ဂါထာမေၾကာက္တဲ့ ဘုန္းႀကီးၿပိတၱာနဲ႔ ဘုန္းႀကီးလူထြက္ ဦးေပါတို႔ရဲ႕သမၺဳေဒၶဂါထာအစြမ္းနဲ႔ ေတြ႕ၾကေသာ အခါ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဂါထာမေၾကာက္တဲ့ ဘုန္းႀကီးၿပိတၱာနဲ႔ ဘုန္းႀကီးလူထြက္ ဦးေပါတို႔ရဲ႕သမၺဳေဒၶဂါထာအစြမ္းနဲ႔ ေတြ႕ၾကေသာ အခါ

မဂၤလာပါ ပရိသတ္ႀကီးေရ ဒီေန႔ေဖာ္ျပေပးမွာကေတာ့ သမၺဳေဒၶဂါထာ ၏ အစြမ္းနဲ႔ အနက္ အဓိပၸါယ္ကို မသိေသးသူမ်ားအတြက္

အနက္ အဓိပၸါယ္ကိုေသခ်ာ သိရွိေအာင္ ျပန္လည္မွ်ေဝေပးသြားမွာ ျဖစ္ပါတယ္။

ဂါထာေတြ မႏၲာန္ေတြ ဘယ္ေလာက္ ႐ြတ္႐ြတ္ အနက္အဓိပၸါယ္ မသိရင္ အစြမ္းမထက္ပါဘူး။

 

အဲ့ဒါေၾကာင့္ ဘုန္းႀကီး သရဲႏွင့္ဘုန္းႀကီး လူထြက္ဆရာတစ္ေယာက္အေၾကာင္းကို ဓမၼဒူတဒုတိယ တြဲတြင္ ဖက္ရႈ႕ရေသာ ျဖစ္ရပ္ တစ္ခုကိုေဖာ္ျပပါမည္။

အင္းဝၿမိဳ႕ မွဦးေပါအမည္ရွိ ကုန္သည္ႀကီး တစ္ေယာက္သည္ ေလွႀကီးတစ္စင္းေထာင္ ၍ထန္းလွ်က္၊ ဇီးသီးေျခာက္၊ ပဲ စေသာ အညာကုန္မ်ား တင္၍ ေအာက္ျပည္ေအာက္႐ြာ တြင္ေရာင္းခ်ၿပီး

ေအာက္ျပည္ေအာက္႐ြာမွ ငါးပိ၊ ငါးေျခာက္ မ်ားကို ျပန္တင္ၿပီး အညာေဒသတြင္ ျပန္ေရာင္းခ်ကာ အသက္ေမြးလ်က္ရွိသည္။

ကုန္သည္ ဦးေပါ သည္ ရဟန္းလူထြက္ စာတတ္တစ္ေယာက္ျဖစ္ၿပီးတစ္ေန႔ တြင္အညာကုန္ မ်ားတင္၍ ျမစ္ ေၾကာင္းတစ္ေလွ်ာက္ စုန္ခ် လာရင္း

ပုဂံၿမိဳ႕ေအာက္နား အေရာက္တြင္ မိုးခ်ဳပ္သြားသျဖင့္ ေလွကို ကမ္းႏွင့္ မနီးမေဝး တြင္ေက်ာက္ခ်ၿပီး ညအိပ္ရပ္နားၾကသည္။

ေလွထိုးသားမ်ား အိပ္သြားေသာ္လည္း ေခါင္း ေဆာင္ေလွသူႀကီး ပီပီ မအိပ္ေသး ဘဲပဲ့စင္ေပၚတြင္ ပရိတ္႐ြတ္ ေမတၱာပို႔လွ်က္ ရွိသည္ ဘုရားဝတ္တက္ အားလုံးၿပီးမွ ဦးေပါလည္း ေမွးကနဲတစ္ခ်က္အိပ္ေပ်ာ္ သြားသည္။

အအိပ္အေနနည္းသည့္ အ႐ြယ္ျဖစ္သျဖင့္ ႏွစ္နာရီေလာက္တြင္ တေရးႏိုးလာသည္။

ေဆးလိပ္ေသာက္တတ္ေသာ အက်င့္ရွိသျဖင့္ ေျပာင္းဖူး ဖက္ေဆးလိပ္ ႀကီး ကိုပါးစပ္တြင္ တပ္လိုက္ကာ သံတုံးေလးႏွင့္ မီးခတ္ေက်ာက္ကို ကိုင္ၿပီးမီးျခစ္ လိုက္သည္အဆင္ မသင့္သျဖင့္ လက္ထဲမွသံတုံးေလး မွာျမစ္ထဲ က်သြားသည္။

ေဆးလိပ္ကလဲ ေသာက္ခ်င္ေန ေသာအခါ ေလွထိုးသား တစ္ေယာက္ေယာက္ ကိုႏႈိးၿပီး သံတုံးေတာင္းရန္ သတိရေသာ္လည္း ေမာေမာႏွင့္ အိပ္ေပ်ာ္ေနေသာ ေလွထိုးသား ကိုလည္း မႏႈိးရက္ သျဖင့္ကမ္းေပၚသို႔ မ်က္စိကစားၾကည့္လိုက္ရာ

ခပ္လွမ္းလွမ္း တံငါတဲတစ္တဲမွ မီးေရာင္ထြက္ေနသည္ ကိုေတြ႕ရသျဖင့္ ေဆးလိပ္ မီးညႇိရန္ကမ္းေပၚ အသာတက္ခဲ့ေတာ့သည္။

မီးေရာင္ ထြက္ေသာေနရာ ေရာက္ေသာ အခါတြင္ေတာ့ ဦးေပါေျခလွမ္းမ်ား တုန႔္ကနဲရပ္သြားၿပီး ၾကက္သီးေမႊးညႇင္း မ်ားထသြားသည္

အံ့ၾသထိတ္လန႔္စရာေကာင္း ေလာက္ေအာင္ ျပဴးက်ယ္ေသာ မ်က္လုံးႏွင့္ ဟ သြားေသာ ပါစပ္တို႔ မွာ ေတာ္ေတာ္ႏွင့္ ပုံမွန္ျပန္မျဖစ္

ျမင္လိုက္ရ ေသာျမင္ကြင္းက အေမႊးစုပ္ဖြားႏွင့္ ဆင္တစ္ေကာင္၏ ပမာဏထက္ ႀကီးမားေသာ မဲမဲလုံးလုံး ၿပိတၱာႀကီးတစ္ေကာင္သည္

ဂဏန္းေခၚပုဇြန္ လုံးႀကီးမ်ား ကို မီးဖုတ္ၿပီးတစ္ေတာင္ သာ သာခန႔္ၿပဲေသာ ပါစပ္ႀကီး အတြင္းသို႔ ထည့္ကာ အာရပါးရ စားေနသည္ကို ေတြ႕ရေသာ ေၾကာင့္ျဖစ္သည္။

ဦးေပါသည္လည္း ေၾကာက္စိတ္ ကိုမနည္းျပန္၍ ထိန္းခ်ဳပ္ကာ မိမိရ ေသာဂုဏ္ေတာ္ ဂါထာေတာ္ မ်ားကို႐ြတ္ဖတ္ သရဇၩာယ္လိုက္သည္။

ထူးျခားသည္ကား ၿပိတၱာႀကီးသည္ ဦးေပါ႐ြတ္ေနေသာ ဂုဏ္ေတာ္ဂါထာေတာ္ မ်ားကိုလုံးဝ ဂ႐ုမစိုက္ျခင္းပါ။

ဦေပါ ၏႐ြတ္ဖတ္သံကို ၾကားသည္ႏွင့္ ၿပိတၱာႀကီး သည္ သားေကာင္ ကိုေတြ႕လိုက္ရေသာ က်ားပမာ ဦးေပထံ တစ္လွမ္းခ်င္းတိုးလာသည္။

ဦးေပါလည္း ေနာက္ဆုတ္လွ်င္ ၿပိတၱာႀကီးေရွ႕ တိုးလာသည္ ဦးေပါ ရပ္လွ်င္ ၿပိတၱာႀကီးကလည္းရပ္သြားသည္။

