ဗုဒၶသည္အဘယ္ေၾကာင့္နိဗၺာန္ကိုသာရေစရန္လမ္းေဖာက္ လမ္းျပခဲ့သနည္း

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

နိဗၺာန္သည္ေနရာတစ္ခုမဟုတ္ပါ နိဗၺာန္ သည္ ခ်ဴပ္ၿငိမ္းျခင္း ၿပီးဆုံးျခင္း

အသစ္ျပန္လည္မျဖစ္ျဖင္းျဖစ္သည္

ကြၽန္ေတာ္တို႔လူသားေတြဟာေမြးကတည္းေနစၿပီး မျပည့္စုံတယ့္ဘဝေတြအတြက္

႐ုန္းကန္လႈပ္ရင္းေနာက္ဆုံးက်ဘာျဖစ္သြားလဲဆိုေတာ့ ေသၾကရတာပါဘဲ

ဘယ္သူမွေသျခင္းတရားကိုလြန္ဆန္ႏိုင္ျခင္းမရွိခဲ့ၾကပါဘူး

ေနာက္ဆုံးမွာေသမယ့္အတူတူအစကတည္းကမရွင္သန္ခဲ့ၾကရင္ေကာင္းသားလို႔ေတြးမိခဲ့ၾကဖူးလား?

 

ကြၽန္ေတာ္တို႔ေတြဟာဒီေလာကႀကီးမွာ ရွင္သန္ၾကရတာဟာဘာေၾကာင့္လို႔ ကိုယ့္ရဲ႕ျဖစ္တည္မႈအေပၚေမးခြန္းထုတ္ခဲ့ၾကဖူးလား?

ခက္ခဲၾကမ္းတမ္းတယ့္ဘဝေတြ ဘဝေတြ အေပၚမွာေရာ ကိုယ့္ကိုကိုေမးခြန္းထုတ္ခဲ့ၾကဖူးလား?

အေၾကာင္းကေတာ့ ကြၽန္ေတာ္တို႔ေတြဒီေလာကႀကီးမွာရွင္သန္ေနရတာဟာ

ကြၽန္ေတာ္တို႔ရဲ႕စိတ္ေတြ စိတ္ေတြ ေၾကာင့္ဘဲျဖစ္ပါတယ္

အေျခအျမစ္မရွိတယ့္စကားႀကီးလို႔လည္းေျပာခ်င္ေျပာလို႔ရပါတယ္ဆက္လက္ရွင္းျပပါရေစ

လူသားတစ္ေယာက္ အသက္စရွင္ၿပီဆိုကတည္းက

စိတ္ေတြနဲ႔ဘဲရွင္သန္ေနၾကရတာပါ သြားခ်င္စိတ္ လာခ်င္စိတ္ လိုခ်င္စိတ္ ႂကြားခ်င္စိတ္ ေပ်ာ္တယ့္စိတ္ငိုတယ့္စိတ္

အႏိုင္လိုခ်င္စိတ္ ယူခ်င္လိုတယ့္စိတ္ ထိခိုက္လိုတယ့္စိတ္ေဒါသထြက္တယ့္စိတ္ မာနေထာင္ထားလိုတယ့္စိတ္…

 

အစရွိသည့္စိတ္ေတြအမ်ိဴးမ်ိဴးနဲ႔ဘဲ ရွင္သန္ၿပီးစိတ္အမ်ိဴးမ်ိဴးနဲ႔ဘဲေသၾကရတာပါ

ခင္ဗ်ားတို႔ေတြဟာ ခႏၶာကိုယ္အတြက္ လိုအပ္တာပိုၿပီး

လိုခ်င္တပ္မက္တယ့္စိတ္ေတြ (ေလာဘ)အျခားသူေတြအေပၚမွာမနာလို အမုန္းတရားစိတ္ေတြ(ေဒါသ)

တစ္စုံတစ္ခုအေပၚမွာ စိုးရိမ္ေၾကာင့္ၾကတယ့္စိတ္ေတြ(ေမာဟ)ေတြေၾကာင့္ဘဲျဖစ္တယ္

နားလည္ေအာင္ရွင္းျပရရင္ခင္ဗ်ားဟာ တစ္စုံတစ္ခုအေပၚမွာ လိုအပ္သေလာက္1 ေလာက္ဘဲခင္ဗ်ားစိတ္ကခံစားရမယ္ဆိုပါစို႔အဲ့တာကိုခင္ဗ်ားက

အဲ့တစ္စုံတစ္ခုအေပၚမွာ လိုအပ္တာထက္ပိုၿပီး6 ေလာက္ခင္ဗ်ားစိတ္ကခံစားပစ္လိုက္တယ္ တကယ္တမ္းခံစားရမွာက1 ခံစားပစ္လိုက္တာက 6ဘယ္ေလာက္ပိုသြားလဲဆိုေတာ့ 5 ပိုသြားတယ္

အဲ့လိုခံစားပါခံစားပါ မ်ားေတာ့ ဂဏန္းေတြကမေရတြက္ႏိုင္ေအာင္ျဖစ္သြားတယ္ အဲ့တာကိုလည္းခင္ဗ်ားကိုယ္တိုင္ကမသိလိုက္ဘူး သေဘာကအဲ့အတိုင္းပါဘဲ

အဲ့လိုစိတ္ေတြနဲ႔ ေမြးဖြား အဲ့လိုစိတ္ေတြနဲ႔ေသဆုံး အဲ့လိုစိတ္ေတြနဲ႔ထပ္မံေမြးဖြား အဲ့လိုစိတ္ေတြနဲ႔ဘဲေသဆုံး အဲ့လိုစိတ္ေတြနဲ႔ဘဲေမြးဖြား အဲ့လိုစိတ္ေတြနဲ႔ေသဆုံး

ေမြးဖြားလိုက္ ေသဆုံးလိုက္ ေမြးဖြားလိုက္ ေသဆုံးလိုက္နဲ႔ အဲ့စိတ္ေတြဟာအစကိုေတာင္

မမွတ္မိႏိုင္ေလာက္ေအာင္ရႈတ္ေထြးလွတယ္ဗုဒၶေဟာခဲ့တယ့္ သံသရာဆိုတယ့္အထဲမွာပိတ္မိေနၾကပါတယ္

ခင္ဗ်ားတို႔မယုံၾကဘူးမလား မယုံမွန္းလည္းသိပါတယ္

 

ဒါေပမယ့္ ယုံယုံမယုံယုံ သံသရာထဲကခရီးသည္အခ်င္းခ်င္းမသိသူကိုသိသူကေဝမွ်ရမွာ သိသူရဲ႕တာဝန္ပါဘဲယုံတာမယုံတာကေတာ့ ခင္ဗ်ားတို႔အပိုင္းေပါ့

ခင္ဗ်ားတို႔ေတြမယုံႏိုင္ၾကျခင္းအေၾကာင္းရင္းသည္

ခင္ဗ်ားတို႔ဟာမၿမဲတယ့္႐ုပ္ဝတၳဳေတြ( ေ႐ႊ ေငြ ဆိုင္ကယ္ ကား ဖုန္း) ပိုင္ဆိုင္မႈေတြ လိုခ်င္မႈေတြ (ေလာဘ ေဒါသ ေမာဟ)ေတြကိုမက္ေမာတြယ္တာေနၿပီးကိေလသာစိတ္ေတြဖုံးလႊမ္းေနေသာေၾကာင့္ျဖစ္သည္

