လာဘ္ရႊင္ စန္းပြင့္ ကံတက္ ေစရန္ မိမိကိုယ္တိုင္ (ဝါ) လူတိုင္း လုပ္ႏိုင္ေသာ အထိေရာက္ဆံုး ယၾတာ

ဤကား ျမန္မာ့ရိုးရာ လက္ဆန္းေဗဒင္အတတ္ပညာမွ နည္းပညာျဖစ္ပါသည္ မည္သူမဆို လက္ေတြ႕ စမ္းသပ္နိုင္သည္ ေငြေၾကးအတြက္ ကံေကာင္းျခင္းကို အထင္အရွားရေပမည္

ေငြမည္မွ်၀င္ေစ ရေသာေငြစုေဆာင္းရန္ ခဲယဥ္း၍ ေငြအဖတ္မတင္သူမ်ားကို မၾကာခဏေတြ႕ရပါသည္။

ႀကိဳးစားပမ္းစား စီးပြားရွာ၊ ရရိွလာသည့္ေငြစုထား၊ အနည္းငယ္ မ်ားလာသည္ႏွင့္ ကိုယ္တိုင္မသုံးရဘဲ သူတစ္ပါးအတြက္ အေၾကာင္းအမ်ိဳးမ်ိဳးျဖင့္ ေငြကုန္ရျခင္းျဖစ္သည္။

တစ္ဖန္ ေငြေၾကးႏွင့္ပတ္သက္၍ ကံမေကာင္းဟု အမ်ိဳးမ်ိဳး၊ညည္းေနသူမ်ားႏွင့္ ေတြ႕ရတတ္သည္။ ေငြမ်ားမ်ားစင္ေစရန္ႏွင့္ ဝင္ေငြၿမဲေစရန္အတြက္ ယၾတာေကာင္းမ်ား မရွိေလေရာ့သလား

ဟူ၍ ေမးျမန္းလာသူမ်ားႏွင့္မၾကာခဏေတြ႕ရပါသည္။ျမန္မာ့ရိုးရာေဗဒင္နည္းပညာတြင္ ေငြၿမဲေစရန္၊ေငြဝင္ေကာင္းေစရန္ေဆာင္႐ြက္ေသာ နည္းေကာင္းမ်ားစြာရွိပါသည္

ဘာသာမေ႐ြး။ လူမ်ိဳးမေ႐ြး။ မည္သည့္ေန႕သားသမီးမဆို အလြယ္တကူ လုပ္ကိုင္နိုင္သည့္ နည္းေကာင္းတစ္ခု တင္ျပလိုပါသည္။

အလြန္လြယ္ကူလွ၍ မည္သူမဆို ေငြကုန္ေၾကးက်ခံစရာမလို၊ ဂါထာမႏၲန္ႏွင့္ မန္းမႈတ္စရာမလို လက္ေတြ႕ေငြၿမဲေစသာ ေငြဝင္ေစေသာနည္အား တင္ျပအပ္ပါသည္။

စာ႐ြက္တစ္ခုေပၚတြင္ သတ္မွတ္ထားသည့္ေန႕သားအလိုက္ လုပ္ေဆာင္ရမည့္ေန႕ႏွင့္ အခ်ိန္ကာလ တြင္ အကၡရာတစ္ခုကို မင္အနက္ေရာင္ျဖင့္ ေရး၍ ပိုက္ဆံအိတ္ထဲတြင္ထည့္၍ေဆာင္ပါ အေသးစိတ္တင္ျပရေသာ္

တနဂၤေႏြေန႕ေမြးသူမ်ား

တနဂၤေႏြေန႕နံနက္ ၈း၁၅ နာရီတိတိတြင္ စာ႐ြက္ျဖဴ ေပၚတြင္ မင္နက္ျဖင့္ “ၾသ’ အကၡရာကို ေရးပါ ၎ေနာက္ပိုက္ဆံအိတ္ထဲ ထည့္၍ ေဆာင္ပါ။ရက္ပိုင္း လပိုင္းအတြင္း သိသာစြာ ေငြဝင္လာမည္၊ေငြၿမဲလာမည္။

