ဘဝမွာေနာင္တအရဆုံးက ပိႏၷဲသီးစားၿပီး အေစ့ကို လႊင့္ပစ္ခဲ့မိတာပဲ(ေျပာမဆုံးႏိုင္တဲ့ က်န္းမာေရးေကာင္းက်ိဳးေတြ)
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဘဝမွာေနာင္တအရဆုံးက ပိႏၷဲသီးစားၿပီး အေစ့ကို လႊင့္ပစ္ခဲ့မိတာပဲ
ပိႏၷဲသီး စားၿပီးရင္ အေစ့ေတြကို လႊင့္ပစ္ခဲ့တာ ေနာင္တရမိတယ္
ပိႏၷဲေစ့ ေတြ လႊင့္မပစ္သင့္တဲ့အေၾကာင္းရင္း
ပိႏၷဲသီး စားတဲ့အခါ မ်ားေသာအား ျဖင့္ေတာ့ အေစ့ေတြကို လႊင့္ပစ္ ေလ့ရွိၾကပါတယ္။
တကယ္ေတာ့ ပိႏၷဲေစ့မွာ ေျပာမဆုံးႏိုင္တဲ့
က်န္းမာေရးေကာင္းက်ိဳးေတြ ရွိတယ္ဆိုတာသိထားၿပီး အက်ိဳးရွိရွိသုံးႏိုင္ေအာင္လို႔ ေဖာ္ျပေပးလိုက္ပါ တယ္။
အေရးအေၾကာင္းမ်ား သက္သာေစျခင္း
ပိႏၷဲေစ့တစ္ေစ့ကို ႏြားႏို႔ေအးေအးထဲမွာ ခဏစိမ္ထားၿပီး အႏွစ္ျဖစ္တဲ့အထိ ႀကိတ္ေျခပါ။
မ်က္ႏွာေပၚက အေရးအေၾကာင္းရွိတဲ့ ေနရာေတြကို ပိႏၷဲေစ့အႏွစ္နဲ႔ သုတ္လိမ္းေပးရင္ ေလး၊ ငါးပတ္အတြင္း ထူးျခားလာတာေတြ႕ ရမွာပါ။
အသားအေရာင္ေကာင္းေစျခင္း
ပိႏၷဲေစ့မွာ အမွ်င္ဓာတ္ႂကြယ္ဝတဲ့အတြက္ ဝမ္းခ်ဳပ္တာေတြကို ကာကြယ္ေပးႏိုင္ပါတယ္။
ခႏၶာကိုယ္တြင္း အညစ္အေၾကးေတြကို စြန႔္ထုတ္ေစတဲ့အတြက္ အသားအေရာင္ ကိုလည္း ေကာင္းေစပါတယ္။
အမာ႐ြတ္ေပ်ာက္ေစျခင္း
အသားအေရအျပစ္အနာအဆာကင္းေစခ်င္ရင္လည္း ပိႏၷဲေစ့က ကူညီေပးႏိုင္ပါတယ္။
အေျခာက္လွန္းထားတဲ့ ပိႏၷဲေစ့အနည္းငယ္ကို ႏြားႏို႔နဲ႔ ပ်ားရည္ေရာ ထားတဲ့အထဲမွာ စိမ္ထားၿပီး အႏွစ္ရေအာင္ႀကိတ္ေျခပါ။
အဲဒီအႏွစ္ကို မ်က္ႏွာပဲျဖစ္ျဖစ္၊ အျခားေနရာမွာပဲျဖစ္ျဖစ္ သုတ္လိမ္းေပါင္းတင္ထားၿပီး ေရနဲ႔ေဆးေၾကာေပးတာမ်ိဳး လုပ္ေပးႏိုင္ပါတယ္။
ကင္ဆာေရာဂါကာကြယ္ေပးျခင္း
ပိႏၷဲေစ့ဟာ အသားဓာတ္ ႂကြယ္ဝသလို ကင္ဆာဆဲလ္ေတြကို တိုက္ဖ်က္ႏိုင္စြမ္းလည္းရွိပါတယ္
ဆံပင္သန္ေစျခင္း
ပိႏၷဲေစ့ေတြဟာ ေသြးလည္ပတ္မႈကို ေကာင္းေစပါ တယ္။
ဆံသားသန္စြမ္းက်န္းမာဖို႔ဆိုတာလည္း ေသြးလည္ပတ္မႈ ေကာင္းတာနဲ႔ သက္ဆိုင္တဲ့အတြက္ ပိႏၷဲေစ့က ဆံပင္အတြက္ပါ အက်ိဳးျပဳပါတယ္။
အစာေၾကေစျခင္း
အစာေျခအဂၤါအဖြဲ႕အစည္းမွာ ျပႆနာတစ္ခုခုရွိေနရင္ အသည္းကိုဒုကၡေပးႏိုင္သလို ဆံပင္ကြၽတ္တာေတြ လည္း ျဖစ္ေစပါတယ္။
ပိႏၷဲေစ့စားေပးရင္ အစာေကာင္းစြာေၾကညက္ေစသလို အသည္းက်န္းမာေရးအတြက္လည္း အေထာက္အကူျပဳၿပီး ဆံပင္ကြၽတ္တဲ့ျပႆနာပါ ေျဖရွင္း ၿပီးသားျဖစ္ေစမွာပါ။
ပိႏၷဲေစ့ကို အစိမ္းအတိုင္းစားတာအျပင္ ျပဳတ္စားဟင္းခ်က္ စားႏိုင္သလို ပိႏၷဲေစ့ကို အေျခာက္ လွန္းအမႈန႔္ျပဳလုပ္ၿပီး ဟင္းခ်က္တဲ့အထဲ ထည့္စားႏိုင္ပါတယ္။
