ပိုက္ဆံစုပါ (ကိုျမင့္နိုင္ျကီးေပးတဲ႔ သင္ခန္းစာ)
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ပိုက္ဆံစုပါ
ကပ္ေရာဂါျဖစ္လာတာအခုဆိုရင္ႏွစ္ပတ္လည္ေတာင္ေရာက္လာပါၿပီ။
ဒီကပ္ေရာဂါအတြင္းမွာနယ္ပယ္အသီးသီးက
စီးပြားေရးလုပ္ငန္ေတြရပ္ဆိုင္းသြားၾကတာအမ်ားႀကီးပဲ။
နလံမထူႏိုင္ၾကေတာ့တဲ့လုပ္ငန္းေတြရွိသလိုခပ္ယဲ့ယဲ့ပဲက်န္ေတာ့တဲ့လုပ္ငန္းေတြလည္းအမ်ားႀကီးပဲ။ၿခဳံၿပီးေျပာရရင္လူေတြေငြေၾကးအၾကပ္အတည္းနဲ႔ႀကဳံၾကရတယ္ေပါ့။
အခက္အခဲမရွိသူကေတာ့နဲနဲပါးပါးေလာက္ပဲရွိပါတယ္။
ကပ္ကာလအတြင္းမွာအခက္အခဲသိပ္မရွိတဲ့သူေတြဟာဘယ္လိုလူေတြျဖစ္မလဲ။
နဂိုကတည္းကခ်မ္းသာၾကသူေတြရွိသလိုပိုက္ဆံစုထားၾကတဲ့သူေတြျဖစ္ပါတယ္။
လက္ထဲမွာပိုက္ဆံအလုံအေလာက္ရွိေနေတာ့ဒုကၡမျဖစ္ေတာ့ဘူး။ေအးေအးေဆးေဆးေနလို႔ရတယ္။
တခ်ိဳ႕ဆိုရင္ေလးငါးဆယ္ႏွစ္ေလာက္ဘာမွလုပ္စရာမလိုဘဲမိသားစုထိုင္စားလို႔ရေလာက္ေအာင္ဘဏ္မွာပိုက္ဆံစုထားၾကတယ္။
ျမန္မာျပည္မွာလူအမ်ားစုကရရကုန္ကုန္အကုန္လုံးသုံးျဖဳန္းတတ္ၾကေလ့ရွိတယ္။
၂ရက္စာေလာက္ပိုက္ဆံရွိရင္၂ရက္အလုပ္မလုပ္ေတာ့ဘူး။အိမ္မွာပဲအိပ္ေနတတ္တယ္။
မေမွ်ာ္လင့္တဲ့ကိစၥတစ္ခုခုေပၚလာေတာ့မ်က္ႏွာငယ္ေလးနဲ႔ပိုက္ဆံလိုက္ေခ်းရေရး။
အေႂကြးနစ္ၿပီးဘဝပ်က္ရသူေတြအမ်ားႀကီးပဲ။
အေႂကြးပိတဲ့သူဟာရွင္လွ်က္နဲ႔ေသတဲ့သူၿပဲဖစ္တယ္။ဒါေၾကာင့္မို႔ပိုက္ဆံစုဖို႔သိပ္အေရးႀကီးပါတယ္။
ေရာဂါကပ္ကေတာ့သိပ္မၾကာေတာ့ပါဘူး။
ဒါေပမဲ့ေရာဂါကပ္ျဖစ္ၿပီးေနာက္မွာငတ္မြတ္ေခါင္းပါးတဲ့ေဘးကကပ္ပါလာတတ္တယ္။အခုအခါမွာေဆးလည္းေပၚလာၿပီမို႔စိုးရိမ္ေၾကာင့္ၾကမႈေတြေတာ့ေလ်ာ့သြားၾကမွာပါပဲ။
နကၡတ္အရေျပာရရင္၂၀၂၂ႏွစ္လယ္ပိုင္းက်မွအားလုံးျပန္ေကာင္းမယ့္ New Normalကိုေရာက္လိမ့္မယ္လို႔ခန႔္မွန္းရပါတယ္။
ဒီအေတာအတြင္းမွာပိုက္ဆံဘယ္လိုရွာရင္ေကာင္းမလဲ။စားဝတ္ေနေရးဆိုတဲ့အေရး၃ပါးထဲမွာစားေရးကအလိုအပ္ဆုံးပဲ။