တနလၤာေန႕ေမြးသူမ်ား

တနလၤာေန႕ မြန္းလြဲ ၃း၄၅ နာရီတိတိတြင္ စာ႐ြက္ ေပၚတြင္ မင္အနက္ျဖင့္ ဂငယ္ ‘ဂ’ အကၡရာေရး၍ ပိုက္ဆံအိတ္တြင္ ေဆာင္ပါ ေငြဝင္၊ ေငြၿမဲ၊ လာဘ္ပြင့္၊ လာဘ္႐ႊင္ျခင္းကို ရေပအံ့။

အဂၤါေန႕ေမြးသူမ်ား

အဂၤါေန႕ ေန႕မြန္းလြဲ ၃း၄၅ နာရီတိတိတြင္ စာ႐ြက္ျဖဴေပၚတြင္ မင္အနက္ျဖင့္ ‘ဇ’ အကၡရာကိုေရး၍ ပိုက္ဆံအိတ္တြင္ ထည့္၍ ေဆာင္ပါ ထူးထူးျခားျခား ေငြၿမဲ၍ စီးပြားတိုးကာ လာဘ္လာဘ ႐ႊင္ပ်ေပအံ့။

ဗုဒၶဟူးေန႕ေမြးသူမ်ား

ဗုဒၶဟူးေန႕ နံနက္ ၉း၄၅ နာရီတိတိတြင္ စာ႐ြက္ျဖဴ ေပၚတြင္ မင္အနက္ျဖင့္ ဝလုံး “ဝ” အကၡရာကို ေရး၍ပိုက္ဆံအိတ္အတြင္း ေဆာင္ပါ။

ေငြဝင္ေကာင္းျခင္း၊ စုမီေဆာင္းမိျဖစ္လာၿပီး ေငြပိုေငြလွ်ံႏွင့္ အလိုရွိရာျပည္စုံျခင္းမ်ား ျဖစ္ေပၚေပမည္။

ဗုဒၶဟူးမြန္းလြဲ ရာဟုဖြားမ်ား

ဗုဒၶဟူးေန႕ နံနက္ ၉း၄၅ နာရီတိတိတြင္ စာ႐ြက္ျဖဴေပၚတြင္ မင္အနက္ျဖင့္ ရေကာက္ “ရ” အကၡရာေရး၍ေဆာင္ပါ။ေငြအဖတ္တင္မည္။အခါတိုင္းထက္ ပို၍ေငြဝင္လာဘ္ပြင့္မည္။

ျကာသပေတးေန႕ေမြးသူမ်ား

ၾကာသပေတးေန႕ နံနက္ ၈း၄၅ တြင္ စာ႐ြက္ျဖဴေပၚမွင္အနက္ျဖင့္ “ဗ’ အကၡရာေရး၍ ပိုက္ဆံအိတ္အတြင္းေဆာင္ပါ ေငြစုေဆာင္းမိမည္ ေငြေၾကးကံေကာင္းမည္ လာဘ္ပြင့္မည္။

ေသာၾကာေန႕ေမြးသူမ်ား

ေသာၾကာေန႕ ေန႕မြန္းလြဲ ၃:၄၅ တိတိတြင္ စာ႐ြက္ ျဖဴေပၚ မင္အနက္ျဖင့္ “သ” အကၡရာေရး၍ ပိုက္ဆံအိတ္တြင္း ထည့္၍ ေဆာင္ပါ သိသာထင္ရွားစြာ ေငြဝင္ေကာင္းျခင္း၊စုေဆာင္းမိျခင္းျဖစ္မည္။

စေနေန႕ေမြးသူမ်ား

စေနေန႕ မြန္းလြဲ ၂း၁၅ နာရီ တိတိတြင္ စာ႐ြက္ျဖဴေပၚတြင္ မင္အနက္ျဖင့္ ဒေထြး “ဒ” အကၡရာေရး၍ ပိုက္ဆံအိတ္တြင္ ေဆာင္ပါ ထင္ရွားစြာ ေငြဝင္ျခင္း၊လာဘ္ပြင့္ျခင္း ႀကဳံေပအံ့။