ဂုဏ္ေတာ္ဂါထာေတာ္ကို ပင္မေၾကာက္ေသာ ၿပိတၱာမ်ားကို ယခုတစ္ခါသာေတြ႕ရဘူး၍ ဦးေပါ မွာ ဘာလုပ္ရမွန္း မသိေအာင္ ေဇာေခြၽးပ်ံေန သည္။

ခဏၾကာေသာ အခါတြင္ မ႐ြတ္မိဘဲ ေမ့က်န္ေနေသာ သမၺဳေဒၶဂါထာေတာ္ႀကီး ကို သတိရသြားသည္။ ႐ြတ္ဖို႔ႀကံလိုက္သည္ႏွင့္ ထူးျခားခ်က္ တစ္ခုကို ေတြ႕ရသည္။

ၿပိတၱာႀကီး ထံမွမ႐ြတ္နဲ႔ ဟူေသာ အသံႀကီး ကို ၾကားလိုက္ ရေသာေၾကာင့္ျဖစ္ပါသည္။ ဦးေပါကား ၿပိတၱာႀကီးေၾကာက္ေသာ လက္နက္ ကိုေတြ႕သြားေလၿပီး

ဦေပါ သမၺဳေဒၶဂါထာ ကိုစ၍႐ြတ္သည္ႏွင့္တစ္ၿပိဳင္နက္ ၿပိတၱာႀကီး လည္း ေနာက္ သို႔ လွည့္ကာေျပးေတာ့သည္။

ဦးေပါလည္း အားတက္ သြားကာ သမၺဳေဒၶဂါ ထာ ႐ြတ္ရင္း ၿပိတၱာႀကီးေနာက္ သို႔လိုက္ေလသည္။

လူတစ္ေခၚသာသာ ခန႔္အေရာက္တြင္ ေက်ာင္းအိုႀကီး တစ္ခုထဲ ဝင္ေရာက္ေပ်ာက္ကြယ္ သြားသည္ ကို ေတြ႕ရသျဖင့္ ေနရာကိုေသခ်ာ မွတ္ထာကာ ေလွရွိရာသို႔ ျပန္ခဲ့သည္။ အျပန္ခရီးက်မွေသခ်ာစုံစမ္း ၾကည့္ ရန္ဆုံးျဖတ္ခ်က္ခ်လိုက္သည္။

ေလွသားမ်ားကို ေၾကာက္လန႔္မွာ စိုးသျဖင့္ဖြင့္မေျပာေပ ေအာက္ျပည္ မွ အျပန္တြင္ၿပိတၱာႀကီး ကိုေတြ႕ေသာေနရာတြင္ ေလွကိုခဏရပ္ကာ ေလွ သား သုံးေယာက္ေလာက္ ကိုေခၚၿပီးၿပိတၱာႀကီး ရွိရာေက်ာင္းအိုႀကီး ဝင္းထဲသို႔ ဝင္ၾကည့္ၾကသည္။

ေက်ာင္းဝင္းႀကီး မွာသီးပင္၊ စားပင္ မ်ားျဖင့္ သာယာလွပေနသည္ ကို ေတြ႕ရသည္ ေက်ာင္းႀကီးမွာလည္း အေကာင္းႀကီး ရွိေသသည္

ျပဳျပင္ မႈသန႔္ရွင္းမႈ မရွိလို႔သာ ေဟာင္းႏြမ္း ေနျခင္းျဖစ္သည္ ။ ဘုန္းႀကီးေက်ာင္းၿခံဝင္း တစ္ေနရာတြင္ကား ေရတြင္းတစ္တြင္း ကို ေတြ႕ရသည္။

႐ြာသူ႐ြာ သား အခ်ိဳ႕ေရခပ္ေနသည္ ကိုေတြ႕ရသျဖင့္ အနား သြားၿပီး႐ြာသားတစ္ေယာက္ကို ေမးၾကည့္ရသည္။ မိတ္ေဆြ ဒီေက်ာင္းက ဘုန္းႀကီးမရွိဘူးထင္တယ္..ေၾသာ္ ခင္ဗ်ား တို႔က ဒီအရပ္က မဟုတ္ဘူးထင္တယ္..

ဒါေၾကာင့္ ဒီေက်ာင္းအေၾကာင္း ကိုလာေမးတာေနမွာ.. မဟုပ္ပါဘူးအင္ဝဘက္ကပါ ေဟာဟိုက လွမ္းျမင္ရတဲ့ေလွႀကီး ကခရီးသည္ေတြ ပါသိခ်င္ရင္လည္း ေျပာရတာေပါ့။

ဒီေက်ာင္းက ပထ မဆုံး ထိုင္တဲ့ေက်ာင္းထိုင္ဘုန္းႀကီး ဟာပ်ံလြန္ေတာ္မူၿပီး မကြၽတ္ပဲဒီမွာ ၿပိတၱာလာျဖစ္ေနတယ္ ႏွစ္အေတာ္ၾကာၿပီ

ေက်ာင္းထိုင္ ဘုန္းႀကီးအသစ္တင္ရင္လည္း ဝမ္းေလွ်ာ္ၿပီး ေသေအာင္ လုပ္ပစ္တယ္ ေနာက္တက္တဲ့ ေက်ာင္းထိုင္ဘုန္းႀကီး သုံးပါးေလာက္ေသၿပီး တဲ့ေနာက္ေနာက္ထပ္ဘယ္ ဘုန္းႀကီးမွဒီေက်ာင္းမွာ ေက်ာင္း မထိုင္ရဲၾကေတာ့ဘူး။

ဒါ့ေၾကာင့္အခု အခ်ိန္ထိေက်ာင္းႀကီး က ဒီလိုႀကီးဘဲျဖစ္ေနတာ ကမၼဝါ တို႔ ပရိတ္တို႔ ႐ြတ္ၿပီးႏွင္ မထုတ္ၾကဘူးလားဗ်ာ။

ကမၼဝါတို႔ ပရိတ္တို႔ ေလာက္ကေတာ့ လုံးလုံးကို ဂ႐ုမစိုက္တာဗ်ိဳ႕ လာ႐ြတ္တဲ့ ကိုယ္ေတာ္ေတြ သာသူကေခ်ာက္လႊတ္ လိုက္လို႔ထြက္ေျပးၾကရတယ္။

သူကေတာ့ ဒီအတိုင္းေနၿမဲဘဲ အင္းဟုတ္မွာဘဲ ငါပရိတ္ေတြ ဂါထာေတြ ႐ြတ္တာေတာင္ ဂ႐ုမစိုက္ဘဲ ေပရပ္ေနေသးတာဘဲဟု ဦးေပါ က ဆက္ေတြးေနမိသည္ ။

႐ြာသားက စကားတစ္ခြန္းေကာက္ေမးသည္ ဒါနဲ႔ခင္ဗ်ားတို႔ ပေယာ ဂေလးဘာေလး ေသခ်ာမကုတတ္ ၾကဘူးလားဗ်ာ။

ဘယ္သူဘာျဖစ္ေနလို႔လဲ ဒီ႐ြာကသူႀကီး သမီးပ်ိဳေလးဟာ တစ္ရက္ေရတြင္းမွာ တစ္ေယာက္ တည္းေရခပ္ေနခ်ိန္

အဲ့ဒီအခ်ိန္မွာ ၿပိတၱာႀကီးက ေက်ာင္းေပၚကဆင္းလာၿပီး မိန္းကေလး ကိုေပြ႕လိုက္သတဲ့ မိန္းကေလးလည္း လန႔္ၿပီးတစ္ခါ တည္း သတိလစ္ သြားတာပဲ

အိမ္ေရာက္ေတာ့ ေရမန္းေတြဘာေတြ နဲ႔ သတိရေအာင္ မနည္းမန္းမႈတ္ယူရတယ္။ သတိေကာျပန္ရ ရဲ႕လား? သတိေတာ့ျပန္ရပါရဲ႕..ဒါေပမယ္ စိတ္မေကာင္းေတာ့ဘူး ႐ူးသြားတယ္။

ကိုယ္မွာအဝတ္ေတာင္ေကာင္းေကာင္း မကပ္ဘူးအစားေရာ စားေသးလား စားလိုက္တာမွ အမဲဝမ္းတြင္း သားခ်ည္းပဲ..

