လူေတာ္ေတ္ာမ်ားမ်ား မသိက်ေသးတဲ့ ရွွေတိဂုံဘုရားရွိ အံ့ဖွယ်ကိုးနေရာ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ေ႐ႊတိဂုံဘုရားရွိ အံ့ဖြယ္ကိုးေနရာ လမ္းၫႊန္

ဗုဒၶဘာသာဝင္ အမ်ားစုသည္ ေ႐ႊတိဂုံဘုရားကို ဖူးေမွ်ာ္ၾကဖူးၿပီး ျဖစ္ပါတယ္။ သို႔ေသာ္လည္း အံ့ဖြယ္ကိုးေနရာကို ၾကားဖူးၿပီး ကိုယ္တိုင္ကိုယ္က် မေရာက္ဖူးသူမ်ားလည္း မ်ားလွပါတယ္။

 

 

ထို႔ေၾကာင့္ လမ္းၫႊန္ေဆာင္းပါးအျဖစ္ ေဖာ္ျပေပးလိုက္ပါတယ္။

ေ႐ႊတိဂုံဘုရားတြင္ ကကုႆန္ျမတ္စြာဘုရား၏ ေတာင္ေဝွးေတာ္၊ ေကာဂမနျမတ္စြာဘုရား၏ ေရစစ္ေတာ္၊

ကႆပျမတ္စြာဘုရား၏ ေရသႏုပ္သကၤန္းေတာ္၊ ေဂါတမျမတ္စြာဘုရား၏ ဆံေတာ္ တို႔ကို ဌာပနာထားပါတယ္။ အံ့ဖြယ္ကိုးေနရာမ်ားကေတာ့ –

အံ့ဖြယ္ ၁ – တဝဂူ ဆုေတာင္းျပည့္ဘုရား (သို႔) ပတၱျမားမ်က္ရွင္ဘုရား

 

 

တဝဂူဆုေတာင္းျပည့္ဘုရားသည္ အေရွ႕ဘက္မုခ္တည့္တည့္ရွိ ေ႐ႊတိဂုံေစတီ၏ အထက္ပစၥယံမွာရွိပါတယ္။ တနလာၿဂႋဳဟ္တိုင္ႏွင့္ အလြန္နီးပါတယ္။

အမ်ိဳးသားမ်ားသာ တက္ေရာက္ဖူးေမွ်ာ္ခြင့္ရွိၿပီး အေရွ႕ဖက္ေဆာင္းတန္းထဲတြင္ CCTV ႏွင့္ခ်ိတ္ထားေသာ ေမာ္နီတာျဖင့္ တဝဂူ ဆုေတာင္းျပည့္ဘုရား ဆင္းတုေတာ္ကို ဖူးေမွ်ာ္ႏိုင္ပါတယ္။

ေရွးအခါက မင္းညီမင္းသားမ်ား မင္းတရားဆု ေတာင္းၾကၿပီး အခ်င္းခ်င္း နန္းလုသတ္ျဖတ္မႈမ်ား ျဖစ္ေပၚရသည္ဟု ဘုရင္မင္းျမတ္က ယုံၾကည္ၾကသည္။

ထို႔ေၾကာင့္ ဘုရင္က မင္းညီမင္းသားမ်ား မဖူးရဟု အမိန္႔ေတာ္ခ်ၿပီး ႀကီးစဥ္ငယ္လိုက္ မင္းျပဳေစသည္ဟု ေျပာစမွတ္ျပဳၾကပါတယ္။

အံ့ဖြယ္ ၂ – ဝိဇၨာေဇာ္ဂ်ီဘုရား

 

 

ေ႐ႊတိဂုံေစတီ၏ အေနာက္ဘက္မုခ္ႏွင့္ ေတာင္ဘက္မုခ္ၾကား စေနၿဂိဳဟ္တိုင္ေထာင့္ အနီးတြင္ တည္ရွိပါတယ္။ ဆင္းတုေတာ္ထားရာဂူတြင္ ေဇာ္ဂ်ီ႐ုပ္မ်ား ထြင္းထုထားပါတယ္။

ေရွးေခတ္ ေလာကီဓာတ္ ပညာအစီအရင္မ်ားျဖင့္ တည္ခဲ့သည္ဟု သိရပါတယ္။

အံ့ဖြယ္ ၃ – ရွင္ေစာပုဘုရား

 