(ကံၾကမၼာကလူ႔ဘဝကိုျခယ္လွယ္တယ္လူကဘဲကံတရားကိုက်ဴးလြန္တယ္တယ္ အဲ့လိုနဲ႔သံသရာလည္ေနတာဘဲ)

အဲ့တာေတြကိုပထမဆုံးသိျမင္ေသာအျမတ္ဆုံးေသာလူသားသည္ဗုဒၶပင္ျဖစ္သည္ဗုဒၶမေမြးဖြားခင္ကတည္းက ဗုဒၶေခတ္ကလူေတြလည္းဘဝေတြရွင္သန္ျခင္း

ဘဝေတြေသဆုံးျခင္းကို သိၾက ေတြ႕ၾကမွာဘဲသို႔ေသာ္ ဘာေၾကာင့္ဘဝေတြျဖစ္တယ္ ဘာေၾကာင့္ဘဝေတြေသဆုံးတယ္ဆိုတာကို သိခဲ့ၾကပုံမေပၚဘူး

ဘယ္သူမွလည္းအေျဖက္ိုတိတိက်က်မသိခဲ့ၾကေလာက္ဘူး

ဘဝေတြျဖစ္တည္ျခင္း ဘဝေတြေသဆုံးျခင္း

(သူအို သူနာ သူေသ ရဟန္း)ဆိုသည့္အရာကိုဗုဒၶေတြ႕ရွိသြားေတာ့အေျဖရွာရန္ေတာထြက္ခဲ့ျခင္းျဖစ္သည္ ေတာထဲတြင္ ၆ႏွစ္ၾကာဒုကၠရစရိယာအက်င့္ က်င့္ေတာ္မူၿပီး

 

အစပိုင္းတြင္နည္းလမ္းအမ်ိဴးအမ်ိဴးနဲ႔က်င့္ႀကံရင္း

မွားယြင္းေသာနည္းလမ္းေတြမွန္းဥာဏ္ပညာႏွင့္ဆင္ျခင္ကာသိျမင္ေတာ္မူၿပီး မဇၨ်ိမပဋိပဋာအလယ္အလတ္က်င့္စဥ္က်င့္ေတာ္မူၿပီး

လျပည့္ကဆုန္ ဗုဒၶဟူးေန႔တြင္ သေဗၺညဳတဉာဏ္ေတာ္ကိုရရွိကာဘုရားျဖစ္ေတာ္မူသည္ ဘုရားျဖစ္ျခင္းသည္ သတၱဝါတို႔၏အက်ိဴး ေဆာင္႐ြက္ရန္ျဖစ္သည္

ဒီေနရာမွာ လူေတြကဘုရားဆိုသည့္အဓိပၸါယ္ကို godလို႔ထင္ေနၾကသည္ God-ဘုရားသခင္(အရာအားလုံးကိုဖန္ဆင္းသူ)

ဒီေလာကႀကီးသည္ ဘယ္သူမွလည္းမဖန္ဆင္းသလိုဘယ္သူ႔ကိုဘယ္သူမွလည္းမဖန္ဆင္းပါ

ထို႔ေၾကာင့္ဘယ္သူ႔ကိုမွလည္းကိုးကြယ္ရန္မလိုပါ

အရာရာသည္ အေၾကာင္းရွိလို႔အက်ိဴးျဖစ္သည္ဟုဗုဒၶေဟာၾကားခဲ့သည္

ဗုဒၶသည္ အရာအားလုံးက္ိုမဖန္ဆင္းခဲ့ပါ သံသရာမွာလည္ပတ္ေနေသာ သတၱဝါမ်ားကိုသာလြတ္ေျမာက္ျခင္းနည္းေဟာေျပာၿပီးကယ္တင္ခဲ့သည္

ဗုဒၶေတြ႕ခဲ့ေသာတရားမ်ားသည္ လူသားမ်ားလည္းႀကိဳးစားလွ်င္ရႏိုင္ေၾကာင္း

ဗုဒၶသည္ ဗုဒၶအားကိုးကြယ္ျခင္းထက္ ဗုဒၶေဟာခဲ့ေသာ တရားမ်ားကို လက္ေတြ႕က်င့္သုံးရန္သာဖိတ္ေခၚခဲ့သည္ ထိုသို႔က်င့္သုံးရာတြင္လည္း

တကယ္တမ္းကိုးကြယ္အားထားရမည္မွာ မိမိကိုယ္ကိုကိုပင္ျဖစ္သည္ဟု (အတၱာဟိ အတၱေနာ နာေထာ) မိမိကိုယ္ကိုမွတစ္ပါး အျခားကိုးကြယ္ရာမရွိ ဟုေဟာခဲ့သည္

ထို႔ေၾကာင့္လူသားတို႔သည္မိမိကိုယ္ကိုသာမိမိ အားကိုး ကိုးကြယ္ၿပီးဗုဒၶ၏ေက်းဇူးကိုသိတတ္႐ိုေသတတ္ရန္သာလိုသည္

ဘုရား တရား သံဃာရတနာသုံးပါးတို႔သည္ လူတို႔ထက္ျမတ္သည္ လူျဖစ္တာခ်င္းအတူတူတြင္ျမတ္ေသာတရားတို႔ကိုက်င့္ႀကံေသာသူေတြျဖစ္ေသာေၾကာင့္

လူတို႔သည္ရတနာသုံးပါးကို႐ိုေသၾကရမည္ျဖစ္သည္ ဗုဒၶ၏တရားေတာ္မ်ားကို လက္ဆင့္ကမ္းမွ်ေဝခဲ့ၾကေသာ သံဃာေတာ္မ်ားအပါအဝင္ရတနာသုံးပါးသာ မရွိခဲ့လွ်င္

ဤကမာၻႀကီးသည္ ျဖစ္ခ်င္သလိုျဖစ္ပ်က္ခ်င္သလိုပ်က္ေနမွာ အမွန္ပင္ျဖစ္သည္

နိဗၺာန္ဆိုသည္မွာအဘယ္နည္း?ခင္ဗ်ားတို႔ေတြအသက္ႀကီးႀကီး အ႐ြယ္တင္ေနတယ့္ ဘိုးဘြားေတြကိုေမးဖူးၾကဖူးလား?အဘိုးတို႔ အဘြားတို႔ခုခ်ိန္မွာအျဖစ္ခ်င္ဆုံးအရာက

ဘာလဲလို႔တစ္ခ်ိဴ႕က်ေတာ့ ငယ္ဘဝျပန္ေရာက္ခ်င္ၾကတယ္ တစ္ခ်ိဴ႕က်ေတာ့ ငယ္႐ြယ္သန္မာတုန္း မလုပ္ခဲ့မိတယ့္ဟာေတြလုပ္ခ်င္က်တယ္

တစ္ခ်ိဴ႕က်ျပန္ေတာ့လည္း ဘဝမွာရွင္သန္ရတာစိတ္ကုန္ၿပီလို႔ဘဲေျဖၾကတာဘဲ

သူတို႔ေတြသည္ ေလာကဓံရဲ႕အထုအေထာင္းကိုေက်ညက္ေနေလာက္ၿပီဟုယူဆလို႔ရသည္သူတို႔ေတြသည္

 