အေဆာင္ေကာင္းေလး ကိုယ္တိုင္လုပ္လို႔ေဆာင္ထားၾကစို႔၊ ဤကား ျမန္မာ့ရိုးရာ လက္ဆန္းေဗဒင္ အတတ္ပညာမွ နည္းပညာျဖစ္ပါသည္

မည္သူမဆို လက္ေတြ႕ စမ္းသပ္နိုင္သည္ ေငြေၾကးအတြက္ ကံေကာင္းျခင္းကို အထင္အရွားရေပမည္။

Unicode

ဤကား မြန်မာ့ရိုးရာ လက်ဆန်းဗေဒင်အတတ်ပညာမှ နည်းပညာဖြစ်ပါသည် မည်သူမဆို လက်တွေ့ စမ်းသပ်နိုင်သည် ငွေကြေးအတွက် ကံကောင်းခြင်းကို အထင်အရှားရပေမည်

ငွေမည်မျှဝင်စေ ရသောငွေစုဆောင်းရန် ခဲယဉ်း၍ ငွေအဖတ်မတင်သူများကို မကြာခဏတွေ့ရပါသည်။

ကြိုးစားပမ်းစား စီးပွားရှာ၊ ရရှိလာသည့်ငွေစုထား၊ အနည်းငယ် များလာသည်နှင့် ကိုယ်တိုင်မသုံးရဘဲ သူတစ်ပါးအတွက် အကြောင်းအမျိုးမျိုးဖြင့် ငွေကုန်ရခြင်းဖြစ်သည်။

တစ်ဖန် ငွေကြေးနှင့်ပတ်သက်၍ ကံမကောင်းဟု အမျိုးမျိုး၊ညည်းနေသူများနှင့် တွေ့ရတတ်သည်။ ငွေများများစင်စေရန်နှင့် ဝင်ငွေမြဲစေရန်အတွက် ယတြာကောင်းများ မရှိလေရော့သလား

ဟူ၍ မေးမြန်းလာသူများနှင့်မကြာခဏတွေ့ရပါသည်။မြန်မာ့ရိုးရာဗေဒင်နည်းပညာတွင် ငွေမြဲစေရန်၊ငွေဝင်ကောင်းစေရန်ဆောင်ရွက်သော နည်းကောင်းများစွာရှိပါသည်

ဘာသာမရွေး။ လူမျိုးမရွေး။ မည်သည့်နေ့သားသမီးမဆို အလွယ်တကူ လုပ်ကိုင်နိုင်သည့် နည်းကောင်းတစ်ခု တင်ပြလိုပါသည်။

အလွန်လွယ်ကူလှ၍ မည်သူမဆို ငွေကုန်ကြေးကျခံစရာမလို၊ ဂါထာမန္တန်နှင့် မန်းမှုတ်စရာမလို လက်တွေ့ငွေမြဲစေသာ ငွေဝင်စေသောနည်အား တင်ပြအပ်ပါသည်။

စာရွက်တစ်ခုပေါ်တွင် သတ်မှတ်ထားသည့်နေ့သားအလိုက် လုပ်ဆောင်ရမည့်နေ့နှင့် အချိန်ကာလ တွင် အက္ခရာတစ်ခုကို မင်အနက်ရောင်ဖြင့် ရေး၍ ပိုက်ဆံအိတ်ထဲတွင်ထည့်၍ဆောင်ပါ အသေးစိတ်တင်ပြရသော်

တနင်္ဂနွေနေ့မွေးသူများ

တနင်္ဂနွေနေ့နံနက် ၈း၁၅ နာရီတိတိတွင် စာရွက်ဖြူ ပေါ်တွင် မင်နက်ဖြင့် “သြ’ အက္ခရာကို ရေးပါ ၎င်းနောက်ပိုက်ဆံအိတ်ထဲ ထည့်၍ ဆောင်ပါ။ရက်ပိုင်း လပိုင်းအတွင်း သိသာစွာ ငွေဝင်လာမည်၊ငွေမြဲလာမည်။