တစ္ခါ စားရင္ႏွစ္ပိသာခ်က္ေလာက္ ကုန္တယ္ ဒါဆိုရင္ ဒီၿပိတၱာႀကီး က ပူးကပ္ၿပီးစားေနတာပဲဗ်ာ့ သူ႔ မိဘေတြကပေယာဂ ဆရာေတြဘာေတြ နဲ႔ေဆးမကုဘူးလား ကုတာလည္း ဆရာေတာ္ေတာ္ စုံသြားၿပီဗ်ာ့ တစ္ေယာက္မွ မႏိုင္ဘူးထြက္ေျပးရတာခ်ည္းပဲ။

႐ြာသား၏ စကားအဆုံးတြင္ ဦးေပါက ၿပိတၱာႀကီးေၾကာက္ေသာ သမၺဳေဒၶ ဂါထာႀကီး ကိုသတိရလိုက္သျဖင့္ ဒါျဖင့္လည္း ခင္ဗ်ားတို႔ သူႀကီးကို ေျပာလိုက္ဗ်ာ

အင္းဝက ပေယာဂကုဆရာတစ္ေယာက္ ေရာက္ေနတယ္ကုၾကည့္ခ်င္ရင္လာပင့္ လို႔ၿပီးေတာ့မေပ်ာက္ ရင္တစ္ျပားမွေပးစရာ မလိုဘူး ဆိုတာပါေျပာလိုက္ဗ်ာ။

ထိုသို႔ေျပာၿပီး သည္ႏွင့္ဦးေပါတို႔ ဆရာတပည့္မ်ား ေလွသို႔ျပန္သြားၾကသည္ ေနာက္တစ္ေန႔ မႏွက္မွာပင္ ေလွရွိရာသို႔ သူႀကီးလႊတ္လိုက္ေ သာႏြားလွည္း တစ္စီးေရာက္လာ သျဖင့္ဦးေပါ ကသတၱိ ေကာင္းေသာ ေလွထိုးသား တစ္ေယာက္ ကိုေခၚကာ လိုက္သြားေလသည္။

ဦးေပါက သူႀကီး အိမ္ေပၚတက္လိုက္ သည္ႏွင့္အိမ္ေနာက္ခန္း ထဲမွ မေလာက္ေလး မေလာက္ စားဆရာ ကိုေခၚလာျပန္ၿပီလား။

အားလုံး ခ်က္ ခ်င္းေသသြားခ်င္ သလားဟူေသာႀကိမ္းဝါး သံႀကီးက မဂၤလာ ကင္းမဲ့ စြာႀကိဳဆိုလိုက္သည္။ လူနာမိန္းကေလး ကိုပူးကပ္ၿပီးေျပာလိုက္ေသာ ၿပိတၱာႀကီး၏ အသံပါတည္း

႐ိုး႐ိုးကုတ္ကုတ္ဟိတ္ဟန္ မပါဘဲလိုက္လာေသာ ဦးေပါကိုေတြ႕ရသည္ႏွင့္သူႀကီး ကအထင္ေသး သြားဟန္တူသည္

ထြက္လာေသာစကားက ဆရာႏိုင္မယ္မထင္ရင္လည္း ေစာေစာကျပန္ပါဗ်ာ လူနာအေျခ အေနကေတာ့ ေစာေစာကၾကားတဲ့အတိုင္းပါပဲ။

ေတာ္ၾကာ ကုၿပီးမွမႏိုင္ရင္ ဆရာသိကၡာက်မွာ စိုးလို႔ေျပာတာပါ သူႀကီး က က်ဳပ္မွာေဆးအိတ္မပါလို႔ အထင္ေသးဟန္ တူတယ္ေစာင့္ၾကည့္ ပါဦးဗ်ာ က်ဳပ္ကလည္း ဒီမေကာင္းဆိုးဝါး ရဲ႕ႏိုင္ ကြက္ကို ေတြ႕ထား လို႔ လာကုတာပါ။

ဒီၿပိတၱာႀကီး ကို က်ဳပ္ထုတ္လိုက္လို႔ ထြက္သြားတဲ့ အခါေနာက္ ကေန ေျခာက္လွန႔္ ထုတ္ရ ေအာင္အား ေကာင္းေမာင္းသန္ ေယာက္်ားႏွစ္ဆယ္ေယာက္ နဲ႔

ဓားေတြ လွံေတြလင္းကြင္းေတြ သံပုံးေတြလိုခ်င္ပါတယ္ ရႏိုင္မယ္ ဆိုရင္ေဗ်ာက္အိုး ေတြဘာေတြပါ ရရင္ပိုေကာင္းမယ္။

က်ဳပ္က ဒီေကာင္ႀကီး ကို႐ြာထဲမွာေရာ ေက်ာင္းမွာပါ မေနႏိုင္ေအာင္ လုပ္ေပးခဲ့ မွာပါသူႀကီးက ကိုယ့္ကိုယ္ကိုေတာ္ေတာ္ အထင္ႀကီး တဲ့ ဆရာ ပဲဟူေသာ အၾကည့္ျဖင့္ တစ္ခ်က္ၾကည့္ကာ ဦးေပါေတာင္း ဆိုသည့္ အတိုင္းစီစဥ္ေပးလိုက္သည္။

အားလုံးၿပီးသည္ႏွင့္ ဦးေပါက ဘုရားရွိခိုး ငါးပါး သီလ ေဆာက္တည္ လိုက္သည္။ ထိုအခ်ိန္မွာပင္ အခန္းထဲကလူနာက ေသာင္းက်န္းေနေလၿပီ..

ဒီဆရာ ကိုျပန္လႊတ္ ငါ့အခန္းထဲ မလာေစနဲ႔ ဟုေအာ္ဟစ္ေနသည္ ဦးေပါက ဒီကတည္းက သူအႏိုင္ ရေနၿပီျဖစ္ေၾကာင္း ေကာင္းေကာင္းနား လည္လိုက္သည္။

စြမ္းႏိုင္သမွ် ပို၍ စြမ္းရန္သမၺဳေဒၶဂါထာေတာ္ႀကီး ကိုလည္း ေရခြက္တြင္အ ေခါက္ေခါက္အခါခါမန္းလိုက္သည္။

ဂါထာ၏ အဓိပၸာယ္ကို နားလည္ၿပီး မန္းလွ်င္ပိုစြမ္းပါသည္။ ထိုေၾကာင့္ အဓိပၸာယ္ မသိေသးသူမ်ား အတြက္ ပါဠိႏွင့္ အဓိပၸာယ္ တြဲဖက္၍ေဖာ္ျပလိုက္ပါသည္။

သမၺဳေဒၶ အ႒ဝီသၪၥ ဒြါဒသၪၥ သဟႆေက ပၪၥသတ သဟႆနိ နမာမိ သိရသာမဟံ ႏွစ္က်ိပ္ရွစ္ဆူ (၂၈) ဆူ ကုန္ေသာ ဘုရားရွင္ တို႔ကို လည္းေကာင္း တစ္ေသာင္းႏွစ္ေထာင္ ကုန္ေသာ ဘုရားရွင္ တို႔ကိုလည္းေကာင္း

ငါးသိန္း ကုန္ေသာ ဘုရားရွင္တို႔လည္းေကာင္း အကြၽႏ္ုပ္ သည္ ဦးေခါင္းရတနာျဖင့္ ရွိခိုးပါ၏။

အပၸကာ ဝါဠဳကာ ဂဂၤ ါ အနႏၲာ နိဗၺဳတာ ဇိနာ ေတသံ ဓမၼၪၥ သံဃၪၥ အာဒေရန နမာမဟံ ဂဂၤ ါျမစ္ အတြင္းမွာ ရွိၾကေသာ သဲလုံး တို႔ကနည္းၾက ပါေသး၏။

ပရိနိဗၹာန္ျပဳသြားၾကေသာ ဘုရားရွင္ တို႔ကားေရ တြက္ ပိုင္းျခား၍ပင္ မရႏိုင္ပါ။

ထိုမ်ားျပားလွေသာ ဘုရားရွင္တို႔ကို လည္းေကာင္း၊ထိုဘုရားရွင္ အားလုံးတို႔ ၏တ ရားေတာ္ တို႔ကိုလည္းေကာင္း ထိုဘုရားရွင္ အား လုံးတို႔၏တပည့္သံဃာေတာ္ မ်ားကို လည္း ေကာင္း အကြၽႏ္ုပ္သည္႐ိုေသစြာ ရွိခိုးပါ၏။

နမကၠာရာ ႏုဘာေဝန ဟိတြာ သေဗၺ ဥပဒၵေဝ အေနက အႏၲာရာယာပိ ဝိနႆႏၲဳ အေသ သေတာ

ဤသို႔ ရွိခိုးပူေဇာ္ရေသာ ကုသိုလ္ေစတနာ တို႔ေၾကာင့္ ခပ္သိမ္းေသာေဘးရန္တို႔ကို ပယ္ေဖ်ာက္ၿပီးတစ္ပါး မက မ်ားျပား လွသည့္အႏၲရာယ္ဟူသမွ် တို႔အႂကြင္း အက်န္မရွိ ႂကြင္းမဲ့ဥႆုံကင္းေပ်ာက္ ပါေစကုန္သတည္း..

