“ေသနတ္ၿပီးေသာ ငါးၾကင္းအင္းဆရာေတာ္ ႏွင့္ K.N.U တပ္မင္းႀကီး လင္းထင္ ထိပ္တိုက္ေတြ႕ဆုံျခင္း”

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

သထုံၿမိဳ႕နယ္၊ေနာင္ကုလား႐ြာအနီးရွိ အလံတစ္ရာေစတီေတာ္၌ “လင္းထင္ဓမၼ႐ုံ” အမည္ျဖင့္ ဓမၼာ႐ုံတစ္ေဆာင္ရွိသည္။

ထိုဓမၼာ႐ုံ၏အလႉရွင္မွာ ဗုဒၶဘာသာဝင္မဟုတ္ဘဲ ေကာ္သူးေလ(ယခုအေခၚ) K.N.U, တပ္ မဟာ(၅) မွ ခရစ္ယာန္ဘာသာဝင္တပ္မင္းႀကီးလင္းထင္ျဖစ္သည္။

ထိုဓမၼာ႐ုံေဆာက္လုပ္လႉဒါန္းျဖစ္ျခင္း၏ ေနာက္ခံအေၾကာင္းအရင္းမွာ လြန္စြာစိတ္ဝင္စားဖို႔ေကာင္းလွသည္။

 

ျဖစ္စဥ္မွာ ဤသို႔ျဖစ္သည္-

၁၃၂၄ ခုႏွစ္၊ေဆာင္းတြင္းရက္တစ္ရက္၌ ဘီလင္းၿမိဳ႕နယ္မွ ငါးၾကင္းအင္းဆရာေတာ္သည္ ဘုရားတည္ရန္အတြက္ ခြင့္ျပဳမိန႔္ေတာင္းခံရန္ ေကာ္သူးေလ တပ္မဟာ (၅) သို႔ႂကြေရာက္လာသည္။

ဗုဒၶဘာသာမ်ား ဘုရားတည္၊ေက်ာင္းေဆာက္၊ ရွင္ျပဳ,ရဟန္းခံဘာသာေရးကိစၥမွန္သမွ်ကို ေကာ္သူးေလအဖြဲ႕ထံတင္ျပရသည္။၎တို႔သေဘာတူခြင့္ျပဳမႈသာ လုပ္ခြင့္ရသည္။ ခြင့္မျပဳက လုပ္ခြင့္မရၾကေပ။

တပ္မဟာ(၅) သို႔ ငါးၾကင္းအင္းဆရာေတာ္ေရာက္ရွိခ်ိန္၌ တပ္မင္းႀကီးလင္းထင္မရွိ၍ ႐ုံးခန္းအတြင္းရွိတပ္မင္းႀကီး၏ ကုလားထိုင္တြင္ထိုင္၍ ေစာင့္ေနသည္။ (၂) နာရီခန႔္အခါတြင္ တပ္မင္းႀကီးလင္းထင္ေရာက္လာသည္။

၎၏ေနရာတြင္ ဗုဒၶဘာသာဘုန္းႀကီးတစ္ပါးထိုင္ေနသည္ကိုေတြ႕၍ ေဒါသအႀကီးအက်ယ္ထြက္သြားသည္။

“ရာရာစစ ဒင္းကမ်ား ငါ့ေနရာကိုထိုင္ရဲတယ္၊သိၾကေသးတာေပါ့” ဟုႀကိမ္းဝါးကား ခါးၾကားမွေျခာက္လုံးျပဴးေသနပ္ကိုထုတ္ကာ ဘာမွမေျပာဘဲ ငါးၾကင္းအင္းဆရာေတာ္ထံခ်ိန္႐ြယ္၍ ပစ္ထည့္လိုက္သည္။

သို႔ေသာ္ ၎၏ေျခာက္လုံးျပဴးေသနပ္ဆီမွ “ကလစ္”ဆိုေသာအသံမွလြဲ၍ ယမ္းေပါက္ကြဲသံလည္းထြက္မလာ၊က်ည္ဆံလည္းမထြက္လာခဲ့။