တနင်္လာနေ့မွေးသူများ

တနင်္လာနေ့ မွန်းလွဲ ၃း၄၅ နာရီတိတိတွင် စာရွက် ပေါ်တွင် မင်အနက်ဖြင့် ဂငယ် ‘ဂ’ အက္ခရာရေး၍ ပိုက်ဆံအိတ်တွင် ဆောင်ပါ ငွေဝင်၊ ငွေမြဲ၊ လာဘ်ပွင့်၊ လာဘ်ရွှင်ခြင်းကို ရပေအံ့။

အင်္ဂါနေ့မွေးသူများ

အင်္ဂါနေ့ နေ့မွန်းလွဲ ၃း၄၅ နာရီတိတိတွင် စာရွက်ဖြူပေါ်တွင် မင်အနက်ဖြင့် ‘ဇ’ အက္ခရာကိုရေး၍ ပိုက်ဆံအိတ်တွင် ထည့်၍ ဆောင်ပါ ထူးထူးခြားခြား ငွေမြဲ၍ စီးပွားတိုးကာ လာဘ်လာဘ ရွှင်ပျပေအံ့။

ဗုဒ္ဓဟူးနေ့မွေးသူများ

ဗုဒ္ဓဟူးနေ့ နံနက် ၉း၄၅ နာရီတိတိတွင် စာရွက်ဖြူ ပေါ်တွင် မင်အနက်ဖြင့် ဝလုံး “ဝ” အက္ခရာကို ရေး၍ပိုက်ဆံအိတ်အတွင်း ဆောင်ပါ။

ငွေဝင်ကောင်းခြင်း၊ စုမီဆောင်းမိဖြစ်လာပြီး ငွေပိုငွေလျှံနှင့် အလိုရှိရာပြည်စုံခြင်းများ ဖြစ်ပေါ်ပေမည်။

ဗုဒ္ဓဟူးမွန်းလွဲ ရာဟုဖွားများ

ဗုဒ္ဓဟူးနေ့ နံနက် ၉း၄၅ နာရီတိတိတွင် စာရွက်ဖြူပေါ်တွင် မင်အနက်ဖြင့် ရကောက် “ရ” အက္ခရာရေး၍ဆောင်ပါ။ငွေအဖတ်တင်မည်။အခါတိုင်းထက် ပို၍ငွေဝင်လာဘ်ပွင့်မည်။

ကြာသပတေးနေ့မွေးသူများ

ကြာသပတေးနေ့ နံနက် ၈း၄၅ တွင် စာရွက်ဖြူပေါ်မှင်အနက်ဖြင့် “ဗ’ အက္ခရာရေး၍ ပိုက်ဆံအိတ်အတွင်းဆောင်ပါ ငွေစုဆောင်းမိမည် ငွေကြေးကံကောင်းမည် လာဘ်ပွင့်မည်။

သောကြာနေ့မွေးသူများ

သောကြာနေ့ နေ့မွန်းလွဲ ၃:၄၅ တိတိတွင် စာရွက် ဖြူပေါ် မင်အနက်ဖြင့် “သ” အက္ခရာရေး၍ ပိုက်ဆံအိတ်တွင်း ထည့်၍ ဆောင်ပါ သိသာထင်ရှားစွာ ငွေဝင်ကောင်းခြင်း၊စုဆောင်းမိခြင်းဖြစ်မည်။

စနေနေ့မွေးသူများ

စနေနေ့ မွန်းလွဲ ၂း၁၅ နာရီ တိတိတွင် စာရွက်ဖြူပေါ်တွင် မင်အနက်ဖြင့် ဒထွေး “ဒ” အက္ခရာရေး၍ ပိုက်ဆံအိတ်တွင် ဆောင်ပါ ထင်ရှားစွာ ငွေဝင်ခြင်း၊လာဘ်ပွင့်ခြင်း ကြုံပေအံ့။

အဆောင်ကောင်းလေး ကိုယ်တိုင်လုပ်လို့ဆောင်ထားကြစို့၊ ဤကား မြန်မာ့ရိုးရာ လက်ဆန်းဗေဒင် အတတ်ပညာမှ နည်းပညာဖြစ်ပါသည်

မည်သူမဆို လက်တွေ့ စမ်းသပ်နိုင်သည် ငွေကြေးအတွက် ကံကောင်းခြင်းကို အထင်အရှားရပေမည်။