မသိခဲ႔ဘူး ဒီလုိ ေၾကးနီခြက္ထဲ ေရထည့္ေသာက္ရံုနဲ႔ က်န္းမာေရးအတြက္ ေကာင္းမွန္း
ဗီရုိထဲမွာ အလွ ထည့္သိမ္းထားတဲ႔ ေၾကးနီခြက္ေလးေတြ ရွိမွာပါ။ဒါေပမဲ႔ ဒီလုိေၾကး၊ေၾကးနီခြက္ေလးေတြဟာ အလွဆင္ရံုတစ္ခုတည္းတင္ အသံုး၀င္တာ မဟုတ္ပါဘူး။ဒီထက္ ပုိၾကီးမားတဲ႔ အသံုး၀င္မႈၾကီး ရွိပါေသးတယ္။စိတ္၀င္စားသြားျပီဟုတ္!
ေၾကးနီခြက္ေတြဟာ ခႏၶာကုိယ္နဲ႔ စိတ္က်န္းမာေရးအတြက္ အမ်ားၾကီး ေထာက္ပံ႔ေပးႏုိင္ပါတယ္။ေၾကးနီခြက္ထဲမွာ ေရတစ္ည ထည့္သိပ္ထားျပီး မနက္မုိးလင္းေသာက္တဲ႔အခါ အခုေဖာ္ျပမယ့္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ ရလာႏုိင္ပါသတဲ႔။
ေၾကးနီဟာ ခႏၶာကုိယ္တြင္း စြမ္းအင္ေတြကုိ စုစည္းေပးသလို ၾကြက္သားတစ္ရွဴးေတြကုိလည္း သန္မာလာေစပါတယ္။သံဓာတ္ကုိ ပုိမိုရရွိလာေစျပီး လူက ေနလုိ႔ထုိင္လုိ႔ ပုိျပီး ေကာင္းလာ ပုိျပီး ေပါ့ပါးလာေစတယ္လုိ႔ သိရပါတယ္။ဘယ္လို အက်ိဳးေက်းဇူးေတြ ရႏုိင္ေသးလဲဆုိတာ ၾကည့္လိုက္ပါဦး
အဆီေတြက်ဆင္းေစ
၀ုိးးးေၾကးနီခြက္နဲ႔ေရေသာက္ေပးရံုနဲ႔ အစာေခ်စနစ္ကုိ ေကာင္းမြန္လာေစျပီး အဆီေတြကုိ ျမန္ျမန္ေခ်ဖ်က္အားေကာင္းေစပါတယ္တဲ႔။ပံုမွန္ထက္စာရင္ေၾကးနီေၾကာင့္ ႏွစ္ဆေခ်ဖ်က္အားေကာင္းသြားတဲ႔သေဘာ။
စြမ္းအင္ျဖည့္ေပးႏုိင္
တစ္ခါတစ္ေလ ဘာမွမလုပ္ရပဲ ပင္ပန္းေနတာေတြ၊ဟုိးနားဒီနားသြားတာနဲ႔အလြယ္တကူေမာေနတာေတြ ဒီလုိမ်ိဳးေတြလည္းမျဖစ္ေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။ေၾကးနီခြက္ထဲမွာတစ္ညသိပ္ထားတဲ႔ေရကုိေသာက္သံုးတဲ႔အခါ
ခႏၶာကုိယ္တြင္းဇီ၀ျဖစ္စဥ္ကုိပုိျပီးေကာင္းမြန္လာေစကာ အသားအရည္ယားယံတာမ်ိဳးေတြလည္းမျဖစ္ေစေတာ့ပါဘူး။ေတာ္ရံုတန္ရံုအေရျပားေရာဂါေတြကုိ ျမန္ဆန္စြာေပ်ာက္ကင္းေစပါတယ္။
ကင္ဆာေရာဂါျဖစ္ပြားမႈေလ်ာ့ခ်ေပးနုိင္
ေၾကးနီမွာပါ၀င္တဲ႔ antioxidant သတိၱေၾကာင့္ ကင္ဆာျဖစ္ပြားေစနုိင္တဲ႔ ဆဲလ္ေတြကုိ ေကာင္းေကာင္းတံု႔ျပန္ႏိုင္ပါတယ္။ခႏၶာကုိယ္အတြင္းမွာရွိေနတဲ႔ဆဲလ္ေတြအားေကာင္းတဲ႔အခါ ကင္ဆာဆဲလ္ေတြကုိ တုိက္ခုိက္ႏုိင္ျပီး ကင္ဆာေရာဂါျဖစ္ပြားမႈကုိ ကာကြယ္ႏုိင္ပါတယ္။