ထို႔ေၾကာင့္ ေဒါသပိုထြက္ၿပီး ဒုတိယအႀကိမ္ ေမာင္းတင္၍ ပစ္ျပန္သည္။ ေသနပ္ကား ထူးမျခားနားပင္။

ငါးၾကင္းအင္းဆရာေတာ္မွာ ၎အားေသနပ္ျဖင့္ပစ္ခပ္ေနေသာ တပ္မင္းႀကီးလင္းထင္ကို တည္ၿငိမ္ေအးေဆးစြာၾကည့္၍ ” ဒကာႀကီးေသနပ္က က်ည္မေကာင္းလို႔မ်ားလား၊ က်ည္အသစ္လဲၿပီး ပစ္ၾကည့္ပါဦး” မိန႔္လိုက္သည္။

ဆရာေတာ္စကားၾကားသည့္အခါ တပ္မင္းလင္းထင္သည္ ပို၍ေဒါသထြက္သြားသည္။ မိမိကဲ့သို႔ တပ္မင္းႀကီးတစ္ဦးကို ဗုဒၶဘာသာဘုန္းႀကီးတစ္ပါးက မထီေလးစားျပဳ႐ုံသာမက ပမာမခန႔္ပါေျပာေနသည္ဟု ခံစားရသည္။

ထို႔ေၾကာင့္ ေသနပ္ကို က်ည္အသစ္လဲၿပီး ခလုပ္ကို ဒလစပ္ဆြဲလိုက္သည္။ဒုတိယအႀကိမ္၌လည္း က်ည္ထြက္မလာျပန္ေပ။

“ဒကာႀကီး တစ္ျခားေသနပ္နဲ႔ပစ္ၾကည့္ပါဦး”

ဆရာေတာ္စကားသည္ မိမိကိုပ်က္ရယ္ျပဳေနသည္ဟုထင္ေနသည္။ ေဒါသမွာ အဆုံးစြန္ထိေရာက္သြားသည္။

“ဒီေလာက္ေသခ်င္တဲ့ ဘုန္းႀကီးေသရေစမယ္” ဟုတိုကာ ေမာင္းျပန္႐ိုင္ဖယ္ကိုယူ၍ အဆုံးထိစိတ္ရွိလက္ရွိဆြဲခ်လိုက္သည္။

“ကလစ္…ကလစ္..” ဆိုေသာအသံမွလြဲ၍ မည္သည္အသံ၊မည္သည့္က်ည္မွထြက္မလာ။

“ဒကာႀကီး ဘုန္းႀကီးကိုမပစ္ဘဲ တစ္ျခားတစ္ေနရာကိုပစ္ၾကည့္ပါဦး”

တပ္မင္းလင္းထင္သည္ ဆရာေတာ္ေျပာသည့္အတိုင္း နံရံဘက္သို႔ခ်ိန္႐ြယ္၍ ပစ္လိုက္သည္။

“ဒိုင္း…ဒိုင္း…”

ယမ္းေပါက္ကြဲသံမ်ားမွာ က်ယ္ေလာင္စြာထြက္ေပၚလာသည္။

“ဟုတ္ၿပီဒကာႀကီး ဘုန္းႀကီးဘက္ကိုလွည့္ၿပီး ပစ္ၾကည့္ပါဦး”

“ကလစ္….ကလစ္…..”

တပ္မင္းႀကီးလင္းထင္မွာ ေဒါသမွေန၍ အံ့ၾသျခင္းသို႔ေျပာင္းလဲသြားသည္။ မိမိတစ္သက္တြင္ ထိုကဲ့သို႔ေသာ ထူးဆန္းေသာအျဖစ္အပ်က္မ်ိဳးတစ္ခါမွမႀကဳံဖူးခဲ့။

ဘုန္းႀကီးမ်က္ႏွာမွာလည္း ၾကာက္လန႔္သည့္ပုံစံမရွိ တည္ၿငိမ္ေနသည္။

အံ့အားသင့္စိတ္ႏွင့္အတူ အထင္ႀကီးေလးစားစိတ္မ်ားျဖစ္ေပၚလာၿပီး ဆရာေတာ္ႂကြလာျခင္းအေၾကာင္းကိုေမး၍ ဆရာေတာ္စိတ္တိုင္းက် ေဆာင္႐ြက္ေပးလိုက္သည္။