 

ေ႐ႊတိဂုံေစတီ၏ အေနာက္ဘက္မုခ္ႏွင့္ ေျမာက္ဘက္မုခ္ၾကား ရွိ ရွင္ေစာပုတန္ေဆာင္းတြင္ တည္ထားပါတယ္။ ဟံသာဝတီမွ ဘုရင္မႀကီး ရွင္ေစာပု၏ ကုသိုလ္ေတာ္ျဖစ္ပါတယ္။ ဘားေလးဘားဘုရားဟုလည္း ေခၚဆိုတတ္ၾကပါတယ္။

ဘုရားအနီးတြင္ စကားစိမ္း၊ စကားဝါစေသာ စကားပင္ေလးပင္ ရွိပါတယ္။ တစ္ခုတည္းေသာဆုကို ေတာင္းလ်င္ ျပည့္တတ္သည္ဟု ယူဆၾကပါတယ္။

အံ့ဖြယ္ ၄ – ဆံေတာ္တြင္း႐ုပ္ပြားေတာ္

 

 

ေ႐ႊတိဂုံရင္ျပင္ေတာ္ ေျမာက္ဘက္ရွိ ဆံေတာ္တြင္းတန္ေဆာင္းတြင္ တည္ရွိပါတယ္။ ဆံေတာ္တြင္းတန္ေဆာင္း၏ ေကာင္းမႈေတာ္မွာ ဒဂုန္ခင္ခင္ေလး ျဖစ္ပါတယ္။

ေ႐ႊတိဂုံဘုရားတည္စဥ္က ဆံေတာ္ေလးဆူကို ေဆးေၾကာသည့္တြင္း ျဖစ္သည္ဟု မွတ္သားရပါတယ္။ ဧရာဝတီျမစ္ေရႏွင့္ ဆံေတာ္တြင္းေရသည္ တေၾကာတည္း ရွိၿပီး ဧရာဝတီ ျမစ္ေရ အတက္အက်ရွိလ်င္ ဆံေတာ္တြင္း ေရလည္း အတက္အက်ရွိသည္ဟု မွတ္သားခဲ့ရပါတယ္။

၁၈၇၉ခုတြင္ ဆံေတာ္တြင္းကို ငုံၿပီး အုတ္ျပႆာဒ္ တည္ေဆာက္ခဲ့ပါတယ္။

အံ့ဖြယ္ ၅ – ရွင္အဇၨေဂါဏဘုရား

 

 

တနဂၤေႏြေထာင့္ရွိ ေနာင္ေတာ္ႀကီးေစတီ၏ ေတာင္ဘက္ အာ႐ုံခံတန္ေဆာင္းတြင္ တည္ရွိပါတယ္။ ထူးျခားခ်က္မွာ ႐ုပ္ပြားေတာ္၏ မ်က္လုံးမွာ တစ္ဖက္က်ဥ္း တစ္ဖက္က်ယ္ ျဖစ္ေနျခင္းျဖစ္ပါတယ္။

ပုဂံေခတ္ သမုဒၵရာဇ္မင္းလက္ထက္မွ ဆိတ္မ်က္လုံးတစ္ဖက္ ႏြားမ်က္လုံးတစ္ဖက္ႏွင့္ ရွင္အဇၨေဂါဏရဟန္းမွ တည္ထားခဲ့ျခင္းျဖစ္ပါတယ္။

အဂၢိရတ္တန္ခိုးျဖင့္ ပုဂံေခတ္တြင္ ေ႐ႊမိုး၊ ေငြမိုး ႐ြာေစခဲ့သည့္ ကိုယ္ေတာ္ဟု ေရွးသမိုင္းမ်ားတြင္ ဆိုထားပါတယ္။

အံ့ဖြယ္ ၆ – ဘိုးဘိုးေအာင္ဘုရား

 

 

ေ႐ႊတိဂုံေစတီ၏ အေရွ႕ဘက္မုခ္ အနီးရွိ ဘိုးဘိုးေအာင္တန္ေဆာင္းတြင္ တည္ရွိပါတယ္။ ဘိုးဘိုးေအာင္ တည္ထားခဲ့သည့္ ဘုရားဟု ေျပာစမွတ္ျပဳၾကပါတယ္။

အံ့ဖြယ္ ၇ – ရွင္မထီးဘုရား

 

