“ဖုတ္” ဝင္တယ္ဆိုၿပီး ေသတဲ့ အေမအိုတစ္ဦးရဲ့ အေလာင္းကိုရင္ခြဲ႐ုံမွာ စစ္ေဆးၾကည့္လိုက္ေသာအခါ…

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

“ဖုတ္” ဝင္တယ္ဆိုၿပီး ေသတဲ့ အေမအိုတစ္ဦးရဲ႕ အေလာင္းကိုရင္ခြဲ႐ုံမွာ စစ္ေဆးၾကည့္လိုက္ေသာအခါ…

အေမဆာလို႔ပါ သားရယ္တဲ့လား

တကယ္ဖုတ္မဟုတ္ဘဲ မိဘအရင္းကို ဖုတ္ထုတ္တယ္ဆိုၿပီး ကိုယ္တိုင္ပဲ လုပ္သည္ျဖစ္ေစသူတစ္ပါးကိုလုပ္ခြင့္ ေပးသည္ျဖစ္ေစ၊

 

အဲဒီသားသမီး ကိုယ္တိုင္မသိလိုက္ေသာပၪၥာနႏၲရိယကံႀကီးထိုက္ပါတယ္။

ဖုတ္ဝင္တယ္ဆိုၿပီး အသတ္ခံလိုက္ရတဲ့ အဖြားတစ္ဦး ကိုယ္ေတြ႕ေလ့လာဖူးပါတယ္။ (ေဒသႏွင့္အမည္မ်ားမေျပာပါ။)

ဒီအေနအထားက သားသမီးေတြၿငိဳုျငင္႐ုံတင္မက ျမန္ျမန္ပင္ေသေစခ်င္ေနပါၿပီ။ ကိုယ့္အညစ္အေၾကးကိုေတာင္ ကိုယ္တိုင္မစြန႔္ႏိုင္ေတာ့ဘူး …။

ျပဳစုတဲ့သူေတြက႐ြံတတ္ေတာ့ ပိုဒုကၡေရာက္တာေပါ့။ ဒါေပမယ့္ တစ္ခ်ိဳ႕အဖိုးအဖြားေတြက အသက္သာႀကီးတာ ဝမ္းမီးကေကာင္းတုန္း။အိပ္ရာထဲလဲေနေပမယ့္ အစားကို ေကာင္းေကာင္းစားႏိုင္ပါတယ္။

အဲဒီလိုအစားဝင္ေနတာကိုဘဲ မသိနားမလည္ ဆရာဝင္လုပ္တဲ့ ပါတ္ဝန္းက်င္က “ဖုတ္ဝင္ေနၿပီ” တဲ့။

အသက္ကႀကီး ေရာဂါက နာတာရွည္ ျပဳစုရတာၾကာလာေတာ့ သားသမီးေတြ ေစတနာပ်က္လာ ၿပီေလ။

လူႀကီး လူမမာဆိုၿပီး ေကြၽးတာကနည္းနည္း ဆိုေတာ့ ညသန္းေကာင္အခ်ိန္ေရာက္ေတာ့ ဆာလာျပန္ေရာ။

ေကြၽးတုန္းက မဝေသးဘူးဆိုျပန္ေတာ့ အစားမ်ားရင္ ေခ်း(ခ်ီး)ထြက္မယ္ဆိုၿပီး ပန္းကန္ သိမ္းသြားတယ္ေလ။

သူတို႔ေႂကြးတာ စားေနရတဲ့ ဘဝဆိုေတာ့ ထပ္ၿပီးမေျပာရဲ ေတာ့… ၿငိမ္ေနလိုက္ရတယ္။ကိုယ္ကိုယ္တိုင္ အဖိုးအဖြားေနရာေရာက္ရင္ အဲဒီဒုကၡေတြ႕ရပါလိမ့္မယ္။

သားသမီးေတြ အိပ္ကုန္ၿပီအထင္နဲ႔ ဗိုက္ကလည္းတအား ဆာလာတာေၾကာင့္ …သားသမီးေတြကိုလည္း မႏႈိးရဲေတာ့ ဖင္တြန္းဖင္တြန္းနဲ႔ မီးဖိုေခ်ာင္ဆီကို တေ႐ြ႕ေ႐ြ႕…..

