ကံပွင့်ကံမြှင့်စေရန် ကဆုန်လပြည့်နေ့ (6.5.2020) တွင်သာ ပြုလုပ်ရမယ့် ယတြာ
Unicode
နှင်းဆီပန်း ၅ ပွင့်၊ သပြေပန်း ၅ ခက်၊ လမုန့် ၅ ခုတို့အား လင်ဗန်းတစ်ချပ်ထဲတွင် လှပအောင်ပြင်ဆင်၍ထည့်ပြီး ဖယောင်းတိုင် ၅ တိုင်၊ အမွေးတိုင် ၅ တိုင်၊ သောက်တော်ရေ ၅ ခွက်စီကိုလည်း ဘုရားရှင်အား ဆက်ကပ်လှူဒါန်းပါ။ အနန္တောအနန္တ ငါးပါးအား
ရည်စူးကပ်လှူပူဇော်ရင်း အောက်ပါအတိုင်း လေးလေးနက်နက် ဆုတောင်းပေးပါ။ `ဘုရားရှင်အမှူးရှိသော အနန္တငါးပါးအားရည်မှန်း၍ ရည်စူး၍ နှင်းဆီပန်း ၅ ပွင့်တိုဖြင့်လည်းကောင်း၊ သပြေပန်း ၅ ခက်တို့ဖြင့်လည်းကောင်း၊ လမုန့် ၅ ခုတို့ဖြင့်လည်းကောင်း၊
ဖယောင်းတိုင် ၅ တိုင်တို့ဖြင့်လည်းကောင်း၊ အမွေးတိုင် ၅ တိုင်တို့ဖြင့်လည်းကောင်း၊ သောက်တော်ရေ ၅ ခွက်တို့ဖြင့်လည်းကောင်း ကပ်လှူပူဇော်ကန်တော့ပါ၏။
ဤသစ္စာမှန်ကန်ပါက ဤမှန်သောသစ္စာစကားကြောင့်လည်းကောင်း၊ ဤမှန်သော သစ္စာတန်ခိုး
ကြောင့်သော်လည်းကောင်း၊ အရပ်လေးမျက်နှာ၊ အရပ်ရှစ်မျက်နှာ၊ အရပ်ဆယ်မျက်နှာတို့မှ ငွေကြေး၊ စည်းစိမ်ဥစ္စာ၊ ရတနာ များစွာတို့သည်လည်းကောင်း၊ စိန်ရွှေရတနာ၊ ကျောက်မျက်ရတနာ များစွာတို့သည်လည်းကောင်း၊ အလုပ်အကိုင်၊ အကြံအစည်ကိစ္စ
များစွာတို့သည်လည်းကောင်း လျင်မြန်စွာ တိုးတက်ဝင်ရောက် လာကြပါစေသတည်း။ လျင်မြန်စွာ ဝင်လာမစဲ တသဲသဲ စည်ကားလာကြပါစေ၊ ရောက်ရှိလာကြပါစေကုန်သတည်း။
ဟူ၍ ၅ ကြိမ်၊ ၅ ခါတိတိ ရွတ်ဆိုဆုတောင်းပေးရပါမည်။ ကဆုန်လပြည့်နေ့
မှစ၍ ကံပွင့်ကံမြင့် အကြံအစည် အလုပ်အကိုင်များ အောင်မြင်ကြပါစေ။ ဆရာကျော်ဇောဟိန်း ဟောခန်း – 34 လမ်း 73 လမ်းနှင့် 74 လမ်းကြား၊ မောရဂီဝါရပ်ကွက်၊ မန္တလေးမြို့။ Ph – 09 2560 299 06, 09 766 470 530။