အဂၤါ သားသမီးမ်ားအတြက္ ဘဝတစ္သက္စာေဟာစာတမ္း ႏွင့္ ယၾတာမ်ား
ဘ၀တစ္ဆင့္ခ်ဳိးေျပာင္းလဲျမင့္တက္သြားအံ့ စီးပြားတက္အံ့ နာမည္ဂုဏ္သတင္းေက်ာေဇာထင္ရွားအံ့ အေကာင္းေျပာ ခ်ီးမြမ္းခံရလတၱံ႔
တရားထူးအသိထူးရအံ့ ရာထူးတိုးလစာတိုးျခင္း၊အလုပ္ေနရာေကာင္းရရွိျခင္းမ်ားႀကံဳလတၱံ႔ ကံတရာ သက္ရွိသက္မဲ့ အားလံုးတို႔၏ မ်က္ႏွာသာေပးျခင္း ခံရလတၱံ႕စိတ္ထဲမွာ ျဖတ္ခနဲေပၚလာလွ်င္ ဆတ္ခနဲ ထလုပ္ပါ
ႀကီးပြားတိုးတက္ေအာင္ျမင္ခ်မ္းသာမည့္ အခြင့္အလမ္းေကာင္း ၊ အေျခအေနေကာင္း ၊ အဆက္အသြယ္ေကာင္း ၊ အႀကံေကာင္းဥာဏ္ေကာင္း ၊ မိတ္ေကာင္းေဆြေကာင္းမ်ားရလတၱံ႔
ေကာင္းေသာအႀကံအစည္ရည္ရြယ္ခ်က္မ်ားေအာင္ျမင္လတၱံ႔ စိတ္ႏွစ္ခြျဖစ္စရာမ်ား ေရြးခ်ယ္ရခက္ေသာ အေျခအေနမ်ားႀကံဳရလတၱံ႔ လူႀကီးတစ္ေယာက္၏အကူအညီ ႀကီးႀကီးမားမားရအံ့ မိတ္ေဆြရင္း ဆရာရင္းမ်ားထံမွလည္း အကူအညီေကာင္းမ်ားရအံ့
ေငြေရးေၾကးေရး – ေငြေၾကးကံ အင္မတန္ေကာင္းေနအံ့ ေရစီးသလိုေငြ၀င္ေနအံ့ ေနရာမ်ဳိးစံုက ပံုစံအမ်ဳိးမ်ဳိးႏွင့္ ေငြအ၀င္ၾကမ္းေနအံ့။ အ၀င္လည္းၾကမ္း အထြက္လည္းၾကမ္း ျဖစ္ေနအံ့
၀င္သေလာက္ သံုးျဖဳန္းမိေနအံ့ ။ မလုိအပ္သည့္ေနရာမ်ားတြင္ မသံုးမိရန္သတိျပဳပါ ေငြေၾကးကိစၥမ်ား ရဲရဲတင္းတင္းေဆာင္ရြက္ပါ
ေငြေရးေၾကးေရး အထူးယၾတာ – ေျခသည္း လက္သည္း ဆံပင္ အမႈိက္ ေကာ္ပစၥည္းအစုတ္မ်ားကို ေကာ္ဗူးအစုတ္ထဲတြင္ထည့္ၿပီး ေနာက္ေဖးတြင္ မၾကာခဏစြန္႔ရင္း ဆုေတာင္းပါ ( ၀င္လာသမွ်ေငြေတြကို မေလလြင့္ေအာင္ အထူးဂရုျပဳပါ)
ထီထိုးကံစမ္းရန္- စမူဆာႏွင့္လက္ဖက္ရည္ ဘုရားလွဴပါ သူငယ္ခ်င္းမိတ္ေဆြမ်ားကို ဒါနလုပ္ပါ ၿပီးလွ်င္(စ ဆ ဇ စ် ည ရ ယ လ ၀)ပါေသာထီဆိုင္တြင္(၃)ႏွင့္(၄)မ်ားမ်ားပါေသာ ထီလက္မွတ္ကိုေရြးထိုးပါ ပါးစပ္မွေန တာဗားႏိုး ( TAVANO) ရြတ္ၿပီးထိုးပါ …
အခ်စ္ေရး – အပ်ဳိ၊လူပ်ဳိမ်ား မိမိကိုၾကင္နာတတ္သူ မိမိကိုတန္ဖိုးထားသူမ်ားႏွင့္ခ်စ္သူျဖစ္ရတတ္ အခ်စ္ရဲ႕ခ်ိန္ၿမိန္တဲ့ အသီးအပြင့္မ်ားကို ဆြတ္ယူစားသံုးရအံ့