အဲဒီအခ်က္ကဘဲ ဖုတ္ဝင္ေနၿပီလို႔ စြပ္စြဲစရာျဖစ္သြားတယ္။ ဇရာဒဏ္/ေရာဂါဒဏ္ဖိစီးေနေတာ့ ေၾကာင္အိမ္ကိုအားျပဳု ၿပီး တျဖည္းျဖည္းထလိုက္တယ္။

ေဖးမမယ့္သူမရွိဘူးဆိုတဲ့ အသိေၾကာင့္သာ အားတင္းၿပီး ရပ္ႏိုင္တာ။ေဖးမမယ့္သူ တစ္ေယာက္ေလာက္ေတြ႕ရရင္ ခ်က္ခ်င္းလဲက်သြားမွာအမွန္ပါ။

အဲဒီအခ်ိန္ မသကၤာစိတ္ဝင္ေနတဲ့ သားသမီးတစ္ေယာက္က မီးဖိုေခ်ာင္မွာအသံၾကားတာနဲ႔ ထလာၿပီးလာၾကည့္တဲ့အခ်ိန္။

ေၾကာင္အိမ္ထဲေတြ႕တဲ့ငါးဟင္းကို ယူစားေနတဲ့ အေမအိုကိုေတြ႕လိုက္ေတာ့ .. အိပ္ရာေပၚက မထႏိုင္တဲ့ လူမမာ ဘယ္သူမွမသိေအာင္ သန္းေကာင္အခ်ိန္မွာ သူ႔ဟာသူ ထစားေနတာဟာ ဧကႏၲဖုတ္ဆို တာမ်ားလား…?

အဲဒီအခ်ိန္မွာ….“အေမဘာလုပ္ေနတာလဲ”လို႔ ေမးေရာ …..သားသမီးကို႐ုတ္တရက္ ေတြ႕လိုက္ရတဲ့အေမအိုဟာ ငါ့ကို ေဖးမေပးမယ့္ သားေရာက္လာၿပီဆိုၿပီး အားကိုးတဲ့အေနနဲ႔ တင္းထားတဲ့စိတ္ကို ေလွ်ာ့ခ် လိုက္တာနဲ႔ ေခြကနဲလဲက်သြား ေတာ့တယ္။

အဲဒီအခ်က္က ဖုတ္ဝင္တာ ေသခ်ာၿပီလို႔ အဆုံးအျဖတ္ေပး လိုက္သလိုပဲ။ အဲဒီေန႔ကစၿပီး ဆရာပင့္ၿပီးဖုတ္ထုတ္ေတာ့တာပဲ။

ဆရာကအမ်ိဳးမ်ိဳး ေဆးစြမ္းေရာ လက္စြမ္းေရာ ျပေပမယ့္ ဖုတ္မွမဟုတ္တာ ဘယ္လိုလုပ္ဖုတ္ထြက္မလဲ။

ေနာက္ဆုံးမွာ ဆရာက သူ႔သိကၡာက်မွာစိုလို႔ လူနာရွင္ကို ခံဝန္လုပ္ခိုင္းပါေတာ့တယ္။ဒီဖုတ္က စက္အာဏာအေတာ္ႀကီးၿပီျဖစ္လို႔ ေတာ္႐ုံနဲ႔ လုပ္လို႔ရမွာမဟုတ္ဘူး။

ေနာက္ဆုံးအဆင့္ စက္ျဖတ္ေဆး တိုက္မွရေတာ့မယ္ …

အဲဒါလူနာရွင္ အာမခံေပးပါေပါ့။ သားသမီးေတြက အသိဉာဏ္ဗဟု သုတကလည္းမရွိ လူနာအေမအိုကို စိတ္ပ်က္တဲ့ အခံနဲ႔ ဆရာကို တဖက္သတ္ ယုံၾကည္ၿပီး ခံဝန္လုပ္ေပးလိုက္ တယ္။

သူတို႔သေဘာတူၿပီး ကုတာပါေပါ့။ ဆရာရဲ႕ေနာက္ဆုံး စက္ျဖတ္ေဆးလည္း တိုက္ၿပီးေရာ လူနာအေမအိုခမ်ာ လူးလိမ့္ေနေအာင္ခံစားလိုက္ရတယ္။