ခက္ခဲၾကမ္းတမ္းလွတယ့္ဘဝေတြကိုေတြးမိၿပီးအနားယုခ်င္ေလာက္ၿပီဟုထင္မိသည္

သို႔ေသာ္ ေသျခင္းတရားသည္ဘယ္သူ႔ကိုမွမ်က္ႏွာမေထာက္လူတိုင္းအေပၚအခ်ိန္တန္ရင္ လာလိမ့္မည္

ဒီခႏၶာႏွင့္ဒီစိတ္ ေတြရွိေနသေ႐ြ႕ေတာ့ေသျခင္းတရားကို

တစ္ေန႔ မုခ်ရင္ဆိုင္ရမည္ ေသျခင္းတရား ေခၚ အရွိတရားကိုလူတိုင္းမလြန္ဆန္ႏိုင္လက္မခံခ်င္လည္းလက္ခံၾကရမည္ျဖစ္သည္

အဲ့လိုမလြန္ဆန္ႏိုင္သည့္အရာကို ဗုဒၶသည္ နိဗၺာန္ရေအာင္က်င့္ျခင္းနည္းျဖင့္ အႏိုင္ယူခဲ့သည္ ခင္ဗ်ားတို႔ေတြသည္ တစ္ခ်ိန္ကဘာေတြဘဲျဖစ္ခဲ့ျဖစ္ခဲ့ဘာေတြဘဲလုပ္ခဲ့လုပ္ ျပန္လည္ျပဳျပင္ရန္ အခ်ိန္မွီပါေသးသည္

လူတစ္ေယာက္တြင္အေရးႀကီးဆုံးသည္ ထိုသူ၏စိတ္ျဖစ္သည္ထိုေၾကာင့္ျပဳျပင္ရာတြင္စိတ္ကိုထိန္းခ်ဴပ္ျခင္းမဟုတ္ဘဲ စိတ္ကိုသိေအာင္ျပဳျပင္ရမည္ျဖစ္သည္

ထိုသို႔ျပဳျပင္ရာတြင္ေျခေထာက္ႏွစ္ဖက္ကိုတျပင္ေခြထိုင္ ဘယ္လက္ေပၚညာလက္တင္၍ခါးကိုမတ္မတ္ထားကာ

မိမိ၏စိတ္ကို ႏွာသီးဝတြင္ထား၍ အခ်ိန္တိုင္းအသိဆိုသည့္သတိထားကာ ဝင္ေလထြက္ေလမွတ္ရမည္ျဖစ္သည္

ထ္ိုသို႔ျပဳလုပ္ျခင္းကို ဗုဒၶဘာသာတြင္ ဝိပႆနာတရားအားထုတ္ျခင္း(ေခၚ)တရားထိုင္ျခင္း ဟုေခၚသည္

တရားအားထုတ္ျခင္းျဖင့္ စိတ္ေတြဖုံးလႊမ္းေနေသာ ေလာဘ ေဒါသ ေမာဟ စိတ္ေတြေပ်ာက္ကြယ္သြားၿပီး ေလာက၌ျဖစ္ပ်က္ဆိုေသာအမွန္တရားကိုျမင္လာၿပီး ကိေလသာစိတ္ေတြေပ်ာက္ကြယ္ကာအၿပီးတိုင္ခ်ဴပ္ၿငိမ္းသြားေလသည္

 

နိဗၺာန္ရသြားသည့္လူတစ္ေယာက္သည္ ေနာက္ဘဝေတြ ေနာက္ခႏၶာေတြမရရွိေတာ့ဘဲ စိတ္ေတြၿငိမ္းကာ သံသရာမွာရစ္ပတ္ခ်ည္ေႏွာင္ေနတယ့္ႀကိဳးေတြလုံးဝျပတ္ေတာက္သြားၿပီး လုံးဝအၿပီးတိုင္ခ်ဴပ္သြားေလေတာ့သည္

(ဗုဒၶ၏တရားေတာ္မ်ားကိုပိုမိုေလ့လာရန္)

ဟင္ နိဗၺာန္က အဲ့လိုႀကီးလား ဘာမွလည္းမရွိဘူး ေပ်ာ္စရာလည္းမေကာင္းဘူး မလိုခ်င္ပါဘူးလို႔ထင္မိမွာအမွန္ပါဘဲ ႐ိုး႐ိုးေလးေတြးၾကည့္ပါ

ဘာမွမရွိမွဘာမွထပ္မျဖစ္မွာပါတစ္ခုခုရွိေနရင္ တစ္ခုခုျဖစ္ေနအုန္းမွာပါဘဲအဲ့တစ္ခုခုကေန အစပ်ိဴးၿပီး သံသရာဆိုတာျဖစ္ၿပီး တပတ္ျပန္လည္ေနအုန္းမွာပါ

သံသရာမွာလည္ပတ္ေနသေ႐ြ႕သုခနဲ႔စၿပီးအဆုံးသတ္တြင့္ဒုကၡဆိုေသာအရာကိုသာခံစားရမည္

ထို႔ေၾကာင့္ဗုဒၶသည္သတၱဝါတို႔အားသစၥာတရား ေလးပါးကိုေဟာၾကားၿပီးသံသရာမွလြတ္ေျမာက္ေစရန္နိဗၺာန္ကိုရေစရန္လမ္းေဖာက္ခဲ့ျခင္းျဖစ္သည္

သစၥာတရားေလးပါး

၁.ဆင္းရဲဒုကၡ၏အမွန္တရား(ဒုကၡသစၥာ)

၂.ဆင္းရဲဒုကၡ၏ျဖစ္ေစေသာအေၾကာင္းရင္း၏အမွန္တရား(သမုသယသစၥာ)

၃.ဆင္းရဲဒုကၡ၏အဆုံးသတ္(နိဗၺာန္)၏အမွန္တရား(နိေရာဓသစၥာ)

၄.ဆင္းရဲဒုကၡ၏အဆုံးသတ္သို႔ဦးတည္ျခင္းလမ္းေၾကာင္း

(နိဗၺာန္သို႔သြားရာလမ္းေၾကာင္း)၏အမွန္တရား(မဂၢသစၥာ)

 

The Four Noble Truth

1.The truth of suffering

2.The truth of the cause of suffering

3.The truth of the end of suffering

4.The truth of the path leading to the end of suffering

ခုခ်ိန္ထိ လူဘယ္ကစျဖစ္တယ္ စၾကာဝဠာႀကီးဘယ္ကစျဖစ္တယ္ငရဲတို႔ နတ္ျပည္တို႔တကယ္ရွိလားမရွိလား

ဆိုတာေလာက္ဘဲ ေတြးေနတယ့္သူေတြရွိေကာင္းရွိႏိုင္ပါတယ္ ေျပာခ်င္တာကေတာ့ ကြၽန္ေတာ္တို႔ေတြဘယ္ကလာခဲ့တယ္ဆိုတာအေရးမႀကီးပါဘူး

ကြၽန္ေတာ္တို႔ေတြဘယ္လိုရပ္တည္ၿပီး ဘယ္ကိုသြားမယ္ဆိုတာသာအေရးႀကီးတာပါ

အဲ့ေတာ့အသက္ရွိေနစဥ္အခ်ိန္မွာ ခႏၶာကိုယ္ႏွင့္ဝမ္းစာအတြက္ လိုအပ္သေလာက္ဘဲယူၿပီး ေပးကမ္းႏိုင္ရန္အတြက္ဘဲႀကိဳးစားပါေပးကမ္းတယ့္