ခ်စ္စိတ္ေတြ ငယ္ထိပ္ေရာက္ေနအံ့ အခ်စ္ေရးမွာ ပန္းႏုေရာင္ေတြ လႊမ္းမိုးေနအံ့ မိမိထက္အဆင့္အတန္းျမင့္မားသူ ခ်မ္းသာသူမ်ားႏွင့္ ဖူးစာဆံု အိမ္ေထာင္က်လတၱံ႔
အိမ္ေထာင္ေရး – အိမ္ေထာင္ဖက္၏ ဂရုစိုက္ျခင္း၊အလိုလိုက္ျခင္း၊ေကာင္းက်ဳိးျပဳျခင္းကို ခံရလတၱံ႔
မိမိ၏လုပ္ငန္းေဆာင္တာရည္ရြယ္ခ်က္မ်ားအတြက္ အိမ္ေထာင္ဖက္ထံမွ အကူအညီေကာင္း အႀကံေကာင္း ဥာဏ္ကာင္းမ်ားရလတၱံ႔ အိမ္ေထာင္ဖက္ကို အေၾကာင္းျပဳ၍စီးပြားတက္အံ့ စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ရအံ့
အခ်စ္ေရးအိမ္ေထာင္ေရးတြင္ ၾကာသပေတးသားသမီးမ်ား၊နာမည္တြင္ ပ ဖ ဘ ဗ မ ပါေသာသူမ်ား၊ပညာေရး ၊ ဆရာအလုပ္၊ ေျမ၊ဖုန္း၊မုန္႔ ႏွင့္ပက္သက္သူမ်ား ၀င္ရႈပ္တတ္
အခ်စ္ေရးအိမ္ေထာင္ေရး အထူးယၾတာ – အေထြအထူးလုပ္ရန္မလိုပါ လုပ္ခ်င္သပဆိုလွ်င္ သူငယ္ခ်င္းမိတ္ေဆြမ်ား ေကာ္ရည္ေခါက္ဆြဲ ဒါနလုပ္ပါ
ပညာေရး – ပညာေရးကံ တအားေကာင္းေနအံ့။ဆရာေကာင္း သမားေကာင္းမ်ားထံမွ အကူအညီေကာင္း အႀကံေကာင္း ဥာဏ္ေကာင္းမ်ားရအံ့
မိမိရည္မွန္းထားသည္ထက္ ပိုမိုေအာင္ျမင္အံ့။ ပညာေရးရည္မွန္းခ်က္မ်ား ျပည့္ေျမာက္ေအာင္ျမင္လတၱံ႔
ပညာေရးကံေကာင္းေစရန္ – မနက္ေစာေစာ လက္ဖက္ရည္(၄)ခြက္၊ ႏွင္းဆီ(၇)ပြင့္၊ ေသာက္ေတာ္ေရ(၃)ခြက္၊
ဖေယာင္းတိုင္(၃)တိုင္ ဘုရားလွဴၿပီး မိမိျဖစ္ခ်င္တာကို ျပတ္ျပတ္သားသား သဲသဲကြဲကြဲ အသံထြက္ဆုေတာင္းပါ။ ခ်ဳိးမယ့္ေရထဲမွာ ေရႊရည္ ေငြရည္ ထည့္ၿပီး ေရးခ်ဳိးရင္းလည္းဆုေတာင္းပါ ( စာေမးပြဲေျဖ၊ အင္တာဗ်ဴးေျဖ၊ အလုပ္ေလ်ာက္သည့္အခါမ်ားတြင္လည္း ျပဳလုပ္ႏိုင္ပါသည္)
က်န္းမာေရး – ၀မ္းဗိုက္ ၊အဖုအပိန္႔ ၊ မ်က္လံုး ႏွင့္ ပက္သက္ေသာေရာဂါ ေ၀ဒနာမ်ား သတိထားသင့္(တပ္အပ္ျဖစ္မည္ဟု မဆိုလိုပါ သတိထားရန္ျဖစ္သည္)
က်န္းမာေရးညံ့လွ်င္ျပဳလုပ္ရမည့္ယၾတာ – ေသာၾကာေန႔ည … သံပံုး တစ္ခုထဲတြင္ မိမိ၏ ေျခသည္း ၊ လက္သည္း ၊ ဆံပင္ အနည္းငယ္ထည့္ပါ …
