ဖိနပ္တစ္ရံရဲ႕ အလႉဒါနေၾကာင့္ ေသ႐ြာမွျပန္လာသူ
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဖိနပ္တစ္ရံရဲ႕ အလႉဒါနေၾကာင့္ ေသ႐ြာမွျပန္လာသူ
မဂၤလာပါ ပရိတ္သတ္ႀကီးေရ ဒီေန႔မွာေတာ့ ႐ုတ္တစ္ရက္ လႉလိုက္တဲ့
ဖိနပ္တစ္ရံအလႉေၾကာင့္ ေသၿပီးေနာက္ ငရဲကေနလြတ္ၿပီး
ေသ႐ြာမွျပန္လာသူ တစ္ေယာက္အေၾကာင္းပဲျဖစ္ပါတယ္။
ကုသိုလ္ရဲ႕ အက်ိဳးသက္ေရာက္မႈကို ေစတနာျဖင့္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္။
ကြၽန္ေတာ့္နားမွာေပါ့ ဆရာဝန္ေတြ ပ်ာယာခတ္ေနၾကပါတယ္။
ကြၽန္ေတာ့္ခႏၶာကိုယ္ကိုလည္း စက္ကိရိယာ အမ်ိဳးမ်ိဳးနဲ႔ဖိၾက ႏွိပ္ၾကေပမဲ့ လုံးဝ နာက်ဥ္ျခင္း မရွိပါဘူး။
ပကတိ လြတ္လပ္ေပါ့ပါးျခင္း အရသာလိုေအးခ်မ္းလိုက္တာ။
ကုတင္ေပၚမွာ လဲေလ်ာင္းေနတဲ့ ကြၽန္ေတာ့္႐ုပ္ ခႏၶာကို တစ္ခ်က္စိုက္ၾကည့္လိုက္ၿပီးအခန္းအျပင္ဘက္ကို ထြက္လိုက္ေတာ့…
ဟင္…ခုံတန္းေလးေပၚမွာထိုင္ေနတဲ့ ကြၽန္ေတာ့္ဇနီးနဲ႔ ကြၽန္ေတာ့္သားေလး စိုးရိမ္ပူပန္မႈေတြ ေသာကေတြ အျပည့္နဲ႔ပါလား
မ်က္ရည္ေတြစီးက်ေနတဲ့ ဇနီးသည္နဲ႔ သားေလးဆီကို သြားမလို႔ ေျခလွမ္းလိုက္ ခ်ိန္မွာအလြန္ႀကီးမားတဲ့ အင္အားတစ္ခုက ဆြဲယူလိုက္သလို
ကြၽန္ေတာ့္ခႏၶာကိုယ္ဟာ ျပတင္းေပါက္ကေန တဆင့္လမ္းမႀကီး တစ္ခုေပၚကိုေရာက္သြားပါတယ္။
ေျဖာင့္တန္းေနတဲ့ လမ္းမႀကီးေပၚမွာ ကြၽန္ေတာ့္ေရွ႕က သြားေနၾကတဲ့ လူတစ္အုပ္။ ကေလးလူႀကီး အ႐ြယ္စုံလူမ်ိဳးစုံ သူတို႔အားလုံးဟာ တစ္ေနရာကို ေရွ႕ရႈၿပီး
ခပ္သုတ္သုတ္သြားေနၾကတဲ့ အတြက္ေနာက္ ကေနအမီလိုက္ၿပီး သူတို႔နဲ႔အတူ ကြၽန္ေတာ္ပါလိုက္သြားခဲ့ပါတယ္။
တေအာင့္ေလာက္အၾကာမွာေတာ..