(တပ္မင္းႀကီးလင္းထင္ ႏွင့္ ဇနီး)

ငါးၾကင္းအင္းဆရာေတာ္ျပန္ႂကြသြားေသာ္လည္း တပ္မင္းလင္းထင္စိတ္၌ ဆရာေတာ္အေၾကာင္းကိုသာ စြဲထင္ေနသည္။ “အေတာ္စြမ္းတဲ့ ဘုန္းႀကီးပဲ တစ္ျခားဘုန္းႀကီးေတြေကာ သူလိုေသနပ္ၿပီးသလား” ဟု အေတြးဝင္လာသည္။ အေတြးႏွင့္အတူ စမ္းသပ္ခ်င္စိတ္လည္းျဖစ္ေပၚလာသည္။ ထို႔ေၾကာင့္ စမ္းသပ္မည့္ဆရာေတာ္ကိုေ႐ြးသည္။ ထိုအခ်ိန္က ၎တို႔နယ္တစ္ဝိုက္တြင္ နာမည္ႀကီးစျပဳေနေသာ “အလံတစ္ရာဆရာေတာ္”ကို စမ္းသပ္ရန္ ေ႐ြးခ်ယ္လိုက္သည္။

ေနာက္ေန႔နံနက္တြင္ သထုံၿမိဳ႕နယ္၊ေနာင္ကုလား႐ြာအနီးတြင္ သီတင္းသုံးေနေသာ အလံတစ္ရာဆရာေတာ္ထံထြက္လာသည္။

ဆရာေတာ္ထံေရာက္သည့္အခါ ငါးၾကင္းအင္းဆရာေတာ္ႏွင့္ ၎၏အျဖစ္အပ်က္ကိုေျပာ၍ ” အရွင္ဘုရားလည္း ေသနပ္ၿပီး၊မၿပီးဆိုတာ တပည့္ေတာ္စမ္းသပ္ခ်င္ပါတယ္၊ ခြင့္ျပဳေပးႏိုင္မလား”

ဆရာေတာ္သည္ တည္ၿငိမ္ေသာဣေျႏၵျဖင့္ ၿပဳံးေတာ္မူ၍ “ဒကာႀကီး ပစ္ခ်င္တယ္ဆိုရင္ ပစ္ႏိုင္ပါတယ္” ဟုဆိုကာ အေပၚ႐ုံဧကသီသကၤန္းကိုဖယ္ေပးလိုက္သည္။

တပ္မင္းမင္းထင္သည္ သကၤန္းမဲ့၍ ဟာလာဟင္းလင္းျဖစ္ေနေသာ ဆရာေတာ္၏ရင္ဝတည့္တည့္ကို ေသနပ္ျဖင့္ထိုးခ်ိန္လိုက္သည္။ အားယူ၍ေမာင္းခလုပ္ကိုညႇစ္လိုက္သည္။ ဘယ္လိုမွ လက္ညႇိဳးကားေကြး၍မရဘဲျဖစ္ေနသည္။

သတ္ရဲျဖတ္ရဲ လက္ယဥ္လွေသာ တပ္မင္းလင္းထင္၏စိတ္၌ ေၾကာက္စိတ္မ်ားတစ္မဟုတ္ျခင္းျပန႔္ႏွံ႔သြားသည္။ ဘာကိုေၾကာက္မွန္းလည္းမသိဘဲ ေဇာေခြၽးမ်ားပင္ျပန္လာသည္။

ဆရာေတာ္ကိုလည္းဆက္၍မစမ္းသတ္ရဲေတာ့ဘဲ တပ္မဟာ(၅)သို႔ျပန္လာခဲ့သည္။

တပ္တြင္းေရာက္ေသာ္လည္း စိတ္ႏွင့္လူမွာမကပ္ဘဲျဖစ္ေနသည္။ ေပ်ာ္႐ႊင္ျခင္းမရွိေတာ့ဘဲအမွားႀကီးတစ္ခုခုကိုၾကဴးလြန္ထားသလို စိတ္ထဲ၌ခံစားေနရသည္။

