Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
Source – elitereaders
crd-မူရင်းတင်သူ
Unicode
အတင်းအကျပ်ခိုင်းစေခံရမှုကြောင့် အဖေအရွယ်အမျိုးသားနဲ့ လက်ထပ်ခဲ့ရတဲ့ သမီးလေး
ဒီဖြစ်ရပ်လေးကတော့ Philippine နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပြီး ကလေးမလေးရဲ့ နာမည်ကတော့ Asnaira ပဲ ဖြစ်ပါတယ်။
သူမဟာ အသက် 13 နှစ်အရွယ် သာရှိသေးပြီး အသက် 48 နှစ်အရွယ်အမျိုးသားနဲ့ လက်ထပ်ဖို့ အတင်းအကျပ်စေခိုင်းခံခဲ့ရတာပဲ ဖြစ်ပါတယ်။
အသက် 48 နှစ်အရွယ်အမျိုးသားရဲ့ နာမည်ကတော့ Abdulrzak ဖြစ်ပီး ဒီကလေးမလေးကို သူ့ရဲ့ ငါးယောက်မြောက် မိန်းမအဖြစ် လက်ထပ်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလက်ထပ်ပွဲကို လာရောက်ဂူဏ်ပြုပေးသူတွေကတော့ မျက်နှာတွေ ပြုံးရွှင်နေကြပေမယ့် ကလေးမလေးရဲ့မျက်နှာမှာတော့ အပြုံးတွေပြောက်ဆုံးနေတာကို တွေ့ရပါတယ်။
Abdularak ကတော့ သူ့ရဲ့ငါးယောက်မြောက် မိန်းမဖြစ်တဲ့ ဒီကလေးမလေးကို သူတို့နှစ်ဦးရဲ့ ကိုယ်ပိုင်ကလေးမရှိခင်အချိန်ထိ ကျောင်းကိုပို့ပေးသွားမယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ဒီကလေးမလေးဟာ အိမ်အလုပ်တွေလုပ်ရင်းနဲ့ သူ့ယောကျာ်းအရင်မိန်းမနဲ့ ရထားတဲ့ သူမနဲ့သက်တူရွယ်တူ ကလေးတွေကို ပြုစုစောင့်ရှောက်နေရတယ်လို့ သိရပါတယ်။
Source – elitereaders
crd-မူရင်းတင်သူ