တရားမဝင္ ေပါက္စီနဲ႔ မုန႔္လုပ္ငန္းမွ ကယ္ထုတ္လာတဲ့ ကေလးလုပ္သား (၁၀) ဦးမွာ ကိုဗစ္ပိုးေတြ႕ရွိ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွ တရားမဝင္ ေပါက္စီ ႏွင့္ ေပါင္မုန႔္ လုပ္ငန္းမွ ကယ္ထုတ္လာသည့္

ကေလးလုပ္သား ၁၀ ဦးမွာ ကိုဗစ္ ေရာဂါပိုး ေတြ႕ရွိခဲ့ေၾကာင္း ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံမွ သိရပါတယ္။

 

မုန႔္လုပ္ငန္းတြင္ အလုပ္လုပ္ကိုင္ေနေသာ ကေလးအလုပ္သား ၂၂ ဦး ႏွင့္ ၎တို႔ကို အနီးကပ္ေစာင့္ ေရွာက္ေပးေနသူ ၃ ဦး စုစုေပါင္း ၂၅ ဦးကို ကိုဗစ္ပိုး စစ္ေဆးရာတြင္ ၁၀ ဦးတြငိ ပိုးေတြ႕ခဲ့ျခင္းျဖစ္ေၾကာင္း

၎က ဆိုပါတယ္။ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္က်န္းမာေရးဦးစီးမႉး ေဒါက္တာ ေအးမူယာေက်ာ္က သူတို႔ကို မိဘေတြနဲ႔ မေတြ႕ခင္ စပ္ၾကားမွာ လူမႈဝန္ထမ္းရဲ႕ သင္တန္းေက်ာင္းေတြမွာ ခဏထားဖို႔ လုပ္ရမယ္။ ဒီလိုသင္တန္းေက်ာင္းေတြမွာ ထားဖို႔ဆိုရင္

ကိုဗစ္ ၁၉ ကင္းရွင္းဖို႔ စစ္ေဆးဖို႔ရာရွိေတာ့ ဒီမနက္မွာ စစ္ေတာ့ ပိုးေတြ႕တာျဖစ္ပါတယ္ ဟု ေျပာခဲ့တာပါ။

ကိုဗစ္ပိုးေတြ႕ ကေလးငယ္ ၁၀ ဦးထဲမွာ ေယာက်ၤားေလး ၁ ဦး ႏွင့္ မိန္းကေလး ၉ ဦးျဖစ္ၿပီးေတာ့ အသက္ ၁၈ အ႐ြယ္မွ

အသက္ ၁၂ အ႐ြယ္ ကေလးမ်ား ျဖစ္ေၾကာင္း သိရပါတယ္။ေဒါက္တာ ေအးမူယာေက်ာ္က ပိုးေတြ႕ ကေလးေတြေရာ ပိုးမေတြ႕တဲ့ ကေလးေတြေရာ အကုန္လုံးကေတာ့ က်န္းမားေရးအကုန္ေကာင္းမြန္ပါတယ္ ဟု ေျပာပါတယ္။

အဆိုပါ ကေလးအလုပ္သားမ်ားသည္ အသက္မျပည့္ေသးသည့္ ကေလးငယ္မ်ာ၊း အတင္းအဓမၼ အလုပ္ေစခိုင္းမႈ ႏွင့္ ညႇဥ္းပန္းႏွိပ္စက္ခံေနရသည့္ စြပ္စြဲခံေနရေသာ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ လိုတရ ေ႐ႊစံလွ မုန႔္ ႏွင့္ ေပါက္စီလုပ္ငန္းတြင္

အလုပ္လုပ္ကိုင္ေနသည့္ ကေလးအလုပ္သမားမ်ားျဖစ္ပါတယ္။အဆိုပါကေလးလုပ္သားထဲမွ တဦးက က်ေနာ္တို႔ထဲက ၁၀ ေယာက္မွာ ပိုးေတြ႕လို႔ ေဆး႐ုံပို႔လိုက္ၿပီ က်ေနာ္တို႔လည္း အေရးေပၚကား ေပၚမွာ ပဲ ရွိေသးတယ္။