Credit: 7day daily
Unicode
ဘဝမှာနောင်တအရဆုံးက ပိန္နဲသီးစားပြီး အစေ့ကို လွှင့်ပစ်ခဲ့မိတာပဲ
ပိန္နဲသီး စားပြီးရင် အစေ့တွေကို လွှင့်ပစ်ခဲ့တာ နောင်တရမိတယ်
ပိန္နဲစေ့ တွေ လွှင့်မပစ်သင့်တဲ့အကြောင်းရင်း
ပိန္နဲသီး စားတဲ့အခါ များသောအား ဖြင့်တော့ အစေ့တွေကို လွှင့်ပစ် လေ့ရှိကြပါတယ်။
တကယ်တော့ ပိန္နဲစေ့မှာ ပြောမဆုံးနိုင်တဲ့
ကျန်းမာရေးကောင်းကျိုးတွေ ရှိတယ်ဆိုတာသိထားပြီး အကျိုးရှိရှိသုံးနိုင်အောင်လို့ ဖော်ပြပေးလိုက်ပါ တယ်။
အရေးအကြောင်းများ သက်သာစေခြင်း
ပိန္နဲစေ့တစ်စေ့ကို နွားနို့အေးအေးထဲမှာ ခဏစိမ်ထားပြီး အနှစ်ဖြစ်တဲ့အထိ ကြိတ်ခြေပါ။
မျက်နှာပေါ်က အရေးအကြောင်းရှိတဲ့ နေရာတွေကို ပိန္နဲစေ့အနှစ်နဲ့ သုတ်လိမ်းပေးရင် လေး၊ ငါးပတ်အတွင်း ထူးခြားလာတာတွေ့ ရမှာပါ။
အသားအရောင်ကောင်းစေခြင်း
ပိန္နဲစေ့မှာ အမျှင်ဓာတ်ကြွယ်ဝတဲ့အတွက် ဝမ်းချုပ်တာတွေကို ကာကွယ်ပေးနိုင်ပါတယ်။
ခန္ဓာကိုယ်တွင်း အညစ်အကြေးတွေကို စွန့်ထုတ်စေတဲ့အတွက် အသားအရောင် ကိုလည်း ကောင်းစေပါတယ်။
အမာရွတ်ပျောက်စေခြင်း
အသားအရေအပြစ်အနာအဆာကင်းစေချင်ရင်လည်း ပိန္နဲစေ့က ကူညီပေးနိုင်ပါတယ်။
အခြောက်လှန်းထားတဲ့ ပိန္နဲစေ့အနည်းငယ်ကို နွားနို့နဲ့ ပျားရည်ရော ထားတဲ့အထဲမှာ စိမ်ထားပြီး အနှစ်ရအောင်ကြိတ်ခြေပါ။
အဲဒီအနှစ်ကို မျက်နှာပဲဖြစ်ဖြစ်၊ အခြားနေရာမှာပဲဖြစ်ဖြစ် သုတ်လိမ်းပေါင်းတင်ထားပြီး ရေနဲ့ဆေးကြောပေးတာမျိုး လုပ်ပေးနိုင်ပါတယ်။
ကင်ဆာရောဂါကာကွယ်ပေးခြင်း
ပိန္နဲစေ့ဟာ အသားဓာတ် ကြွယ်ဝသလို ကင်ဆာဆဲလ်တွေကို တိုက်ဖျက်နိုင်စွမ်းလည်းရှိပါတယ်
ဆံပင်သန်စေခြင်း
ပိန္နဲစေ့တွေဟာ သွေးလည်ပတ်မှုကို ကောင်းစေပါ တယ်။
ဆံသားသန်စွမ်းကျန်းမာဖို့ဆိုတာလည်း သွေးလည်ပတ်မှု ကောင်းတာနဲ့ သက်ဆိုင်တဲ့အတွက် ပိန္နဲစေ့က ဆံပင်အတွက်ပါ အကျိုးပြုပါတယ်။
အစာကြေစေခြင်း
အစာခြေအင်္ဂါအဖွဲ့အစည်းမှာ ပြဿနာတစ်ခုခုရှိနေရင် အသည်းကိုဒုက္ခပေးနိုင်သလို ဆံပင်ကျွတ်တာတွေ လည်း ဖြစ်စေပါတယ်။
ပိန္နဲစေ့စားပေးရင် အစာကောင်းစွာကြေညက်စေသလို အသည်းကျန်းမာရေးအတွက်လည်း အထောက်အကူပြုပြီး ဆံပင်ကျွတ်တဲ့ပြဿနာပါ ဖြေရှင်း ပြီးသားဖြစ်စေမှာပါ။
ပိန္နဲစေ့ကို အစိမ်းအတိုင်းစားတာအပြင် ပြုတ်စားဟင်းချက် စားနိုင်သလို ပိန္နဲစေ့ကို အခြောက် လှန်းအမှုန့်ပြုလုပ်ပြီး ဟင်းချက်တဲ့အထဲ ထည့်စားနိုင်ပါတယ်။
Credit: 7day daily