အေပၚမွာလည္းမသာယာမိပါေစနဲ႔ လိုအပ္လို႔လုပ္ေနတယ္လို႔ဘဲသေဘာထားပါ

သံသရာထဲကခရီးသည္အခ်င္းခ်င္းလည္း ေဒါသေတြမထားဘဲ ေမတၱာတရားထားႏိုင္ရန္ႀကိဳးစားပါ

ဘာသာေရးကိုမလိုက္စားပါနဲ႔ ဘာသာေရးဆိုတာလူေတြတီထြင္ထားတယ့္အရာတစ္ခုပါ ဘာသာေရးကလူေတြကိုအသိဥာဏ္မွိန္ေစတယ္ေျခာက္လွန္႔ေစတယ္ဗုဒၶ၏တရားေတာ္ေတြကိုသာ

မွန္မွန္ကန္ကန္က်င့္သုံးက်င့္ၿပီးမသိေသးေသာသူေတြကိုျဖန္႔ေဝႏိုင္ရန္ႀကိဳးစားပါရတနာ၃ပါး မိဘ ဆရာတို႔ကိုအၿမဲ႐ိုေသပါ

ၿပီးေတာ့နတ္ျပည္တို႔ ငရဲျပည္တို႔တကယ္ရွိမရွိ အဆုံးမရွိအစမရွိတယ့္စၾကာဝဠာႀကီးကိုစဥ္းစားရင္း ေတြးေနရင္း

ဘဝကိုမကုန္ဆုံးပါနဲ႔ အရာတစ္ခုကိုယုံၾကည္ေစရန္ အခ်က္၂ခ်က္ျဖစ္သည့္အေတြ႕အႀကဳံႏွင့္ဥာဏ္ပညာလိုအပ္သည္နတ္ျပည္တို႔ငရဲျပည္တို႔ ကို အေတြ႕အႀကဳံျဖင့္သုံးသပ္ရန္မျဖစ္ႏိုင္ဥာဏ္ပညာျဖင့္သာသုံးသပ္ရန္သာျဖစ္ႏိုင္သည္

႐ိုး႐ိုးေလးဘဲေတြးၾကည့္ပါ

(လူတစ္ေယာက္ အသက္ရွိစဥ္က သူမ်ားအသက္သတ္ သူမ်ားပစၥည္းခိုး သူမ်ားသားမယားက်ဴးလြန္အစရွိသည့္မေကာင္းတာေတြအကုန္လုပ္ၿပီး

အဲ့လူလုပ္တာေတြကို ဘယ္သူမွမသိဘဲအျပစ္ေတြမခံစားရဘဲေသသြားတယ္ထားအုန္း ဘယ္မွ်တေတာ့မွာလဲ?

ဟုတ္တယ္မလားလူ႔ဘဝဆိုတာအမ်ားနဲ႔ေနရတာေလကိုယ့္အသက္ ကိုယ့္ပစၥည္း သတ္တာ ခိုးတာမႀကိဳက္ရင္ သူမ်ားအသက္ နဲ ့သူမ်ားပစၥည္းလည္း မခိုးနဲ႔မသတ္နဲ႔ေလ

သူ႔ဘဝ ကိုယ့္ဘဝ သူ႔အသက္ ကိုယ့္အသက္ဆိုတာရွိေသးတယ္ေလလုပ္ခ်င္တာေတြလုပ္ၿပီး ေသသြားၿပီးအျပစ္မခံစားရရင္ ဘာအဓိပၸါယ္ရွိေတာ့လဲ?

ငရဲဆိုတာကကိုယ့္လုပ္တယ့္အရာ ကိုယ့္မေကာင္းတာလုပ္တယ့္ကိုယ့္ကံအေပၚမွာမူတည္ၿပီး ကိုယ္ဘဲျပန္ခံစားရတာပါ

ဗုဒၶဘုရားကအျပစ္ေပးတာမဟုတ္ပါဘူးကိုယ့္ရဲ႕ကံကဘဲ ကိုယ့္ကိုထပ္တူခံစားရေစတာပါကိုယ္ကမေကာင္းတာမလုပ္ဘူးဆိုရင္ေအးေဆးဘဲေလ ဘာေတြစိုးရိမ္ေနတာလဲ?)

 

ငရဲကိုအဲ့ေလာက္သေဘာေပါက္ရင္နတ္ျပည္ကိုလည္းသေဘာေပါက္ေလာက္မယ္ထင္ပါတယ္ဗုဒၶကအနႏၲစၾကာဝဠာ အနႏၲသတၱဝါလို႔ေဟာခဲ့ၿပီးသားရွင္းရွင္းေလးပါဘဲ

အနႏၲဆိုတာေရတြက္လို႔မရျခင္းေရတြက္လို႔မရပါဘူးဆိုမွေတာ့ ဘာေတြေရတြက္ဖို႔ႀကိဳးစားေနအုန္းမွာလဲ?

အရွိတရားကိုေကာင္းေကာင္းႀကီးနားလည္လက္ခံႏိုင္ရင္မလိုလားအပ္တယ့္ျပသနာေတြျဖစ္မလာေတာ့ပါဘူး

မဟုတ္ရင္ေတာ့ အနႏၲဆိုတယ့္အရာႀကီးကိုဘဲစူးစမ္းရင္းစူးစမ္းရင္းအဓိပၸါယ္မဲ့ေသဆုံးၾကရမွာပါဘဲ

ၿပီးေတာ့ငါးပါးသီလဆိုတာ ဗုဒၶသည္အလကားေဟာခဲ့တာမဟုတ္ပါဘူးအက်ိဴးကိုေမွ်ာ္ၿပီးေဟာခဲ့တာပါ

အေၾကာင္းရွိၿပီးအက်ိဴးမရွိတယ့္သံသရာရဲ႕အစေတာင္ဗုဒၶသည္မေဟာခဲ့ပါငါးပါးသီလထဲက တစ္ပါးစီကိုလူတိုင္း ၅မိနစ္ေလာက္ဘဲလုပ္ၾကည့္ပါေနာက္၁၀မိနစ္ေနရင္

ကမာၻႀကီးဘာျဖစ္သြားမယ္ဆိုတာစဥ္းစားၾကည့္ပါလူတိုင္းငါးပါးသီလရွိသင့္တယ္ဆိုတာ ပိတ္ပင္တာ စည္းကမ္းၾကပ္တာမဟုတ္ပါဘူး

လူတစ္ေယာက္မွာအေျခခံရွိကိုရွိသင့္တာပါအဲ့လိုမ်ိဴးေတြနားလည္ၿပီးေလာကမွာျဖစ္ပ်က္ဆိုတာကိုသိၿပီးမတည္ၿမဲလို႔သာျမတ္ေသာအက်င့္က်င့္ေနရတယ္လို႔လြယ္လြယ္ေလးသေဘာေပါက္ထားရင္ကိုရပါၿပီ

ဤစာသည္အမ်ားသူငါနားလည္ေစရန္သာေရးထားျခင္းျဖစ္သည္အတြန္႔အတက္ေတြ အျမင့္ႀကီးေတြ သုံးႏႈန္းၿပီးေရးလွ်င္စာဖတ္သူနားမလည္မွာစိုးသျဖင့္ နားလည္ေစရန္