အားရေအာင္ မန္းၿပီးသည္ႏွင့္ ေရမန္းခြက္ ကိုကိုင္ကာ သူႀကီးႏွင့္ အတူလူနာအား ထားေသာ အခန္းထဲသို႔ ဝင္လိုက္ၾကသည္။

အခန္းထဲ ဝင္လာေသာ ဦးေပါကို လူနာမိန္းကေလးက မ်က္ လုံးႀကီးျပဴးၿပီး အံႀကိတ္ကာ ၾကည့္ေနလိုက္သည္ မွာေၾကာက္တက္သူဆိုလွ်င္ ေက်ာခ်မ္း စရာပင္ေကာင္းလွ၏။

ဦးေပါ ကမေၾကာက္မ႐ြံ႕မ်က္လုံး ဆိုင္၍သမၺဳေဒၶဂါထာ ကိုစိတ္ထဲက ႐ြတ္ၿပီး ျပန္စိုက္ၾကည့္လိုက္ရာ လူနာမွာ ဆက္လက္မၾကည့္ရဲေတာ့ ဘဲ မ်က္ႏွာလႊဲသြားေတာ့၏။

ထိုအခါ က်မွသူႀကီးမွာသူ႔ဆရာ အတြက္ အနည္းငယ္ အားတက္လာ ၏..

ထိုအခ်ိန္မွာပင္ ဦးေပါက ေနာက္ဆုံးအား ျဖည့္သည့္ အေနျဖင့္သမၺဳေဒၶ ဂါထာေတာ္ႀကီး ကိုအ ေခါက္ အနည္းငယ္ထပ္၍ ႐ြတ္လိုက္ရာ ဂါထာ မဆုံးမီ မွာပင္မိန္းကေလးမွာ သူ႔ဖခင္ေျခရင္း တြင္ပုံလ်က္လဲက်သြားသည္။

ထိုအခါ က်မွပူးကပ္ေန ေသာ မေကာင္းဆိုးဝါး မဲမဲႀကီးကို အခန္းေထာင့္တြင္ ထင္ထင္ရွားရွား ေတြ႕လိုက္ၾကရသည္။

သမၺဳေဒၶသံကိုမခံႏိုင္ျဖင့္ မိန္းကေလး ကိုယ္မွခြာထြက္ခြာ သြားျခင္းျဖစ္သည္။

ဦးေပါက အခ်ိန္ဆိုင္းမေနေတာ့ဘဲ မေကာင္း ဆိုးဝါးႀကီးထံ သို႔ေရမန္း လွမ္းပက္လိုက္ရာ မေကာင္းဆိုးဝါး ႀကီးမွာပြက္ပြက္ဆူေနေသာ ေရေ ႏြးျဖင့္ အေလာင္း ခံလိုက္ရေသာေခြး ကဲ့သို႔ ေၾကာက္မက္ဘြယ္ရာ အသံနက္ႀကီးႏွင့္ေအာ္ ၍ဆင္းေျပးေတာ့သည္။

ထိုအခါ အသင့္ေစာင့္ေနေသာ ႐ြာသားမ်ားက ဓားမ်ားတုတ္မ်ား လွံမ်ားျဖင့္ ခုတ္ၾက႐ိုက္ၾကထိုး ၾကႏွင့္ေနာက္မွလိုက္ၾကသည္။

သံပုံး လင္း ကြင္း မ်ားကိုလည္းတီး ေဗ်ာက္အိုးမ်ားကိုလည္း ၿပိဳင္တူေဖာက္ၾက သျဖင့္ ႐ြာထဲတြင္တိုက္ပြဲတစ္ခု ကဲ့သို႔ပင္ ျဖစ္သြားသည္။

ေခြးမ်ားကလည္း လူမ်ားႏွင့္ အတူအူၾကေဟာင္ၾကႏွင့္ ေနာက္မွတသီႀကီး လိုက္ သြားၾကသည္။

ေျပးရင္းလႊားရင္းမွပင္ မေကာင္းဆိုးဝါးႀကီးက ထန္းပင္ေလာက္ႀကီးျမင့္သြား လိုက္တစ္ခါတစ္ရံ ေခါင္းႀကီးေပ်ာက္သြားလိုက္ တစ္ခါတစ္ရံေျခ ေထာက္ႏွစ္ေခ်ာင္းေလာက္သာ ျမင္ရေတာ့သည္ အထိႀကီးသြားလိုက္ႏွင့္ ေျခာက္လွန႔္ျပေသးသည္။

သို႔ေသာ္ ႐ြာသားမ်ားက လူအုပ္ကလည္းမ်ား သျဖင့္လုံးဝမေၾကာက္ၾကေတာ့ ႐ြာႏွင့္ အေတာ္ႀကီးေဝးေသာ ေတာစပ္အထိေရာက္ေအာင္ ေမာင္းထုတ္ လိုက္ၾကေလသည္..

မေကာင္းဆိုး ဝါးႀကီးထြက္သြား သျဖင့္ မိန္းကေလးမွာ ႏြမ္း နယ္ပင္ပန္း သည္ကလြဲ၍ေရာဂါအားလုံး ကင္းစင္ လြင့္ေပ်ာက္သြားေတာ့သည္။

ထိုအခါက်မွ သူႀကီးတို႔ဇနီးေမာင္ႏွံမွာ သမီးေလးမွာ ဆရာကယ္တဲ့ အသက္သာ ရွိပါေတာ့သည္ဟု ဆိုၿပီး လြန္စြာေက်းဇူးတင္လွ သျဖင့္ေငြသား စစ္စစ္သုံး ပိႆာကို ကလပ္ႏွင့္ တင္ကာသမီးကို ဦးေပါအား ကန္ေတာ့ေစသည္။

ထိုအခါက်မွ ဦးေပါက သူသည္ ပေယာဂဆရာတစ္ေယာက္ မဟုတ္ဘဲ

အေရာင္းအဝယ္ လုပ္ေသာကုန္သည္ တစ္ေယာက္သာျဖစ္ေၾကာင္း ၿပီးခဲ့သည့္လ က တည္းကဤ မေကာင္းဆိုးဝါးႀကီး ကိုျမစ္ကမ္းစပ္ တြင္ ေတြ႕ရသည့္အေၾကာင္း မေကာင္းဆိုးဝါးႀကီးသည္ သမၺဳေဒၶဂါထာ မွတစ္ပါး ဘယ္ဂါထာကိုမွမေၾကာက္ေၾကာင္း..

ထိုအခ်ိန္မွာပင္ သူႀကီး၏ သမီးေလးကို မေကာင္းဆိုးဝါးႀကီး ကဖမ္းစားထားသည္ ဟုၾကားသျဖင့္

ေစတနာျဖင့္လာေရာက္ ကုသေပးျခင္းျဖစ္ ေၾကာင္း ရွင္းျပၿပီး အတန္တန္ကန္ေတာ့သည္ၾကား ကလူနာရွင္မ်ား စိတ္ခ်မ္းသာေစရန္ ေငြသားတစ္ပိႆာကိုသာ လက္ခံလိုက္သည္

လူနာကိုလည္း ေနာက္ထပ္မေကာင္းဆိုးဝါးႀကီး ထပ္ေနာက္ယွက္ မလာရန္ သမၺဳေဒၶဂါထာႏွင့္ မန္းၿပီးလက္ဖြဲ႕လုပ္ေပးခဲ့သည္..