ဒါကိုဘဲ လုနာမွာဝင္ပူးကပ္ေနတဲ့ ဖုတ္က ဆရာရဲ႕စက္ျဖတ္ ေဆးေတာ္ႀကီးရဲ႕အစြမ္းကို ဘယ္ဖုတ္ အမ်ိဳးအစားမွမခံႏိုင္ပါဘူးဆိုၿပီး ဂုဏ္ယူဝင့္ႂကြားေနတယ္။

တစတစနဲ႔ လူနာအေမအို႐ုန္းကန္လူးလြန႔္ ေနရာက တျဖည္းျဖည္းနဲ႔ ၿငိမ္က်သြားပါေတာ့တယ္။ ရက္ရွည္လမ်ား လူနာမွာစြဲကပ္ၿပီး ညာစားေနတဲ့ ဧရာမေနာက္ဆုံးအဆင့္ ဖုတ္ထြက္သြားပါၿပီ။

အဲဒီမွာ ေက်း႐ြာမွာတာဝန္က်ေနတဲ့ေက်ာင္းဆရာေလးက ဒီျဖစ္စဥ္ကို မေက်နပ္တာနဲ႔ၿမိဳ႕ကသူ႔သူငယ္ခ်င္း ဆရာဝန္ကို အေၾကာင္းၾကားေတာ့ ဆရာဝန္က အေလာင္းကိုရင္ခြဲ႐ုံမွာစစ္ေဆးလိုက္ေတာ့မွ အေျဖေပၚေတာ့တယ္။

လားလား ေအာက္လမ္းဆရာရဲ႕ စက္ျဖတ္ေဆးက အစြမ္းထက္မွာေပါ့…ႂကြက္သတ္ေဆးေတြ ျဖစ္ေနတာကိုး တိုတိုေျပာရင္ ေအာက္လမ္းဆရာကလည္း လူသတ္မႈနဲ႔ေထာင္က် သြားတယ္။

တိုတိုေျပာလို႔မရတာက ပၪၥာနႏၲရိယကံကို က်ဴးလြန္ လိုက္တဲ့ သားသမီးေတြ သိလို႔ပဲျဖစ္ျဖစ္ မသိလို႔ဘဲျဖစ္ျဖစ္ ဒီကံအတြက္ ေပးဆပ္ရမယ့္ အျပစ္ေႂကြးက မေသးဘူးဆိုတာ…

သားသမီးတိုင္းသိႏိုင္ၾကပါေစ..

ေလးစားစြာျဖင့္ ခရစ္ဒက္ …… သတင္းစုံ Group

Unicode

“ဖုတ်” ဝင်တယ်ဆိုပြီး သေတဲ့ အမေအိုတစ်ဦးရဲ့ အလောင်းကိုရင်ခွဲရုံမှာ စစ်ဆေးကြည့်လိုက်သောအခါ…

အမေဆာလို့ပါ သားရယ်တဲ့လား

တကယ်ဖုတ်မဟုတ်ဘဲ မိဘအရင်းကို ဖုတ်ထုတ်တယ်ဆိုပြီး ကိုယ်တိုင်ပဲ လုပ်သည်ဖြစ်စေသူတစ်ပါးကိုလုပ်ခွင့် ပေးသည်ဖြစ်စေ၊

အဲဒီသားသမီး ကိုယ်တိုင်မသိလိုက်သောပဉ္စာနန္တရိယကံကြီးထိုက်ပါတယ်။

ဖုတ်ဝင်တယ်ဆိုပြီး အသတ်ခံလိုက်ရတဲ့ အဖွားတစ်ဦး ကိုယ်တွေ့လေ့လာဖူးပါတယ်။ (ဒေသနှင့်အမည်များမပြောပါ။)

ဒီအနေအထားက သားသမီးတွေငြိုုငြင်ရုံတင်မက မြန်မြန်ပင်သေစေချင်နေပါပြီ။ ကိုယ့်အညစ်အကြေးကိုတောင် ကိုယ်တိုင်မစွန့်နိုင်တော့ဘူး …။