႐ိုး႐ိုးတန္းတန္းသာေရးထားပါသည္လိုအပ္အခ်က္မ်ားရွိေနေသးသည္ကို စာေရးသူကိုယ္တိုင္ လက္ခံပါသည္

 

ဝင္ေရာက္ေဆြးေႏြးႏိုင္ပါသည္ လိုအပ္သည့္အခ်က္မ်ားေထာက္ျပျခင္းကိုလက္ခံပါသည္

ဘီစီဘယ္ေလာက္မွာ ဗုဒၶရွိခဲ့တာေတြေမြးေမြးခ်င္းလမ္းေလွ်ာက္တာေတြ ဘာသာေရးနဲ႔ပတ္သတ္တာေတြ

ျငင္းခုံခ်င္ရင္တစ္ျခားpostကိုသြားပါ ျငင္းခုံရတာဝါသနာမပါပါဘူးPostရဲ႕ဆိုလိုရင္းသည္ဘဝရဲ႕နိဗၺာန္ကိုသိရွိေစရန္ျဖစ္သည္

Credit – သံသရာ မွခရီးသည္တစ္ဦး(Aung Thet khaing)

Unicode

နိဗ္ဗာန်သည်နေရာတစ်ခုမဟုတ်ပါ နိဗ္ဗာန် သည် ချူပ်ငြိမ်းခြင်း ပြီးဆုံးခြင်း အသစ်ပြန်လည်မဖြစ်ဖြင်းဖြစ်သည်

ကျွန်တော်တို့လူသားတွေဟာမွေးကတည်းနေစပြီး မပြည့်စုံတယ့်ဘဝတွေအတွက်ရုန်းကန်လှုပ်ရင်းနောက်ဆုံးကျဘာဖြစ်သွားလဲဆိုတော့ သေကြရတာပါဘဲ

ဘယ်သူမှသေခြင်းတရားကိုလွန်ဆန်နိုင်ခြင်းမရှိခဲ့ကြပါဘူး

နောက်ဆုံးမှာသေမယ့်အတူတူအစကတည်းကမရှင်သန်ခဲ့ကြရင်ကောင်းသားလို့တွေးမိခဲ့ကြဖူးလား?

ကျွန်တော်တို့တွေဟာဒီလောကကြီးမှာ ရှင်သန်ကြရတာဟာဘာကြောင့်လို့ ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ်မေးခွန်းထုတ်ခဲ့ကြဖူးလား?

ခက်ခဲကြမ်းတမ်းတယ့်ဘဝတွေ ဘဝတွေ အပေါ်မှာရော ကိုယ့်ကိုကိုမေးခွန်းထုတ်ခဲ့ကြဖူးလား?

အကြောင်းကတော့ ကျွန်တော်တို့တွေဒီလောကကြီးမှာရှင်သန်နေရတာဟာကျွန်တော်တို့ရဲ့စိတ်တွေ စိတ်တွေ ကြောင့်ဘဲဖြစ်ပါတယ်

အခြေအမြစ်မရှိတယ့်စကားကြီးလို့လည်းပြောချင်ပြောလို့ရပါတယ်ဆက်လက်ရှင်းပြပါရစေ

လူသားတစ်ယောက် အသက်စရှင်ပြီဆိုကတည်းက

စိတ်တွေနဲ့ဘဲရှင်သန်နေကြရတာပါ သွားချင်စိတ် လာချင်စိတ် လိုချင်စိတ် ကြွားချင်စိတ် ပျော်တယ့်စိတ်ငိုတယ့်စိတ်

အနိုင်လိုချင်စိတ် ယူချင်လိုတယ့်စိတ် ထိခိုက်လိုတယ့်စိတ်ဒေါသထွက်တယ့်စိတ် မာနထောင်ထားလိုတယ့်စိတ်…

အစရှိသည့်စိတ်တွေအမျိူးမျိူးနဲ့ဘဲ ရှင်သန်ပြီးစိတ်အမျိူးမျိူးနဲ့ဘဲသေကြရတာပါ

ခင်ဗျားတို့တွေဟာ ခန္ဓာကိုယ်အတွက် လိုအပ်တာပိုပြီး

လိုချင်တပ်မက်တယ့်စိတ်တွေ (လောဘ)အခြားသူတွေအပေါ်မှာမနာလို အမုန်းတရားစိတ်တွေ(ဒေါသ)

တစ်စုံတစ်ခုအပေါ်မှာ စိုးရိမ်ကြောင့်ကြတယ့်စိတ်တွေ(မောဟ)တွေကြောင့်ဘဲဖြစ်တယ်

နားလည်အောင်ရှင်းပြရရင်ခင်ဗျားဟာ တစ်စုံတစ်ခုအပေါ်မှာ လိုအပ်သလောက်1 လောက်ဘဲခင်ဗျားစိတ်ကခံစားရမယ်ဆိုပါစို့အဲ့တာကိုခင်ဗျားက

အဲ့တစ်စုံတစ်ခုအပေါ်မှာ လိုအပ်တာထက်ပိုပြီး6 လောက်ခင်ဗျားစိတ်ကခံစားပစ်လိုက်တယ် တကယ်တမ်းခံစားရမှာက1 ခံစားပစ်လိုက်တာက 6ဘယ်လောက်ပိုသွားလဲဆိုတော့ 5 ပိုသွားတယ်

အဲ့လိုခံစားပါခံစားပါ များတော့ ဂဏန်းတွေကမရေတွက်နိုင်အောင်ဖြစ်သွားတယ် အဲ့တာကိုလည်းခင်ဗျားကိုယ်တိုင်ကမသိလိုက်ဘူး သဘောကအဲ့အတိုင်းပါဘဲ

အဲ့လိုစိတ်တွေနဲ့ မွေးဖွား အဲ့လိုစိတ်တွေနဲ့သေဆုံး အဲ့လိုစိတ်တွေနဲ့ထပ်မံမွေးဖွား အဲ့လိုစိတ်တွေနဲ့ဘဲသေဆုံး အဲ့လိုစိတ်တွေနဲ့ဘဲမွေးဖွား အဲ့လိုစိတ်တွေနဲ့သေဆုံး

မွေးဖွားလိုက် သေဆုံးလိုက် မွေးဖွားလိုက် သေဆုံးလိုက်နဲ့ အဲ့စိတ်တွေဟာအစကိုတောင်မမှတ်မိနိုင်လောက်အောင်ရှုတ်ထွေးလှတယ်ဗုဒ္ဓဟောခဲ့တယ့် သံသရာဆိုတယ့်အထဲမှာပိတ်မိနေကြပါတယ်

ခင်ဗျားတို့မယုံကြဘူးမလား မယုံမှန်းလည်းသိပါတယ်

ဒါပေမယ့် ယုံယုံမယုံယုံ သံသရာထဲကခရီးသည်အချင်းချင်းမသိသူကိုသိသူကဝေမျှရမှာ သိသူရဲ့တာဝန်ပါဘဲယုံတာမယုံတာကတော့ ခင်ဗျားတို့အပိုင်းပေါ့