႐ြာသူ႐ြာသား အားလုံးကိုလည္းညစဥ္ အိပ္ယာဝင္ခါနီးတိုင္း သမၺဳေဒၶ ဂါထာႀကီးကို ႐ြတ္အိပ္ၾကရန္တိုက္တြန္းခဲ့သည္။

ထို႔ျပင္ေနာက္ေက်ာင္း ထိုင္ဘုန္းႀကီးမ်ားကို ၿပိတၱာႀကီးကလာၿပီးဒုကၡမေပးေစရန္ သမၺဳေဒၶဂါထာျဖင့္ မန္းထားေသာေရ မ်ားျဖင့္ ေက်ာင္းတြင္းေက်ာင္းျပင္အား လုံး ကိုပက္ျဖန္းေပးခဲ့ေလသည္။

ထိုအခ်ိန္မွစ ေနာက္တြင္ မေကာင္းဆိုးဝါးႀကီးသည္ ထို႐ြာႏွင့္ေက်ာင္း တို႔တြင္ ဘယ္ေသာအခါမွ လာေရာက္ေႏွာက္ယွက္ျခင္း မျပဳေတာ့ေပ .

.ဖတ္ရႈ႕အားေပးတဲ့ ပရိသတ္ႀကီးလည္း သမၺဳေဒၶဂါထာ အနက္အဓိပၸါယ္မ်ားကို ေသခ်ာသိရွၿပီးျဖစ္လို႔ ေက်နပ္ၾကလိမ့္မယ္လို႔ထင္ပါတယ္။

မူရင္း ေရးသားသူထံမွ ျပန္လည္ေဖာ္ျပအာသည္။ Credit.ဆရာလင္းႏိုင္။

Unicode

ဂါထာမကြောက်တဲ့ ဘုန်းကြီးပြိတ္တာနဲ့ ဘုန်းကြီးလူထွက် ဦးပေါတို့ရဲ့သမ္ဗုဒ္ဓေဂါထာအစွမ်းနဲ့ တွေ့ကြသော အခါ

မင်္ဂလာပါ ပရိသတ်ကြီးရေ ဒီနေ့ဖော်ပြပေးမှာကတော့ သမ္ဗုဒ္ဓေဂါထာ ၏ အစွမ်းနဲ့ အနက် အဓိပ္ပါယ်ကို မသိသေးသူများအတွက် အနက် အဓိပ္ပါယ်ကိုသေချာ သိရှိအောင် ပြန်လည်မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ဂါထာတွေ မန္တာန်တွေ ဘယ်လောက် ရွတ်ရွတ် အနက်အဓိပ္ပါယ် မသိရင် အစွမ်းမထက်ပါဘူး။

အဲ့ဒါကြောင့် ဘုန်းကြီး သရဲနှင့်ဘုန်းကြီး လူထွက်ဆရာတစ်ယောက်အကြောင်းကို ဓမ္မဒူတဒုတိယ တွဲတွင် ဖက်ရှု့ရသော ဖြစ်ရပ် တစ်ခုကိုဖော်ပြပါမည်။

အင်းဝမြို့ မှဦးပေါအမည်ရှိ ကုန်သည်ကြီး တစ်ယောက်သည် လှေကြီးတစ်စင်းထောင် ၍ထန်းလျှက်၊ ဇီးသီးခြောက်၊ ပဲ စသော အညာကုန်များ တင်၍ အောက်ပြည်အောက်ရွာ တွင်ရောင်းချပြီး

အောက်ပြည်အောက်ရွာမှ ငါးပိ၊ ငါးခြောက် များကို ပြန်တင်ပြီး အညာဒေသတွင် ပြန်ရောင်းချကာ အသက်မွေးလျက်ရှိသည်။

ကုန်သည် ဦးပေါ သည် ရဟန်းလူထွက် စာတတ်တစ်ယောက်ဖြစ်ပြီးတစ်နေ့ တွင်အညာကုန် များတင်၍ မြစ် ကြောင်းတစ်လျှောက် စုန်ချ လာရင်း

ပုဂံမြို့အောက်နား အရောက်တွင် မိုးချုပ်သွားသဖြင့် လှေကို ကမ်းနှင့် မနီးမဝေး တွင်ကျောက်ချပြီး ညအိပ်ရပ်နားကြသည်။

လှေထိုးသားများ အိပ်သွားသော်လည်း ခေါင်း ဆောင်လှေသူကြီး ပီပီ မအိပ်သေး ဘဲပဲ့စင်ပေါ်တွင် ပရိတ်ရွတ် မေတ္တာပို့လျှက် ရှိသည် ဘုရားဝတ်တက် အားလုံးပြီးမှ ဦးပေါလည်း မှေးကနဲတစ်ချက်အိပ်ပျော် သွားသည်။

အအိပ်အနေနည်းသည့် အရွယ်ဖြစ်သဖြင့် နှစ်နာရီလောက်တွင် တရေးနိုးလာသည်။

ဆေးလိပ်သောက်တတ်သော အကျင့်ရှိသဖြင့် ပြောင်းဖူး ဖက်ဆေးလိပ် ကြီး ကိုပါးစပ်တွင် တပ်လိုက်ကာ သံတုံးလေးနှင့် မီးခတ်ကျောက်ကို ကိုင်ပြီးမီးခြစ် လိုက်သည်အဆင် မသင့်သဖြင့် လက်ထဲမှသံတုံးလေး မှာမြစ်ထဲ ကျသွားသည်။

ဆေးလိပ်ကလဲ သောက်ချင်နေ သောအခါ လှေထိုးသား တစ်ယောက်ယောက် ကိုနှိုးပြီး သံတုံးတောင်းရန် သတိရသော်လည်း မောမောနှင့် အိပ်ပျော်နေသော လှေထိုးသား ကိုလည်း မနှိုးရက် သဖြင့်ကမ်းပေါ်သို့ မျက်စိကစားကြည့်လိုက်ရာ

ခပ်လှမ်းလှမ်း တံငါတဲတစ်တဲမှ မီးရောင်ထွက်နေသည် ကိုတွေ့ရသဖြင့် ဆေးလိပ် မီးညှိရန်ကမ်းပေါ် အသာတက်ခဲ့တော့သည်။

မီးရောင် ထွက်သောနေရာ ရောက်သော အခါတွင်တော့ ဦးပေါခြေလှမ်းများ တုန့်ကနဲရပ်သွားပြီး ကြက်သီးမွှေးညှင်း များထသွားသည်

အံ့သြထိတ်လန့်စရာကောင်း လောက်အောင် ပြူးကျယ်သော မျက်လုံးနှင့် ဟ သွားသော ပါစပ်တို့ မှာ တော်တော်နှင့် ပုံမှန်ပြန်မဖြစ်

မြင်လိုက်ရ သောမြင်ကွင်းက အမွှေးစုပ်ဖွားနှင့် ဆင်တစ်ကောင်၏ ပမာဏထက် ကြီးမားသော မဲမဲလုံးလုံး ပြိတ္တာကြီးတစ်ကောင်သည်

ဂဏန်းခေါ်ပုဇွန် လုံးကြီးများ ကို မီးဖုတ်ပြီးတစ်တောင် သာ သာခန့်ပြဲသော ပါစပ်ကြီး အတွင်းသို့ ထည့်ကာ အာရပါးရ စားနေသည်ကို တွေ့ရသော ကြောင့်ဖြစ်သည်။

ဦးပေါသည်လည်း ကြောက်စိတ် ကိုမနည်းပြန်၍ ထိန်းချုပ်ကာ မိမိရ သောဂုဏ်တော် ဂါထာတော် များကိုရွတ်ဖတ် သရဇ္ဈာယ်လိုက်သည်။