 

တနဂၤေႏြေထာင့္ရွိ ေနာင္ေတာ္ႀကီးေစတီ၏ ေျမာက္ဘက္ အာ႐ုံခံတန္ေဆာင္းတြင္ တည္ရွိပါတယ္။

လြန္ခဲ့ေသာႏွစ္ေပါင္း တစ္ေထာင္ေက်ာ္ေလာက္က ရွင္မထီးရဟန္းမွ တည္ထားခဲ့သည္ဟု သိရပါတယ္။

အံ့ဖြယ္ ၈ – လက္ပက္လက္ဘုရား (သို႔) ကကုသန္႐ုပ္ပြားေတာ္

 

 

ေ႐ႊတိဂုံေစတီေတာ္၏ အေရွ႕ဘက္ အာ႐ုံခံတန္ေဆာင္းရွိ လိုဏ္ဂူထဲတြင္ တည္ရွိပါတယ္။ တဝဂူဆုေတာင္းျပည့္ဘုရားႏွင့္ အထက္ ေအာက္ အေနအထားတြင္ ရွိပါတယ္။

အံ့ဖြယ္ ၁ ႏွင့္ အံ့ဖြယ္ ၈ ကို တစ္ခ်ိန္တည္း ဖူးေမွ်ာ္ႏိုင္ပါတယ္။

ဆင္းတုေတာ္၏ လက္ကို ပက္လက္အေနအထားျဖင့္ ထုထားသျဖင့္ လက္ပက္လက္ဘုရား ဟုအသိမ်ားပါတယ္။ ပြင့္ေတာ္မူၿပီးေသာ ကကုသန္ျမတ္စြာဘုရားကို ရည္မွန္းၿပီး တည္ထားျခင္း ျဖစ္ပါတယ္။

အံ့ဖြယ္ ၉ – ျပဒါးရွင္ဘုရား

 

 

ေ႐ႊတိဂုံေစတီ၏ ရင္ျပင္ေတာ္ရွိ အေရွ႕ဘက္မုခ္ႏွင့္ အဂၤါၿဂိဳဟ္တိုင္ေထာင့္ၾကားရွိ ေစတီတစ္ဆူ၏ ေတာင္ဘက္ရွိ တန္ေဆာင္းတြင္ ရွိေသာ ေၾကးဆင္းတုေတာ္ တစ္ဆူျဖစ္ပါတယ္။

႐ုပ္ပြားေတာ္၏ နဖူးေတာ္မွာ မို႔ေမာက္ေနၿပီး ျပဒါးရွင္ ဌာပနာထားသည္ဟု သိရပါတယ္။ ျပဒါးရွင္ဘုရားမွာ အလြန္အခ်ိဳးအစား ေျပျပစ္ၿပီး သပၸာယ္ေၾကာင္း ဖူး,ဖူးသူတိုင္း ဝန္ခံရပါတယ္။

Credit – ခ်မ္းေျမ့ (႐ိုးရာေလး)

Unicode

ရွှေတိဂုံဘုရားရှိ အံ့ဖွယ်ကိုးနေရာ လမ်းညွှန်

ဗုဒ္ဓဘာသာဝင် အများစုသည် ရွှေတိဂုံဘုရားကို ဖူးမျှော်ကြဖူးပြီး ဖြစ်ပါတယ်။ သို့သော်လည်း အံ့ဖွယ်ကိုးနေရာကို ကြားဖူးပြီး ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးသူများလည်း များလှပါတယ်။

ထို့ကြောင့် လမ်းညွှန်ဆောင်းပါးအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

ရွှေတိဂုံဘုရားတွင် ကကုဿန်မြတ်စွာဘုရား၏ တောင်ဝှေးတော်၊ ကောဂမနမြတ်စွာဘုရား၏ ရေစစ်တော်၊

ကဿပမြတ်စွာဘုရား၏ ရေသနုပ်သင်္ကန်းတော်၊ ဂေါတမမြတ်စွာဘုရား၏ ဆံတော် တို့ကို ဌာပနာထားပါတယ်။ အံ့ဖွယ်ကိုးနေရာများကတော့ –

