မိေက်ာင္းဆြဲသြားတဲ့ ေခြးေလးကို သူရဲေကာင္းဆန္ဆန္ ကယ္တင္ခဲ့တဲ့ အဖိုးအို (ရုပ္သံ)

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ေအာက္ဆံုးတြင္ Video ပါရွိပါသည္

အောက်ဆုံးတွင် Video ပါရှိပါသည်

ကိုယ့္ေခြးေလးတစ္ေကာင္နဲ႔ ကိုယ့္ဘာသာသာကိုယ္ ေရကန္တစ္ခုအနီးမွာ လမ္းေလွ်ာက္ေနတုန္း ကိုယ္သတိတစ္ခ်က္လြတ္သြားတဲ့ အခ်ိန္မွာ

အဆိုပါ ေရကန္ထဲက မိေက်ာင္းတစ္ေကာင္ ထြက္လာၿပီး ကိုယ့္ရဲ႕ေခြးေလးကို ေရထဲကို ကိုက္ခ်ီသြားရင္ သင္ဘာလုပ္မလဲ?

က်ိန္းေသတာကေတာ့ အဲဒီလိုအခ်ိန္က်ရင္ လူေတာ္ေတာ္မ်ားမ်ား ေၾကာင္ၿပီးၾကည့္ေနၾကမွာ အမွန္ပါပဲ။

ဒါေပမယ့္ အေမရိကန္ႏိုင္ငံက အမ်ိဳးသားတစ္ေယာက္ကေတာ့ အဲဒီလို မဟုတ္ခဲ့ပါဘူး။ ေရကန္ထဲကို ခ်က္ခ်င္းဆင္းၿပီး

အဆိုပါ ေခြးကေလးကို မိေက်ာင္းပါးစပ္ထဲမွ မရမက ကယ္တင္ခဲ့ေၾကာင္း CNN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရွိရပါတယ္။

 

အဆိုပါ အမ်ိဳးသားကေတာ့ အေမရိကန္ႏိုင္ငံ၊ Florida ျပည္နယ္မွာ ေနထိုင္တဲ့ အသက္ ၇၄ ႏွစ္အ႐ြယ္ Richard Wilbanks အမည္ရ အၿငိမ္းစား အဖိုးအိုတစ္ေယာက္ပဲ ျဖစ္ပါတယ္။

Richard ဟာ ၃ လသားအ႐ြယ္သာ ရွိေသးတဲ့ သူ႔ရဲ႕ ေခြးကေလး Gunner နဲ႔ အတူတူ ၿခံေနာက္ဖက္က ေရကန္ကို လမ္းေလွ်ာက္ထြက္ခဲ့ပါတယ္။

အဲဒီၿခံအေနာက္ဖက္ ေရကန္နဲ႔ ဆက္စပ္တဲ့ ေျမဟာ Florida Wildlife Federation က ပိုင္ဆိုင္တာကို Richard တစ္ေယာက္ ေမ့သြားခဲ့ဟန္တူပါတယ္။

တစ္ေနရာမွာ မတ္တပ္ရပ္ေနတုန္း ေရကန္စပ္နားမွာ ေနေနတဲ့ Gunner ေလးကို

မိေက်ာင္ ေရကန္ထဲက မိေက်ာင္းတစ္ေကာင္က ႐ုတ္တရက္ ထြက္ေပၚလာခဲ့ၿပီး ေရေအာက္ကို ဆြဲခ်သြားခဲ့ပါတယ္။

ဗီဒီယိုထဲမွာ ျမင္ေတြ႕ရတဲ့အတိုင္း Richard လည္း ခ်က္ခ်င္းဆိုသလို ေရကန္ထဲ ေျပးဆင္းသြားခဲ့ၿပီး

မိေက်ာင္းပါးစပ္ထဲက Gunner ေလးကို အျပင္ထုတ္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

တခဏအတြင္းမွာ ေအာင္ျမင္ခဲ့ၿပီး Gunner ေလးတစ္ေကာင္ဟာ လြတ္ေျမာက္ခဲ့ပါတယ္။ Richard ကေတာ့ မိေက်ာင္းပါးစပ္ထဲမွာ ညပ္မိသြားတဲ့ သူ႔လက္ကို မနည္း ျပန္ဆြဲထုတ္ခဲ့ရပါတယ္။