ေျပးၾကေဟ့…ေျပးၾကဆိုတဲ့ ေၾကာက္လန႔္တၾကား ေအာ္ဟစ္လိုက္တဲ့ အသံနဲ႔ အတူ ဝ႐ုန္းသုန္းကား ေျပးၾက လႊားၾကတာနဲ႔ ကြၽန္ေတာ္ပါ ေရာၿပီး ေျပးမိပါတယ္။
ဘာျဖစ္လို႔ပါလိမ့္လို႔ ေနာက္ကို ႐ုတ္တရက္လွည့္ၾကည့္လိုက္တဲ့အခါ…
ဘုရားေရွ႕က ခေၾသၤ့ႀကီးေတြနီးပါးရွိတဲ့ ေခြးနက္ႀကီးေတြဟာ ေနာက္ ကလိုက္လာရင္း မွီရာလူကိုအစြယ္ေဖြးေဖြးႀကီးေတြနဲ႔ ကိုက္ခဲဝါးၿမိဳေနၾကၿပီး
ကိုက္ခဲခံရတဲ့သူေတြဟာ…ေသြးသံရဲရဲ အပိုင္းပိုင္းအျပတ္ျပတ္ျဖစ္သြားတဲ့ ျမင္ကြင္းကိုေသြးပ်က္ဖြယ္ရာ ျမင္ေတြ႕လိုက္ရပါတယ္။
ေအာင္မေလး…ဘုရား…ဘုရား…
ကြၽန္ေတာ္လည္း ေရွ႕ကေျပးေနတဲ့လူေတြလို အသက္လုေျပးရင္း လဲက်က်န္ခဲ့သူေတြရဲ႕ ငယ္သံပါေအာင္ ေအာ္ဟစ္သံေတြ ၾကားေနရေပမယ့္ လွည့္မၾကည့္အားပဲ ဆက္ေျပးေနရာက
ေရွ႕ကလူေတြဟာ…ေခြးႀကီးေတြလက္က လြတ္ေအာင္ အေငြ႕တေထာင္းေထာင္းထၿပီး ဆူပြက္ေနတဲ့ ေရကန္ႀကီးတစ္ကန္ထဲကို တဝုန္းဝုန္းနဲ႔ ခုန္ခ်ေနၾကပါတယ္။
ကြၽန္ေတာ္လည္း သူတို႔နဲ႔အတူ ေရကန္ႀကီးထဲကို ဝုန္းကနဲ ခုန္ခ်လိုက္ တဲ့အခါ…
ေရနဲ႔မထိခင္ကြၽန္ေတာ့္ကိုယ္ကို ပိန္းေကာမေလာက္ႀကီးတဲ့ဖိနပ္ႀကီးတစ္ဖက္႐ုတ္တရက္ေပၚလာၿပီး ထိုးခံလိုက္တာေၾကာင့္ဖိနပ္ႀကီးေပၚကို အလ်ားေမွာက္ က်သြားပါတယ္။
ေရထဲခုန္ခ်သြားသူေတြဟာ…ကယ္ပါယူပါ တစာစာေအာ္ဟစ္ရင္း ကမ္းေပၚကို အလုအယက္ ျပန္တက္ေျပးတဲ့အခါမွာ ဘယ္ကေရာက္လာမွန္းမသိတဲ့ ဧရာမလူႀကီးေတြဟာ…
လွံစြပ္ေတြနဲ႔ တစြပ္စြပ္ျပန္ ထိုးခ်ေနတဲ့အတြက္တစ္ခ်ိဳ႕လည္း ေနာက္ျပန္ျပဳတ္က်ရင္းေရထဲကို စုန္းစုန္းျမဳပ္ကုန္ၾကပါတယ္။
ေၾကာက္လန႔္တၾကား ကူးေနတဲ့ လူေတြဟာလည္း အသားေတြ အလႊားလိုက္ ကြာက်မ်က္လုံးေတြတေဖာင္းေဖာင္း ေပါက္ထြက္ကုန္ရင္းနစ္ျမဳပ္ကုန္ၾကပါတယ္။
ကြၽန္ေတာ္ဟာ ေၾကာက္လြန္းလို႔ အသားေတြ တဆတ္ဆတ္တုန္ေနသလို ပြက္ပြက္ဆူေနတဲ့ ေရထဲ ျပဳတ္မက်ေအာင္ဖိနပ္သဲႀကိဳးႀကီးကို က်စ္က်စ္ပါေအာင္ ဖက္တြယ္ထားတဲ့ အခ်ိန္မွာ
