ဘြဲ႕ရႏွင့္ ငါးစိမ္းသည္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဘြဲ႕ရႏွင့္ ငါးစိမ္းသည္
ယေန႔မနက္ ငါးေၾကာ္ေလး စားခ်င္လာ သျဖင့္ ေဈးထဲကို ငါးဝယ္ရန္ေရာက္ လာသည္ ။ကြၽန္ေတာ္ ဝယ္ေနက် ငါးဆိုင္ ရွိသည္။
ငါး ၾကင္းတစ္မ်ိဳးတည္း ေရာင္းၿပီး ေဖာ္ေ႐ြသည္။
ဝယ္သူအႀကိဳက္ မညည္းမညဴ လုပ္ေပးေလ့ ရွိသည္။
ငါးေရာင္း သူကို ငါးစိမ္းသည္ဟု ေခၚၾကသည္။
ငါးစိမ္းသည္ ဆိုသည္မွာ စြာတာတာ ၊ ကက္ကက္လန္ ၊ မိုက္႐ိုင္းသည္ဟု ထင္လွ်င္ ကြၽန္ေတာ္ ငါးဝယ္သည့္ဆိုင္မွ “မေ႐ႊ” ကိုေခၚျပခ်င္ပါသည္။
“ဦးေလး မေရာက္တာၾကာၿပီ ဘာလဲ ဆိုင္ဟင္းကို မုန္းလို႔ ေရာက္ လာတာလား” “မဟုတ္ပါဘူး ခရီးထြက္တာေတြ မ်ားေနလို႔”
“ငါးၾကင္းျဖဴ ဗိုက္သားေလးနဲ႔ တြဲထားတဲ့ အပိုင္း ခ်ိန္ လိုက္ မယ္ေနာ္”“အစိတ္သားေလာက္ပဲေနာ္” “၃၅ က်ပ္သားရွိတယ္ ဦးေလးရယ္ ၃၀ သားဖိုးပဲေပး”
“ေအး … ေအး ခုတ္လိုက္” ငါးဝယ္လွ်င္ အပိုေဆာင္း အျဖစ္ ေၾကာ္ႏိုင္သည့္ အတုံးေလာက္ျဖစ္ေစရန္ ခုတ္ ထစ္ေပးသည္။
အေၾကး ထိုးေပး သည္။ ေရေဆး ေပးသည္။ အိမ္ေရာက္လွ်င္တန္းေၾကာ္႐ုံသာျဖစ္သည္။ ငါးဝယ္ၿပီးေနာက္ ငါးဆိုင္ေရွ႕ရွိ လက္ဖက္ရည္ဆိုင္တြင္ ကြၽန္ေတာ္ ထိုင္သည္ ။ ထို ဆိုင္တြင္ ေခါက္ဆြဲသုပ္ ေကာင္းသည္။
အေၾကာ္လည္း ရသည္။ေခါက္ဆြဲသုပ္မွာၿပီး ေရေႏြးၾကမ္းေသာက္ေနစဥ္ မေ႐ႊဆိုင္ကို အမ်ိဳးသမီးႀကီး တစ္ေယာက္ ဝင္လာသည္။
သူ႔ေနာက္တြင္ ဆြဲျခင္းဆြဲ ေသာ ကေလးတစ္ေယာက္လည္း ပါလာသည္ ။ ပထမ ငါးေမးသည္ အထက္စီး ဒုတိယ ေဈးဆစ္သည္ အ ႀကိတ္အနယ္
တတိယ အပိုေတာင္းသည္ ကေလးမုန႔္ဖိုး ေတာင္းသ လို ဤအထိ ျပႆနာမရွိ။ မေ႐ႊက စိတ္ရွည္သည္ “ငါးခုတ္ေပး” “ေၾကာ္တုံးလား … ခ်က္တုံးလား”
“ငါေျပာတဲ့အတိုင္းခုတ္” ငါးေရာင္းသူက အေၾကး ထိုးေပးသည္ ။ အူႏုတ္ ေပးသည္။ ခုတ္ေပး သည္။“ဒီအတုံးကို ႏွစ္တုံး ျပန္ခုတ္” အၿမီးပိုင္းကို ထက္ဝက္ ျခမ္း
