ေတာ္လိုက္တဲ့ ကေလာင္စြမ္းပါ တကယ္ခ်ီးက်ဴးပါတယ္ ခရမ္းျပာရဲ႕ မ်ိဳးဆက္ Gen Z သမီးလတ္ေရးတဲ့ ဗိုလ္ခ်ဳပ္ေမြးေန႔ အတြက္ ကဗ်ာ…

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ေတာ္လိုက္တဲ့ ကေလာင္စြမ္းပါ

တကယ္ခ်ီးက်ဴးပါတယ္

ခရမ္းျပာရဲ႕ မ်ိဳးဆက္ Gen Z သမီးလတ္ေရးတဲ့

ဗိုလ္ခ်ဳပ္ေမြးေန႔ အတြက္ ကဗ်ာ…

ဗိုလ္ခ်ဳပ္ေရ..
ေမြးေန႔မွာေပ်ာ္႐ႊင္ပါေစလို႔ေျပာရင္
မ်က္ႏွာေျပာင္တိုက္ရာက်မလား..

ကိုယ္တည္ခဲ့တဲ့တပ္က
ကိုယ့္သမီးကိုျပန္သိမ္းတဲ့အျဖစ္
ဗိုလ္ခ်ဳပ္ရင္မွာ စူးနင့္ေနမွာေပါ့..

ငါက ဒီက်ည္ဆယ့္သုံးခ်က္ကိုေလ
တိုင္းျပည္ကိုကယ္ဖို႔
ျပည္သူေတြအတြက္ အပစၡံခဲ့တာၾကလို႔
တိုင္းျပည္ကိုရဖို႔
ျပည္သူကို ေသနတ္နဲ႔ပစ္တဲ့သူေတြကို
ရွင္းျပခ်င္ေနမလား..

သမိုင္းသင္တာ မ အ ေအာင္လို႔တဲ့ ဗိုလ္ခ်ဳပ္ရဲ႕..
သမိုင္းအမွန္ေတြအေမွာင္ခ်ၿပီး
သကၠရာဇ္ေတြက်က္ရမွ သမိုင္းအစစ္
ရာဇဝင္႐ိုင္းသြားတဲ့
ရွစ္မွတ္တန္YMBAႀကီးရဲ႕အျဖစ္ကိုေလ

ေနာက္မ်ိဳးဆက္ေတြရဲ႕သမိုင္းမွာေတာ့
အမွန္အတိုင္း ခ်ျပခ်င္ပါရဲ႕..
မ အ ဖို႔ဆိုတာ သမိုင္းက စစ္ဦးမွ..
ေၾကာက္ေခတ္က မျဖစ္ဦးမွ..

ဗိုလ္ခ်ဳပ္ေရ ရယ္ေတာ့ရယ္ရသား..
အဂၤလိပ္လက္ေအာက္ကလြတ္ဖို႔
တပ္ကိုအားကိုးခဲ့ရတဲ့ေခတ္ကေန
တပ္လက္ေအာက္ကလြတ္ဖို႔
အဂၤလိပ္ကို အကူအညီေတာင္းေနရတဲ့အျဖစ္ေတြ..

ျပည္သူေတြေအးခ်မ္းဖို႔
ရာဇဝတ္သားေတြဖမ္းတဲ့ေထာင္မွာ
ျပည္သူေတြကိုထည့္ဖို႔
ရာဇဝတ္သားေတြကိုလႊတ္တယ္..

အစိုးရကိုလႊတ္ေပးဖို႔ကိုေတာ့
သူပုန္ေတြကေတာင္းဆို
ရဲေတြအၾကမ္းဖက္လို႔ ျပည္သူနဲ႔တိုင္ရသတဲ့..

မ်က္ရည္ေတြၾကားက ရယ္စရာအျဖစ္ေတြေလ..
“ေနာက္မ်ိဳးဆက္အတြက္ပါ
ငါတို႔က႐ိုးေနၿပီ”ဆိုတဲ့စာကို
ျမင္ရေတာ့လည္း ရယ္ေနရင္းနဲ႔ပဲ ရင္ေတြနာရတယ္..

ဘဝ‌ ေတြ ဟာ
လြယ္လြယ္ေလးတည္ေဆာက္ထားရတာ မဟုတ္ေၾကာင္း
သူ႔ဘဝတစ္ခုအတြက္
ဘဝေပါင္းမ်ားစြာ လြယ္လြယ္ခ်နင္းလိုက္တဲ့သူကို
ဘယ္လိုေျပာရင္နားလည္ႏိုင္မလဲ ဗိုလ္ခ်ဳပ္ရယ္..