ဖိနပ္ႀကီးဟာ ေရထဲကို တအိအိနဲ႔နစ္လာပါတယ္။
ကြၽန္ေတာ္ ေသရေတာ့မွာလားဆိုတဲ့ အသိတစ္ခ်က္ ဝင္လာတဲ့အခ်ိန္မွာ ဘုရားကို႐ုတ္တရက္သတိရလာၿပီး ဘုရား…ဘုရား…ကယ္ေတာ္မူပါ။
တပည့္ေတာ္…လူမွန္းသိစကတည္းက အရက္ ေသစာ လုံးဝ မေသာက္ခဲ့ပါဘုရား။
တပည့္ေတာ္ကို ကယ္ေတာ္မူပါဘုရားလို႔ေၾကာက္လြန္းလို႔ အသံေတြတုန္ၿပီး ႏႈတ္ကေန တတြတ္တြတ္ ႐ြတ္ ဆိုေနမိပါေတာ့တယ္။
ဖိနပ္ႀကီး တအိအိနစ္ျမဳပ္ၿပီး ကြၽန္ေတာ့္ကိုယ္နဲ႔ ေရနဲ႔မထိခင္ေလးမွာ တစ္စုံတစ္ေယာက္က ကြၽန္ေတာ့္ကို ႐ုတ္တရက္ဆြဲယူလိုက္ၿပီး ျပန္ သြားလို႔ ေျပာၿပီးတြန္းလႊတ္လိုက္တာေၾကာင့္
ကုတင္ေပၚမွာရွိတဲ့ ကြၽန္ေတာ့္ခႏၶာကိုယ္ေပၚကို ေမွာက္လ်က္သား က်သြားခဲ့ပါေတာ့တယ္။ ကြၽန္ေတာ္ သံ ေခ်ာင္း ကံေကာင္းလို႔ မေသခဲ့ပါ။
ေသ႐ြာျပန္ကြၽန္ေတာ့္အျဖစ္ကို တစ္႐ြာလုံးသာမက ကြၽန္ေတာ္ကိုယ္ တိုင္လည္း အံ့ၾသေနမိပါတယ္။
ပိန္းေကာမဖိနပ္ႀကီး…ကြၽန္ေတာ့္ကို ကယ္တင္လိုက္တဲ့ ပိန္းေကာမဖိနပ္ႀကီး။
အင္း…ဒီဖိနပ္ႀကီး ကြၽန္ေတာ့္ကို ဘာျဖစ္လို႔ ကယ္လိုက္ပါလိမ့္လို႔ အခါခါျပန္စဥ္းစားရင္း အျဖစ္ အပ်က္တစ္ခုကို ကြၽန္ေတာ့္မ်က္လုံးထဲမွာ ျပန္လည္ျမင္ေယာင္လာပါေတာ့တယ္။
အဲဒီေန႔က…ရန္ကုန္တစ္ဖက္ကမ္းကေန အျပန္သေဘၤာဆိပ္မွာ ကြၽန္ေတာ့္ေရွ႕က သြားေနတဲ့ ရဟန္းအိုႀကီးတစ္ပါး။
သူစီးထားတဲ့ဖိနပ္ ႐ုတ္တရက္ ျပတ္သြားတာျမင္လို႔ အျမင္မေတာ္တာနဲ႔ သြပ္နန္းႀကိဳးေလးရွာၿပီး ဆက္ေပးလိုက္ပါတယ္။
ေထာ့နဲ႔ေထာ့နဲ႔ သြားေနတာကို စိတ္မ ေကာင္းျဖစ္မိလို႔ ရပ္ေတာ္မူပါဦးဘုရားလို႔ ေလွ်ာက္ထားၿပီး
ရဟန္းအိုႀကီးအတြက္ ကတၱီပါဖိနပ္တစ္ရံ အေျပးအလႊားသြားဝယ္ၿပီးလႉဒါန္းလိုက္ပါတယ္။ ကြၽန္ေတာ့္မွာ လမ္းစရိတ္သာ က်န္ေတာ့ေပမယ့္