အက်ီအစုတ္ ၊ လံုခ်ည္အစုတ္ထည့္ပါ …ဆန္လက္တစ္ဆုပ္ထည့္ပါ …အိပ္ယာေဘးမွာ တစ္ညထားအိပ္ပါ … ေနာက္ေမ႔မနက္ စီးေနေသာေရထဲသို႔သြားေမွ်ာလုိက္ပါ …မေကာင္းတဲ့အခို္ကအညံ့ေတြ ေရာဂါေတြပါသြားပါေစလို႔ဆုေတာင္းပါ …
ပစၥည္းမ်ား အျမန္ေရာင္းထြက္ေရာင္းေကာင္းရန္ – အျမန္ေရာင္းထြက္ခ်င္တဲ့ ၊ ေရာင္းေကာင္းခ်င္တဲ့ပစၥည္းမ်ားကို ပန္းအ၀ါ (၅)ပြင့္ နဲ႔ရုိက္ေပးပါ …
ပါးစပ္ကေနၿပီးေတာ့လည္း ျပတ္ျပတ္သားသား ဆုေတာင္းပါ …ဘယ္ေန႔ ဘယ္ခ်ိန္မဆို ဥာဏ္ရွိသလိုုလုပ္ပါ …
ယၾတာ မည့္သည့္ေန႔တြင္မဆို မနက္(၇)နာရီ (၄၀) မိနစ္တိတိတြင္ ယို(၄)ပြဲ ၊ ႏွင္းဆီ(၇)ပြင့္ ၊ ႏြားႏို႔(၃)ခြက္ ၊ ေသာက္ေတာ္ေရ (၃)ခြက္ ၊ ဖေယာင္းတိုင္ (၃) တိုင္ ၊ ကို
မိမိေနအိမ္ဘုရားတြင္ လွဴဒါန္းဆုေတာင္းျခင္းျဖင့္ တစ္ႏွစ္တာလံုး အခိုက္အည့ံမ်ား ကင္းစင္ေၾကေပ်ာက္ၿပီး အႀကံအစည္မ်ားေအာင္ျမင္လတၱံ႔ (အေၾကာင္းရွိတိုင္း မၾကာခဏျပဳလုပ္ႏိုင္သည္)
(ေလးစားမႈျဖင့္ ခရက္ဒစ္) မင္းသိမ္းခိုင္ – ေရႊရမ္းထူးလင္း
ယူနီကုဒ္ျဖင့္ ဖတ္ရန္
ဘဝတစ်ဆင့်ချိုးပြောင်းလဲမြင့်တက်သွားအံ့ စီးပွားတက်အံ့ နာမည်ဂုဏ်သတင်းကျောဇောထင်ရှားအံ့ အကောင်းပြော ချီးမွမ်းခံရလတ္တံ့
တရားထူးအသိထူးရအံ့ ရာထူးတိုးလစာတိုးခြင်း၊အလုပ်နေရာကောင်းရရှိခြင်းများကြုံလတ္တံ့ ကံတရာ သက်ရှိသက်မဲ့ အားလုံးတို့၏ မျက်နှာသာပေးခြင်း ခံရလတ္တံ့စိတ်ထဲမှာ ဖြတ်ခနဲပေါ်လာလျှင် ဆတ်ခနဲ ထလုပ်ပါ
ကြီးပွားတိုးတက်အောင်မြင်ချမ်းသာမည့် အခွင့်အလမ်းကောင်း ၊ အခြေအနေကောင်း ၊ အဆက်အသွယ်ကောင်း ၊ အကြံကောင်းဉာဏ်ကောင်း ၊ မိတ်ကောင်းဆွေကောင်းများရလတ္တံ့
ကောင်းသောအကြံအစည်ရည်ရွယ်ချက်များအောင်မြင်လတ္တံ့ စိတ်နှစ်ခွဖြစ်စရာများ ရွေးချယ်ရခက်သော အခြေအနေများကြုံရလတ္တံ့ လူကြီးတစ်ယောက်၏အကူအညီ ကြီးကြီးမားမားရအံ့ မိတ်ဆွေရင်း ဆရာရင်းများထံမှလည်း အကူအညီကောင်းများရအံ့