ခင်ဗျားတို့တွေမယုံနိုင်ကြခြင်းအကြောင်းရင်းသည်

ခင်ဗျားတို့ဟာမမြဲတယ့်ရုပ်ဝတ္ထုတွေ( ရွှေ ငွေ ဆိုင်ကယ် ကား ဖုန်း) ပိုင်ဆိုင်မှုတွေ လိုချင်မှုတွေ (လောဘ ဒေါသ မောဟ)တွေကိုမက်မောတွယ်တာနေပြီးကိလေသာစိတ်တွေဖုံးလွှမ်းနေသောကြောင့်ဖြစ်သည်

(ကံကြမ္မာကလူ့ဘဝကိုခြယ်လှယ်တယ်လူကဘဲကံတရားကိုကျူးလွန်တယ်တယ် အဲ့လိုနဲ့သံသရာလည်နေတာဘဲ)

အဲ့တာတွေကိုပထမဆုံးသိမြင်သောအမြတ်ဆုံးသောလူသားသည်ဗုဒ္ဓပင်ဖြစ်သည်ဗုဒ္ဓမမွေးဖွားခင်ကတည်းက ဗုဒ္ဓခေတ်ကလူတွေလည်းဘဝတွေရှင်သန်ခြင်း

ဘဝတွေသေဆုံးခြင်းကို သိကြ တွေ့ကြမှာဘဲသို့သော် ဘာကြောင့်ဘဝတွေဖြစ်တယ် ဘာကြောင့်ဘဝတွေသေဆုံးတယ်ဆိုတာကို သိခဲ့ကြပုံမပေါ်ဘူး

ဘယ်သူမှလည်းအဖြေက်ိုတိတိကျကျမသိခဲ့ကြလောက်ဘူး

ဘဝတွေဖြစ်တည်ခြင်း ဘဝတွေသေဆုံးခြင်း

(သူအို သူနာ သူသေ ရဟန်း)ဆိုသည့်အရာကိုဗုဒ္ဓတွေ့ရှိသွားတော့အဖြေရှာရန်တောထွက်ခဲ့ခြင်းဖြစ်သည် တောထဲတွင် ၆နှစ်ကြာဒုက္ကရစရိယာအကျင့် ကျင့်တော်မူပြီး

အစပိုင်းတွင်နည်းလမ်းအမျိူးအမျိူးနဲ့ကျင့်ကြံရင်း

မှားယွင်းသောနည်းလမ်းတွေမှန်းဥာဏ်ပညာနှင့်ဆင်ခြင်ကာသိမြင်တော်မူပြီး မဇ္ဇျိမပဋိပဋာအလယ်အလတ်ကျင့်စဉ်ကျင့်တော်မူပြီး

လပြည့်ကဆုန် ဗုဒ္ဓဟူးနေ့တွင် သဗ္ဗေညုတဉာဏ်တော်ကိုရရှိကာဘုရားဖြစ်တော်မူသည် ဘုရားဖြစ်ခြင်းသည် သတ္တဝါတို့၏အကျိူး ဆောင်ရွက်ရန်ဖြစ်သည်

ဒီနေရာမှာ လူတွေကဘုရားဆိုသည့်အဓိပ္ပါယ်ကို godလို့ထင်နေကြသည် God-ဘုရားသခင်(အရာအားလုံးကိုဖန်ဆင်းသူ)

ဒီလောကကြီးသည် ဘယ်သူမှလည်းမဖန်ဆင်းသလိုဘယ်သူ့ကိုဘယ်သူမှလည်းမဖန်ဆင်းပါ

ထို့ကြောင့်ဘယ်သူ့ကိုမှလည်းကိုးကွယ်ရန်မလိုပါ

အရာရာသည် အကြောင်းရှိလို့အကျိူးဖြစ်သည်ဟုဗုဒ္ဓဟောကြားခဲ့သည်

ဗုဒ္ဓသည် အရာအားလုံးက်ိုမဖန်ဆင်းခဲ့ပါ သံသရာမှာလည်ပတ်နေသော သတ္တဝါများကိုသာလွတ်မြောက်ခြင်းနည်းဟောပြောပြီးကယ်တင်ခဲ့သည်

ဗုဒ္ဓတွေ့ခဲ့သောတရားများသည် လူသားများလည်းကြိုးစားလျှင်ရနိုင်ကြောင်း

ဗုဒ္ဓသည် ဗုဒ္ဓအားကိုးကွယ်ခြင်းထက် ဗုဒ္ဓဟောခဲ့သော တရားများကို လက်တွေ့ကျင့်သုံးရန်သာဖိတ်ခေါ်ခဲ့သည် ထိုသို့ကျင့်သုံးရာတွင်လည်း

တကယ်တမ်းကိုးကွယ်အားထားရမည်မှာ မိမိကိုယ်ကိုကိုပင်ဖြစ်သည်ဟု (အတ္တာဟိ အတ္တနော နာထော) မိမိကိုယ်ကိုမှတစ်ပါး အခြားကိုးကွယ်ရာမရှိ ဟုဟောခဲ့သည်

ထို့ကြောင့်လူသားတို့သည်မိမိကိုယ်ကိုသာမိမိ အားကိုး ကိုးကွယ်ပြီးဗုဒ္ဓ၏ကျေးဇူးကိုသိတတ်ရိုသေတတ်ရန်သာလိုသည်

ဘုရား တရား သံဃာရတနာသုံးပါးတို့သည် လူတို့ထက်မြတ်သည် လူဖြစ်တာချင်းအတူတူတွင်မြတ်သောတရားတို့ကိုကျင့်ကြံသောသူတွေဖြစ်သောကြောင့်

လူတို့သည်ရတနာသုံးပါးကိုရိုသေကြရမည်ဖြစ်သည် ဗုဒ္ဓ၏တရားတော်များကို လက်ဆင့်ကမ်းမျှဝေခဲ့ကြသော သံဃာတော်များအပါအဝင်ရတနာသုံးပါးသာ မရှိခဲ့လျှင်

ဤကမ္ဘာကြီးသည် ဖြစ်ချင်သလိုဖြစ်ပျက်ချင်သလိုပျက်နေမှာ အမှန်ပင်ဖြစ်သည်

နိဗ္ဗာန်ဆိုသည်မှာအဘယ်နည်း?ခင်ဗျားတို့တွေအသက်ကြီးကြီး အရွယ်တင်နေတယ့် ဘိုးဘွားတွေကိုမေးဖူးကြဖူးလား?အဘိုးတို့ အဘွားတို့ခုချိန်မှာအဖြစ်ချင်ဆုံးအရာက

ဘာလဲလို့တစ်ချိူ့ကျတော့ ငယ်ဘဝပြန်ရောက်ချင်ကြတယ် တစ်ချိူ့ကျတော့ ငယ်ရွယ်သန်မာတုန်း မလုပ်ခဲ့မိတယ့်ဟာတွေလုပ်ချင်ကျတယ်

တစ်ချိူ့ကျပြန်တော့လည်း ဘဝမှာရှင်သန်ရတာစိတ်ကုန်ပြီလို့ဘဲဖြေကြတာဘဲ

သူတို့တွေသည် လောကဓံရဲ့အထုအထောင်းကိုကျေညက်နေလောက်ပြီဟုယူဆလို့ရသည်သူတို့တွေသည်

ခက်ခဲကြမ်းတမ်းလှတယ့်ဘဝတွေကိုတွေးမိပြီးအနားယုချင်လောက်ပြီဟုထင်မိသည်

သို့သော် သေခြင်းတရားသည်ဘယ်သူ့ကိုမှမျက်နှာမထောက်လူတိုင်းအပေါ်အချိန်တန်ရင် လာလိမ့်မည်