“ေခါင္းကို ထက္ျခမ္းပဲခုတ္ေလ” “ေနဦး ေနဦး ဒီအပိုင္း မႀကိဳက္ဘူး … ဟိုတစ္ပိုင္းခုတ္ၿပီး လဲေပး” ကြၽန္ေတာ္က ေဈးဝယ္သူ၏ စီးပိုးလွေသာ အေျပာႏွင့္ ခိုင္းေစခ်က္မ်ားကို ၾကည့္ေနမိသည္။
ကိုယ့္ေရွ႕လာခ်သည့္ ေခါက္ဆြဲကိုပင္ မစားမိ။ “အစ္မရယ္ ဒီတစ္ေကာင္ဝယ္ရင္ ဒီတစ္ေကာင္ က အပိုင္း ကိုပဲ ရမွာ ေပါ့ ဟိုအပိုင္းသြားလဲေပးလို႔ မရပါဘူး”
“အတူတူပဲဟာ … ဘာၾကာလို႔လဲ” “ကြာတယ္ေလအစ္မ … ဒါက ငါးၾကင္းျဖဴ” “ကြာကြာ … မကြာကြာေအ … လဲေပးမလား … မလဲေပးဘူးလား”
“အစ္မရယ္ … မျဖစ္ႏိုင္ တာကို မေျပာပါနဲ႔ မရပါဘူး”
“ဟိုအတုံးကို ဒီအထဲထည့္ ဒီတစ္တုံးကို ဟိုျပန္ထည့္ ဘာျဖစ္လို႔မရတာလဲ“
အမ်ိဳးအစား မတူဘူး အစ္မရယ္ … ေဈးလည္းမတူဘူး” “ဘာျဖစ္ျဖစ္ေအ ထည့္လိုက္ပါ”“မရပါဘူးအစ္မရယ္” “ညည္းတို႔ ငါးစိမ္းသည္ေတြဟာေလ လက္ေပါက္ကိုကပ္တယ္ …
ငါကလည္းအဆင့္မရွိတာနဲ႔မွ ဖက္ေျပာမိတာမွားပါတယ္ “အဲသည္ လို မေျပာ ပါနဲ႔ အစ္မႀကီးရယ္ လူတိုင္း သူ႔ အဆင့္နဲ႔ သူေတာ့ ရွိပါတယ္”
“ညည္းအဆင့္ ဘယ္ေလာက္ရွိလဲ … ငါက ဘြဲ႕ရၿပီးၿပီ”
“အစ္မေနာက္လူေတြ ေရာင္းရဦးမယ္ေနာ္ ဒီမွာ၂၆၅၀က်ပါတယ္” “ေရာ့ ၃၀၀၀” မေ႐ႊက ပိုေငြကို ျပန္အမ္းလိုက္သည္။
အမ်ိဳးသမီးက ျပန္အမ္း ေငြကို လက္ႏွင့္ မကိုင္ ႐ြံသလို မ်က္ႏွာထားျဖင့္ “ဟဲ့ တူးတူး ယူလိုက္စမ္း” ဟု ေျပာလိုက္သည္။
သူ႔ေနာက္က ေကာင္မ ေလးက ပိုက္ဆံႏွင့္ ငါးထုပ္ကို ယူလိုက္သည္။ အမ်ိဳးသမီးက “႐ြံလိုက္တာ” ဟုေျပာကာထြက္သြားသည္။
ကြၽန္ေတာ္ က ထင္ေန သည္မွာ မေ႐ႊ ပြဲၾကမ္း လိမ့္မည္ဟု ထင္ေန သည္။ သို႔ေသာ္ ငါးေရာင္းသည့္ မေ႐ႊက ၿပဳံးေနသည္။
ကြၽန္ေတာ္ အံ့ဩသြား မိသည္။ ႐ုပ္ရွင္ေတြထဲမွာ ဆိုလွ်င္ ပြဲၾကမ္းၿပီ ။ အျပင္တြင္ အမွန္တကယ္ေတြ႕ ေနရသည္က ေျပာင္းျပန္ျဖစ္ေနသည္။
ကားစီးလာသည့္ ဘြဲ႕ရဆို ေသာ အမ်ိဳးသမီး က ကက္ကက္လန္၊ မ တူ မတန္ သလို ေအာ္ဟစ္ ေျပာ ဆို ေန ခ်ိန္ တြင္