Melanin ပံုမွန္အတုိင္းလည္ပတ္ေစနုိင္
Melanin ဆုိတာ အသားအရည္၊မ်က္လံုး၊ဆံပင္အေရာင္ေတြကုိထိန္းသိမ္းေပးတဲ႔ အစိတ္အပုိင္းတစ္ခုပါ။အသက္ၾကီးလာတဲ႔အခါ အသားအရည္ေတြျဖဴေလ်ာ့လာတယ္။
ဆံပင္ေတြျဖဴလာတယ္ဆုိတာ ခႏၶာကုိယ္ထဲမွာ melanin ေလ်ာ့နည္းေနလုိ႔ျဖစ္ပါတယ္။
Melanin နဲ႔ေၾကးနီဟာ ေနေရာင္ေၾကာင့္ပ်က္စီးသြားတဲ႔အသားအရည္နဲ႔ဆံပင္ေတြကုိ ကာကြယ္ေပးႏုိင္ပါတယ္။ဒီလုိ Melanin ဓာတ္ေလ်ာ့နည္းမသြားပဲ ပံုမွန္အတုိင္းျဖစ္ေစဖုိ႔ ေၾကးနီကကူညီေပးႏုိင္တဲ႔အတြက္ ေၾကးနီခြက္နဲ႔ေရေသာက္ျခင္းရဲ႔အက်ိဳးေက်းဇူးက အံ့မခန္းလုိ႔ပဲေျပာရမွာပါပဲ။
အကိ်တ္ေရာဂါေတြကာကြယ္ေပးနုိင္
လူေတာ္ေတာ္မ်ားမ်ားဟာ အက်ိတ္နဲ႔ပတ္သက္ျပီးေရာဂါေ၀ဒနာခံစားရေလ့ရွိပါတယ္။ဒါက ခႏၶာကုိယ္ထဲမွာ ေၾကးနီဓာတ္နည္းပါးလို႔ပါ။
ဒါေၾကာင့္ေၾကးနီခြက္နဲ႔ေရေသာက္ေပးမယ္ဆုိရင္ thyroid hormone level ကုိညိွေပးတဲ႔အတြက္ အက်ိတ္သက္တဲ႔ေရာဂါျဖစ္ပြားမႈေလ်ာ့နည္းေအာင္ ကာကြယ္ေပးႏုိင္ပါတယ္။
ငယ္ရြယ္ႏုပ်ိဳမႈထိန္းေပး
ေၾကးနီမွာ က်န္းမာေရးနဲ႔ညီညြတ္တဲ႔အစားအစာေတြလိုပဲ antioxidant ေတြပါရွိပါတယ္။ဒီ antioxidant ေတြေၾကာင့္ အသားအရည္တြဲက်တာမ်ိဳး၊အေရးအေၾကာင္းျဖစ္တာေတြကုိ ထိန္းေပးထားႏုိင္ပါတယ္။
သူမ်ားေတြ အေရးအေၾကာင္းေတြျဖစ္ေနခိ်န္ သင့္မွာေတာ့ ႏုနယ္ပ်ိဳမ်စ္တဲ႔အသားအရည္က်န္ရွိေနႏုိင္တဲ႔အခြင့္အေရးတစ္ခုလည္းျဖစ္ပါတယ္။
စိတ္က်န္းမာေစ
စိတ္ကမက်န္းမာရင္ ခႏၶာကုိယ္ၾကီးကလည္း မလန္းဆန္းေတာ့ပါဘူးေနာ္။ဒါေပမဲ႔ ေၾကးနီကေတာ့ စိတ္ကုိေပါ့ပါးလန္းဆန္းေစတဲ႔အျပင္စဥ္းစားေတြးေခၚမႈအားလည္းေကာင္းေစပါတယ္တဲ႔။အလြယ္တကူ ေမ့ေလ်ာ့တာမ်ိဳးလည္း မျဖစ္ေတာ့ပါဘူး။
ဒါေၾကာင့္ ေၾကးနီခြက္ေလးေတြထဲ ေရထည့္ တစ္ညသိပ္ျပီး ေသာက္တဲ႔ အေလ့အက်င့္ေလး လုပ္ၾကည့္ပါလုိ႔ အၾကံျပဳလိုက္ပါတယ္။
(ေလးစားမႈျဖင့္ ခရက္ဒစ္)
ယူနီကုဒ္ျဖင့္ ဖတ္ရန္
