အမ်ားေလွ်ာက္ဖို႔အတြက္ ဆြမ္းခံရင္း လမ္းေဖာက္တဲ့ ဦးဇင္း
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
စစ္ကိုင္းတိုင္း တစ္ေနရာ လမ္းေပၚမွာ သပိတ္တစ္လုံးႏွင့္ ဆြမ္းခ်ိဳင့္တစ္လုံးခ်ထားတာေတြ႕တယ္။ဘယ္သူမွလည္း မေစခိုင္း၊
ဘာအဖိုးအခမွလည္း မရဘဲ ရဟန္းတစ္ပါးက သူဆြမ္းခံႂကြခ်ိန္မွာ မိုးေရႏွင့္ လမ္းေတြၿပိဳက်ေနတာ
ခရီးသြားေတြ အႏၲရာယ္ျဖစ္မွာစိုးလို႔ဆိုၿပီး ေပါက္တူးတစ္ေခ်ာင္းႏွင့္ လမ္းျပင္ေနေလရဲ႕။ကားေပၚကဆင္းၿပီး ေလွ်ာက္သင့္တာေလွ်ာက္၊
လုပ္သင့္တာလုပ္ၿပီးေတာ့ “တကာႀကီး၊ ဦးဇင္းမ်က္ႏွာပုံႏွင့္ ဘြဲ႕ကိုေတာ့ မတင္ႏွင့္ေနာ္၊
သံဃာေတာ္ေတြအားလုံး ဒီလိုလုပ္တတ္ၾကပါတယ္လို႔ပဲ အမွတ္သညာျပဳၾကပါေစ” တဲ့။
ေစာေစာက လမ္းမွာအမႈိက္ရွင္းေနတဲ့ ကိုယ္ေတာ္တစ္ပါးကိုလည္း ကိုယ္ႏွင့္အတူပါလာတဲ့ အဖြဲ႕ဝင္တစ္ေယာက္က ဝတၳဳေငြဆင္းလႉတာကို
“ဒကာမႀကီး လႉခ်င္ရင္ ေရွ႕ဂိတ္နားကေက်ာင္းမွာပဲ သံဃိက ရည္မွန္းၿပီးလႉခဲ့လိုက္ေတာ့” တဲ့။
ဘုရားသားေတာ္မ်ားဟာ သံသရာက လြတ္ေျမာက္တဲ့လမ္းကို ေဖာ္ထုတ္ျပသာတာသာမက ပကတိ ေလာကမွာ ပိတ္ဆို႔ေနတဲ့ လမ္းေတြ
ကိုပါ ေျဖာင့္ျဖဴးဖို႔ဝါယမစိုက္ထုတ္ေတာ္မူၾကတာပါလား ဆိုတဲ့ၾကည္ညိဳစိတ္ေလးကိုေတာ့ မွ်ေဝလိုက္ပါရေစ။
Credit Aye Nay Win
Unicode
စစ်ကိုင်းတိုင်း တစ်နေရာ လမ်းပေါ်မှာ သပိတ်တစ်လုံးနှင့် ဆွမ်းချိုင့်တစ်လုံးချထားတာတွေ့တယ်။ဘယ်သူမှလည်း မစေခိုင်း၊
ဘာအဖိုးအခမှလည်း မရဘဲ ရဟန်းတစ်ပါးက သူဆွမ်းခံကြွချိန်မှာ မိုးရေနှင့် လမ်းတွေပြိုကျနေတာ
ခရီးသွားတွေ အန္တရာယ်ဖြစ်မှာစိုးလို့ဆိုပြီး ပေါက်တူးတစ်ချောင်းနှင့် လမ်းပြင်နေလေရဲ့။ကားပေါ်ကဆင်းပြီး လျှောက်သင့်တာလျှောက်၊
လုပ်သင့်တာလုပ်ပြီးတော့ “တကာကြီး၊ ဦးဇင်းမျက်နှာပုံနှင့် ဘွဲ့ကိုတော့ မတင်နှင့်နော်၊
သံဃာတော်တွေအားလုံး ဒီလိုလုပ်တတ်ကြပါတယ်လို့ပဲ အမှတ်သညာပြုကြပါစေ” တဲ့။
စောစောက လမ်းမှာအမှိုက်ရှင်းနေတဲ့ ကိုယ်တော်တစ်ပါးကိုလည်း ကိုယ်နှင့်အတူပါလာတဲ့ အဖွဲ့ဝင်တစ်ယောက်က ဝတ္ထုငွေဆင်းလှူတာကို
“ဒကာမကြီး လှူချင်ရင် ရှေ့ဂိတ်နားကကျောင်းမှာပဲ သံဃိက ရည်မှန်းပြီးလှူခဲ့လိုက်တော့” တဲ့။
ဘုရားသားတော်များဟာ သံသရာက လွတ်မြောက်တဲ့လမ်းကို ဖော်ထုတ်ပြသာတာသာမက ပကတိ လောကမှာ ပိတ်ဆို့နေတဲ့ လမ်းတွေ
ကိုပါ ဖြောင့်ဖြူးဖို့ဝါယမစိုက်ထုတ်တော်မူကြတာပါလား ဆိုတဲ့ကြည်ညိုစိတ်လေးကိုတော့ မျှဝေလိုက်ပါရစေ။
Credit Aye Nay Win