ပြုစုတဲ့သူတွေကရွံတတ်တော့ ပိုဒုက္ခရောက်တာပေါ့။ ဒါပေမယ့် တစ်ချို့အဖိုးအဖွားတွေက အသက်သာကြီးတာ ဝမ်းမီးကကောင်းတုန်း။အိပ်ရာထဲလဲနေပေမယ့် အစားကို ကောင်းကောင်းစားနိုင်ပါတယ်။

အဲဒီလိုအစားဝင်နေတာကိုဘဲ မသိနားမလည် ဆရာဝင်လုပ်တဲ့ ပါတ်ဝန်းကျင်က “ဖုတ်ဝင်နေပြီ” တဲ့။

အသက်ကကြီး ရောဂါက နာတာရှည် ပြုစုရတာကြာလာတော့ သားသမီးတွေ စေတနာပျက်လာ ပြီလေ။

လူကြီး လူမမာဆိုပြီး ကျွေးတာကနည်းနည်း ဆိုတော့ ညသန်းကောင်အချိန်ရောက်တော့ ဆာလာပြန်ရော။

ကျွေးတုန်းက မဝသေးဘူးဆိုပြန်တော့ အစားများရင် ချေး(ချီး)ထွက်မယ်ဆိုပြီး ပန်းကန် သိမ်းသွားတယ်လေ။

သူတို့ကြွေးတာ စားနေရတဲ့ ဘဝဆိုတော့ ထပ်ပြီးမပြောရဲ တော့… ငြိမ်နေလိုက်ရတယ်။ကိုယ်ကိုယ်တိုင် အဖိုးအဖွားနေရာရောက်ရင် အဲဒီဒုက္ခတွေ့ရပါလိမ့်မယ်။

သားသမီးတွေ အိပ်ကုန်ပြီအထင်နဲ့ ဗိုက်ကလည်းတအား ဆာလာတာကြောင့် …သားသမီးတွေကိုလည်း မနှိုးရဲတော့ ဖင်တွန်းဖင်တွန်းနဲ့ မီးဖိုချောင်ဆီကို တရွေ့ရွေ့…..

အဲဒီအချက်ကဘဲ ဖုတ်ဝင်နေပြီလို့ စွပ်စွဲစရာဖြစ်သွားတယ်။ ဇရာဒဏ်/ရောဂါဒဏ်ဖိစီးနေတော့ ကြောင်အိမ်ကိုအားပြုု ပြီး တဖြည်းဖြည်းထလိုက်တယ်။

ဖေးမမယ့်သူမရှိဘူးဆိုတဲ့ အသိကြောင့်သာ အားတင်းပြီး ရပ်နိုင်တာ။ဖေးမမယ့်သူ တစ်ယောက်လောက်တွေ့ရရင် ချက်ချင်းလဲကျသွားမှာအမှန်ပါ။

အဲဒီအချိန် မသင်္ကာစိတ်ဝင်နေတဲ့ သားသမီးတစ်ယောက်က မီးဖိုချောင်မှာအသံကြားတာနဲ့ ထလာပြီးလာကြည့်တဲ့အချိန်။

ကြောင်အိမ်ထဲတွေ့တဲ့ငါးဟင်းကို ယူစားနေတဲ့ အမေအိုကိုတွေ့လိုက်တော့ .. အိပ်ရာပေါ်က မထနိုင်တဲ့ လူမမာ ဘယ်သူမှမသိအောင် သန်းကောင်အချိန်မှာ သူ့ဟာသူ ထစားနေတာဟာ ဧကန္တဖုတ်ဆို တာများလား…?

