လူထုလှုပ်ရှားမှုတွေမှာ ပါဝင်သလို အလှူတွေလည်းလုပ်ပေမယ့် ပရိတ်သတ်တွေရဲ့ ဝေဖန်ခံနေရတာတွေကို ဒဲ့ ဖြေရှင်းလိုက်တဲ့ ရွှေမှုံရတီ

Zaw Gyi










ဖုန်းလဲထားခဲ့ပါတယ်








Na Nge(WIP)

Unicode

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရ ယူထားနိုင်ခဲ့တဲ့ ရွှေမှုံလိုလည်း ခေါ်ကြသလို ခင်မင်တဲ့သူတွေက “သဲ” လို့လည်း ခေါ်တဲ့

သရုပ်ဆောင်မင်းသမီးချောရွှေမှုံရတီကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း

ကိုယ်တိုင်ပါဝင်နေတာဖြစ်သလို ပါဝင်နေကြတဲ့ ပြည်သူတွေကိုလည်း စားစရာတွေလှူဒါန်းလေ့ရှိတာ ဖြစ်ပေမယ့်

သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ၄င်းမှတ်တမ်းတွေကို ဖော်ပြခြင်းမရှိတာကြောင့် ပရိသတ်အချို့က ရွှေမှုံကို အားမလိုအားမရ တွေဖြစ်နေကြပါတယ်။

ပြည်သူတွေနဲ့အတူ တစ်သွေးတည်းတစ်သားတည်းရပ်တည်နေပြီး လူထု လှုပ်ရှားမှုတွေမှာ မိသားစုလိုက်ပါဝင်နေကာ အလှူတွေ လုပ်ဖြစ်နေတဲ့အကြောင်းတွေကို

ရွှေမှုန်လေးက သူမရဲ့လူမှုကွန်ယက် စာမျက်နှာ ကနေ အသိပေးရေးသားထားတာပါ။

“နွေဦးတော် လှန် ရေးမှာ ကျွန်မ တို့မိသားစု

ဆန္ဒလဲထွက်ပြသလို အလှူလဲ လုပ်နိုင်တဲ့ အပိုင်း က အကုန်လုပ်နေပါတယ်

အချိန်နဲ့ တပြေး ညီ မတင်နိုင်တာပဲရှိတာပါ

ဖုန်းလဲထားခဲ့ပါတယ်

မီဒီယာရှိတဲ့ ဆီလဲမသွား ဖြစ်ပါဘူး

တင်လဲပြော မတင်လဲပြော မို့ မတင်ကိုမတင်ချင်ပါဘူး

နောက်လဲ တင်ဖို့မရှိပါဘူး

တော်လှန်ရေးပြီးမှ အကုန်တင်ပေးပါမယ်🤝”

ဆိုပြီး ရွှေမှုံလေးက ရေးသားထားတာပဲဖြစ်ပါတယ်။

သူ့ရဲ့ ပိုစ့်အောက်မှာ ပရိသတ်တွေကလည်း အမှန်တရား ဘက်မှာပြည်သူတွေနဲ့ အတူရှိနေပေးတာကိုပဲ ကျေးဇူးတင်နေရပြီး အစစရာရာ ဂရုစိုက်ဖို့ကိုလည်း Comment လေးတွေမှာ မှတ်ချက်လေးတွေ ပေးထားကြတာတွေ့ရပါတယ်။

ပရိတ်သတ်ကြီးလည်း ရွှေမှုံနဲ့ပါတ်သက်တဲ့ထင်မြင်ချက်လေးတွေရှိရင် မန့် သွားခဲ့အုံးနော်။

Na Nge(WIP)
Photo- ShweMhoneYati’s Facebook