ငါး ေရာင္းသည့္ ငါးစိမ္းသည္ မေ႐ႊကယဥ္ေက်းလိမၼာ ေအးေဆးစြာ တုံ႔ျပန္ေနသည္ ဘြဲ႕ဆိုတာ အဆင့္လား ဘြဲ႕ရထားသည္ႏွင့္ အဆင့္ တစ္ခုကို ေရာက္သြားသည္ေတာ့ မွန္ေကာင္းမွန္မည္။
သို႔ေသာ္ ငါးစိမ္းတန္း တြင္ ဂုဏ္ ထုတ္ ေဖာ္ကာ ႐ိုင္းစိုင္းတင္စီးျပ သည္မွာ ဘြဲ႕ရ အဆင့္လား ။ မေ႐ႊ ဘယ္ႏွတန္း ေအာင္သည္မသိ။
လက္ထဲတြင္ လက္ေကာက္ေတြ ႏွစ္ဖက္စလုံး ျပည့္ေနေအာင္ ဝတ္ထား သည္။ လည္ပင္း တြင္လည္း လက္မလုံးေလာက္ဆြဲႀကိဳးႀကီး ဆြဲထားသည္။
သူဂုဏ္ေမာက္မည္ဆိုလွ်င္ ေမာက္ႏိုင္သည္။
သို႔ေသာ္ ကိုယ့္ေဖာက္ သည္ကို ႐ိုေသ ေလးစားစြာ ဆက္ဆံသည္။ ျပန္ၿပီး ရန္မေတြ႕။မေ႐ႊ ရန္ေတြ႕တတ္ ေကာင္း ေတြ႕ တတ္မည္။
သို႔ ေသာ္ ပညာတတ္ ဘြဲ႕ရဆိုသူက သူ႔ကို ကက္ကက္လန္ ရန္ေတြ႕သြားေစ သူက ျပန္ၿပီး ရန္မေတြ႕ ။ မေ႐ႊသည္ တကယ့္ ပညာတတ္တစ္ေယာက္။
သို႔ေသာ္ ငါးေရာင္းေနသည္။ Credit..တင္ၫြန႔္ ေမတၱာျဖင့္မွ်ေဝပါသည္
Unicode
ဘွဲ့ရနှင့် ငါးစိမ်းသည်
ယနေ့မနက် ငါးကြော်လေး စားချင်လာ သဖြင့် ဈေးထဲကို ငါးဝယ်ရန်ရောက် လာသည် ။ကျွန်တော် ဝယ်နေကျ ငါးဆိုင် ရှိသည်။
ငါး ကြင်းတစ်မျိုးတည်း ရောင်းပြီး ဖော်ရွေသည်။ ဝယ်သူအကြိုက် မညည်းမညူ လုပ်ပေးလေ့ ရှိသည်။ ငါးရောင်း သူကို ငါးစိမ်းသည်ဟု ခေါ်ကြသည်။
ငါးစိမ်းသည် ဆိုသည်မှာ စွာတာတာ ၊ ကက်ကက်လန် ၊ မိုက်ရိုင်းသည်ဟု ထင်လျှင် ကျွန်တော် ငါးဝယ်သည့်ဆိုင်မှ “မရွှေ” ကိုခေါ်ပြချင်ပါသည်။
“ဦးလေး မရောက်တာကြာပြီ ဘာလဲ ဆိုင်ဟင်းကို မုန်းလို့ ရောက် လာတာလား” “မဟုတ်ပါဘူး ခရီးထွက်တာတွေ များနေလို့”
“ငါးကြင်းဖြူ ဗိုက်သားလေးနဲ့ တွဲထားတဲ့ အပိုင်း ချိန် လိုက် မယ်နော်”“အစိတ်သားလောက်ပဲနော်” “၃၅ ကျပ်သားရှိတယ် ဦးလေးရယ် ၃၀ သားဖိုးပဲပေး”
“အေး … အေး ခုတ်လိုက်” ငါးဝယ်လျှင် အပိုဆောင်း အဖြစ် ကြော်နိုင်သည့် အတုံးလောက်ဖြစ်စေရန် ခုတ် ထစ်ပေးသည်။