ေနမထိထိုင္မသျဖစ္ကာ ဘယ္လိုမွေနမရေတာ့သျဖင့္ အလံတစ္ရာဆရာေတာ္ထံသြား၍ ခြင့္လႊတ္ေပးပါရန္ ေလွ်ာက္ထားေတာင္းပန္သည္။

၎၏ျပစ္မႈအေႂကြးကို ဆပ္သည့္အေနျဖင့္ အလံတစ္ရာဘုရားတြင္ ဓမၼာ႐ုံတစ္ေဆာင္ ေဆာက္လုပ္လႉဒါန္းခြင့္ေပးပါရန္ ဆရာေတာ္အားေလွ်ာက္ထားသည္။

ဆရာေတာ္ခြင့္ျပဳသျဖင့္ ၁၃၂၄-ခုႏွစ္ တပိုတြဲလဆန္း(၇)ရက္ေန႔တြင္ တိုင္ေပါင္း(၁၇၄) တိုင္ရွိေသာ “လင္းထင္ဓမၼာ႐ုံႀကီး” ကိုအုတ္ျမစ္ခ်ခဲ့သည္။ ဓမၼာ႐ုံမွာ ေျမေပၚသို႔အေတာ္အသင့္တက္လာသည္။ ၿပီးဖို႔ရန္ကား အေတာ္လိုေနေသးသည္။

တစ္ရက္တြင္ အလံတစ္ရာဆရာေတာ္သည္ တပ္မင္းလင္းထင္ကိုေခၚ၍ –

“ဒကာႀကီး ဓမၼာ႐ုံေဆာက္ရာမွာ ျပဳလုပ္ၿပီးစီးခဲ့တဲ့ ကုသိုလ္ေတြကို ေရစက္ခ်ပါ”

“ဆရာေတာ္ဘုရား၊ ဓမၼ႐ုံက ခုမွအစပဲရွိပါေသးတယ္ဘုရား။ ၿပီးစီးဖို႔အမ်ားႀကီးလိုပါေသးတယ္၊ အားလုံးၿပီးမွပဲ ေရစက္ခ်ပြဲလုပ္ပါ့မယ္ဘုရား”

“ၿပီးသြားရင္လဲ ၿပီးသြားတဲ့အေလ်ာက္ေပါ့၊ အခုေတာ့ ၿပီးသေလာက္ကိုသာ ေရစက္ခ်လိုက္ပါ”

ဆရာေတာ္က ေသျခာမိန႔္ေနသျဖင့္ တပ္မင္းလင္းထင္မွာ အထြန႔္မတက္ေတာ့ဘဲ ၿပီးသေလာက္ကိုေရစက္ခ်လိုက္သည္။

ဆရာေတာ္သည္ တပ္မင္းလင္းထင္၏ ကံၾကမၼာကိုႀကိဳျမင္၍ ေရစက္ခ်ခိုင္းေလျခင္းေပေလာ၊ တိုက္ဆိုင္ျခင္ေပေလာေတာ့ အတိအက်မေျပာႏိုင္။

ေရစက္ခ်အၿပီး (၅)ရက္ေျမာက္ေန႔တြင္ တိုက္ပြဲတစ္ခု၌ တပ္မင္းႀကီးလင္းထင္က်ဆုံးသြားခဲ့ရသည္။

တပ္မင္းႀကီးက်ဆုံးသြားၿပီးေနာက္ ၎၏ကုသိုလ္ေတာ္ဓမၼာ႐ုံႀကီးလည္း အၿပီးမသတ္ႏိုင္ဘဲရွိခဲ့သည္။ ဓမၼ႐ုံအုတ္ျမစ္ခ်ၿပီး (၃၅) ႏွစ္အၾကာ၌ အလံတစ္ရာၾသဝါဒါစရိယဆရာေတာ္မ်ား၏ ေမတၱာရပ္ခံမႈ၊

