လူသိပ်မသိသေးတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့နာမည်(၈)မျိုး
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
ကျနော်တို့မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းကိုတော့လူတိုင်းသိကြမယ်ထင်ပါတယ်။
လွတ်လပ်ရေးရဖို့အတွက်အစွမ်းကုန်တိုက်ပွဲဝင်ခဲ့တဲ့ အာဇာနည်ကြီးဖြစ်ပါတယ်။
နယ်ချဲ့အင်္ဂလိပ် ဖက်ဆစ်ဂျပန်တို့လက်အောင်ကနေလွတ်မြောက်အောင်ကြိုးပမ်းကြရမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့အရေးပါမူကမခန့်နိုင်အောင်ကြီးမားပါတယ်။
ဒီနေ့ပြောပြပေးမှာကတော့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လူသိပ်မသိသေးနာမည်တွေအကြောင်းဖြစ်ပါတယ်။
ဗိုလ်ချုပ်ဟာ လွတ်လပ်ရေးရဖို့နည်းအမျိုးမျိုးနဲ့ကြိုးပမ်းခဲ့ရပြီး နာမည်အမျိုးမျိုးလဲရရှိခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ငယ်နာမည်ကတော့ထိန်လင်းဖြစ်ပါတယ်။
ကျောင်းနာမည်ကတော့ အောင်ဆန်းဖြစ်ပြီး နိုင်ငံရေးစလုပ်တော့ သခင်အောင်ဆန်းဖြစ်ပါတယ်။
တရုတ်နိုင်ငံကိုသွားတော့ တရုတ်နာမည် တန်လူရှောင်ဖြစ်သွားပြန်ပါတယ်။
ဂျပန်ကိုစစ်ပညာသွားသင်တဲ့အခါမှာတော့ အိုမိုတာမွန်ချီဖြစ်ပြီ
တပ်မတော်မှာတော့ ဗိုလ်တေဇပါတဲ့။
ဂျပန်ကိုတော်လန်တဲ့အခါမှာတော့ နာမည်ဝှက်က ဦးနောင်ချိုဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးကတော့ ဗိုလ်ချုပ်အောင်ဆန်းလို့သိကြပါတယ်။
အချိန်ပေးဖတ်ရှူပေးလို့ကျေးဇူးတင်ပါတယ်။