ပန္းေတြမေႂကြသင့္ဘဲ ေႂကြရတဲ့အခါ
မ်က္ရည္ေတြသုတ္ရင္း ေတာက္ ေခါက္ရတယ္…

ဗိုလ္ခ်ဳပ္ေရ..
ျပည္သူေတြ အိပ္ေကာင္းခ်င္းမအိပ္ရတာ ဆယ့္သုံးရက္

ဗိုလ္ခ်ဳပ္ေရ..
အိမ္ကဆူရင္ depression ဝင္ခ်င္တဲ့ မ်ိဳးဆက္
ေသနတ္ေတြခ်ိန္ထားတဲ့ လမ္းေပၚထြက္တာ ဆယ့္သုံးရက္

ဗိုလ္ခ်ဳပ္ေရ..
ေကာက္႐ိုးမီးလိုလူမ်ိဳး ဖြဲမီးလိုမၿငိမ္းတာ ဆယ့္သုံးရက္

ဗိုလ္ခ်ဳပ္ေရ..
အပတ္တိုင္းေမွ်ာ္ေနတဲ့ ကိုရီးယားကား ဇာတ္သိမ္းထြက္တာပါေမ့
နားေထာင္ေနက်သီခ်င္းေတြအစား ေသြးသစၥာပဲဆိုေနမိတယ္..

ဗိုလ္ခ်ဳပ္ေရ..
အနာဂတ္ေတြ မျမင္ရတာ ဆယ့္သုံးရက္..
အာဏာရွင္စနစ္ရဲ႕ စနစ္တက်႐ိုက္သြင္းခံထားရတဲ့
အေၾကာက္တရားနဲ႔စိတ္ဒဏ္ရာေတြ ရခဲ့ဖူးသူေတြဟာ
ငါတို႔ ေၾကာက္တတ္ခဲ့လို႔ အသက္ရွင္တာတဲ့..

တကယ္ေတာ့ ေၾကာက္တတ္မွန္းသိလို႔ ျပန္လာရဲၾကတာ
ေၾကာက္ေနရင္ ထပ္လာၾကဦးမွာ
ေၾကာက္တတ္လို႔ လူမေသတာကလြဲရင္
ဘေဝၾတကိုအခါခါ သတ္ေနၾကဦးမွာ ဗိုလ္ခ်ဳပ္ရဲ႕…

မေၾကာက္ဘူးလားလို႔ ေမးရင္လည္း
ေၾကာက္တာေပါ့ ဗိုလ္ခ်ဳပ္ရယ္..
အခုေၾကာက္ရင္ တစ္သက္လုံးေၾကာက္သြားရမွာသိလို႔
ေၾကာက္ရမွာ ပိုေၾကာက္တယ္..

ဒါေပမယ့္ စိတ္ခ်ပါ ဗိုလ္ခ်ဳပ္ရဲ႕..
ျပည့္သူ႔က်ိန္စာဟာ
သံပုံးတီးသံေတြနဲ႔အတူ သက္ေရာက္ေစမွာ..

ျပည္သူ႔ေမတၱာဟာ စကၠန္႔တိုင္းမိနစ္တိုင္းမွာ စူးေနမွာ..
ျပည္သူ႔အသံဟာ စစ္အာဏာရွင္စနစ္
မက်ဆုံးမခ်င္းညံေနမွာ..

ဗိုလ္ခ်ဳပ္ဘက္မွာ ျပည္သူေတြရွိတယ္..

ဗိုလ္ခ်ဳပ္သမီးဘက္မွာ ျပည္သူေတြရွိတယ္..

ျပည္သူေတြဘက္မွာလည္း ျပည္သူေတြရွိေနတယ္..

ျပည္သူေတြကိုထိရင္ ျပည္သူေတြနဲ႔ၿငိမယ္..

ျပည္သူကို ျပည္သူက ေစာင့္ေရွာက္ႏိုင္တဲ့ ႏိုင္ငံ

ျပည္သူကို ျပည္သူက ရွာေကြၽးႏိုင္တဲ့ႏိုင္ငံထက္

ဘယ္ႏိုင္ငံကမ်ား ဒီမိုကေရစီနဲ႔ ထိုက္တန္ေသးလို႔လဲ..