ဒါေၾကာင့့္အစားအေသာက္နဲ႔ပတ္သက္တဲ့အလုပ္ေတြပဲေ႐ြးလုပ္ပါ။ကပ္ကာလအတြင္းမွာလည္းစားေသာက္ကုန္လုပ္တဲ့စီးပြားေရးသမားေတြအဆင္ေျပၾကတယ္ဆိုတာေတြ႕ရတယ္။
အထူးသျဖင့္အေျခခံစားေသာက္ကုန္ေတြေရာင္းတာအေကာင္းဆုံးပဲ။သမာအာဇီဝက်က်အလုပ္လုပ္ရင္သူ႔အတိုင္းအတာနဲ႔သူေအာင္ျမင္လာမွာပဲ။
အလုပ္လုပ္လို႔ရလာတဲ့ပိုက္ဆံကိုဘယ္လိုစီမံရမလဲ။တစ္ပုံကိုစား၊တစ္ပုံကိုျပန္ရင္း၊တစ္ပုံကိုစုပါ။ပိုလွ်ံတဲ့အခ်ိန္ေရာက္မွတစ္ပုံကိုလႉဖို႔သုံးဖို႔လုပ္ပါ။
အစားကိုလည္းေခြၽတာစားၿပီးစုဖို႔ဦးစားေပးပါ။အလုပ္ကိုလည္းႀကိဳးစားပါ။အလုပ္ဟူသမွ်ဂုဏ္ရွိစြတဲ့။ပိုက္ဆံကသိပ္အေရးႀကီးတယ္။
သူမရွိရင္ဘာမွလုပ္လို႔မရဘူး။
မ်က္ႏွာလည္းအရမ္းငယ္ရတယ္။
လူေတြကပိုက္ဆံရွိတဲ့သူကိုပဲအလကားေနရင္းၿပဳံးျပခ်င္ၾကတာ။
ပိုက္ဆံမရွိရင္အဖက္ကိုမလုပ္ခ်င္ဘူး။
စကားေျပာရင္ေတာင္ႏွိမ္ၿပီးေျပာတတ္ၾကတယ္။
ဒါေၾကာင့္အလုပ္ႀကိဳးစားၿပီးပိုက္ဆံမ်ားမ်ားစုၾကပါ။
ခ်မ္းသာၾကပါေစ
ခ်စ္ခင္ေလးစားလွ်က္
Credit
Unicode
ပိုက်ဆံစုပါ
ကပ်ရောဂါဖြစ်လာတာအခုဆိုရင်နှစ်ပတ်လည်တောင်ရောက်လာပါပြီ။ဒီကပ်ရောဂါအတွင်းမှာနယ်ပယ်အသီးသီးကစီးပွားရေးလုပ်ငန်တွေရပ်ဆိုင်းသွားကြတာအများကြီးပဲ။
နလံမထူနိုင်ကြတော့တဲ့လုပ်ငန်းတွေရှိသလိုခပ်ယဲ့ယဲ့ပဲကျန်တော့တဲ့လုပ်ငန်းတွေလည်းအများကြီးပဲ။ခြုံပြီးပြောရရင်လူတွေငွေကြေးအကြပ်အတည်းနဲ့ကြုံကြရတယ်ပေါ့။
အခက်အခဲမရှိသူကတော့နဲနဲပါးပါးလောက်ပဲရှိပါတယ်။
ကပ်ကာလအတွင်းမှာအခက်အခဲသိပ်မရှိတဲ့သူတွေဟာဘယ်လိုလူတွေဖြစ်မလဲ။
နဂိုကတည်းကချမ်းသာကြသူတွေရှိသလိုပိုက်ဆံစုထားကြတဲ့သူတွေဖြစ်ပါတယ်။လက်ထဲမှာပိုက်ဆံအလုံအလောက်ရှိနေတော့ဒုက္ခမဖြစ်တော့ဘူး။အေးအေးဆေးဆေးနေလို့ရတယ်။
တချို့ဆိုရင်လေးငါးဆယ်နှစ်လောက်ဘာမှလုပ်စရာမလိုဘဲမိသားစုထိုင်စားလို့ရလောက်အောင်ဘဏ်မှာပိုက်ဆံစုထားကြတယ်။