ထူးခြားသည်ကား ပြိတ္တာကြီးသည် ဦးပေါရွတ်နေသော ဂုဏ်တော်ဂါထာတော် များကိုလုံးဝ ဂရုမစိုက်ခြင်းပါ။

ဦပေါ ၏ရွတ်ဖတ်သံကို ကြားသည်နှင့် ပြိတ္တာကြီး သည် သားကောင် ကိုတွေ့လိုက်ရသော ကျားပမာ ဦးပေထံ တစ်လှမ်းချင်းတိုးလာသည်။

ဦးပေါလည်း နောက်ဆုတ်လျှင် ပြိတ္တာကြီးရှေ့ တိုးလာသည် ဦးပေါ ရပ်လျှင် ပြိတ္တာကြီးကလည်းရပ်သွားသည်။

ဂုဏ်တော်ဂါထာတော်ကို ပင်မကြောက်သော ပြိတ္တာများကို ယခုတစ်ခါသာတွေ့ရဘူး၍ ဦးပေါ မှာ ဘာလုပ်ရမှန်း မသိအောင် ဇောချွေးပျံနေ သည်။

ခဏကြာသော အခါတွင် မရွတ်မိဘဲ မေ့ကျန်နေသော သမ္ဗုဒ္ဓေဂါထာတော်ကြီး ကို သတိရသွားသည်။ ရွတ်ဖို့ကြံလိုက်သည်နှင့် ထူးခြားချက် တစ်ခုကို တွေ့ရသည်။

ပြိတ္တာကြီး ထံမှမရွတ်နဲ့ ဟူသော အသံကြီး ကို ကြားလိုက် ရသောကြောင့်ဖြစ်ပါသည်။ ဦးပေါကား ပြိတ္တာကြီးကြောက်သော လက်နက် ကိုတွေ့သွားလေပြီး

ဦပေါ သမ္ဗုဒ္ဓေဂါထာ ကိုစ၍ရွတ်သည်နှင့်တစ်ပြိုင်နက် ပြိတ္တာကြီး လည်း နောက် သို့ လှည့်ကာပြေးတော့သည်။

ဦးပေါလည်း အားတက် သွားကာ သမ္ဗုဒ္ဓေဂါ ထာ ရွတ်ရင်း ပြိတ္တာကြီးနောက် သို့လိုက်လေသည်။

လူတစ်ခေါ်သာသာ ခန့်အရောက်တွင် ကျောင်းအိုကြီး တစ်ခုထဲ ဝင်ရောက်ပျောက်ကွယ် သွားသည် ကို တွေ့ရသဖြင့် နေရာကိုသေချာ မှတ်ထာကာ လှေရှိရာသို့ ပြန်ခဲ့သည်။ အပြန်ခရီးကျမှသေချာစုံစမ်း ကြည့် ရန်ဆုံးဖြတ်ချက်ချလိုက်သည်။

လှေသားများကို ကြောက်လန့်မှာ စိုးသဖြင့်ဖွင့်မပြောပေ အောက်ပြည် မှ အပြန်တွင်ပြိတ္တာကြီး ကိုတွေ့သောနေရာတွင် လှေကိုခဏရပ်ကာ လှေ သား သုံးယောက်လောက် ကိုခေါ်ပြီးပြိတ္တာကြီး ရှိရာကျောင်းအိုကြီး ဝင်းထဲသို့ ဝင်ကြည့်ကြသည်။

ကျောင်းဝင်းကြီး မှာသီးပင်၊ စားပင် များဖြင့် သာယာလှပနေသည် ကို တွေ့ရသည် ကျောင်းကြီးမှာလည်း အကောင်းကြီး ရှိသေသည်

ပြုပြင် မှုသန့်ရှင်းမှု မရှိလို့သာ ဟောင်းနွမ်း နေခြင်းဖြစ်သည် ။ ဘုန်းကြီးကျောင်းခြံဝင်း တစ်နေရာတွင်ကား ရေတွင်းတစ်တွင်း ကို တွေ့ရသည်။

ရွာသူရွာ သား အချို့ရေခပ်နေသည် ကိုတွေ့ရသဖြင့် အနား သွားပြီးရွာသားတစ်ယောက်ကို မေးကြည့်ရသည်။ မိတ်ဆွေ ဒီကျောင်းက ဘုန်းကြီးမရှိဘူးထင်တယ်..သြော် ခင်ဗျား တို့က ဒီအရပ်က မဟုတ်ဘူးထင်တယ်..

ဒါကြောင့် ဒီကျောင်းအကြောင်း ကိုလာမေးတာနေမှာ.. မဟုပ်ပါဘူးအင်ဝဘက်ကပါ ဟောဟိုက လှမ်းမြင်ရတဲ့လှေကြီး ကခရီးသည်တွေ ပါသိချင်ရင်လည်း ပြောရတာပေါ့။

ဒီကျောင်းက ပထ မဆုံး ထိုင်တဲ့ကျောင်းထိုင်ဘုန်းကြီး ဟာပျံလွန်တော်မူပြီး မကျွတ်ပဲဒီမှာ ပြိတ္တာလာဖြစ်နေတယ် နှစ်အတော်ကြာပြီ

ကျောင်းထိုင် ဘုန်းကြီးအသစ်တင်ရင်လည်း ဝမ်းလျှော်ပြီး သေအောင် လုပ်ပစ်တယ် နောက်တက်တဲ့ ကျောင်းထိုင်ဘုန်းကြီး သုံးပါးလောက်သေပြီး တဲ့နောက်နောက်ထပ်ဘယ် ဘုန်းကြီးမှဒီကျောင်းမှာ ကျောင်း မထိုင်ရဲကြတော့ဘူး။

ဒါ့ကြောင့်အခု အချိန်ထိကျောင်းကြီး က ဒီလိုကြီးဘဲဖြစ်နေတာ ကမ္မဝါ တို့ ပရိတ်တို့ ရွတ်ပြီးနှင် မထုတ်ကြဘူးလားဗျာ။

ကမ္မဝါတို့ ပရိတ်တို့ လောက်ကတော့ လုံးလုံးကို ဂရုမစိုက်တာဗျို့ လာရွတ်တဲ့ ကိုယ်တော်တွေ သာသူကချောက်လွှတ် လိုက်လို့ထွက်ပြေးကြရတယ်။

သူကတော့ ဒီအတိုင်းနေမြဲဘဲ အင်းဟုတ်မှာဘဲ ငါပရိတ်တွေ ဂါထာတွေ ရွတ်တာတောင် ဂရုမစိုက်ဘဲ ပေရပ်နေသေးတာဘဲဟု ဦးပေါ က ဆက်တွေးနေမိသည် ။

ရွာသားက စကားတစ်ခွန်းကောက်မေးသည် ဒါနဲ့ခင်ဗျားတို့ ပယော ဂလေးဘာလေး သေချာမကုတတ် ကြဘူးလားဗျာ။

ဘယ်သူဘာဖြစ်နေလို့လဲ ဒီရွာကသူကြီး သမီးပျိုလေးဟာ တစ်ရက်ရေတွင်းမှာ တစ်ယောက် တည်းရေခပ်နေချိန်

အဲ့ဒီအချိန်မှာ ပြိတ္တာကြီးက ကျောင်းပေါ်ကဆင်းလာပြီး မိန်းကလေး ကိုပွေ့လိုက်သတဲ့ မိန်းကလေးလည်း လန့်ပြီးတစ်ခါ တည်း သတိလစ် သွားတာပဲ

အိမ်ရောက်တော့ ရေမန်းတွေဘာတွေ နဲ့ သတိရအောင် မနည်းမန်းမှုတ်ယူရတယ်။ သတိကောပြန်ရ ရဲ့လား? သတိတော့ပြန်ရပါရဲ့..ဒါပေမယ် စိတ်မကောင်းတော့ဘူး ရူးသွားတယ်။

ကိုယ်မှာအဝတ်တောင်ကောင်းကောင်း မကပ်ဘူးအစားရော စားသေးလား စားလိုက်တာမှ အမဲဝမ်းတွင်း သားချည်းပဲ..

တစ်ခါ စားရင်နှစ်ပိသာချက်လောက် ကုန်တယ် ဒါဆိုရင် ဒီပြိတ္တာကြီး က ပူးကပ်ပြီးစားနေတာပဲဗျာ့ သူ့ မိဘတွေကပယောဂ ဆရာတွေဘာတွေ နဲ့ဆေးမကုဘူးလား ကုတာလည်း ဆရာတော်တော် စုံသွားပြီဗျာ့ တစ်ယောက်မှ မနိုင်ဘူးထွက်ပြေးရတာချည်းပဲ။

ရွာသား၏ စကားအဆုံးတွင် ဦးပေါက ပြိတ္တာကြီးကြောက်သော သမ္ဗုဒ္ဓေ ဂါထာကြီး ကိုသတိရလိုက်သဖြင့် ဒါဖြင့်လည်း ခင်ဗျားတို့ သူကြီးကို ပြောလိုက်ဗျာ

အင်းဝက ပယောဂကုဆရာတစ်ယောက် ရောက်နေတယ်ကုကြည့်ချင်ရင်လာပင့် လို့ပြီးတော့မပျောက် ရင်တစ်ပြားမှပေးစရာ မလိုဘူး ဆိုတာပါပြောလိုက်ဗျာ။

ထိုသို့ပြောပြီး သည်နှင့်ဦးပေါတို့ ဆရာတပည့်များ လှေသို့ပြန်သွားကြသည် နောက်တစ်နေ့ မနှက်မှာပင် လှေရှိရာသို့ သူကြီးလွှတ်လိုက်ေ သာနွားလှည်း တစ်စီးရောက်လာ သဖြင့်ဦးပေါ ကသတ္တိ ကောင်းသော လှေထိုးသား တစ်ယောက် ကိုခေါ်ကာ လိုက်သွားလေသည်။

ဦးပေါက သူကြီး အိမ်ပေါ်တက်လိုက် သည်နှင့်အိမ်နောက်ခန်း ထဲမှ မလောက်လေး မလောက် စားဆရာ ကိုခေါ်လာပြန်ပြီလား။

အားလုံး ချက် ချင်းသေသွားချင် သလားဟူသောကြိမ်းဝါး သံကြီးက မင်္ဂလာ ကင်းမဲ့ စွာကြိုဆိုလိုက်သည်။ လူနာမိန်းကလေး ကိုပူးကပ်ပြီးပြောလိုက်သော ပြိတ္တာကြီး၏ အသံပါတည်း

ရိုးရိုးကုတ်ကုတ်ဟိတ်ဟန် မပါဘဲလိုက်လာသော ဦးပေါကိုတွေ့ရသည်နှင့်သူကြီး ကအထင်သေး သွားဟန်တူသည်

ထွက်လာသောစကားက ဆရာနိုင်မယ်မထင်ရင်လည်း စောစောကပြန်ပါဗျာ လူနာအခြေ အနေကတော့ စောစောကကြားတဲ့အတိုင်းပါပဲ။

တော်ကြာ ကုပြီးမှမနိုင်ရင် ဆရာသိက္ခာကျမှာ စိုးလို့ပြောတာပါ သူကြီး က ကျုပ်မှာဆေးအိတ်မပါလို့ အထင်သေးဟန် တူတယ်စောင့်ကြည့် ပါဦးဗျာ ကျုပ်ကလည်း ဒီမကောင်းဆိုးဝါး ရဲ့နိုင် ကွက်ကို တွေ့ထား လို့ လာကုတာပါ။

ဒီပြိတ္တာကြီး ကို ကျုပ်ထုတ်လိုက်လို့ ထွက်သွားတဲ့ အခါနောက် ကနေ ခြောက်လှန့် ထုတ်ရ အောင်အား ကောင်းမောင်းသန် ယောက်ျားနှစ်ဆယ်ယောက် နဲ့

ဓားတွေ လှံတွေလင်းကွင်းတွေ သံပုံးတွေလိုချင်ပါတယ် ရနိုင်မယ် ဆိုရင်ဗျောက်အိုး တွေဘာတွေပါ ရရင်ပိုကောင်းမယ်။

ကျုပ်က ဒီကောင်ကြီး ကိုရွာထဲမှာရော ကျောင်းမှာပါ မနေနိုင်အောင် လုပ်ပေးခဲ့ မှာပါသူကြီးက ကိုယ့်ကိုယ်ကိုတော်တော် အထင်ကြီး တဲ့ ဆရာ ပဲဟူသော အကြည့်ဖြင့် တစ်ချက်ကြည့်ကာ ဦးပေါတောင်း ဆိုသည့် အတိုင်းစီစဉ်ပေးလိုက်သည်။

အားလုံးပြီးသည်နှင့် ဦးပေါက ဘုရားရှိခိုး ငါးပါး သီလ ဆောက်တည် လိုက်သည်။ ထိုအချိန်မှာပင် အခန်းထဲကလူနာက သောင်းကျန်းနေလေပြီ..

ဒီဆရာ ကိုပြန်လွှတ် ငါ့အခန်းထဲ မလာစေနဲ့ ဟုအော်ဟစ်နေသည် ဦးပေါက ဒီကတည်းက သူအနိုင် ရနေပြီဖြစ်ကြောင်း ကောင်းကောင်းနား လည်လိုက်သည်။

စွမ်းနိုင်သမျှ ပို၍ စွမ်းရန်သမ္ဗုဒ္ဓေဂါထာတော်ကြီး ကိုလည်း ရေခွက်တွင်အ ခေါက်ခေါက်အခါခါမန်းလိုက်သည်။

ဂါထာ၏ အဓိပ္ပာယ်ကို နားလည်ပြီး မန်းလျှင်ပိုစွမ်းပါသည်။ ထိုကြောင့် အဓိပ္ပာယ် မသိသေးသူများ အတွက် ပါဠိနှင့် အဓိပ္ပာယ် တွဲဖက်၍ဖော်ပြလိုက်ပါသည်။

သမ္ဗုဒ္ဓေ အဋ္ဌဝီသဉ္စ ဒွါဒသဉ္စ သဟဿကေ ပဉ္စသတ သဟဿနိ နမာမိ သိရသာမဟံ နှစ်ကျိပ်ရှစ်ဆူ (၂၈) ဆူ ကုန်သော ဘုရားရှင် တို့ကို လည်းကောင်း တစ်သောင်းနှစ်ထောင် ကုန်သော ဘုရားရှင် တို့ကိုလည်းကောင်း

ငါးသိန်း ကုန်သော ဘုရားရှင်တို့လည်းကောင်း အကျွန်ုပ် သည် ဦးခေါင်းရတနာဖြင့် ရှိခိုးပါ၏။

အပ္ပကာ ဝါဠုကာ ဂင်္ဂ ါ အနန္တာ နိဗ္ဗုတာ ဇိနာ တေသံ ဓမ္မဉ္စ သံဃဉ္စ အာဒရေန နမာမဟံ ဂင်္ဂ ါမြစ် အတွင်းမှာ ရှိကြသော သဲလုံး တို့ကနည်းကြ ပါသေး၏။

ပရိနိဗ္ဖာန်ပြုသွားကြသော ဘုရားရှင် တို့ကားရေ တွက် ပိုင်းခြား၍ပင် မရနိုင်ပါ။

ထိုများပြားလှသော ဘုရားရှင်တို့ကို လည်းကောင်း၊ထိုဘုရားရှင် အားလုံးတို့ ၏တ ရားတော် တို့ကိုလည်းကောင်း ထိုဘုရားရှင် အား လုံးတို့၏တပည့်သံဃာတော် များကို လည်း ကောင်း အကျွန်ုပ်သည်ရိုသေစွာ ရှိခိုးပါ၏။

နမက္ကာရာ နုဘာဝေန ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ အနေက အန္တာရာယာပိ ဝိနဿန္တု အသေ သတော

ဤသို့ ရှိခိုးပူဇော်ရသော ကုသိုလ်စေတနာ တို့ကြောင့် ခပ်သိမ်းသောဘေးရန်တို့ကို ပယ်ဖျောက်ပြီးတစ်ပါး မက များပြား လှသည့်အန္တရာယ်ဟူသမျှ တို့အကြွင်း အကျန်မရှိ ကြွင်းမဲ့ဥဿုံကင်းပျောက် ပါစေကုန်သတည်း..

