ေခ်းေငြလာေကာက္သူကို အေႂကြးမဆပ္တဲ႔အျပင္ သိန္း ၁၀၀ ကိုပါ ျပန္လုလိုက္တဲ့ အျဖစ္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဧရာဝတီတိုင္းေဒသႀကီး၊ ငပုေတာၿမိဳ႕နယ္၊
ကလားမေတာင္ေက်း႐ြာတြင္ အေသးစားေငြေခ်းလုပ္ငန္းမွ ဝန္ထမ္း ၁ ဦးသည္
ေခ်းေငြလာေရာက္ ေကာက္ခံရာတြင္ မဆပ္ႏိုင္ေသးေၾကာင္းေျပာဆိုရာ မရသျဖင့္
ေကာက္ခံထားသည့္ ေငြက်ပ္သိန္း ၁၀၀ ကို လုယက္ ခံခဲ့ရေၾကာင္း
ငပုေတာ ၿမိဳ႕မရဲစခန္းမွ သိရပါတယ္။
အဆိုပါ ေခ်းေငြဝန္ထမ္း ဦးေဇာ္ထိုက္လြင္သည္ ႏိုဝင္ဘာလ ၁၈ ရက္က ေငြေခ်းေငြေကာက္ခံေရး လုပ္ငန္းအတြက္
ကလားမေတာင္ေက်း႐ြာကို သြားေရာက္ၿပီး ပိုက္ဆံသိမ္းေနစဥ္ ႐ြာခံ ၁ ဦး၏ အမ်ိဳးသမီးက ကိုဗစ္ကာလ ေခ်းေငြျပန္မဆပ္ႏိုင္ေသးေၾကာင္း ေျပာရာမွာ
အဆင္မေျပျဖစ္ၿပီး အလုခံရျခင္းျဖစ္ကာ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးထားၿပီျဖစ္ေၾကာင္း ငပုေတာ့ၿမိဳ႕မရဲစခန္းမွသိရပါတယ္။
“ကလားမေတာင္ ေက်း႐ြာကို အေသးစားေငြေခ်းလုပ္ငန္း ဝန္ထမ္းက ေရာက္လာၿပီးေတာ့ ေခ်းေငြေတာင္းယူတာေတြ လုပ္ပါတယ္။
လုယက္မႈကို က်ဴးလြန္သူရဲ႕ အမ်ိဳးသမီးက ေခ်းေငြဆပ္ေပးရမွာ ျဖစ္ပါတယ္။ ဆပ္စရာမရွိပါေၾကာင္း ေျပာေနတုန္း အမ်ိဳးသားေရာက္လာၿပီး အခုလိုျဖစ္တာပါ”ဟု
ငပုေတာ့ၿမိဳ႕မရဲစခန္း တာဝန္ရွိသူတစ္ဦးထံမွ သိရပါတယ္။
အဆိုပါ ျပစ္မႈက်ဴးလြန္သည့္ အမ်ိဳးသာသည္ ဒါးျပၿပီး ထိုးမည္ဟုေျပာဆိုကာ
ပိုက္ဆံထည့္ထားသည့္ ေက်ာပိုးအိတ္ႏွင့္ ဖုန္းမ်ား လုယူထြက္ေျပးခဲ့သူ အမ်ိဳးသား
ပုသိမ္ခ႐ိုင္ ဒုစ႐ိုက္နိမ္နင္းေရးရဲတပ္ဖြဲ႕မွ ရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ နယ္ေျမခံရဲတပ္ဖြဲ႕ဝင္မ်ား ပူးေပါင္းၿပီး ဖမ္းဆီးခဲ့ေၾကာင္း သိရပါတယ္။Credit
Unicode
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊
ကလားမတောင်ကျေးရွာတွင် အသေးစားငွေချေးလုပ်ငန်းမှ ဝန်ထမ်း ၁ ဦးသည်
ချေးငွေလာရောက် ကောက်ခံရာတွင် မဆပ်နိုင်သေးကြောင်းပြောဆိုရာ မရသဖြင့်
ကောက်ခံထားသည့် ငွေကျပ်သိန်း ၁၀၀ ကို လုယက် ခံခဲ့ရကြောင်း
ငပုတော မြို့မရဲစခန်းမှ သိရပါတယ်။
အဆိုပါ ချေးငွေဝန်ထမ်း ဦးဇော်ထိုက်လွင်သည် နိုဝင်ဘာလ ၁၈ ရက်က ငွေချေးငွေကောက်ခံရေး လုပ်ငန်းအတွက်
ကလားမတောင်ကျေးရွာကို သွားရောက်ပြီး ပိုက်ဆံသိမ်းနေစဉ် ရွာခံ ၁ ဦး၏ အမျိုးသမီးက ကိုဗစ်ကာလ ချေးငွေပြန်မဆပ်နိုင်သေးကြောင်း ပြောရာမှာ
အဆင်မပြေဖြစ်ပြီး အလုခံရခြင်းဖြစ်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးထားပြီဖြစ်ကြောင်း ငပုတော့မြို့မရဲစခန်းမှသိရပါတယ်။
“ကလားမတောင် ကျေးရွာကို အသေးစားငွေချေးလုပ်ငန်း ဝန်ထမ်းက ရောက်လာပြီးတော့ ချေးငွေတောင်းယူတာတွေ လုပ်ပါတယ်။
လုယက်မှုကို ကျူးလွန်သူရဲ့ အမျိုးသမီးက ချေးငွေဆပ်ပေးရမှာ ဖြစ်ပါတယ်။ ဆပ်စရာမရှိပါကြောင်း ပြောနေတုန်း အမျိုးသားရောက်လာပြီး အခုလိုဖြစ်တာပါ”ဟု
ငပုတော့မြို့မရဲစခန်း တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။
အဆိုပါ ပြစ်မှုကျူးလွန်သည့် အမျိုးသာသည် ဒါးပြပြီး ထိုးမည်ဟုပြောဆိုကာ
ပိုက်ဆံထည့်ထားသည့် ကျောပိုးအိတ်နှင့် ဖုန်းများ လုယူထွက်ပြေးခဲ့သူ အမျိုးသား
ပုသိမ်ခရိုင် ဒုစရိုက်နိမ်နင်းရေးရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် နယ်မြေခံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။Credit