နွေဦးတော်လှန်ရေးပြီးသွားရင် ကိုယ်ဘယ်ကဏ္ဍကပါဝင်ခဲ့ကြောင်း ဂုဏ်ယူစွာပြောဖို့ အတွက်အသက်ရှင်လျှက်ရှိပေးဖို့တောင်းဆိုလိုက်တဲ့ မင်းသားချော တိုင်ရွန်

Zaw Gyi









Credit

Unicode

နွေဦးတော်လှန်ရေးစ တင်တဲ့ နေ့ရက်တွေကတည်းက ပြည်သူတွေများစွာကို ဒိုင်းတွေနဲ့ရှေ့ကနေကာကွယ်ပေးခဲ့တဲ့ တိုင်ရွန်ကတော့ အမှန်တရားဘက်ကနေ ရဲရဲဝင့်ဝင့်ရပ်တည်လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေကို ဆက်လက်ပြုလုပ်နေတဲ့တိုင်ရွန်ကတော့ နွေဦးတော်လှန်ရေးပြုလုပ်ရင်း ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတွေအတွက်လည်း တတ်နိုင်သလောက်အလှူငွေတွေကို ပေးအပ်လှူဒါန်းခဲ့ ပါသေးတယ်။

တိုင်ရွန်ကတော့ ယခုမှာ ဒီနွေဦးတော်လှန်ရေးပြီးသွားရင် ကိုယ်ဘယ်ကဏ္ဍကပါဝင်ခဲ့ကြောင်း ဂုဏ်ယူစွာပြောဖို့အတွက် အသက်ရှင်လျှက်ရှိပေးဖို့တောင်းဆိုလိုက်ပါတယ်။

တိုင်ရွန်ကတော့ ” အများကြီးနားမလည်ဘူး အဲ့ဒီတော့ ကိုယ်လုပ်နိုင်တာ ရှေ့တန်းတစ်နေရာဘဲရှိတယ် နေရာအသီးသီးကနေ တာဝန်ကျေ နေကြတဲ့ အယောက်စီတိုင်းကို လေးစားပါတယ်

ဒီအရေးတော်ပုံပြီးသွားရင် ခင်များတို့နဲ့ မျက်နှာချင်းဆိုင်ပြီး တစ်ယောက်နဲ့ တစ်ယောက် ဘယ်လို အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြလဲဆိုတာ ဂုဏ်ယူပြီး ပြောကြတာပေါ့ဗျာ အားလုံး အသက်ရှင် လျှက်ရှိရမယ် ကတိပေးပါ Gen Y “ဆိုပြီး ရေးသားထားခဲ့ပါတယ်။

တိုင်ရွန်ကတော့ ” ကျွန်တော် အမှားတွေအများကြီးလုပ်ခဲ့တယ် ဘုကလန့် ဂျစ်ကန်ကန် ဒေါင့်မကျိုး ရိုင်းခဲ့မိတယ် အားလုံးကိုတောင်းပန်ပါတယ် မနက်ဖြန်ဆိုတာ မသေချာတဲ့ အခြေအနေတွေမှာ

အားလုံးနဲ့ ချစ်ခင်စွာနဲ့ နေသွားချင်ပါတယ် လုပ်ခဲ့မိတာတွေအတွက်လဲ တောင်းပန်ပါတယ် ” ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသာ ထားခဲ့တာပဲဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်နေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ပြန်လည်ဖော်ပြပေး လိုက်ရပါတယ်။

Credit