ငွေရေးကြေးရေး – ငွေကြေးကံ အင်မတန်ကောင်းနေအံ့ ရေစီးသလိုငွေဝင်နေအံ့ နေရာမျိုးစုံက ပုံစံအမျိုးမျိုးနှင့် ငွေအဝင်ကြမ်းနေအံ့။ အဝင်လည်းကြမ်း အထွက်လည်းကြမ်း ဖြစ်နေအံ့
ဝင်သလောက် သုံးဖြုန်းမိနေအံ့ ။ မလိုအပ်သည့်နေရာများတွင် မသုံးမိရန်သတိပြုပါ ငွေကြေးကိစ္စများ ရဲရဲတင်းတင်းဆောင်ရွက်ပါ
ငွေရေးကြေးရေး အထူးယတြာ – ခြေသည်း လက်သည်း ဆံပင် အမှိုက် ကော်ပစ္စည်းအစုတ်များကို ကော်ဗူးအစုတ်ထဲတွင်ထည့်ပြီး နောက်ဖေးတွင် မကြာခဏစွန့်ရင်း ဆုတောင်းပါ ( ဝင်လာသမျှငွေတွေကို မလေလွင့်အောင် အထူးဂရုပြုပါ)
ထီထိုးကံစမ်းရန်- စမူဆာနှင့်လက်ဖက်ရည် ဘုရားလှူပါ သူငယ်ချင်းမိတ်ဆွေများကို ဒါနလုပ်ပါ ပြီးလျှင်(စ ဆ ဇ ဈ ည ရ ယ လ ဝ)ပါသောထီဆိုင်တွင်(၃)နှင့်(၄)များများပါသော ထီလက်မှတ်ကိုရွေးထိုးပါ ပါးစပ်မှနေ တာဗားနိုး ( TAVANO) ရွတ်ပြီးထိုးပါ …
အချစ်ရေး – အပျို၊လူပျိုများ မိမိကိုကြင်နာတတ်သူ မိမိကိုတန်ဖိုးထားသူများနှင့်ချစ်သူဖြစ်ရတတ် အချစ်ရဲ့ချိန်မြိန်တဲ့ အသီးအပွင့်များကို ဆွတ်ယူစားသုံးရအံ့
ချစ်စိတ်တွေ ငယ်ထိပ်ရောက်နေအံ့ အချစ်ရေးမှာ ပန်းနုရောင်တွေ လွှမ်းမိုးနေအံ့ မိမိထက်အဆင့်အတန်းမြင့်မားသူ ချမ်းသာသူများနှင့် ဖူးစာဆုံ အိမ်ထောင်ကျလတ္တံ့
အိမ်ထောင်ရေး – အိမ်ထောင်ဖက်၏ ဂရုစိုက်ခြင်း၊အလိုလိုက်ခြင်း၊ကောင်းကျိုးပြုခြင်းကို ခံရလတ္တံ့
မိမိ၏လုပ်ငန်းဆောင်တာရည်ရွယ်ချက်များအတွက် အိမ်ထောင်ဖက်ထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကာင်းများရလတ္တံ့ အိမ်ထောင်ဖက်ကို အကြောင်းပြု၍စီးပွားတက်အံ့ စိတ်ချမ်းသာ ပျော်ရွှင်ရအံ့
အချစ်ရေးအိမ်ထောင်ရေးတွင် ကြာသပတေးသားသမီးများ၊နာမည်တွင် ပ ဖ ဘ ဗ မ ပါသောသူများ၊ပညာရေး ၊ ဆရာအလုပ်၊ မြေ၊ဖုန်း၊မုန့် နှင့်ပက်သက်သူများ ဝင်ရှုပ်တတ်
အချစ်ရေးအိမ်ထောင်ရေး အထူးယတြာ – အထွေအထူးလုပ်ရန်မလိုပါ လုပ်ချင်သပဆိုလျှင် သူငယ်ချင်းမိတ်ဆွေများ ကော်ရည်ခေါက်ဆွဲ ