Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Unicode
ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးရဲ့ ထူးခြားအံ့သြဖွယ် ၉ ပါး
ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီးကို ပရိတ်သတ်တေ အားလုံး သိကြပြီးသားဖြစ်မှာပါနော်။
ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် မြတ်ကြီးကတော့ မြန်မာနိုင်ငံမှာရှိသော တန်ခိုးကြီးဘုရားလေးဆူထဲမှာ တစ်ဆူအပါအဝင်ဖြစ်ပါတယ်နော်။
ကျိုက်ထီးရိုးစေတီတော် ကြီးဟာအရှေ့ရိုးမတောင်တန်း၏ ပေါင်းလောင်းတောင်ပေါ်မှာ စံပယ်တော်မူလျက်ရှိပါတယ်နော်။
ပင်လယ်ရေမျက်နှာနှာပြင်အထက် ပေ ၃၆၀ဝ မှာရှိပြီးတော့ စေတီတော်ကြီးရဲ့ ကျောက်တုံးကြီး လုံးပတ်ဟာ ၅၅ တောင် တစ်မိုက်ခန့်ရှိပြီးတော့ အမြင့်ကတော့ ၈၃ တောင်မြင့်ပါတယ်နော်။
မြတ်စွာဘုရားဆံတော်များ ကိန်းဝပ် အပူဇော်ခံယူနေတယ်ဆိုတဲ့ ယုံကြည်မူနဲ့ မြန်မာနိုင်ငံက ဘုရားဖူးများသာမက တိုင်းတစ်ပါးက ဘုရားဖူးတေပါ လာရောက်ဖူးမြော်ကြတာဖြစ်ပါတယ်။
ချစ်ပရိတ်သတ်ကြီးတွက် ကျိုက်ထီးရိုးစေတီတော်ကြီးရဲ့ အံဖွယ် ၉ ပါးကို ဖော်ပြပေးလိုက်ပါတယ်နော်။
( ၁ ) မြတ်စွာဘုရား ဆံတော်မြတ်ကို မိမိဆံကျစ်ပြီး အမြဲကိုးကွယ်သော တိဿရသေ့ကြီး နာမကျန်းဖြစ်၍ ထိုဆံတော်မြတ်ကို ဌာပနာ၍ ဘုရားတည်လိုသောအခါ
သိကြားမင်းဟာ ထိုရသေ့၏ ဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးကို သမုဒ္ဒရာအတွင်းမှဆောင်ယူပြီး ကျိုက်ထီးရိုးကျောက်ဆောင်ထိပ်၌ ဘုရားတည်ရန် တင်ထားတာ ဖြစ်ပါတယ်။
(၂ ) ထိုကျောက်တုံးကြီးသည် ကျောက်တောင်စောင်းထိပ်၌ တည်ပါလျက် ငလျင်လှုပ်ခြင်းစသော အကြောင်းကြောင့် ရွေ့လျားခြင်း မရှိပါ။
(၃) ထိုကျောက်တုံးကြီးပေါ်မှာ ခက်ခဲစွာစေတီတည်ထားတော် မူခြင်း
( ၄ ) မြတ်စွာဘုရား၏ ဆံတော် ဌာပနာထည့်ထားခြင်း
(၅ ) ကမ္ဘာပေါ်တွင် ကျိုက်ထီးရိုးစေတီနှင့်တူသော စေတီ မရှိခြင်း
( ၆ ) ဘုရားဖူးတို့သည်ခက်ခဲစွာ တောတောင်လျှိုမြောင်တို့ကို ဖြတ်ကျော်ပြီး တောင်တက်ဘုရားဖူးရသည်။
( ၇ ) ဘုရားဖူးတို့သည် ဖူးမဝဖြစ်၍ နောက်ထပ်လာရောက် ဖူးပါရစေဟု ဆုတောင်း၍ အခေါက်များစွာ လာရောက်ဖူးမြော်ကြရသည်။
( ၈ ) ဘုရားဖူးတို့သည် ဘေးရန်အန္တရာယ်မရှိဘဲ ကြည်နူးချမ်းသာရခြင်း။
( ၉ ) နှစ်စဉ်မပျက် တောင်တက်ဘုရားဖူးများ အဆင်းအတက် ရှိလျက်ရင်ပြင်တော်၌ ပြည့်ကြပ်များပြားသည်။
ဗုဒ္ဓဘာသာဝင်ပရိသတ်ကြီးတို့လည်း ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်နိုင်ကြပါစေနော်။
credit Original writer