အဲဒီအချိန်မှာ….“အမေဘာလုပ်နေတာလဲ”လို့ မေးရော …..သားသမီးကိုရုတ်တရက် တွေ့လိုက်ရတဲ့အမေအိုဟာ ငါ့ကို ဖေးမပေးမယ့် သားရောက်လာပြီဆိုပြီး အားကိုးတဲ့အနေနဲ့ တင်းထားတဲ့စိတ်ကို လျှော့ချ လိုက်တာနဲ့ ခွေကနဲလဲကျသွား တော့တယ်။

အဲဒီအချက်က ဖုတ်ဝင်တာ သေချာပြီလို့ အဆုံးအဖြတ်ပေး လိုက်သလိုပဲ။ အဲဒီနေ့ကစပြီး ဆရာပင့်ပြီးဖုတ်ထုတ်တော့တာပဲ။

ဆရာကအမျိုးမျိုး ဆေးစွမ်းရော လက်စွမ်းရော ပြပေမယ့် ဖုတ်မှမဟုတ်တာ ဘယ်လိုလုပ်ဖုတ်ထွက်မလဲ။

နောက်ဆုံးမှာ ဆရာက သူ့သိက္ခာကျမှာစိုလို့ လူနာရှင်ကို ခံဝန်လုပ်ခိုင်းပါတော့တယ်။ဒီဖုတ်က စက်အာဏာအတော်ကြီးပြီဖြစ်လို့ တော်ရုံနဲ့ လုပ်လို့ရမှာမဟုတ်ဘူး။

နောက်ဆုံးအဆင့် စက်ဖြတ်ဆေး တိုက်မှရတော့မယ် …

အဲဒါလူနာရှင် အာမခံပေးပါပေါ့။ သားသမီးတွေက အသိဉာဏ်ဗဟု သုတကလည်းမရှိ လူနာအမေအိုကို စိတ်ပျက်တဲ့ အခံနဲ့ ဆရာကို တဖက်သတ် ယုံကြည်ပြီး ခံဝန်လုပ်ပေးလိုက် တယ်။

သူတို့သဘောတူပြီး ကုတာပါပေါ့။ ဆရာရဲ့နောက်ဆုံး စက်ဖြတ်ဆေးလည်း တိုက်ပြီးရော လူနာအမေအိုခမျာ လူးလိမ့်နေအောင်ခံစားလိုက်ရတယ်။

ဒါကိုဘဲ လုနာမှာဝင်ပူးကပ်နေတဲ့ ဖုတ်က ဆရာရဲ့စက်ဖြတ် ဆေးတော်ကြီးရဲ့အစွမ်းကို ဘယ်ဖုတ် အမျိုးအစားမှမခံနိုင်ပါဘူးဆိုပြီး ဂုဏ်ယူဝင့်ကြွားနေတယ်။

တစတစနဲ့ လူနာအမေအိုရုန်းကန်လူးလွန့် နေရာက တဖြည်းဖြည်းနဲ့ ငြိမ်ကျသွားပါတော့တယ်။ ရက်ရှည်လများ လူနာမှာစွဲကပ်ပြီး ညာစားနေတဲ့ ဧရာမနောက်ဆုံးအဆင့် ဖုတ်ထွက်သွားပါပြီ။

အဲဒီမှာ ကျေးရွာမှာတာဝန်ကျနေတဲ့ကျောင်းဆရာလေးက ဒီဖြစ်စဉ်ကို မကျေနပ်တာနဲ့မြို့ကသူ့သူငယ်ချင်း ဆရာဝန်ကို အကြောင်းကြားတော့ ဆရာဝန်က အလောင်းကိုရင်ခွဲရုံမှာစစ်ဆေးလိုက်တော့မှ အဖြေပေါ်တော့တယ်။

လားလား အောက်လမ်းဆရာရဲ့ စက်ဖြတ်ဆေးက အစွမ်းထက်မှာပေါ့…ကြွက်သတ်ဆေးတွေ ဖြစ်နေတာကိုး တိုတိုပြောရင် အောက်လမ်းဆရာကလည်း လူသတ်မှုနဲ့ထောင်ကျ သွားတယ်။

တိုတိုပြောလို့မရတာက ပဉ္စာနန္တရိယကံကို ကျူးလွန် လိုက်တဲ့ သားသမီးတွေ သိလို့ပဲဖြစ်ဖြစ် မသိလို့ဘဲဖြစ်ဖြစ် ဒီကံအတွက် ပေးဆပ်ရမယ့် အပြစ်ကြွေးက မသေးဘူးဆိုတာ…

သားသမီးတိုင်းသိနိုင်ကြပါစေ..

လေးစားစွာဖြင့် ခရစ်ဒက် …… သတင်းစုံ Group