ေဂါပကဒကာမ်ား၏ေတာင္းပန္ေလွ်ာက္ထားမႈတို႔ေၾကာင့္ ၿမိဳင္ႀကီးငူဆရာေတာ္သည္ K.N.U တပ္မဟာ(၁) နယ္ေျမျဖစ္ေသာ အလံတစ္ရာေစတီေတာ္ပရိဝုဏ္းအတြင္းရွိ “လင္းထင္ဓမၼာ႐ုံႀကီး”ကို အခက္အခဲမ်ိဳးစုံၾကားမွ ၁၉၉၇ ခုႏွစ္တြင္ အသစ္ထပ္မံတည္ေဆာက္ေပးခဲ့သည္။

သုခိတာ ေဟာထ၊ ဒုကၡာ မုစၥထ

(ခ်မ္းသာဟူသမွ် ျပည္စုံၾကပါေစ၊ ဆင္းရဲမွန္သမွ် ကင္းေဝၾကပါေစ)

Credit – ဓမၼဝီရ ေဒါက္တာေတဇနိယ

Unicode

သထုံမြို့နယ်၊နောင်ကုလားရွာအနီးရှိ အလံတစ်ရာစေတီတော်၌ “လင်းထင်ဓမ္မရုံ” အမည်ဖြင့် ဓမ္မာရုံတစ်ဆောင်ရှိသည်။

ထိုဓမ္မာရုံ၏အလှူရှင်မှာ ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ ကော်သူးလေ(ယခုအခေါ်) K.N.U, တပ် မဟာ(၅) မှ ခရစ်ယာန်ဘာသာဝင်တပ်မင်းကြီးလင်းထင်ဖြစ်သည်။

ထိုဓမ္မာရုံဆောက်လုပ်လှူဒါန်းဖြစ်ခြင်း၏ နောက်ခံအကြောင်းအရင်းမှာ လွန်စွာစိတ်ဝင်စားဖို့ကောင်းလှသည်။

ဖြစ်စဉ်မှာ ဤသို့ဖြစ်သည်-

၁၃၂၄ ခုနှစ်၊ဆောင်းတွင်းရက်တစ်ရက်၌ ဘီလင်းမြို့နယ်မှ ငါးကြင်းအင်းဆရာတော်သည် ဘုရားတည်ရန်အတွက် ခွင့်ပြုမိန့်တောင်းခံရန် ကော်သူးလေ တပ်မဟာ (၅) သို့ကြွရောက်လာသည်။

ဗုဒ္ဓဘာသာများ ဘုရားတည်၊ကျောင်းဆောက်၊ ရှင်ပြု,ရဟန်းခံဘာသာရေးကိစ္စမှန်သမျှကို ကော်သူးလေအဖွဲ့ထံတင်ပြရသည်။၎င်းတို့သဘောတူခွင့်ပြုမှုသာ လုပ်ခွင့်ရသည်။ ခွင့်မပြုက လုပ်ခွင့်မရကြပေ။

တပ်မဟာ(၅) သို့ ငါးကြင်းအင်းဆရာတော်ရောက်ရှိချိန်၌ တပ်မင်းကြီးလင်းထင်မရှိ၍ ရုံးခန်းအတွင်းရှိတပ်မင်းကြီး၏ ကုလားထိုင်တွင်ထိုင်၍ စောင့်နေသည်။ (၂) နာရီခန့်အခါတွင် တပ်မင်းကြီးလင်းထင်ရောက်လာသည်။

၎င်း၏နေရာတွင် ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးထိုင်နေသည်ကိုတွေ့၍ ဒေါသအကြီးအကျယ်ထွက်သွားသည်။

“ရာရာစစ ဒင်းကများ ငါ့နေရာကိုထိုင်ရဲတယ်၊သိကြသေးတာပေါ့” ဟုကြိမ်းဝါးကား ခါးကြားမှခြောက်လုံးပြူးသေနပ်ကိုထုတ်ကာ ဘာမှမပြောဘဲ ငါးကြင်းအင်းဆရာတော်ထံချိန်ရွယ်၍ ပစ်ထည့်လိုက်သည်။