ေနာက္ဆုံးမွာေတာ့ Gunner ေလးရဲ႕ ဝမ္းဗိုက္မွာ မိေက်ာင္းကိုက္တဲ့ ဒဏ္ရာတစ္ခု ရခဲ့သလို သခင္ျဖစ္သူ Richard ဟာလည္း လက္မွာ ဒဏ္ရာအနည္းငယ္သာ ရရွိခဲ့ေၾကာင္း သိရပါတယ္။Credit

Unicode

ကိုယ့်ခွေးလေးတစ်ကောင်နဲ့ ကိုယ့်ဘာသာသာကိုယ် ရေကန်တစ်ခုအနီးမှာ လမ်းလျှောက်နေတုန်း ကိုယ်သတိတစ်ချက်လွတ်သွားတဲ့ အချိန်မှာ

အဆိုပါ ရေကန်ထဲက မိကျောင်းတစ်ကောင် ထွက်လာပြီး ကိုယ့်ရဲ့ခွေးလေးကို ရေထဲကို ကိုက်ချီသွားရင် သင်ဘာလုပ်မလဲ?

ကျိန်းသေတာကတော့ အဲဒီလိုအချိန်ကျရင် လူတော်တော်များများ ကြောင်ပြီးကြည့်နေကြမှာ အမှန်ပါပဲ။

ဒါပေမယ့် အမေရိကန်နိုင်ငံက အမျိုးသားတစ်ယောက်ကတော့ အဲဒီလို မဟုတ်ခဲ့ပါဘူး။ ရေကန်ထဲကို ချက်ချင်းဆင်းပြီး

အဆိုပါ ခွေးကလေးကို မိကျောင်းပါးစပ်ထဲမှ မရမက ကယ်တင်ခဲ့ကြောင်း CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

အဆိုပါ အမျိုးသားကတော့ အမေရိကန်နိုင်ငံ၊ Florida ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၇၄ နှစ်အရွယ် Richard Wilbanks အမည်ရ အငြိမ်းစား အဖိုးအိုတစ်ယောက်ပဲ ဖြစ်ပါတယ်။

Richard ဟာ ၃ လသားအရွယ်သာ ရှိသေးတဲ့ သူ့ရဲ့ ခွေးကလေး Gunner နဲ့ အတူတူ ခြံနောက်ဖက်က

ရေကန်ကို လမ်းလျှောက်ထွက်ခဲ့ပါတယ်။

အဲဒီခြံအနောက်ဖက် ရေကန်နဲ့ ဆက်စပ်တဲ့ မြေဟာ Florida Wildlife Federation က ပိုင်ဆိုင်တာကို

Richard တစ်ယောက် မေ့သွားခဲ့ဟန်တူပါတယ်။

တစ်နေရာမှာ မတ်တပ်ရပ်နေတုန်း ရေကန်စပ်နားမှာ နေနေတဲ့ Gunner လေးကို

မိကျောင် ရေကန်ထဲက မိကျောင်းတစ်ကောင်က ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး ရေအောက်ကို ဆွဲချသွားခဲ့ပါတယ်။

ဗီဒီယိုထဲမှာ မြင်တွေ့ရတဲ့အတိုင်း Richard လည်း ချက်ချင်းဆိုသလို ရေကန်ထဲ ပြေးဆင်းသွားခဲ့ပြီး မိကျောင်းပါးစပ်ထဲက Gunner လေးကို အပြင်ထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။

တခဏအတွင်းမှာ အောင်မြင်ခဲ့ပြီး Gunner လေးတစ်ကောင်ဟာ လွတ်မြောက်ခဲ့ပါတယ်။

Richard ကတော့ မိကျောင်းပါးစပ်ထဲမှာ ညပ်မိသွားတဲ့ သူ့လက်ကို မနည်း ပြန်ဆွဲထုတ်ခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ Gunner လေးရဲ့ ဝမ်းဗိုက်မှာ မိကျောင်းကိုက်တဲ့ ဒဏ်ရာတစ်ခု ရခဲ့သလို သခင်ဖြစ်သူ Richard ဟာလည်း

လက်မှာ ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ကြောင်း သိရပါတယ်။Credit