မြန်မာပြည်မှာလူအများစုကရရကုန်ကုန်အကုန်လုံးသုံးဖြုန်းတတ်ကြလေ့ရှိတယ်။၂ရက်စာလောက်ပိုက်ဆံရှိရင်၂ရက်အလုပ်မလုပ်တော့ဘူး။အိမ်မှာပဲအိပ်နေတတ်တယ်။
မမျှော်လင့်တဲ့ကိစ္စတစ်ခုခုပေါ်လာတော့မျက်နှာငယ်လေးနဲ့ပိုက်ဆံလိုက်ချေးရရေး။
အကြွေးနစ်ပြီးဘဝပျက်ရသူတွေအများကြီးပဲ။
အကြွေးပိတဲ့သူဟာရှင်လျှက်နဲ့သေတဲ့သူပြဲဖစ်တယ်။ဒါကြောင့်မို့ပိုက်ဆံစုဖို့သိပ်အရေးကြီးပါတယ်။
ရောဂါကပ်ကတော့သိပ်မကြာတော့ပါဘူး။
ဒါပေမဲ့ရောဂါကပ်ဖြစ်ပြီးနောက်မှာငတ်မွတ်ခေါင်းပါးတဲ့ဘေးကကပ်ပါလာတတ်တယ်။အခုအခါမှာဆေးလည်းပေါ်လာပြီမို့စိုးရိမ်ကြောင့်ကြမှုတွေတော့လျော့သွားကြမှာပါပဲ။
နက္ခတ်အရပြောရရင်၂၀၂၂နှစ်လယ်ပိုင်းကျမှအားလုံးပြန်ကောင်းမယ့် New Normalကိုရောက်လိမ့်မယ်လို့ခန့်မှန်းရပါတယ်။
ဒီအတောအတွင်းမှာပိုက်ဆံဘယ်လိုရှာရင်ကောင်းမလဲ။စားဝတ်နေရေးဆိုတဲ့အရေး၃ပါးထဲမှာစားရေးကအလိုအပ်ဆုံးပဲ။
ဒါကြောင့့်အစားအသောက်နဲ့ပတ်သက်တဲ့အလုပ်တွေပဲရွေးလုပ်ပါ။ကပ်ကာလအတွင်းမှာလည်းစားသောက်ကုန်လုပ်တဲ့စီးပွားရေးသမားတွေအဆင်ပြေကြတယ်ဆိုတာတွေ့ရတယ်။
အထူးသဖြင့်အခြေခံစားသောက်ကုန်တွေရောင်းတာအကောင်းဆုံးပဲ။သမာအာဇီဝကျကျအလုပ်လုပ်ရင်သူ့အတိုင်းအတာနဲ့သူအောင်မြင်လာမှာပဲ။
အလုပ်လုပ်လို့ရလာတဲ့ပိုက်ဆံကိုဘယ်လိုစီမံရမလဲ။တစ်ပုံကိုစား၊တစ်ပုံကိုပြန်ရင်း၊တစ်ပုံကိုစုပါ။ပိုလျှံတဲ့အချိန်ရောက်မှတစ်ပုံကိုလှူဖို့သုံးဖို့လုပ်ပါ။
အစားကိုလည်းချွေတာစားပြီးစုဖို့ဦးစားပေးပါ။အလုပ်ကိုလည်းကြိုးစားပါ။အလုပ်ဟူသမျှဂုဏ်ရှိစွတဲ့။ပိုက်ဆံကသိပ်အရေးကြီးတယ်။
သူမရှိရင်ဘာမှလုပ်လို့မရဘူး။
မျက်နှာလည်းအရမ်းငယ်ရတယ်။
လူတွေကပိုက်ဆံရှိတဲ့သူကိုပဲအလကားနေရင်းပြုံးပြချင်ကြတာ။
ပိုက်ဆံမရှိရင်အဖက်ကိုမလုပ်ချင်ဘူး။
စကားပြောရင်တောင်နှိမ်ပြီးပြောတတ်ကြတယ်။
ဒါကြောင့်အလုပ်ကြိုးစားပြီးပိုက်ဆံများများစုကြပါ။
ချမ်းသာကြပါစေ
ချစ်ခင်လေးစားလျှက်
Credit