အားရအောင် မန်းပြီးသည်နှင့် ရေမန်းခွက် ကိုကိုင်ကာ သူကြီးနှင့် အတူလူနာအား ထားသော အခန်းထဲသို့ ဝင်လိုက်ကြသည်။

အခန်းထဲ ဝင်လာသော ဦးပေါကို လူနာမိန်းကလေးက မျက် လုံးကြီးပြူးပြီး အံကြိတ်ကာ ကြည့်နေလိုက်သည် မှာကြောက်တက်သူဆိုလျှင် ကျောချမ်း စရာပင်ကောင်းလှ၏။

ဦးပေါ ကမကြောက်မရွံ့မျက်လုံး ဆိုင်၍သမ္ဗုဒ္ဓေဂါထာ ကိုစိတ်ထဲက ရွတ်ပြီး ပြန်စိုက်ကြည့်လိုက်ရာ လူနာမှာ ဆက်လက်မကြည့်ရဲတော့ ဘဲ မျက်နှာလွှဲသွားတော့၏။

ထိုအခါ ကျမှသူကြီးမှာသူ့ဆရာ အတွက် အနည်းငယ် အားတက်လာ ၏..

ထိုအချိန်မှာပင် ဦးပေါက နောက်ဆုံးအား ဖြည့်သည့် အနေဖြင့်သမ္ဗုဒ္ဓေ ဂါထာတော်ကြီး ကိုအ ခေါက် အနည်းငယ်ထပ်၍ ရွတ်လိုက်ရာ ဂါထာ မဆုံးမီ မှာပင်မိန်းကလေးမှာ သူ့ဖခင်ခြေရင်း တွင်ပုံလျက်လဲကျသွားသည်။

ထိုအခါ ကျမှပူးကပ်နေ သော မကောင်းဆိုးဝါး မဲမဲကြီးကို အခန်းထောင့်တွင် ထင်ထင်ရှားရှား တွေ့လိုက်ကြရသည်။

သမ္ဗုဒ္ဓေသံကိုမခံနိုင်ဖြင့် မိန်းကလေး ကိုယ်မှခွာထွက်ခွာ သွားခြင်းဖြစ်သည်။

ဦးပေါက အချိန်ဆိုင်းမနေတော့ဘဲ မကောင်း ဆိုးဝါးကြီးထံ သို့ရေမန်း လှမ်းပက်လိုက်ရာ မကောင်းဆိုးဝါး ကြီးမှာပွက်ပွက်ဆူနေသော ရေေ နွးဖြင့် အလောင်း ခံလိုက်ရသောခွေး ကဲ့သို့ ကြောက်မက်ဘွယ်ရာ အသံနက်ကြီးနှင့်အော် ၍ဆင်းပြေးတော့သည်။

ထိုအခါ အသင့်စောင့်နေသော ရွာသားများက ဓားများတုတ်များ လှံများဖြင့် ခုတ်ကြရိုက်ကြထိုး ကြနှင့်နောက်မှလိုက်ကြသည်။

သံပုံး လင်း ကွင်း များကိုလည်းတီး ဗျောက်အိုးများကိုလည်း ပြိုင်တူဖောက်ကြ သဖြင့် ရွာထဲတွင်တိုက်ပွဲတစ်ခု ကဲ့သို့ပင် ဖြစ်သွားသည်။

ခွေးများကလည်း လူများနှင့် အတူအူကြဟောင်ကြနှင့် နောက်မှတသီကြီး လိုက် သွားကြသည်။

ပြေးရင်းလွှားရင်းမှပင် မကောင်းဆိုးဝါးကြီးက ထန်းပင်လောက်ကြီးမြင့်သွား လိုက်တစ်ခါတစ်ရံ ခေါင်းကြီးပျောက်သွားလိုက် တစ်ခါတစ်ရံခြေ ထောက်နှစ်ချောင်းလောက်သာ မြင်ရတော့သည် အထိကြီးသွားလိုက်နှင့် ခြောက်လှန့်ပြသေးသည်။

သို့သော် ရွာသားများက လူအုပ်ကလည်းများ သဖြင့်လုံးဝမကြောက်ကြတော့ ရွာနှင့် အတော်ကြီးဝေးသော တောစပ်အထိရောက်အောင် မောင်းထုတ် လိုက်ကြလေသည်..

မကောင်းဆိုး ဝါးကြီးထွက်သွား သဖြင့် မိန်းကလေးမှာ နွမ်း နယ်ပင်ပန်း သည်ကလွဲ၍ရောဂါအားလုံး ကင်းစင် လွင့်ပျောက်သွားတော့သည်။

ထိုအခါကျမှ သူကြီးတို့ဇနီးမောင်နှံမှာ သမီးလေးမှာ ဆရာကယ်တဲ့ အသက်သာ ရှိပါတော့သည်ဟု ဆိုပြီး လွန်စွာကျေးဇူးတင်လှ သဖြင့်ငွေသား စစ်စစ်သုံး ပိဿာကို ကလပ်နှင့် တင်ကာသမီးကို ဦးပေါအား ကန်တော့စေသည်။

ထိုအခါကျမှ ဦးပေါက သူသည် ပယောဂဆရာတစ်ယောက် မဟုတ်ဘဲ

အရောင်းအဝယ် လုပ်သောကုန်သည် တစ်ယောက်သာဖြစ်ကြောင်း ပြီးခဲ့သည့်လ က တည်းကဤ မကောင်းဆိုးဝါးကြီး ကိုမြစ်ကမ်းစပ် တွင် တွေ့ရသည့်အကြောင်း မကောင်းဆိုးဝါးကြီးသည် သမ္ဗုဒ္ဓေဂါထာ မှတစ်ပါး ဘယ်ဂါထာကိုမှမကြောက်ကြောင်း..

ထိုအချိန်မှာပင် သူကြီး၏ သမီးလေးကို မကောင်းဆိုးဝါးကြီး ကဖမ်းစားထားသည် ဟုကြားသဖြင့်

စေတနာဖြင့်လာရောက် ကုသပေးခြင်းဖြစ် ကြောင်း ရှင်းပြပြီး အတန်တန်ကန်တော့သည်ကြား ကလူနာရှင်များ စိတ်ချမ်းသာစေရန် ငွေသားတစ်ပိဿာကိုသာ လက်ခံလိုက်သည်

လူနာကိုလည်း နောက်ထပ်မကောင်းဆိုးဝါးကြီး ထပ်နောက်ယှက် မလာရန် သမ္ဗုဒ္ဓေဂါထာနှင့် မန်းပြီးလက်ဖွဲ့လုပ်ပေးခဲ့သည်..

ရွာသူရွာသား အားလုံးကိုလည်းညစဉ် အိပ်ယာဝင်ခါနီးတိုင်း သမ္ဗုဒ္ဓေ ဂါထာကြီးကို ရွတ်အိပ်ကြရန်တိုက်တွန်းခဲ့သည်။

ထို့ပြင်နောက်ကျောင်း ထိုင်ဘုန်းကြီးများကို ပြိတ္တာကြီးကလာပြီးဒုက္ခမပေးစေရန် သမ္ဗုဒ္ဓေဂါထာဖြင့် မန်းထားသောရေ များဖြင့် ကျောင်းတွင်းကျောင်းပြင်အား လုံး ကိုပက်ဖြန်းပေးခဲ့လေသည်။

ထိုအချိန်မှစ နောက်တွင် မကောင်းဆိုးဝါးကြီးသည် ထိုရွာနှင့်ကျောင်း တို့တွင် ဘယ်သောအခါမှ လာရောက်နှောက်ယှက်ခြင်း မပြုတော့ပေ .

.ဖတ်ရှု့အားပေးတဲ့ ပရိသတ်ကြီးလည်း သမ္ဗုဒ္ဓေဂါထာ အနက်အဓိပ္ပါယ်များကို သေချာသိရှပြီးဖြစ်လို့ ကျေနပ်ကြလိမ့်မယ်လို့ထင်ပါတယ်။

မူရင်း ရေးသားသူထံမှ ပြန်လည်ဖော်ပြအာသည်။ Credit.ဆရာလင်းနိုင်။