သို့သော် ၎င်း၏ခြောက်လုံးပြူးသေနပ်ဆီမှ “ကလစ်”ဆိုသောအသံမှလွဲ၍ ယမ်းပေါက်ကွဲသံလည်းထွက်မလာ၊ကျည်ဆံလည်းမထွက်လာခဲ့။

ထို့ကြောင့် ဒေါသပိုထွက်ပြီး ဒုတိယအကြိမ် မောင်းတင်၍ ပစ်ပြန်သည်။ သေနပ်ကား ထူးမခြားနားပင်။

ငါးကြင်းအင်းဆရာတော်မှာ ၎င်းအားသေနပ်ဖြင့်ပစ်ခပ်နေသော တပ်မင်းကြီးလင်းထင်ကို တည်ငြိမ်အေးဆေးစွာကြည့်၍ ” ဒကာကြီးသေနပ်က ကျည်မကောင်းလို့များလား၊ ကျည်အသစ်လဲပြီး ပစ်ကြည့်ပါဦး” မိန့်လိုက်သည်။

ဆရာတော်စကားကြားသည့်အခါ တပ်မင်းလင်းထင်သည် ပို၍ဒေါသထွက်သွားသည်။ မိမိကဲ့သို့ တပ်မင်းကြီးတစ်ဦးကို ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက မထီလေးစားပြုရုံသာမက ပမာမခန့်ပါပြောနေသည်ဟု ခံစားရသည်။

ထို့ကြောင့် သေနပ်ကို ကျည်အသစ်လဲပြီး ခလုပ်ကို ဒလစပ်ဆွဲလိုက်သည်။ဒုတိယအကြိမ်၌လည်း ကျည်ထွက်မလာပြန်ပေ။

“ဒကာကြီး တစ်ခြားသေနပ်နဲ့ပစ်ကြည့်ပါဦး”

ဆရာတော်စကားသည် မိမိကိုပျက်ရယ်ပြုနေသည်ဟုထင်နေသည်။ ဒေါသမှာ အဆုံးစွန်ထိရောက်သွားသည်။

“ဒီလောက်သေချင်တဲ့ ဘုန်းကြီးသေရစေမယ်” ဟုတိုကာ မောင်းပြန်ရိုင်ဖယ်ကိုယူ၍ အဆုံးထိစိတ်ရှိလက်ရှိဆွဲချလိုက်သည်။

“ကလစ်…ကလစ်..” ဆိုသောအသံမှလွဲ၍ မည်သည်အသံ၊မည်သည့်ကျည်မှထွက်မလာ။

“ဒကာကြီး ဘုန်းကြီးကိုမပစ်ဘဲ တစ်ခြားတစ်နေရာကိုပစ်ကြည့်ပါဦး”

တပ်မင်းလင်းထင်သည် ဆရာတော်ပြောသည့်အတိုင်း နံရံဘက်သို့ချိန်ရွယ်၍ ပစ်လိုက်သည်။

“ဒိုင်း…ဒိုင်း…”

ယမ်းပေါက်ကွဲသံများမှာ ကျယ်လောင်စွာထွက်ပေါ်လာသည်။

“ဟုတ်ပြီဒကာကြီး ဘုန်းကြီးဘက်ကိုလှည့်ပြီး ပစ်ကြည့်ပါဦး”

“ကလစ်….ကလစ်…..”

တပ်မင်းကြီးလင်းထင်မှာ ဒေါသမှနေ၍ အံ့သြခြင်းသို့ပြောင်းလဲသွားသည်။ မိမိတစ်သက်တွင် ထိုကဲ့သို့သော ထူးဆန်းသောအဖြစ်အပျက်မျိုးတစ်ခါမှမကြုံဖူးခဲ့။

ဘုန်းကြီးမျက်နှာမှာလည်း ကြာက်လန့်သည့်ပုံစံမရှိ တည်ငြိမ်နေသည်။

အံ့အားသင့်စိတ်နှင့်အတူ အထင်ကြီးလေးစားစိတ်များဖြစ်ပေါ်လာပြီး ဆရာတော်ကြွလာခြင်းအကြောင်းကိုမေး၍ ဆရာတော်စိတ်တိုင်းကျ ဆောင်ရွက်ပေးလိုက်သည်။

