သင့္အိမ္ထဲက ပု႐ြက္ဆိတ္ေတြကို ေမာင္းထုတ္ႏိုင္မည့္ နည္းလမ္းမ်ား

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

လူ ၁၀၀ မွာ ၉၉ ဦးရဲ႕ အိမ္က ပု႐ြက္ဆိတ္ေတြ ရွိၾကမွာပါေနာ္။

သူတို႔ေတြဟာ ေနရာစုံေအာင္ေလွ်ာက္သြားၿပီးေတာ့ မိသားစု စားမယ့္

ဟင္းခြက္ထဲေတြထဲဝင္ ၊ ကိုယ္ေသာက္မယ့္ ေကာ္ဖီခြက္ထဲ ၊ အဝတ္အစားထဲ ေနရာ အႏွံ႔ပါပဲေနာ္။

 

ဒီလို အေႏွာက္အယွက္ေပးတဲ့ ပု႐ြက္ဆိတ္ေတြကို

သူ႔အသက္ သတ္တာမဟုတ္ပဲ

ပညာရွိနည္းနဲ႔ ႏွင္တဲ့နည္းေလးေတြ ေပးမယ္ေနာ္။

၁။ ပု႐ြက္ဆိတ္ဝင္လာတတ္တဲ့ မုန႔္ဘူးေတြရွိလား။

ဘူးအဖုံးအရစ္ကို အျပင္ကေန တိပ္နဲ႔ပတ္ထားပါ။

မုန႔္ဘူးရဲ႕ ေဘးပတ္လည္ကိုလည္း

တိပ္နဲ႔စည္းသားကာ က်ဳံးလို လုပ္ထားလိုက္ၾကည့္။

ပု႐ြက္ေတြေတြက တိပ္ကိုေက်ာ္လာတာရွားပါတယ္။

၂။ ေနာက္တစ္နည္းကလည္း တိပ္နဲ႔စည္းသားတာနဲ႔ အေတာ္ဆင္ပါတယ္။

ပု႐ြက္ဆိတ္လာတဲ့လမ္းေၾကာင္းမွာ ေျမျဖဴခဲနဲ႔ မ်ဥ္းသားထားပါ။

ေျမျဖဴမွာပါတဲ့ ကယ္လ္ဆီယံ

ကာဘြန္နိတ္ကို ပု႐ြက္ဆိတ္ေတြက ေၾကာက္ပါတယ္။

၃။ သံပရာ/သံပ႐ိုသီးကလည္း တကယ္စြမ္းတယ္ေနာ္။

မီးဖိုေခ်ာင္မွာ ပု႐ြက္ဆိတ္ေတြကို မျမင္ခ်င္ဘူးဆိုရင္

ပု႐ြက္ဆိတ္လာတဲ့ေနရာေတြကို သံပရာရည္ျဖန္းထားလိုက္။

ၾကမ္းျပင္ေတြကို တိုက္ေဆးရင္လည္း ေရနဲ႔သံပရာရည္ ေရာၿပီး ပြတ္တိုက္ေပးထားလိုက္ပါ။

ပု႐ြက္ဆိတ္ေတြ မလာေတာ့ပါဘူး။

၄။ ျငဳပ္ေကာင္းမႈန႔္ရဲ႕ အနံ႔ကိုလည္း ပု႐ြက္ဆိေတြက မႏွစ္သက္ပါဘူး။

အိမ္ထဲမွာ ပု႐ြက္ဆိတ္ေတြ အုံဖြဲ႕ေနရင္

ပု႐ြက္ဆိတ္အုံေပၚကို ျငဳပ္ေကာင္းမႈန႔္ ျဖဴးလိုက္ပါ။

ေျပာင္းေ႐ႊ႕သြားၾကပါလိမ့္မယ္။

၅။ Talcum Powder လို႔ေခၚတဲ့ ပူရွိန္းရွိန္းေပါင္ဒါေလးေတြကလည္း ပု႐ြက္ဆိတ္မလာေအာင္ တားဆီးေပးပါတယ္။

ေပါင္ဒါထဲမွာပါတဲ့ tartar, borax, sulfur နဲ႔ ေလးညႇင္းဆီတို႔က

ပု႐ြက္ဆိတ္ေတြမလာေအာင္ တားဆီးေပးမွာပါ။

၆။ ရွာလကာရည္ကို သုံးၿပီးေတာ့ ပု႐ြက္ဆိတ္မလာေအာင္လည္း တားဆီးႏိုင္ပါေသးတယ္။

ေရနဲ႔ရွာလကာရည္ကို ဆတူေရာၿပီး ပု႐ြက္ဆိတ္လာတဲ့ေနရာေတြကို ျဖန္းထားေပးလိုက္ရမွာ ျဖစ္ပါတယ္။