ဘယ္ေခၚသြားမလဲဆိုတာ မသိေသးဘူး ဟု ေျပာပါတယ္။လက္ရွိအခ်ိန္တြင္ ကိုဗစ္ပိုးေတြ႕ရွိခဲ့သည့္ ကေလးငယ္မ်ားကို အစိုးရ၏ ကြာရန္တင္းစင္တာမ်ားသို႔ ပို႔ေဆာင္ ထားလိုက္ေၾကာင္း သိရပါတယ္။

Source : Irrawaddy

Unicode

ဒဂုံဆိပ်ကမ်းမြို့နယ်မှ တရားမဝင် ပေါက်စီ နှင့် ပေါင်မုန့် လုပ်ငန်းမှ ကယ်ထုတ်လာသည့် ကလေးလုပ်သား ၁၀ ဦးမှာ ကိုဗစ် ရောဂါပိုး တွေ့ရှိခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ်ပြည်သူ့ဆေးရုံမှ သိရပါတယ်။

မုန့်လုပ်ငန်းတွင် အလုပ်လုပ်ကိုင်နေသော ကလေးအလုပ်သား ၂၂ ဦး နှင့် ၎င်းတို့ကို အနီးကပ်စောင့် ရှောက်ပေးနေသူ ၃ ဦး စုစုပေါင်း ၂၅ ဦးကို ကိုဗစ်ပိုး စစ်ဆေးရာတွင် ၁၀ ဦးတွငိ ပိုးတွေ့ခဲ့ခြင်းဖြစ်ကြောင်း

၎င်းက ဆိုပါတယ်။ဒဂုံဆိပ်ကမ်းမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ အေးမူယာကျော်က သူတို့ကို မိဘတွေနဲ့ မတွေ့ခင် စပ်ကြားမှာ လူမှုဝန်ထမ်းရဲ့ သင်တန်းကျောင်းတွေမှာ ခဏထားဖို့ လုပ်ရမယ်။ ဒီလိုသင်တန်းကျောင်းတွေမှာ ထားဖို့ဆိုရင်

ကိုဗစ် ၁၉ ကင်းရှင်းဖို့ စစ်ဆေးဖို့ရာရှိတော့ ဒီမနက်မှာ စစ်တော့ ပိုးတွေ့တာဖြစ်ပါတယ် ဟု ပြောခဲ့တာပါ။

ကိုဗစ်ပိုးတွေ့ ကလေးငယ် ၁၀ ဦးထဲမှာ ယောင်္ကျားလေး ၁ ဦး နှင့် မိန်းကလေး ၉ ဦးဖြစ်ပြီးတော့ အသက် ၁၈ အရွယ်မှ

အသက် ၁၂ အရွယ် ကလေးများ ဖြစ်ကြောင်း သိရပါတယ်။ဒေါက်တာ အေးမူယာကျော်က ပိုးတွေ့ ကလေးတွေရော ပိုးမတွေ့တဲ့ ကလေးတွေရော အကုန်လုံးကတော့ ကျန်းမားရေးအကုန်ကောင်းမွန်ပါတယ် ဟု ပြောပါတယ်။

အဆိုပါ ကလေးအလုပ်သားများသည် အသက်မပြည့်သေးသည့် ကလေးငယ်မျာ၊း အတင်းအဓမ္မ အလုပ်စေခိုင်းမှု နှင့် ညှဉ်းပန်းနှိပ်စက်ခံနေရသည့် စွပ်စွဲခံနေရသော ဒဂုံဆိပ်ကမ်းမြို့နယ် လိုတရ ရွှေစံလှ မုန့် နှင့် ပေါက်စီလုပ်ငန်းတွင်

အလုပ်လုပ်ကိုင်နေသည့် ကလေးအလုပ်သမားများဖြစ်ပါတယ်။အဆိုပါကလေးလုပ်သားထဲမှ တဦးက ကျနော်တို့ထဲက ၁၀ ယောက်မှာ ပိုးတွေ့လို့ ဆေးရုံပို့လိုက်ပြီ ကျနော်တို့လည်း အရေးပေါ်ကား ပေါ်မှာ ပဲ ရှိသေးတယ်။

ဘယ်ခေါ်သွားမလဲဆိုတာ မသိသေးဘူး ဟု ပြောပါတယ်။လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သည့် ကလေးငယ်များကို အစိုးရ၏ ကွာရန်တင်းစင်တာများသို့ ပို့ဆောင် ထားလိုက်ကြောင်း သိရပါတယ်။

Source : Irrawaddy