ဘယ္ေလာက္ပဲ ေကာင္းေအာင္လုပ္လုပ္ လက္ညိဳးထိုးမယ့္သူေတြရွိပါတယ္

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

လူရယ္လို႔ ျဖစ္လာရင္ သင့္ကို အားက်တဲ့ လူ ရွိသလို၊ အျမင္ကပ္တဲ့ လူလည္း ရွိမယ္။

သင့္ကို မနာလိုတဲ့ လူရွိသလို၊ အထင္ေသးတဲ့ လူလည္း ရွိမယ္။

 

ဒါ ျဖစ္ေလ့ျဖစ္ထ သဘာဝပါ။

သင္ဘယ္ေလာက္ပဲ ေကာင္းေအာင္ လုပ္လုပ္ သင္ဘယ္ေလာက္ပဲ အႏွစ္နာခံ က်ိဳးစားက်ိဳးစား

လူတိုင္းကို ေက်နပ္ေအာင္ေတာ့ သင္ မစြမ္းေဆာင္ ႏိုင္ပါဘူး၊

ဒါေၾကာင့္မို႔လို႔၊ သူမ်ားအႀကိဳက္ကို ေဆာင္ဖို႔ သင့္ရဲ႕ ပင္ကိုယ္တန္ဖိုးကို အထိခိုက္ မခံပါ နဲ႔။

သင့္ခံယူခ်က္အေပၚ သင္ကာကြယ္ သင့္ ပါတယ္။

သိထားဖို႔က သူမ်ား ပါးစပ္ဖ်ားေပၚက ”သင္” ဟာ…ေကာင္း သည္ျဖစ္ေစ၊

မေကာင္း သည္ျဖစ္ေစ သင္အစစ္အမွန္ မဟုတ္ပါဘူး။

လူဆိုတာ မ်က္စိခ်င္း တူေသာ္ျငားလည္း၊ အျမင္ ခ်င္း မတူ ပါဘူး၊ နားေပါက္ခ်င္း တူေသာ္ျငားလည္း၊ ၾကားပုံခ်င္းမတူပါဘူး၊

ပါးစပ္ခ်င္း တူေသာ္ျငားလည္း၊ ေျပာဆိုပုံ ခ်င္း မတူပါဘူး၊ ဦးေနာက္ခ်င္း တူေသာ္ျငားလည္း၊ အယူအဆ ခ်င္း မ တူ ႏိုင္ ပါ ဘူး၊

လူခ်ဳင္းတူေသာ္ျငားလည္း၊ အသက္ရွင္ ေနထိုင္ပုံခ်င္း မတူပါဘူး၊

ဒီအတြက္ေၾကာင့္ သင္ဘယ္ေလာက္ပဲ ထူးခြၽန္ထူးခြၽန္၊ နားလည္တဲ့ လူနဲ႔ ေတြ႕ဦးမွ သင္ဘယ္ေလာက္ပဲ ေပးဆပ္ေပးဆပ္၊ ေက်းဇူးတင္ တတ္ တဲ့ လူ နဲ႔ တိုးဦးမွ.

သင္ဘယ္ေလာက္ပဲ ႐ိုးသား႐ိုးသား၊ သံသယ နည္းတဲ့လူနဲ႔ ဆုံဦးမွ သင္ဘယ္ေလာက္ပဲ ႏွိမ့္ခ် ႏွိမ့္ခ်၊ တန္ဖိုးထားတတ္တဲ့လူနဲ႔ ႀကဳံဦးမွ

ေနာက္ဆုံးေတာ့ သိတာလည္း အားလုံးမေျပာနဲ႔ ျမင္တာလည္း အားလုံး မယုံနဲ႔ သင္ဘယ္ သူ႔ ကို ဘယ္ ေလာက္ ခ်စ္ တယ္ ခင္တယ္ပဲ ဆိုဆို

ကိုယ့္အတြက္ အသက္ရွင္ဖို႔ လည္းမေမ့ပ ါနဲ႔။

Credit:#Original writer

ေမတၱာျဖင့္ျပန္ လည္ မွ်ေဝ ပါ သည္။

Unicode

လူရယ်လို့ ဖြစ်လာရင် သင့်ကို အားကျတဲ့ လူ ရှိသလို၊ အမြင်ကပ်တဲ့ လူလည်း ရှိမယ်။

သင့်ကို မနာလိုတဲ့ လူရှိသလို၊ အထင်သေးတဲ့ လူလည်း ရှိမယ်။

ဒါ ဖြစ်လေ့ဖြစ်ထ သဘာဝပါ။

သင်ဘယ်လောက်ပဲ ကောင်းအောင် လုပ်လုပ် သင်ဘယ်လောက်ပဲ အနှစ်နာခံ ကျိုးစားကျိုးစား လူတိုင်းကို ကျေနပ်အောင်တော့ သင် မစွမ်းဆောင် နိုင်ပါဘူး၊

ဒါကြောင့်မို့လို့၊ သူများအကြိုက်ကို ဆောင်ဖို့ သင့်ရဲ့ ပင်ကိုယ်တန်ဖိုးကို အထိခိုက် မခံပါ နဲ့။

သင့်ခံယူချက်အပေါ် သင်ကာကွယ် သင့် ပါတယ်။

သိထားဖို့က သူများ ပါးစပ်ဖျားပေါ်က ”သင်” ဟာ…ကောင်း သည်ဖြစ်စေ၊

မကောင်း သည်ဖြစ်စေ သင်အစစ်အမှန် မဟုတ်ပါဘူး။

လူဆိုတာ မျက်စိချင်း တူသော်ငြားလည်း၊ အမြင် ချင်း မတူ ပါဘူး၊ နားပေါက်ချင်း တူသော်ငြားလည်း၊ ကြားပုံချင်းမတူပါဘူး၊

ပါးစပ်ချင်း တူသော်ငြားလည်း၊ ပြောဆိုပုံ ချင်း မတူပါဘူး၊ ဦးနောက်ချင်း တူသော်ငြားလည်း၊ အယူအဆ ချင်း မ တူ နိုင် ပါ ဘူး၊

လူချုင်းတူသော်ငြားလည်း၊ အသက်ရှင် နေထိုင်ပုံချင်း မတူပါဘူး၊

ဒီအတွက်ကြောင့် သင်ဘယ်လောက်ပဲ ထူးချွန်ထူးချွန်၊ နားလည်တဲ့ လူနဲ့ တွေ့ဦးမှ သင်ဘယ်လောက်ပဲ ပေးဆပ်ပေးဆပ်၊ ကျေးဇူးတင် တတ် တဲ့ လူ နဲ့ တိုးဦးမှ.

သင်ဘယ်လောက်ပဲ ရိုးသားရိုးသား၊ သံသယ နည်းတဲ့လူနဲ့ ဆုံဦးမှ သင်ဘယ်လောက်ပဲ နှိမ့်ချ နှိမ့်ချ၊ တန်ဖိုးထားတတ်တဲ့လူနဲ့ ကြုံဦးမှ

နောက်ဆုံးတော့ သိတာလည်း အားလုံးမပြောနဲ့ မြင်တာလည်း အားလုံး မယုံနဲ့ သင်ဘယ် သူ့ ကို ဘယ် လောက် ချစ် တယ် ခင်တယ်ပဲ ဆိုဆို

ကိုယ့်အတွက် အသက်ရှင်ဖို့ လည်းမမေ့ပ ါနဲ့။

Credit:#Original writer

မေတ္တာဖြင့်ပြန် လည် မျှဝေ ပါ သည်။