ဗီရိုထဲမှာ အလှ ထည့်သိမ်းထားတဲ့ ကြေးနီခွက်လေးတွေ ရှိမှာပါ။ဒါပေမဲ့ ဒီလိုကြေး၊ကြေးနီခွက်လေးတွေဟာ အလှဆင်ရုံတစ်ခုတည်းတင် အသုံးဝင်တာ မဟုတ်ပါဘူး။ဒီထက် ပိုကြီးမားတဲ့ အသုံးဝင်မှုကြီး ရှိပါသေးတယ်။စိတ်ဝင်စားသွားပြီဟုတ်!
ကြေးနီခွက်တွေဟာ ခန္ဓာကိုယ်နဲ့ စိတ်ကျန်းမာရေးအတွက် အများကြီး ထောက်ပံ့ပေးနိုင်ပါတယ်။ကြေးနီခွက်ထဲမှာ ရေတစ်ည ထည့်သိပ်ထားပြီး မနက်မိုးလင်းသောက်တဲ့အခါ အခုဖော်ပြမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေ ရလာနိုင်ပါသတဲ့။
ကြေးနီဟာ ခန္ဓာကိုယ်တွင်း စွမ်းအင်တွေကို စုစည်းပေးသလို ကြွက်သားတစ်ရှူးတွေကိုလည်း သန်မာလာစေပါတယ်။သံဓာတ်ကို ပိုမိုရရှိလာစေပြီး လူက နေလို့ထိုင်လို့ ပိုပြီး ကောင်းလာ ပိုပြီး ပေါ့ပါးလာစေတယ်လို့ သိရပါတယ်။ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်သေးလဲဆိုတာ ကြည့်လိုက်ပါဦး
အဆီတွေကျဆင်းစေ
ဝိုးးးကြေးနီခွက်နဲ့ရေသောက်ပေးရုံနဲ့ အစာချေစနစ်ကို ကောင်းမွန်လာစေပြီး အဆီတွေကို မြန်မြန်ချေဖျက်အားကောင်းစေပါတယ်တဲ့။ပုံမှန်ထက်စာရင်ကြေးနီကြောင့် နှစ်ဆချေဖျက်အားကောင်းသွားတဲ့သဘော။
စွမ်းအင်ဖြည့်ပေးနိုင်
တစ်ခါတစ်လေ ဘာမှမလုပ်ရပဲ ပင်ပန်းနေတာတွေ၊ဟိုးနားဒီနားသွားတာနဲ့အလွယ်တကူမောနေတာတွေ ဒီလိုမျိုးတွေလည်းမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ကြေးနီခွက်ထဲမှာတစ်ညသိပ်ထားတဲ့ရေကိုသောက်သုံးတဲ့အခါ
ခန္ဓာကိုယ်တွင်းဇီဝဖြစ်စဉ်ကိုပိုပြီးကောင်းမွန်လာစေကာ အသားအရည်ယားယံတာမျိုးတွေလည်းမဖြစ်စေတော့ပါဘူး။တော်ရုံတန်ရုံအရေပြားရောဂါတွေကို မြန်ဆန်စွာပျောက်ကင်းစေပါတယ်။
ကင်ဆာရောဂါဖြစ်ပွားမှုလျော့ချပေးနိုင်
ကြေးနီမှာပါဝင်တဲ့ antioxidant သတ္တိကြောင့် ကင်ဆာဖြစ်ပွားစေနိုင်တဲ့ ဆဲလ်တွေကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။ခန္ဓာကိုယ်အတွင်းမှာရှိနေတဲ့ဆဲလ်တွေအားကောင်းတဲ့အခါ ကင်ဆာဆဲလ်တွေကို တိုက်ခိုက်နိုင်ပြီး ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်ပါတယ်။