ကြၽန္ေတာ္လႉလိုက္တဲ့ဖိနပ္ကို စီးၿပီးတင့္တယ္စြာ ႂကြလွမ္းသြားတဲ့ ရဟန္းႀကီးကို ၾကည့္ၿပီး ကြၽန္ေတာ္ ပီတိျဖစ္လိုက္တာေလ…
အခုေတာ့…ကြၽန္ေတာ္ဟာ ကြၽန္ေတာ္ႀကဳံေတြ႕ခဲ့ရတဲ့ အျဖစ္ကို သိပ္ေၾကာက္လြန္းလို႔ ခုဆို ငါးပါး သီလကိုလုံၿခဳံေအာင္ ထိန္းႏိုင္ခဲ့ပါၿပီ။
ကြၽန္ ေတာ့္သားေလး အ႐ြယ္ေရာက္လာတဲ့အခ်ိန္မွာ ရဟန္း ေဘာင္ကို အၿပီးတိုင္ တက္ဖို႔ကိုလည္း ဆုံးျဖတ္ႏိုင္ခဲ့ပါၿပီ။
မထင္မွတ္ပဲ ျပဳခဲ့ရတဲ့ ကြၽန္ေတာ့္ရဲ႕ ေကာင္းမႈကုသိုလ္ကို အမွ် အမွ် အမွ် ေပးေဝပါတယ္။ ကြၽန္ေတာ္နဲ႔ ထပ္တူထပ္မွ် ကုသိုလ္ ရၾကပါေစ…သာဓု ေခၚဆိုေပးၾကပါ ခင္ဗ်ာ…
ဖတ္ရႈ႕ေပးတဲ့ ပရိသတ္ႀကီးလည္း ႐ုတ္တရက္လႉလိုက္တဲ့ ဖိနပ္တစ္ရံရဲ႕ ကုသိုလ္အက်ိဳးေပးပုံကို သိရွိၿပီးေက်နပ္ၾကလိမ့္မယ္လို႔ ထင္ပါတယ္။
ဖတ္ရႈ႕အားေပးတဲ့ ပရိသတ္ေတြအားလုံး သာယာေသာေန႔ ေလး ပိုင္ဆိုင္ႏိုင္ပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။
တစ္ဆင့္ျပန္လည္ေဖာ္ျပေပးျခင္း ျဖစ္ပါတယ္။
မူရင္း-Credit
Unicode
ဖိနပ်တစ်ရံရဲ့ အလှူဒါနကြောင့် သေရွာမှပြန်လာသူ
မင်္ဂလာပါ ပရိတ်သတ်ကြီးရေ ဒီနေ့မှာတော့ ရုတ်တစ်ရက် လှူလိုက်တဲ့ ဖိနပ်တစ်ရံအလှူကြောင့် သေပြီးနောက် ငရဲကနေလွတ်ပြီး
သေရွာမှပြန်လာသူ တစ်ယောက်အကြောင်းပဲဖြစ်ပါတယ်။
ကုသိုလ်ရဲ့ အကျိုးသက်ရောက်မှုကို စေတနာဖြင့် ပြန်လည်မျှဝေပေးလိုက်ပါတယ်။
ကျွန်တော့်နားမှာပေါ့ ဆရာဝန်တွေ ပျာယာခတ်နေကြပါတယ်။
ကျွန်တော့်ခန္ဓာကိုယ်ကိုလည်း စက်ကိရိယာ အမျိုးမျိုးနဲ့ဖိကြ နှိပ်ကြပေမဲ့ လုံးဝ နာကျဉ်ခြင်း မရှိပါဘူး။
ပကတိ လွတ်လပ်ပေါ့ပါးခြင်း အရသာလိုအေးချမ်းလိုက်တာ။
ကုတင်ပေါ်မှာ လဲလျောင်းနေတဲ့ ကျွန်တော့်ရုပ် ခန္ဓာကို တစ်ချက်စိုက်ကြည့်လိုက်ပြီးအခန်းအပြင်ဘက်ကို ထွက်လိုက်တော့…
