Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
တရုတ်တွင် ဘဲပေါက်စလေးများထောင်နှင့်ချီ နေ့စဉ်အရှင်လတ်လတ်အကြော်ခံနေရ
ဘဲလေးတွေဟာ အကောင်ပေါက်ပြီးတော့ ရက်ပိုင်းအတွင်းမှာပဲ အရှင်လတ်လတ်ဆီပူထဲထည့်ကြော်ခံရတာပါ။
တရုတ်နိုင်ငံမှာ ဘဲပေါက်စ အထီးလေးတွေဟာ နေ့စဉ်ဆိုသလိုဘဲအကောင်ထောင်နဲ့သောင်းနဲ့ချီ အရှင်လတ်လတ်ကြောခံနေရတာပါ။
ဘဲအထီးတွေဟာ ဥမဥနိုင်တဲ့အကြောင်းရင်းကြော် မွေးမြူရေုးခြံမှာပေါက်လာတဲ့ ဘဲကောင်ရေပမာဏကို ထိန်းချုပ်နိုင်ဖို့်အတွက်ကို ယခုလိုဆီပူထဲထည့်ကြော်ရတာဖြစ်ပါတယ်လို့
သတင်းရင်းမြစ်ကနေ ရေးသားခဲ့တာပါ။ ကြော်ပြီးသား ဘဲပေါက်လေးတွေကို မြွေအစာကျွေးတဲ့နေရာနဲ့ လမ်းဘေးဈေးသည်တွေကို ဟင်းချက်တဲ့နေရာမှာ ပါဝင်ပစ္စည်းအနေနဲ့
အသုံးပြုဖို့အတွက် ကို ရောင်းချတယ်လို့ဆိုပါတယ်နော်။ဘဲအထီးတွေအနေနဲ့ ကြက်တွေလောက် ကြီးထွားမှုမမြန်တာကြောင့်ဘဲ
အသားအတွက်မွေးထားဖို့ အချိန်ယူရတာကတစ်ကြောင်း၊ အထီးအရေအတွက်များပြားတာကြောင့်
ထိန်းချုပ်နိုင်ဖို့်အတွက် ဒီလိုနည်းနဲ့ လုပ်ဆောင်ရတာဖြစ်တယ်လို့ ပြောကြားခဲ့တာပါ။ဒါကိုရက်စက်တယ်လို့ မြင်ကြပေမယ့်လည်း
သူတို့ဘက်မှာတော့ ဒါဟာ လုပ်ရိုးလုပ်စဉ်တစ်ခုဖြစ်ပြီး မထူးဆန်းတော့တဲ့အရာတစ်ခုပဲဖြစ်ပါတယ်။
ဒီလုပ်ရပ်ဟာ တရုတ်တစ်နိုင်ငံတည်းမှာပဲ လုပ်တဲ့အရာမဟုတ်ဘဲ တစ်ကမ္ဘာလုံးမှာ
ဒီလိုအကောင်ပေါက်လေးတွေကို ထိန်းချုပ်ဖို့ နည်းလမ်းပေါင်းစုံနဲ့ သတ်ဖြတ်တတ်ကြတတ်ပြီးတော့
ဒီထိန်းချုပ်မှုကို ” Chick Culling ” လို့ ခေါ်ဆိုတတ်ကြပါတယ်တဲ့ ။credit