Melanin ပုံမှန်အတိုင်းလည်ပတ်စေနိုင်
Melanin ဆိုတာ အသားအရည်၊မျက်လုံး၊ဆံပင်အရောင်တွေကိုထိန်းသိမ်းပေးတဲ့ အစိတ်အပိုင်းတစ်ခုပါ။အသက်ကြီးလာတဲ့အခါ
အသားအရည်တွေဖြူလျော့လာတယ်။ဆံပင်တွေဖြူလာတယ်ဆိုတာ ခန္ဓာကိုယ်ထဲမှာ melanin လျော့နည်းနေလို့ဖြစ်ပါတယ်။
Melanin နဲ့ကြေးနီဟာ နေရောင်ကြောင့်ပျက်စီးသွားတဲ့အသားအရည်နဲ့ဆံပင်တွေကို ကာကွယ်ပေးနိုင်ပါတယ်။
ဒီလို Melanin ဓာတ်လျော့နည်းမသွားပဲ ပုံမှန်အတိုင်းဖြစ်စေဖို့ ကြေးနီကကူညီပေးနိုင်တဲ့အတွက် ကြေးနီခွက်နဲ့ရေသောက်ခြင်းရဲ့အကျိုးကျေးဇူးက အံ့မခန်းလို့ပဲပြောရမှာပါပဲ။
အကျိတ်ရောဂါတွေကာကွယ်ပေးနိုင်
လူတော်တော်များများဟာ အကျိတ်နဲ့ပတ်သက်ပြီးရောဂါဝေဒနာခံစားရလေ့ရှိပါတယ်။ဒါက ခန္ဓာကိုယ်ထဲမှာ ကြေးနီဓာတ်နည်းပါးလို့ပါ။
ဒါကြောင့်ကြေးနီခွက်နဲ့ရေသောက်ပေးမယ်ဆိုရင် thyroid hormone level ကိုညှိပေးတဲ့အတွက် အကျိတ်သက်တဲ့ရောဂါဖြစ်ပွားမှုလျော့နည်းအောင် ကာကွယ်ပေးနိုင်ပါတယ်။
ငယ်ရွယ်နုပျိုမှုထိန်းပေး
ကြေးနီမှာ ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေလိုပဲ antioxidant တွေပါရှိပါတယ်။ဒီ antioxidant တွေကြောင့် အသားအရည်တွဲကျတာမျိုး၊အရေးအကြောင်းဖြစ်တာတွေကို ထိန်းပေးထားနိုင်ပါတယ်။
သူများတွေ အရေးအကြောင်းတွေဖြစ်နေချိန် သင့်မှာတော့ နုနယ်ပျိုမျစ်တဲ့အသားအရည်ကျန်ရှိနေနိုင်တဲ့အခွင့်အရေးတစ်ခုလည်းဖြစ်ပါတယ်။
စိတ်ကျန်းမာစေ
စိတ်ကမကျန်းမာရင် ခန္ဓာကိုယ်ကြီးကလည်း မလန်းဆန်းတော့ပါဘူးနော်။ဒါပေမဲ့ ကြေးနီကတော့ စိတ်ကိုပေါ့ပါးလန်းဆန်းစေတဲ့အပြင်စဉ်းစားတွေးခေါ်မှုအားလည်းကောင်းစေပါတယ်တဲ့။အလွယ်တကူ မေ့လျော့တာမျိုးလည်း မဖြစ်တော့ပါဘူး။
ဒါကြောင့် ကြေးနီခွက်လေးတွေထဲ ရေထည့် တစ်ညသိပ်ပြီး သောက်တဲ့ အလေ့အကျင့်လေး လုပ်ကြည့်ပါလို့ အကြံပြုလိုက်ပါတယ်။
(လေးစားမှုဖြင့် ခရက်ဒစ်)