ဆိုတဲ့ နိမိတ်ပါ ဒီလိုအိပ်မက်မျိုးမက်ရင် သူတစ်ပါးကို အာမခံပေးတဲ့ကိစ္စမျိုးမလုပ်တာ အကောင်းဆုံးပါ။
၅။ “သေဆုံးတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် သေတယ်ဆိုတဲ့အိပ်မက်ကို အိပ်မက်ဆိုးလို့ မမှတ်ယူပါနဲ့။
ဒီအိပ်မက်ဟာ ကျန်းမာရေးကောင်းမွန်မယ့် နိမိတ်ကောင်းပါ ပြီးတော့ အလုပ်အကိုင်၊ အချစ်ရေး၊ စီးပွားရေးစတဲ့ ကိစ္စရပ်တွေမှာ ဆန္ဒတွေပြည့်ဝမယ့်နိမိတ်လည်းဖြစ်ပါတယ်။
၆။ “နာမည်ကြီး အနုပညာရှင်နဲ့ တွေ့ဆုံရတယ်” လို့ အိပ်မက်မက်တယ်ဆိုရင်ပညာရပ်အသစ်တစ်ခုခုကို သင်ယူရတော့မယ့် နိမိတ်ဖြစ်ပါတယ်။ စိတ်ကူးထားတွေ တကယ်ဖြစ်လာမယ်၊ ပျော်စရာကောင်းတဲ့နေရာကို ခရီးထွက်ရမယ့် နိမိတ်ဖြစ်ပါတယ်။
၇။ “နောက်ကတစ်ခုခုလိုက်လို့ မောပန်းတကြီး ထွက်ပြေးရတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် ရင်ဆိုင်နေရတဲ့ပြဿနာတွေအားလုံး အဆင်ပြေသွားလိမ့်မယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
ဘဝတိုးတက်အောင် ကူညီပေးနိုင်မယ့်သူတော်ကောင်းတစ်ယောက်နဲ့ တွေ့မယ်ဆိုတဲ့နိမိတ်လည်း ဖြစ်ပါတယ် ဒီအိပ်မက်ဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။
၈။ “ချစ်သူ (သို့) အိမ်ထောင်ဖက်က သစ္စာဖောက်သွားတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် အရေးမပါတဲ့ကိစ္စတွေကြောင့် အချိန်ကုန်လူပန်းရမယ့် နိမိတ်ဖြစ်ပါတယ်
အိပ်မက်ကြောင့် ချစ်သူအပေါ်မှာ သံသယတွေသိပ်မထားပါနဲ့ ဒီအိပ်မက်ဟာ ချစ်သူဆီကနေ မျှော်လင့်မထားတဲ့လက်ဆောင်ရမယ်ဆိုတဲ့ အိပ်မက်ကောင်းလည်း ဖြစ်ပါတယ်။
၉။ “တစ်နေရာရာကို အရမ်းနောက်ကျမှ ရောက်သွားတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် ကတိတစ်ခုကို ကိုယ်မတည်နိုင်ဘူးဆိုရင် ဘာအကြောင်းကြောင့်မှ မပေးပါနဲ့” လို့သတိပေးတဲ့ နိမိတ်ဖြစ်ပါတယ်။ ဖြစ်လာမယ့် ဆိုးကျိုးက ကြီးမားနိုင်လို့ပါ။
၁ဝ။ “ကောင်းကင်မှာ ပျံသန်းရတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် ဘဝမှာ ထင်မထားတာတွေ ဖြစ်လာတတ်ပြီး ကိုယ်ကိုယ်တိုင် ဖြေရှင်းထိန်းချုပ်လို့ မရတဲ့အဖြစ်မျိုးတွေ ဖြစ်တတ်တယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
၁၁။ “ကိုယ်ဝန်ဆောင်ရတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် အလုပ်အကိုင်တိုးတက်စေဖို့ အခွင့်အလမ်းသစ်၊ အကြံဉာဏ်သစ်တွေ ရလိမ့်မယ်ဆိုတဲ့ နိမိတ်ဖြစ်ပါတယ်။
တစ်ခါတလေမှာ ကိုယ့်ဘဝအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုကို ပိုင်ဆိုင်ရလိမ့်မယ်ဆိုတဲ့ နိမိတ်လည်း ဖြစ်ပါတယ်။
၁၂။ “ထိန်းရခက်တဲ့ ကားတစ်စီးကို ကြောက်လန့်တကြီးနဲ့ မောင်းနှင်နေရတယ်” လို့ အိပ်မက်မက်တယ်ဆိုရင် အောင်မြင်မှုမရအောင် အကျင့်ဆိုးတွေက ဟန့်တားလိမ့်မယ်ဆိုတဲ့ နိမိတ်ပါ
ဒါကြောင့် ဒီလိုအိပ်မက်မက်တယ်ဆိုရင် လက်ရှိကိုယ့်မှာ ရှိနေတဲ့အကျင့်ဆိုးတွေကို ပယ်ဖျောက်နိုင်အောင် ကြိုးစားလိုက်ပါ။(လေးစားမှုဖြင့် ခရက်ဒစ်)