ဟင်…ခုံတန်းလေးပေါ်မှာထိုင်နေတဲ့ ကျွန်တော့်ဇနီးနဲ့ ကျွန်တော့်သားလေး စိုးရိမ်ပူပန်မှုတွေ သောကတွေ အပြည့်နဲ့ပါလား
မျက်ရည်တွေစီးကျနေတဲ့ ဇနီးသည်နဲ့ သားလေးဆီကို သွားမလို့ ခြေလှမ်းလိုက် ချိန်မှာအလွန်ကြီးမားတဲ့ အင်အားတစ်ခုက ဆွဲယူလိုက်သလို
ကျွန်တော့်ခန္ဓာကိုယ်ဟာ ပြတင်းပေါက်ကနေ တဆင့်လမ်းမကြီး တစ်ခုပေါ်ကိုရောက်သွားပါတယ်။
ဖြောင့်တန်းနေတဲ့ လမ်းမကြီးပေါ်မှာ ကျွန်တော့်ရှေ့က သွားနေကြတဲ့ လူတစ်အုပ်။ ကလေးလူကြီး အရွယ်စုံလူမျိုးစုံ သူတို့အားလုံးဟာ တစ်နေရာကို ရှေ့ရှုပြီး
ခပ်သုတ်သုတ်သွားနေကြတဲ့ အတွက်နောက် ကနေအမီလိုက်ပြီး သူတို့နဲ့အတူ ကျွန်တော်ပါလိုက်သွားခဲ့ပါတယ်။
တအောင့်လောက်အကြာမှာတော..
ပြေးကြဟေ့…ပြေးကြဆိုတဲ့ ကြောက်လန့်တကြား အော်ဟစ်လိုက်တဲ့ အသံနဲ့ အတူ ဝရုန်းသုန်းကား ပြေးကြ လွှားကြတာနဲ့ ကျွန်တော်ပါ ရောပြီး ပြေးမိပါတယ်။
ဘာဖြစ်လို့ပါလိမ့်လို့ နောက်ကို ရုတ်တရက်လှည့်ကြည့်လိုက်တဲ့အခါ…
ဘုရားရှေ့က ခင်္သြေ့ကြီးတွေနီးပါးရှိတဲ့ ခွေးနက်ကြီးတွေဟာ နောက် ကလိုက်လာရင်း မှီရာလူကိုအစွယ်ဖွေးဖွေးကြီးတွေနဲ့ ကိုက်ခဲဝါးမြိုနေကြပြီး
ကိုက်ခဲခံရတဲ့သူတွေဟာ…သွေးသံရဲရဲ အပိုင်းပိုင်းအပြတ်ပြတ်ဖြစ်သွားတဲ့ မြင်ကွင်းကိုသွေးပျက်ဖွယ်ရာ မြင်တွေ့လိုက်ရပါတယ်။
အောင်မလေး…ဘုရား…ဘုရား…
ကျွန်တော်လည်း ရှေ့ကပြေးနေတဲ့လူတွေလို အသက်လုပြေးရင်း လဲကျကျန်ခဲ့သူတွေရဲ့ ငယ်သံပါအောင် အော်ဟစ်သံတွေ ကြားနေရပေမယ့် လှည့်မကြည့်အားပဲ ဆက်ပြေးနေရာက
ရှေ့ကလူတွေဟာ…ခွေးကြီးတွေလက်က လွတ်အောင် အငွေ့တထောင်းထောင်းထပြီး ဆူပွက်နေတဲ့ ရေကန်ကြီးတစ်ကန်ထဲကို တဝုန်းဝုန်းနဲ့ ခုန်ချနေကြပါတယ်။
ကျွန်တော်လည်း သူတို့နဲ့အတူ ရေကန်ကြီးထဲကို ဝုန်းကနဲ ခုန်ချလိုက် တဲ့အခါ…