ဗိုလ္ခ်ဳပ္ေရ ေမြးေန႔မွာေပ်ာ္႐ႊင္ပါေစ
ေမြးေန႔လက္ေဆာင္အျဖစ္ ပဲျပဳတ္နဲ႔နံျပားအျပင္
ျပည္သူေတြရဲ႕သတင္းေကာင္းပါ မၾကာခင္ေပးပါရေစ…

13/2/2021
ဗိုလ္ခ်ဳပ္အသက္106ႏွစ္ျပည့္ေမြးေန႔
# Crd Kha Kha

Unicode

တော်လိုက်တဲ့ ကလောင်စွမ်းပါ
တကယ်ချီးကျူးပါတယ်

ခရမ်းပြာရဲ့ မျိုးဆက် Gen Z သမီးလတ်ရေးတဲ့ ဗိုလ်ချုပ်မွေးနေ့ အတွက် ကဗျာ…

ဗိုလ်ချုပ်ရေ..
မွေးနေ့မှာပျော်ရွှင်ပါစေလို့ပြောရင်
မျက်နှာပြောင်တိုက်ရာကျမလား..

ကိုယ်တည်ခဲ့တဲ့တပ်က
ကိုယ့်သမီးကိုပြန်သိမ်းတဲ့အဖြစ်
ဗိုလ်ချုပ်ရင်မှာ စူးနင့်နေမှာပေါ့..

ငါက ဒီကျည်ဆယ့်သုံးချက်ကိုလေ
တိုင်းပြည်ကိုကယ်ဖို့
ပြည်သူတွေအတွက် အပစ္ခံခဲ့တာကြလို့
တိုင်းပြည်ကိုရဖို့
ပြည်သူကို သေနတ်နဲ့ပစ်တဲ့သူတွေကို
ရှင်းပြချင်နေမလား..

သမိုင်းသင်တာ မ အ အောင်လို့တဲ့ ဗိုလ်ချုပ်ရဲ့..
သမိုင်းအမှန်တွေအမှောင်ချပြီး
သက္ကရာဇ်တွေကျက်ရမှ သမိုင်းအစစ်
ရာဇဝင်ရိုင်းသွားတဲ့
ရှစ်မှတ်တန်YMBAကြီးရဲ့အဖြစ်ကိုလေ

နောက်မျိုးဆက်တွေရဲ့သမိုင်းမှာတော့
အမှန်အတိုင်း ချပြချင်ပါရဲ့..
မ အ ဖို့ဆိုတာ သမိုင်းက စစ်ဦးမှ..
ကြောက်ခေတ်က မဖြစ်ဦးမှ..

ဗိုလ်ချုပ်ရေ ရယ်တော့ရယ်ရသား..
အင်္ဂလိပ်လက်အောက်ကလွတ်ဖို့
တပ်ကိုအားကိုးခဲ့ရတဲ့ခေတ်ကနေ
တပ်လက်အောက်ကလွတ်ဖို့
အင်္ဂလိပ်ကို အကူအညီတောင်းနေရတဲ့အဖြစ်တွေ..

ပြည်သူတွေအေးချမ်းဖို့
ရာဇဝတ်သားတွေဖမ်းတဲ့ထောင်မှာ
ပြည်သူတွေကိုထည့်ဖို့
ရာဇဝတ်သားတွေကိုလွှတ်တယ်..

အစိုးရကိုလွှတ်ပေးဖို့ကိုတော့
သူပုန်တွေကတောင်းဆို
ရဲတွေအကြမ်းဖက်လို့ ပြည်သူနဲ့တိုင်ရသတဲ့..

မျက်ရည်တွေကြားက ရယ်စရာအဖြစ်တွေလေ..
“နောက်မျိုးဆက်အတွက်ပါ
ငါတို့ကရိုးနေပြီ”ဆိုတဲ့စာကို
မြင်ရတော့လည်း ရယ်နေရင်းနဲ့ပဲ ရင်တွေနာရတယ်..

ဘဝ‌ တွေ ဟာ
လွယ်လွယ်လေးတည်ဆောက်ထားရတာ မဟုတ်ကြောင်း
သူ့ဘဝတစ်ခုအတွက်
ဘဝပေါင်းများစွာ လွယ်လွယ်ချနင်းလိုက်တဲ့သူကို
ဘယ်လိုပြောရင်နားလည်နိုင်မလဲ ဗိုလ်ချုပ်ရယ်..