Source : RD

Unicode

လူ ၁၀၀ မှာ ၉၉ ဦးရဲ့ အိမ်က ပုရွက်ဆိတ်တွေ ရှိကြမှာပါနော်။

သူတို့တွေဟာ နေရာစုံအောင်လျှောက်သွားပြီးတော့ မိသားစု စားမယ့်

ဟင်းခွက်ထဲတွေထဲဝင် ၊ ကိုယ်သောက်မယ့် ကော်ဖီခွက်ထဲ ၊

အဝတ်အစားထဲ နေရာ အနှံ့ပါ

ပဲနော်။ ဒီလို အနှောက်အယှက်ပေးတဲ့ ပုရွက်ဆိတ်တွေကို

သူ့အသက် သတ်တာမဟုတ်ပဲ ပညာရှိနည်းနဲ့ နှင်တဲ့နည်းလေးတွေ ပေးမယ်နော်။

၁။ ပုရွက်ဆိတ်ဝင်လာတတ်တဲ့ မုန့်ဘူးတွေရှိလား။

ဘူးအဖုံးအရစ်ကို အပြင်ကနေ တိပ်နဲ့ပတ်ထားပါ။

မုန့်ဘူးရဲ့ ဘေးပတ်လည်ကိုလည်း

တိပ်နဲ့စည်းသားကာ ကျုံးလို လုပ်ထားလိုက်ကြည့်။

ပုရွက်တွေတွေက တိပ်ကိုကျော်လာတာရှားပါတယ်။

၂။ နောက်တစ်နည်းကလည်း တိပ်နဲ့စည်းသားတာနဲ့ အတော်ဆင်ပါတယ်။

ပုရွက်ဆိတ်လာတဲ့လမ်းကြောင်းမှာ မြေဖြူခဲနဲ့ မျဉ်းသားထားပါ။

မြေဖြူမှာပါတဲ့ ကယ်လ်ဆီယံ ကာဘွန်နိတ်ကို ပုရွက်ဆိတ်တွေက ကြောက်ပါတယ်။

၃။ သံပရာ/သံပရိုသီးကလည်း တကယ်စွမ်းတယ်နော်။

မီးဖိုချောင်မှာ ပုရွက်ဆိတ်တွေကို

မမြင်ချင်ဘူးဆိုရင်

ပုရွက်ဆိတ်လာတဲ့နေရာတွေကို

သံပရာရည်ဖြန်းထားလိုက်။

ကြမ်းပြင်တွေကို တိုက်ဆေးရင်လည်း

ရေနဲ့သံပရာရည် ရောပြီး

ပွတ်တိုက်ပေးထားလိုက်ပါ။

ပုရွက်ဆိတ်တွေ မလာတော့ပါဘူး။

၄။ ငြုပ်ကောင်းမှုန့်ရဲ့ အနံ့ကိုလည်း

ပုရွက်ဆိတွေက မနှစ်သက်ပါဘူး။

အိမ်ထဲမှာ ပုရွက်ဆိတ်တွေ အုံဖွဲ့နေရင်

ပုရွက်ဆိတ်အုံပေါ်ကို

ငြုပ်ကောင်းမှုန့် ဖြူးလိုက်ပါ။

ပြောင်းရွှေ့သွားကြပါလိမ့်မယ်။

၅။ Talcum Powder လို့ခေါ်တဲ့ ပူရှိန်းရှိန်းပေါင်ဒါလေးတွေကလည်း

ပုရွက်ဆိတ်မလာအောင် တားဆီးပေးပါတယ်။

ပေါင်ဒါထဲမှာပါတဲ့ tartar, borax, sulfur နဲ့ လေးညှင်းဆီတို့က

ပုရွက်ဆိတ်တွေမလာအောင် တားဆီးပေးမှာပါ။

၆။ ရှာလကာရည်ကို သုံးပြီးတော့ ပုရွက်ဆိတ်မလာအောင်လည်း တားဆီးနိုင်ပါသေးတယ်။

ရေနဲ့ရှာလကာရည်ကို ဆတူရောပြီး ပုရွက်ဆိတ်လာတဲ့နေရာတွေကို ဖြန်းထားပေးလိုက်ရမှာ ဖြစ်ပါတယ်။

Source : RD