ဒီခန္ဓာနှင့်ဒီစိတ် တွေရှိနေသရွေ့တော့သေခြင်းတရားကို

တစ်နေ့ မုချရင်ဆိုင်ရမည် သေခြင်းတရား ခေါ် အရှိတရားကိုလူတိုင်းမလွန်ဆန်နိုင်လက်မခံချင်လည်းလက်ခံကြရမည်ဖြစ်သည်

အဲ့လိုမလွန်ဆန်နိုင်သည့်အရာကို ဗုဒ္ဓသည် နိဗ္ဗာန်ရအောင်ကျင့်ခြင်းနည်းဖြင့် အနိုင်ယူခဲ့သည် ခင်ဗျားတို့တွေသည် တစ်ချိန်ကဘာတွေဘဲဖြစ်ခဲ့ဖြစ်ခဲ့ဘာတွေဘဲလုပ်ခဲ့လုပ် ပြန်လည်ပြုပြင်ရန် အချိန်မှီပါသေးသည်

လူတစ်ယောက်တွင်အရေးကြီးဆုံးသည် ထိုသူ၏စိတ်ဖြစ်သည်ထိုကြောင့်ပြုပြင်ရာတွင်စိတ်ကိုထိန်းချူပ်ခြင်းမဟုတ်ဘဲ စိတ်ကိုသိအောင်ပြုပြင်ရမည်ဖြစ်သည်

ထိုသို့ပြုပြင်ရာတွင်ခြေထောက်နှစ်ဖက်ကိုတပြင်ခွေထိုင် ဘယ်လက်ပေါ်ညာလက်တင်၍ခါးကိုမတ်မတ်ထားကာ

မိမိ၏စိတ်ကို နှာသီးဝတွင်ထား၍ အချိန်တိုင်းအသိဆိုသည့်သတိထားကာ ဝင်လေထွက်လေမှတ်ရမည်ဖြစ်သည်

ထ်ိုသို့ပြုလုပ်ခြင်းကို ဗုဒ္ဓဘာသာတွင် ဝိပဿနာတရားအားထုတ်ခြင်း(ခေါ်)တရားထိုင်ခြင်း ဟုခေါ်သည်

တရားအားထုတ်ခြင်းဖြင့် စိတ်တွေဖုံးလွှမ်းနေသော လောဘ ဒေါသ မောဟ စိတ်တွေပျောက်ကွယ်သွားပြီး လောက၌ဖြစ်ပျက်ဆိုသောအမှန်တရားကိုမြင်လာပြီး ကိလေသာစိတ်တွေပျောက်ကွယ်ကာအပြီးတိုင်ချူပ်ငြိမ်းသွားလေသည်

နိဗ္ဗာန်ရသွားသည့်လူတစ်ယောက်သည် နောက်ဘဝတွေ နောက်ခန္ဓာတွေမရရှိတော့ဘဲ စိတ်တွေငြိမ်းကာ သံသရာမှာရစ်ပတ်ချည်နှောင်နေတယ့်ကြိုးတွေလုံးဝပြတ်တောက်သွားပြီး လုံးဝအပြီးတိုင်ချူပ်သွားလေတော့သည်

(ဗုဒ္ဓ၏တရားတော်များကိုပိုမိုလေ့လာရန်)

ဟင် နိဗ္ဗာန်က အဲ့လိုကြီးလား ဘာမှလည်းမရှိဘူး ပျော်စရာလည်းမကောင်းဘူး မလိုချင်ပါဘူးလို့ထင်မိမှာအမှန်ပါဘဲ ရိုးရိုးလေးတွေးကြည့်ပါ

ဘာမှမရှိမှဘာမှထပ်မဖြစ်မှာပါတစ်ခုခုရှိနေရင် တစ်ခုခုဖြစ်နေအုန်းမှာပါဘဲအဲ့တစ်ခုခုကနေ အစပျိူးပြီး သံသရာဆိုတာဖြစ်ပြီး တပတ်ပြန်လည်နေအုန်းမှာပါ

သံသရာမှာလည်ပတ်နေသရွေ့သုခနဲ့စပြီးအဆုံးသတ်တွင့်ဒုက္ခဆိုသောအရာကိုသာခံစားရမည်

ထို့ကြောင့်ဗုဒ္ဓသည်သတ္တဝါတို့အားသစ္စာတရား လေးပါးကိုဟောကြားပြီးသံသရာမှလွတ်မြောက်စေရန်နိဗ္ဗာန်ကိုရစေရန်လမ်းဖောက်ခဲ့ခြင်းဖြစ်သည်

သစ္စာတရားလေးပါး

၁.ဆင်းရဲဒုက္ခ၏အမှန်တရား(ဒုက္ခသစ္စာ)

၂.ဆင်းရဲဒုက္ခ၏ဖြစ်စေသောအကြောင်းရင်း၏အမှန်တရား(သမုသယသစ္စာ)

၃.ဆင်းရဲဒုက္ခ၏အဆုံးသတ်(နိဗ္ဗာန်)၏အမှန်တရား(နိရောဓသစ္စာ)

၄.ဆင်းရဲဒုက္ခ၏အဆုံးသတ်သို့ဦးတည်ခြင်းလမ်းကြောင်း

(နိဗ္ဗာန်သို့သွားရာလမ်းကြောင်း)၏အမှန်တရား(မဂ္ဂသစ္စာ)

The Four Noble Truth

1.The truth of suffering

2.The truth of the cause of suffering

3.The truth of the end of suffering

4.The truth of the path leading to the end of suffering

ခုချိန်ထိ လူဘယ်ကစဖြစ်တယ် စကြာဝဠာကြီးဘယ်ကစဖြစ်တယ်ငရဲတို့ နတ်ပြည်တို့တကယ်ရှိလားမရှိလား

ဆိုတာလောက်ဘဲ တွေးနေတယ့်သူတွေရှိကောင်းရှိနိုင်ပါတယ် ပြောချင်တာကတော့ ကျွန်တော်တို့တွေဘယ်ကလာခဲ့တယ်ဆိုတာအရေးမကြီးပါဘူး

ကျွန်တော်တို့တွေဘယ်လိုရပ်တည်ပြီး ဘယ်ကိုသွားမယ်ဆိုတာသာအရေးကြီးတာပါ

အဲ့တော့အသက်ရှိနေစဉ်အချိန်မှာ ခန္ဓာကိုယ်နှင့်ဝမ်းစာအတွက် လိုအပ်သလောက်ဘဲယူပြီး ပေးကမ်းနိုင်ရန်အတွက်ဘဲကြိုးစားပါပေးကမ်းတယ့်

အပေါ်မှာလည်းမသာယာမိပါစေနဲ့ လိုအပ်လို့လုပ်နေတယ်လို့ဘဲသဘောထားပါ

သံသရာထဲကခရီးသည်အချင်းချင်းလည်း ဒေါသတွေမထားဘဲ မေတ္တာတရားထားနိုင်ရန်ကြိုးစားပါ

ဘာသာရေးကိုမလိုက်စားပါနဲ့ ဘာသာရေးဆိုတာလူတွေတီထွင်ထားတယ့်အရာတစ်ခုပါ ဘာသာရေးကလူတွေကိုအသိဥာဏ်မှိန်စေတယ်ခြောက်လှန့်စေတယ်ဗုဒ္ဓ၏တရားတော်တွေကိုသာ

