ျမန္မာဖက္ကေန ေမွာင္ခိုပို႔တဲ့ သိန္း ၅ ေသာင္းေက်ာ္ တန္ဖိုးရွိ ေ႐ႊေခ်ာင္းမ်ား အိႏၵိယမွာ ဖမ္းမိ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အိႏၵိယ အခြန္အေကာက္ဆိုင္ရာ ေထာက္လွမ္းေရး ၫႊန္ၾကားမႈ ဦးစီးဌာန (DRI) က
ျမန္မာႏိုင္ငံက တစ္ဆင့္ အိႏၵိယႏိုင္ငံ အတြင္းကို ေမွာင္ခို တင္သြင္းတယ္လို႔ သံသယရွိတဲ့
႐ူပီး ကုေဋ ၃၀ (ျမန္မာေငြ သိန္း ၅ ေသာင္းေက်ာ္) တန္းဖိုးရွိတဲ့ ေ႐ႊေခ်ာင္း ၆၆ ကီလိုဂရမ္ ေက်ာ္ (ပိသာခ်ိန္ ၄၀၀၀ ေက်ာ္) ကို
ႏိုဝင္ဘာလ ၁၉ ရက္ေန႔က သိမ္းဆည္းရမိခဲ့ၿပီး လူ ၄ ဦးကို ဖမ္းဆီးခဲ့တယ္လို႔ သိရပါတယ္။
ေဒလီ ေထာက္လွမ္းေရး ေအဂ်င္စီ ယူနစ္ဟာ သတင္းအရ ကုန္တင္ကား ၂ စင္းကို ရပ္တန္႔ စစ္ေဆးရာမွာ
ကားရဲ႕ ဆီ သိုေလွာင္ကန္ထဲကေန ေ႐ႊေခ်ာင္း ၄၀၀ ကို ေတြ႕ရွိခဲ့တာလို႔ တာဝန္ရွိသူ တစ္ဦးက ေျပာပါတယ္။
ပဏာမ စုံစမ္း စစ္ေဆးမႈေတြအရ အဆိုပါ ေ႐ႊေခ်ာင္းေတြဟာ အိႏၵိယ အေရွ႕ေျမာက္ ျပည္နယ္ေတြက တစ္ဆင့္ သယ္ေဆာင္လာၿပီး
ပန္ဂ်ပ္ျပည္နယ္ကို ဦးတည္ေနတာလို႔ သတင္းက ဆိုပါတယ္။
ဒီႏွစ္ထဲမွာ အာဏာပိုင္ေတြဟာ အိႏၵိႏိုင္ငံရဲ႕ ေနရာေဒသ အသီးသီးမွာ ေ႐ႊကီလိုဂရမ္ ၁၇၀၀ ေက်ာ္ သိမ္းဆည္းရမိခဲ့ၿပီး
ေ႐ႊအမ်ားစုဟာ အိႏၵိယ – ျမန္မာ နယ္စပ္ ျမန္မာဘက္က ေမွာင္ခို တင္သြင္းလာတာလို႔ သတင္းက ေဖာ္ျပပါတယ္။
မၾကာေသးမီ လမ်ားအတြင္းက အိႏၵိယႏိုင္ငံမွာ ေ႐ႊေစ်းႏႈန္းေတြ တဟုန္ထိုး ျမင့္တက္လာမႈဟာ
နယ္စပ္ျဖတ္ေက်ာ္ ေ႐ႊေမွာင္ခို တင္သြင္းမႈကို တိုးပြားေစတယ္လို႔လည္း သတင္းက ဆိုပါတယ္။Credit
Unicode
အိန္ဒိယ အခွန်အကောက်ဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားမှု ဦးစီးဌာန (DRI) က မြန်မာနိုင်ငံက တစ်ဆင့် အိန္ဒိယနိုင်ငံ အတွင်းကို မှောင်ခို တင်သွင်းတယ်လို့ သံသယရှိတဲ့
ရူပီး ကုဋေ ၃၀ (မြန်မာငွေ သိန်း ၅ သောင်းကျော်) တန်းဖိုးရှိတဲ့ ရွှေချောင်း ၆၆ ကီလိုဂရမ် ကျော် (ပိသာချိန် ၄၀၀၀ ကျော်) ကို
နိုဝင်ဘာလ ၁၉ ရက်နေ့က သိမ်းဆည်းရမိခဲ့ပြီး လူ ၄ ဦးကို ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဒေလီ ထောက်လှမ်းရေး အေဂျင်စီ ယူနစ်ဟာ သတင်းအရ ကုန်တင်ကား ၂ စင်းကို ရပ်တန့် စစ်ဆေးရာမှာ
ကားရဲ့ ဆီ သိုလှောင်ကန်ထဲကနေ ရွှေချောင်း ၄၀၀ ကို တွေ့ရှိခဲ့တာလို့ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
ပဏာမ စုံစမ်း စစ်ဆေးမှုတွေအရ အဆိုပါ ရွှေချောင်းတွေဟာ အိန္ဒိယ အရှေ့မြောက် ပြည်နယ်တွေက တစ်ဆင့် သယ်ဆောင်လာပြီး
ပန်ဂျပ်ပြည်နယ်ကို ဦးတည်နေတာလို့ သတင်းက ဆိုပါတယ်။
ဒီနှစ်ထဲမှာ အာဏာပိုင်တွေဟာ အိန္ဒိနိုင်ငံရဲ့ နေရာဒေသ အသီးသီးမှာ ရွှေကီလိုဂရမ် ၁၇၀၀ ကျော် သိမ်းဆည်းရမိခဲ့ပြီး
ရွှေအများစုဟာ အိန္ဒိယ – မြန်မာ နယ်စပ် မြန်မာဘက်က မှောင်ခို တင်သွင်းလာတာလို့ သတင်းက ဖော်ပြပါတယ်။
မကြာသေးမီ လများအတွင်းက အိန္ဒိယနိုင်ငံမှာ ရွှေစျေးနှုန်းတွေ တဟုန်ထိုး မြင့်တက်လာမှုဟာ
နယ်စပ်ဖြတ်ကျော် ရွှေမှောင်ခို တင်သွင်းမှုကို တိုးပွားစေတယ်လို့လည်း သတင်းက ဆိုပါတယ်။Credit