(တပ်မင်းကြီးလင်းထင် နှင့် ဇနီး)

ငါးကြင်းအင်းဆရာတော်ပြန်ကြွသွားသော်လည်း တပ်မင်းလင်းထင်စိတ်၌ ဆရာတော်အကြောင်းကိုသာ စွဲထင်နေသည်။ “အတော်စွမ်းတဲ့ ဘုန်းကြီးပဲ တစ်ခြားဘုန်းကြီးတွေကော သူလိုသေနပ်ပြီးသလား” ဟု အတွေးဝင်လာသည်။ အတွေးနှင့်အတူ စမ်းသပ်ချင်စိတ်လည်းဖြစ်ပေါ်လာသည်။ ထို့ကြောင့် စမ်းသပ်မည့်ဆရာတော်ကိုရွေးသည်။ ထိုအချိန်က ၎င်းတို့နယ်တစ်ဝိုက်တွင် နာမည်ကြီးစပြုနေသော “အလံတစ်ရာဆရာတော်”ကို စမ်းသပ်ရန် ရွေးချယ်လိုက်သည်။

နောက်နေ့နံနက်တွင် သထုံမြို့နယ်၊နောင်ကုလားရွာအနီးတွင် သီတင်းသုံးနေသော အလံတစ်ရာဆရာတော်ထံထွက်လာသည်။

ဆရာတော်ထံရောက်သည့်အခါ ငါးကြင်းအင်းဆရာတော်နှင့် ၎င်း၏အဖြစ်အပျက်ကိုပြော၍ ” အရှင်ဘုရားလည်း သေနပ်ပြီး၊မပြီးဆိုတာ တပည့်တော်စမ်းသပ်ချင်ပါတယ်၊ ခွင့်ပြုပေးနိုင်မလား”

ဆရာတော်သည် တည်ငြိမ်သောဣန္ဒြေဖြင့် ပြုံးတော်မူ၍ “ဒကာကြီး ပစ်ချင်တယ်ဆိုရင် ပစ်နိုင်ပါတယ်” ဟုဆိုကာ အပေါ်ရုံဧကသီသင်္ကန်းကိုဖယ်ပေးလိုက်သည်။

တပ်မင်းမင်းထင်သည် သင်္ကန်းမဲ့၍ ဟာလာဟင်းလင်းဖြစ်နေသော ဆရာတော်၏ရင်ဝတည့်တည့်ကို သေနပ်ဖြင့်ထိုးချိန်လိုက်သည်။ အားယူ၍မောင်းခလုပ်ကိုညှစ်လိုက်သည်။ ဘယ်လိုမှ လက်ညှိုးကားကွေး၍မရဘဲဖြစ်နေသည်။

သတ်ရဲဖြတ်ရဲ လက်ယဉ်လှသော တပ်မင်းလင်းထင်၏စိတ်၌ ကြောက်စိတ်များတစ်မဟုတ်ခြင်းပြန့်နှံ့သွားသည်။ ဘာကိုကြောက်မှန်းလည်းမသိဘဲ ဇောချွေးများပင်ပြန်လာသည်။

ဆရာတော်ကိုလည်းဆက်၍မစမ်းသတ်ရဲတော့ဘဲ တပ်မဟာ(၅)သို့ပြန်လာခဲ့သည်။

တပ်တွင်းရောက်သော်လည်း စိတ်နှင့်လူမှာမကပ်ဘဲဖြစ်နေသည်။ ပျော်ရွှင်ခြင်းမရှိတော့ဘဲအမှားကြီးတစ်ခုခုကိုကြူးလွန်ထားသလို စိတ်ထဲ၌ခံစားနေရသည်။

နေမထိထိုင်မသဖြစ်ကာ ဘယ်လိုမှနေမရတော့သဖြင့် အလံတစ်ရာဆရာတော်ထံသွား၍ ခွင့်လွှတ်ပေးပါရန် လျှောက်ထားတောင်းပန်သည်။