ပန်းတွေမကြွေသင့်ဘဲ ကြွေရတဲ့အခါ
မျက်ရည်တွေသုတ်ရင်း တောက် ခေါက်ရတယ်…

ဗိုလ်ချုပ်ရေ..
ပြည်သူတွေ အိပ်ကောင်းချင်းမအိပ်ရတာ ဆယ့်သုံးရက်

ဗိုလ်ချုပ်ရေ..
အိမ်ကဆူရင် depression ဝင်ချင်တဲ့ မျိုးဆက်
သေနတ်တွေချိန်ထားတဲ့ လမ်းပေါ်ထွက်တာ ဆယ့်သုံးရက်

ဗိုလ်ချုပ်ရေ..
ကောက်ရိုးမီးလိုလူမျိုး ဖွဲမီးလိုမငြိမ်းတာ ဆယ့်သုံးရက်

ဗိုလ်ချုပ်ရေ..
အပတ်တိုင်းမျှော်နေတဲ့ ကိုရီးယားကား ဇာတ်သိမ်းထွက်တာပါမေ့
နားထောင်နေကျသီချင်းတွေအစား သွေးသစ္စာပဲဆိုနေမိတယ်..

ဗိုလ်ချုပ်ရေ..
အနာဂတ်တွေ မမြင်ရတာ ဆယ့်သုံးရက်..
အာဏာရှင်စနစ်ရဲ့ စနစ်တကျရိုက်သွင်းခံထားရတဲ့
အကြောက်တရားနဲ့စိတ်ဒဏ်ရာတွေ ရခဲ့ဖူးသူတွေဟာ
ငါတို့ ကြောက်တတ်ခဲ့လို့ အသက်ရှင်တာတဲ့..

တကယ်တော့ ကြောက်တတ်မှန်းသိလို့ ပြန်လာရဲကြတာ
ကြောက်နေရင် ထပ်လာကြဦးမှာ
ကြောက်တတ်လို့ လူမသေတာကလွဲရင်
ဘဝေတြကိုအခါခါ သတ်နေကြဦးမှာ ဗိုလ်ချုပ်ရဲ့…

မကြောက်ဘူးလားလို့ မေးရင်လည်း
ကြောက်တာပေါ့ ဗိုလ်ချုပ်ရယ်..
အခုကြောက်ရင် တစ်သက်လုံးကြောက်သွားရမှာသိလို့
ကြောက်ရမှာ ပိုကြောက်တယ်..

ဒါပေမယ့် စိတ်ချပါ ဗိုလ်ချုပ်ရဲ့..
ပြည့်သူ့ကျိန်စာဟာ
သံပုံးတီးသံတွေနဲ့အတူ သက်ရောက်စေမှာ..

ပြည်သူ့မေတ္တာဟာ စက္ကန့်တိုင်းမိနစ်တိုင်းမှာ စူးနေမှာ..
ပြည်သူ့အသံဟာ စစ်အာဏာရှင်စနစ်
မကျဆုံးမချင်းညံနေမှာ..

ဗိုလ်ချုပ်ဘက်မှာ ပြည်သူတွေရှိတယ်..

ဗိုလ်ချုပ်သမီးဘက်မှာ ပြည်သူတွေရှိတယ်..

ပြည်သူတွေဘက်မှာလည်း ပြည်သူတွေရှိနေတယ်..

ပြည်သူတွေကိုထိရင် ပြည်သူတွေနဲ့ငြိမယ်..

ပြည်သူကို ပြည်သူက စောင့်ရှောက်နိုင်တဲ့ နိုင်ငံ

ပြည်သူကို ပြည်သူက ရှာကျွေးနိုင်တဲ့နိုင်ငံထက်

ဘယ်နိုင်ငံကများ ဒီမိုကရေစီနဲ့ ထိုက်တန်သေးလို့လဲ..

ဗိုလ်ချုပ်ရေ မွေးနေ့မှာပျော်ရွှင်ပါစေ
မွေးနေ့လက်ဆောင်အဖြစ် ပဲပြုတ်နဲ့နံပြားအပြင်
ပြည်သူတွေရဲ့သတင်းကောင်းပါ မကြာခင်ပေးပါရစေ…

13/2/2021
ဗိုလ်ချုပ်အသက်106နှစ်ပြည့်မွေးနေ့
# Crd Kha Kha