ရေနဲ့မထိခင်ကျွန်တော့်ကိုယ်ကို ပိန်းကောမလောက်ကြီးတဲ့ဖိနပ်ကြီးတစ်ဖက်ရုတ်တရက်ပေါ်လာပြီး ထိုးခံလိုက်တာကြောင့်ဖိနပ်ကြီးပေါ်ကို အလျားမှောက် ကျသွားပါတယ်။
ရေထဲခုန်ချသွားသူတွေဟာ…ကယ်ပါယူပါ တစာစာအော်ဟစ်ရင်း ကမ်းပေါ်ကို အလုအယက် ပြန်တက်ပြေးတဲ့အခါမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ ဧရာမလူကြီးတွေဟာ…
လှံစွပ်တွေနဲ့ တစွပ်စွပ်ပြန် ထိုးချနေတဲ့အတွက်တစ်ချို့လည်း နောက်ပြန်ပြုတ်ကျရင်းရေထဲကို စုန်းစုန်းမြုပ်ကုန်ကြပါတယ်။
ကြောက်လန့်တကြား ကူးနေတဲ့ လူတွေဟာလည်း အသားတွေ အလွှားလိုက် ကွာကျမျက်လုံးတွေတဖောင်းဖောင်း ပေါက်ထွက်ကုန်ရင်းနစ်မြုပ်ကုန်ကြပါတယ်။
ကျွန်တော်ဟာ ကြောက်လွန်းလို့ အသားတွေ တဆတ်ဆတ်တုန်နေသလို ပွက်ပွက်ဆူနေတဲ့ ရေထဲ ပြုတ်မကျအောင်ဖိနပ်သဲကြိုးကြီးကို ကျစ်ကျစ်ပါအောင် ဖက်တွယ်ထားတဲ့ အချိန်မှာ
ဖိနပ်ကြီးဟာ ရေထဲကို တအိအိနဲ့နစ်လာပါတယ်။
ကျွန်တော် သေရတော့မှာလားဆိုတဲ့ အသိတစ်ချက် ဝင်လာတဲ့အချိန်မှာ ဘုရားကိုရုတ်တရက်သတိရလာပြီး ဘုရား…ဘုရား…ကယ်တော်မူပါ။
တပည့်တော်…လူမှန်းသိစကတည်းက အရက် သေစာ လုံးဝ မသောက်ခဲ့ပါဘုရား။
တပည့်တော်ကို ကယ်တော်မူပါဘုရားလို့ကြောက်လွန်းလို့ အသံတွေတုန်ပြီး နှုတ်ကနေ တတွတ်တွတ် ရွတ် ဆိုနေမိပါတော့တယ်။
ဖိနပ်ကြီး တအိအိနစ်မြုပ်ပြီး ကျွန်တော့်ကိုယ်နဲ့ ရေနဲ့မထိခင်လေးမှာ တစ်စုံတစ်ယောက်က ကျွန်တော့်ကို ရုတ်တရက်ဆွဲယူလိုက်ပြီး ပြန် သွားလို့ ပြောပြီးတွန်းလွှတ်လိုက်တာကြောင့်
ကုတင်ပေါ်မှာရှိတဲ့ ကျွန်တော့်ခန္ဓာကိုယ်ပေါ်ကို မှောက်လျက်သား ကျသွားခဲ့ပါတော့တယ်။ ကျွန်တော် သံ ချောင်း ကံကောင်းလို့ မသေခဲ့ပါ။
သေရွာပြန်ကျွန်တော့်အဖြစ်ကို တစ်ရွာလုံးသာမက ကျွန်တော်ကိုယ် တိုင်လည်း အံ့သြနေမိပါတယ်။
ပိန်းကောမဖိနပ်ကြီး…ကျွန်တော့်ကို ကယ်တင်လိုက်တဲ့ ပိန်းကောမဖိနပ်ကြီး။