အကြေး ထိုးပေး သည်။ ရေဆေး ပေးသည်။ အိမ်ရောက်လျှင်တန်းကြော်ရုံသာဖြစ်သည်။ ငါးဝယ်ပြီးနောက် ငါးဆိုင်ရှေ့ရှိ လက်ဖက်ရည်ဆိုင်တွင် ကျွန်တော် ထိုင်သည် ။ ထို ဆိုင်တွင် ခေါက်ဆွဲသုပ် ကောင်းသည်။
အကြော်လည်း ရသည်။ခေါက်ဆွဲသုပ်မှာပြီး ရေနွေးကြမ်းသောက်နေစဉ် မရွှေဆိုင်ကို အမျိုးသမီးကြီး တစ်ယောက် ဝင်လာသည်။
သူ့နောက်တွင် ဆွဲခြင်းဆွဲ သော ကလေးတစ်ယောက်လည်း ပါလာသည် ။ ပထမ ငါးမေးသည် အထက်စီး ဒုတိယ ဈေးဆစ်သည် အ ကြိတ်အနယ်
တတိယ အပိုတောင်းသည် ကလေးမုန့်ဖိုး တောင်းသ လို ဤအထိ ပြဿနာမရှိ။ မရွှေက စိတ်ရှည်သည် “ငါးခုတ်ပေး” “ကြော်တုံးလား … ချက်တုံးလား”
“ငါပြောတဲ့အတိုင်းခုတ်” ငါးရောင်းသူက အကြေး ထိုးပေးသည် ။ အူနုတ် ပေးသည်။ ခုတ်ပေး သည်။“ဒီအတုံးကို နှစ်တုံး ပြန်ခုတ်” အမြီးပိုင်းကို ထက်ဝက် ခြမ်း
“ခေါင်းကို ထက်ခြမ်းပဲခုတ်လေ” “နေဦး နေဦး ဒီအပိုင်း မကြိုက်ဘူး … ဟိုတစ်ပိုင်းခုတ်ပြီး လဲပေး” ကျွန်တော်က ဈေးဝယ်သူ၏ စီးပိုးလှသော အပြောနှင့် ခိုင်းစေချက်များကို ကြည့်နေမိသည်။
ကိုယ့်ရှေ့လာချသည့် ခေါက်ဆွဲကိုပင် မစားမိ။ “အစ်မရယ် ဒီတစ်ကောင်ဝယ်ရင် ဒီတစ်ကောင် က အပိုင်း ကိုပဲ ရမှာ ပေါ့ ဟိုအပိုင်းသွားလဲပေးလို့ မရပါဘူး”
“အတူတူပဲဟာ … ဘာကြာလို့လဲ” “ကွာတယ်လေအစ်မ … ဒါက ငါးကြင်းဖြူ” “ကွာကွာ … မကွာကွာအေ … လဲပေးမလား … မလဲပေးဘူးလား”
“အစ်မရယ် … မဖြစ်နိုင် တာကို မပြောပါနဲ့ မရပါဘူး”
“ဟိုအတုံးကို ဒီအထဲထည့် ဒီတစ်တုံးကို ဟိုပြန်ထည့် ဘာဖြစ်လို့မရတာလဲ“
အမျိုးအစား မတူဘူး အစ်မရယ် … ဈေးလည်းမတူဘူး” “ဘာဖြစ်ဖြစ်အေ ထည့်လိုက်ပါ”“မရပါဘူးအစ်မရယ်” “ညည်းတို့ ငါးစိမ်းသည်တွေဟာလေ လက်ပေါက်ကိုကပ်တယ် …
ငါကလည်းအဆင့်မရှိတာနဲ့မှ ဖက်ပြောမိတာမှားပါတယ် “အဲသည် လို မပြော ပါနဲ့ အစ်မကြီးရယ် လူတိုင်း သူ့ အဆင့်နဲ့ သူတော့ ရှိပါတယ်”