၎င်း၏ပြစ်မှုအကြွေးကို ဆပ်သည့်အနေဖြင့် အလံတစ်ရာဘုရားတွင် ဓမ္မာရုံတစ်ဆောင် ဆောက်လုပ်လှူဒါန်းခွင့်ပေးပါရန် ဆရာတော်အားလျှောက်ထားသည်။

ဆရာတော်ခွင့်ပြုသဖြင့် ၁၃၂၄-ခုနှစ် တပိုတွဲလဆန်း(၇)ရက်နေ့တွင် တိုင်ပေါင်း(၁၇၄) တိုင်ရှိသော “လင်းထင်ဓမ္မာရုံကြီး” ကိုအုတ်မြစ်ချခဲ့သည်။ ဓမ္မာရုံမှာ မြေပေါ်သို့အတော်အသင့်တက်လာသည်။ ပြီးဖို့ရန်ကား အတော်လိုနေသေးသည်။

တစ်ရက်တွင် အလံတစ်ရာဆရာတော်သည် တပ်မင်းလင်းထင်ကိုခေါ်၍ –

“ဒကာကြီး ဓမ္မာရုံဆောက်ရာမှာ ပြုလုပ်ပြီးစီးခဲ့တဲ့ ကုသိုလ်တွေကို ရေစက်ချပါ”

“ဆရာတော်ဘုရား၊ ဓမ္မရုံက ခုမှအစပဲရှိပါသေးတယ်ဘုရား။ ပြီးစီးဖို့အများကြီးလိုပါသေးတယ်၊ အားလုံးပြီးမှပဲ ရေစက်ချပွဲလုပ်ပါ့မယ်ဘုရား”

“ပြီးသွားရင်လဲ ပြီးသွားတဲ့အလျောက်ပေါ့၊ အခုတော့ ပြီးသလောက်ကိုသာ ရေစက်ချလိုက်ပါ”

ဆရာတော်က သေခြာမိန့်နေသဖြင့် တပ်မင်းလင်းထင်မှာ အထွန့်မတက်တော့ဘဲ ပြီးသလောက်ကိုရေစက်ချလိုက်သည်။

ဆရာတော်သည် တပ်မင်းလင်းထင်၏ ကံကြမ္မာကိုကြိုမြင်၍ ရေစက်ချခိုင်းလေခြင်းပေလော၊ တိုက်ဆိုင်ခြင်ပေလောတော့ အတိအကျမပြောနိုင်။

ရေစက်ချအပြီး (၅)ရက်မြောက်နေ့တွင် တိုက်ပွဲတစ်ခု၌ တပ်မင်းကြီးလင်းထင်ကျဆုံးသွားခဲ့ရသည်။

တပ်မင်းကြီးကျဆုံးသွားပြီးနောက် ၎င်း၏ကုသိုလ်တော်ဓမ္မာရုံကြီးလည်း အပြီးမသတ်နိုင်ဘဲရှိခဲ့သည်။ ဓမ္မရုံအုတ်မြစ်ချပြီး (၃၅) နှစ်အကြာ၌ အလံတစ်ရာသြဝါဒါစရိယဆရာတော်များ၏ မေတ္တာရပ်ခံမှု၊

ဂေါပကဒကာများ၏တောင်းပန်လျှောက်ထားမှုတို့ကြောင့် မြိုင်ကြီးငူဆရာတော်သည် K.N.U တပ်မဟာ(၁) နယ်မြေဖြစ်သော အလံတစ်ရာစေတီတော်ပရိဝုဏ်းအတွင်းရှိ “လင်းထင်ဓမ္မာရုံကြီး”ကို အခက်အခဲမျိုးစုံကြားမှ ၁၉၉၇ ခုနှစ်တွင် အသစ်ထပ်မံတည်ဆောက်ပေးခဲ့သည်။

သုခိတာ ဟောထ၊ ဒုက္ခာ မုစ္စထ

(ချမ်းသာဟူသမျှ ပြည်စုံကြပါစေ၊ ဆင်းရဲမှန်သမျှ ကင်းဝေကြပါစေ)

Credit – ဓမ္မဝီရ ဒေါက်တာတေဇနိယ