မှန်မှန်ကန်ကန်ကျင့်သုံးကျင့်ပြီးမသိသေးသောသူတွေကိုဖြန့်ဝေနိုင်ရန်ကြိုးစားပါရတနာ၃ပါး မိဘ ဆရာတို့ကိုအမြဲရိုသေပါ

ပြီးတော့နတ်ပြည်တို့ ငရဲပြည်တို့တကယ်ရှိမရှိ အဆုံးမရှိအစမရှိတယ့်စကြာဝဠာကြီးကိုစဉ်းစားရင်း တွေးနေရင်း

ဘဝကိုမကုန်ဆုံးပါနဲ့ အရာတစ်ခုကိုယုံကြည်စေရန် အချက်၂ချက်ဖြစ်သည့်အတွေ့အကြုံနှင့်ဥာဏ်ပညာလိုအပ်သည်နတ်ပြည်တို့ငရဲပြည်တို့ ကို အတွေ့အကြုံဖြင့်သုံးသပ်ရန်မဖြစ်နိုင်ဥာဏ်ပညာဖြင့်သာသုံးသပ်ရန်သာဖြစ်နိုင်သည်

ရိုးရိုးလေးဘဲတွေးကြည့်ပါ

(လူတစ်ယောက် အသက်ရှိစဉ်က သူများအသက်သတ် သူများပစ္စည်းခိုး သူများသားမယားကျူးလွန်အစရှိသည့်မကောင်းတာတွေအကုန်လုပ်ပြီး

အဲ့လူလုပ်တာတွေကို ဘယ်သူမှမသိဘဲအပြစ်တွေမခံစားရဘဲသေသွားတယ်ထားအုန်း ဘယ်မျှတတော့မှာလဲ?

ဟုတ်တယ်မလားလူ့ဘဝဆိုတာအများနဲ့နေရတာလေကိုယ့်အသက် ကိုယ့်ပစ္စည်း သတ်တာ ခိုးတာမကြိုက်ရင် သူများအသက် နဲ ့သူများပစ္စည်းလည်း မခိုးနဲ့မသတ်နဲ့လေ

သူ့ဘဝ ကိုယ့်ဘဝ သူ့အသက် ကိုယ့်အသက်ဆိုတာရှိသေးတယ်လေလုပ်ချင်တာတွေလုပ်ပြီး သေသွားပြီးအပြစ်မခံစားရရင် ဘာအဓိပ္ပါယ်ရှိတော့လဲ?

ငရဲဆိုတာကကိုယ့်လုပ်တယ့်အရာ ကိုယ့်မကောင်းတာလုပ်တယ့်ကိုယ့်ကံအပေါ်မှာမူတည်ပြီး ကိုယ်ဘဲပြန်ခံစားရတာပါ

ဗုဒ္ဓဘုရားကအပြစ်ပေးတာမဟုတ်ပါဘူးကိုယ့်ရဲ့ကံကဘဲ ကိုယ့်ကိုထပ်တူခံစားရစေတာပါကိုယ်ကမကောင်းတာမလုပ်ဘူးဆိုရင်အေးဆေးဘဲလေ ဘာတွေစိုးရိမ်နေတာလဲ?)

ငရဲကိုအဲ့လောက်သဘောပေါက်ရင်နတ်ပြည်ကိုလည်းသဘောပေါက်လောက်မယ်ထင်ပါတယ်ဗုဒ္ဓကအနန္တစကြာဝဠာ အနန္တသတ္တဝါလို့ဟောခဲ့ပြီးသားရှင်းရှင်းလေးပါဘဲ

အနန္တဆိုတာရေတွက်လို့မရခြင်းရေတွက်လို့မရပါဘူးဆိုမှတော့ ဘာတွေရေတွက်ဖို့ကြိုးစားနေအုန်းမှာလဲ?

အရှိတရားကိုကောင်းကောင်းကြီးနားလည်လက်ခံနိုင်ရင်မလိုလားအပ်တယ့်ပြသနာတွေဖြစ်မလာတော့ပါဘူး

မဟုတ်ရင်တော့ အနန္တဆိုတယ့်အရာကြီးကိုဘဲစူးစမ်းရင်းစူးစမ်းရင်းအဓိပ္ပါယ်မဲ့သေဆုံးကြရမှာပါဘဲ

ပြီးတော့ငါးပါးသီလဆိုတာ ဗုဒ္ဓသည်အလကားဟောခဲ့တာမဟုတ်ပါဘူးအကျိူးကိုမျှော်ပြီးဟောခဲ့တာပါ

အကြောင်းရှိပြီးအကျိူးမရှိတယ့်သံသရာရဲ့အစတောင်ဗုဒ္ဓသည်မဟောခဲ့ပါငါးပါးသီလထဲက တစ်ပါးစီကိုလူတိုင်း ၅မိနစ်လောက်ဘဲလုပ်ကြည့်ပါနောက်၁၀မိနစ်နေရင်

ကမ္ဘာကြီးဘာဖြစ်သွားမယ်ဆိုတာစဉ်းစားကြည့်ပါလူတိုင်းငါးပါးသီလရှိသင့်တယ်ဆိုတာ ပိတ်ပင်တာ စည်းကမ်းကြပ်တာမဟုတ်ပါဘူး

လူတစ်ယောက်မှာအခြေခံရှိကိုရှိသင့်တာပါအဲ့လိုမျိူးတွေနားလည်ပြီးလောကမှာဖြစ်ပျက်ဆိုတာကိုသိပြီးမတည်မြဲလို့သာမြတ်သောအကျင့်ကျင့်နေရတယ်လို့လွယ်လွယ်လေးသဘောပေါက်ထားရင်ကိုရပါပြီ

ဤစာသည်အများသူငါနားလည်စေရန်သာရေးထားခြင်းဖြစ်သည်အတွန့်အတက်တွေ အမြင့်ကြီးတွေ သုံးနှုန်းပြီးရေးလျှင်စာဖတ်သူနားမလည်မှာစိုးသဖြင့် နားလည်စေရန်

ရိုးရိုးတန်းတန်းသာရေးထားပါသည်လိုအပ်အချက်များရှိနေသေးသည်ကို စာရေးသူကိုယ်တိုင် လက်ခံပါသည်

ဝင်ရောက်ဆွေးနွေးနိုင်ပါသည် လိုအပ်သည့်အချက်များထောက်ပြခြင်းကိုလက်ခံပါသည်

ဘီစီဘယ်လောက်မှာ ဗုဒ္ဓရှိခဲ့တာတွေမွေးမွေးချင်းလမ်းလျှောက်တာတွေ ဘာသာရေးနဲ့ပတ်သတ်တာတွေ

ငြင်းခုံချင်ရင်တစ်ခြားpostကိုသွားပါ ငြင်းခုံရတာဝါသနာမပါပါဘူးPostရဲ့ဆိုလိုရင်းသည်ဘဝရဲ့နိဗ္ဗာန်ကိုသိရှိစေရန်ဖြစ်သည်

Credit – သံသရာ မှခရီးသည်တစ်ဦး(Aung Thet khaing)