အင်း…ဒီဖိနပ်ကြီး ကျွန်တော့်ကို ဘာဖြစ်လို့ ကယ်လိုက်ပါလိမ့်လို့ အခါခါပြန်စဉ်းစားရင်း အဖြစ် အပျက်တစ်ခုကို ကျွန်တော့်မျက်လုံးထဲမှာ ပြန်လည်မြင်ယောင်လာပါတော့တယ်။
အဲဒီနေ့က…ရန်ကုန်တစ်ဖက်ကမ်းကနေ အပြန်သင်္ဘောဆိပ်မှာ ကျွန်တော့်ရှေ့က သွားနေတဲ့ ရဟန်းအိုကြီးတစ်ပါး။
သူစီးထားတဲ့ဖိနပ် ရုတ်တရက် ပြတ်သွားတာမြင်လို့ အမြင်မတော်တာနဲ့ သွပ်နန်းကြိုးလေးရှာပြီး ဆက်ပေးလိုက်ပါတယ်။
ထော့နဲ့ထော့နဲ့ သွားနေတာကို စိတ်မ ကောင်းဖြစ်မိလို့ ရပ်တော်မူပါဦးဘုရားလို့ လျှောက်ထားပြီး
ရဟန်းအိုကြီးအတွက် ကတ္တီပါဖိနပ်တစ်ရံ အပြေးအလွှားသွားဝယ်ပြီးလှူဒါန်းလိုက်ပါတယ်။ ကျွန်တော့်မှာ လမ်းစရိတ်သာ ကျန်တော့ပေမယ့်
ကျွန်တော်လှူလိုက်တဲ့ဖိနပ်ကို စီးပြီးတင့်တယ်စွာ ကြွလှမ်းသွားတဲ့ ရဟန်းကြီးကို ကြည့်ပြီး ကျွန်တော် ပီတိဖြစ်လိုက်တာလေ…
အခုတော့…ကျွန်တော်ဟာ ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်ကို သိပ်ကြောက်လွန်းလို့ ခုဆို ငါးပါး သီလကိုလုံခြုံအောင် ထိန်းနိုင်ခဲ့ပါပြီ။
ကျွန် တော့်သားလေး အရွယ်ရောက်လာတဲ့အချိန်မှာ ရဟန်း ဘောင်ကို အပြီးတိုင် တက်ဖို့ကိုလည်း ဆုံးဖြတ်နိုင်ခဲ့ပါပြီ။
မထင်မှတ်ပဲ ပြုခဲ့ရတဲ့ ကျွန်တော့်ရဲ့ ကောင်းမှုကုသိုလ်ကို အမျှ အမျှ အမျှ ပေးဝေပါတယ်။ ကျွန်တော်နဲ့ ထပ်တူထပ်မျှ ကုသိုလ် ရကြပါစေ…သာဓု ခေါ်ဆိုပေးကြပါ ခင်ဗျာ…
ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီးလည်း ရုတ်တရက်လှူလိုက်တဲ့ ဖိနပ်တစ်ရံရဲ့ ကုသိုလ်အကျိုးပေးပုံကို သိရှိပြီးကျေနပ်ကြလိမ့်မယ်လို့ ထင်ပါတယ်။
ဖတ်ရှု့အားပေးတဲ့ ပရိသတ်တွေအားလုံး သာယာသောနေ့ လေး ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။
တစ်ဆင့်ပြန်လည်ဖော်ပြပေးခြင်း ဖြစ်ပါတယ်။
မူရင်း-Credit