အံ့ဖွယ် ၁ – တဝဂူ ဆုတောင်းပြည့်ဘုရား (သို့) ပတ္တမြားမျက်ရှင်ဘုရား

တဝဂူဆုတောင်းပြည့်ဘုရားသည် အရှေ့ဘက်မုခ်တည့်တည့်ရှိ ရွှေတိဂုံစေတီ၏ အထက်ပစ္စယံမှာရှိပါတယ်။ တနလာၤဂြိုဟ်တိုင်နှင့် အလွန်နီးပါတယ်။

အမျိုးသားများသာ တက်ရောက်ဖူးမျှော်ခွင့်ရှိပြီး အရှေ့ဖက်ဆောင်းတန်းထဲတွင် CCTV နှင့်ချိတ်ထားသော မော်နီတာဖြင့် တဝဂူ ဆုတောင်းပြည့်ဘုရား ဆင်းတုတော်ကို ဖူးမျှော်နိုင်ပါတယ်။

ရှေးအခါက မင်းညီမင်းသားများ မင်းတရားဆု တောင်းကြပြီး အချင်းချင်း နန်းလုသတ်ဖြတ်မှုများ ဖြစ်ပေါ်ရသည်ဟု ဘုရင်မင်းမြတ်က ယုံကြည်ကြသည်။

ထို့ကြောင့် ဘုရင်က မင်းညီမင်းသားများ မဖူးရဟု အမိန့်တော်ချပြီး ကြီးစဉ်ငယ်လိုက် မင်းပြုစေသည်ဟု ပြောစမှတ်ပြုကြပါတယ်။

အံ့ဖွယ် ၂ – ဝိဇ္ဇာဇော်ဂျီဘုရား

ရွှေတိဂုံစေတီ၏ အနောက်ဘက်မုခ်နှင့် တောင်ဘက်မုခ်ကြား စနေဂြိုဟ်တိုင်ထောင့် အနီးတွင် တည်ရှိပါတယ်။ ဆင်းတုတော်ထားရာဂူတွင် ဇော်ဂျီရုပ်များ ထွင်းထုထားပါတယ်။

ရှေးခေတ် လောကီဓာတ် ပညာအစီအရင်များဖြင့် တည်ခဲ့သည်ဟု သိရပါတယ်။

အံ့ဖွယ် ၃ – ရှင်စောပုဘုရား

ရွှေတိဂုံစေတီ၏ အနောက်ဘက်မုခ်နှင့် မြောက်ဘက်မုခ်ကြား ရှိ ရှင်စောပုတန်ဆောင်းတွင် တည်ထားပါတယ်။ ဟံသာဝတီမှ ဘုရင်မကြီး ရှင်စောပု၏ ကုသိုလ်တော်ဖြစ်ပါတယ်။ ဘားလေးဘားဘုရားဟုလည်း ခေါ်ဆိုတတ်ကြပါတယ်။

ဘုရားအနီးတွင် စကားစိမ်း၊ စကားဝါစသော စကားပင်လေးပင် ရှိပါတယ်။ တစ်ခုတည်းသောဆုကို တောင်းလျင် ပြည့်တတ်သည်ဟု ယူဆကြပါတယ်။

အံ့ဖွယ် ၄ – ဆံတော်တွင်းရုပ်ပွားတော်

ရွှေတိဂုံရင်ပြင်တော် မြောက်ဘက်ရှိ ဆံတော်တွင်းတန်ဆောင်းတွင် တည်ရှိပါတယ်။ ဆံတော်တွင်းတန်ဆောင်း၏ ကောင်းမှုတော်မှာ ဒဂုန်ခင်ခင်လေး ဖြစ်ပါတယ်။

ရွှေတိဂုံဘုရားတည်စဉ်က ဆံတော်လေးဆူကို ဆေးကြောသည့်တွင်း ဖြစ်သည်ဟု မှတ်သားရပါတယ်။ ဧရာဝတီမြစ်ရေနှင့် ဆံတော်တွင်းရေသည် တကြောတည်း ရှိပြီး ဧရာဝတီ မြစ်ရေ အတက်အကျရှိလျင် ဆံတော်တွင်း ရေလည်း အတက်အကျရှိသည်ဟု မှတ်သားခဲ့ရပါတယ်။

၁၈၇၉ခုတွင် ဆံတော်တွင်းကို ငုံပြီး အုတ်ပြဿာဒ် တည်ဆောက်ခဲ့ပါတယ်။

အံ့ဖွယ် ၅ – ရှင်အဇ္ဇဂေါဏဘုရား

တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏ တောင်ဘက် အာရုံခံတန်ဆောင်းတွင် တည်ရှိပါတယ်။ ထူးခြားချက်မှာ ရုပ်ပွားတော်၏ မျက်လုံးမှာ တစ်ဖက်ကျဉ်း တစ်ဖက်ကျယ် ဖြစ်နေခြင်းဖြစ်ပါတယ်။

ပုဂံခေတ် သမုဒ္ဒရာဇ်မင်းလက်ထက်မှ ဆိတ်မျက်လုံးတစ်ဖက် နွားမျက်လုံးတစ်ဖက်နှင့် ရှင်အဇ္ဇဂေါဏရဟန်းမှ တည်ထားခဲ့ခြင်းဖြစ်ပါတယ်။

အဂ္ဂိရတ်တန်ခိုးဖြင့် ပုဂံခေတ်တွင် ရွှေမိုး၊ ငွေမိုး ရွာစေခဲ့သည့် ကိုယ်တော်ဟု ရှေးသမိုင်းများတွင် ဆိုထားပါတယ်။

အံ့ဖွယ် ၆ – ဘိုးဘိုးအောင်ဘုရား

ရွှေတိဂုံစေတီ၏ အရှေ့ဘက်မုခ် အနီးရှိ ဘိုးဘိုးအောင်တန်ဆောင်းတွင် တည်ရှိပါတယ်။ ဘိုးဘိုးအောင် တည်ထားခဲ့သည့် ဘုရားဟု ပြောစမှတ်ပြုကြပါတယ်။

အံ့ဖွယ် ၇ – ရှင်မထီးဘုရား

တနင်္ဂနွေထောင့်ရှိ နောင်တော်ကြီးစေတီ၏ မြောက်ဘက် အာရုံခံတန်ဆောင်းတွင် တည်ရှိပါတယ်။

လွန်ခဲ့သောနှစ်ပေါင်း တစ်ထောင်ကျော်လောက်က ရှင်မထီးရဟန်းမှ တည်ထားခဲ့သည်ဟု သိရပါတယ်။

အံ့ဖွယ် ၈ – လက်ပက်လက်ဘုရား (သို့) ကကုသန်ရုပ်ပွားတော်

ရွှေတိဂုံစေတီတော်၏ အရှေ့ဘက် အာရုံခံတန်ဆောင်းရှိ လိုဏ်ဂူထဲတွင် တည်ရှိပါတယ်။ တဝဂူဆုတောင်းပြည့်ဘုရားနှင့် အထက် အောက် အနေအထားတွင် ရှိပါတယ်။

အံ့ဖွယ် ၁ နှင့် အံ့ဖွယ် ၈ ကို တစ်ချိန်တည်း ဖူးမျှော်နိုင်ပါတယ်။

ဆင်းတုတော်၏ လက်ကို ပက်လက်အနေအထားဖြင့် ထုထားသဖြင့် လက်ပက်လက်ဘုရား ဟုအသိများပါတယ်။ ပွင့်တော်မူပြီးသော ကကုသန်မြတ်စွာဘုရားကို ရည်မှန်းပြီး တည်ထားခြင်း ဖြစ်ပါတယ်။

အံ့ဖွယ် ၉ – ပြဒါးရှင်ဘုရား

ရွှေတိဂုံစေတီ၏ ရင်ပြင်တော်ရှိ အရှေ့ဘက်မုခ်နှင့် အင်္ဂါဂြိုဟ်တိုင်ထောင့်ကြားရှိ စေတီတစ်ဆူ၏ တောင်ဘက်ရှိ တန်ဆောင်းတွင် ရှိသော ကြေးဆင်းတုတော် တစ်ဆူဖြစ်ပါတယ်။

ရုပ်ပွားတော်၏ နဖူးတော်မှာ မို့မောက်နေပြီး ပြဒါးရှင် ဌာပနာထားသည်ဟု သိရပါတယ်။ ပြဒါးရှင်ဘုရားမှာ အလွန်အချိုးအစား ပြေပြစ်ပြီး သပ္ပာယ်ကြောင်း ဖူး,ဖူးသူတိုင်း ဝန်ခံရပါတယ်။

Credit – ချမ်းမြေ့ (ရိုးရာလေး)