“ညည်းအဆင့် ဘယ်လောက်ရှိလဲ … ငါက ဘွဲ့ရပြီးပြီ”
“အစ်မနောက်လူတွေ ရောင်းရဦးမယ်နော် ဒီမှာ၂၆၅၀ကျပါတယ်” “ရော့ ၃၀၀၀” မရွှေက ပိုငွေကို ပြန်အမ်းလိုက်သည်။
အမျိုးသမီးက ပြန်အမ်း ငွေကို လက်နှင့် မကိုင် ရွံသလို မျက်နှာထားဖြင့် “ဟဲ့ တူးတူး ယူလိုက်စမ်း” ဟု ပြောလိုက်သည်။
သူ့နောက်က ကောင်မ လေးက ပိုက်ဆံနှင့် ငါးထုပ်ကို ယူလိုက်သည်။ အမျိုးသမီးက “ရွံလိုက်တာ” ဟုပြောကာထွက်သွားသည်။
ကျွန်တော် က ထင်နေ သည်မှာ မရွှေ ပွဲကြမ်း လိမ့်မည်ဟု ထင်နေ သည်။ သို့သော် ငါးရောင်းသည့် မရွှေက ပြုံးနေသည်။
ကျွန်တော် အံ့ဩသွား မိသည်။ ရုပ်ရှင်တွေထဲမှာ ဆိုလျှင် ပွဲကြမ်းပြီ ။ အပြင်တွင် အမှန်တကယ်တွေ့ နေရသည်က ပြောင်းပြန်ဖြစ်နေသည်။
ကားစီးလာသည့် ဘွဲ့ရဆို သော အမျိုးသမီး က ကက်ကက်လန်၊ မ တူ မတန် သလို အော်ဟစ် ပြော ဆို နေ ချိန် တွင်
ငါး ရောင်းသည့် ငါးစိမ်းသည် မရွှေကယဉ်ကျေးလိမ္မာ အေးဆေးစွာ တုံ့ပြန်နေသည် ဘွဲ့ဆိုတာ အဆင့်လား ဘွဲ့ရထားသည်နှင့် အဆင့် တစ်ခုကို ရောက်သွားသည်တော့ မှန်ကောင်းမှန်မည်။
သို့သော် ငါးစိမ်းတန်း တွင် ဂုဏ် ထုတ် ဖော်ကာ ရိုင်းစိုင်းတင်စီးပြ သည်မှာ ဘွဲ့ရ အဆင့်လား ။ မရွှေ ဘယ်နှတန်း အောင်သည်မသိ။
လက်ထဲတွင် လက်ကောက်တွေ နှစ်ဖက်စလုံး ပြည့်နေအောင် ဝတ်ထား သည်။ လည်ပင်း တွင်လည်း လက်မလုံးလောက်ဆွဲကြိုးကြီး ဆွဲထားသည်။
သူဂုဏ်မောက်မည်ဆိုလျှင် မောက်နိုင်သည်။
သို့သော် ကိုယ့်ဖောက် သည်ကို ရိုသေ လေးစားစွာ ဆက်ဆံသည်။ ပြန်ပြီး ရန်မတွေ့။မရွှေ ရန်တွေ့တတ် ကောင်း တွေ့ တတ်မည်။
သို့ သော် ပညာတတ် ဘွဲ့ရဆိုသူက သူ့ကို ကက်ကက်လန် ရန်တွေ့သွားစေ သူက ပြန်ပြီး ရန်မတွေ့ ။ မရွှေသည် တကယ့် ပညာတတ်တစ်ယောက်။
သို့သော် ငါးရောင်းနေသည်။ Credit..တင်ညွန့် မေတ္တာဖြင့်မျှဝေပါသည်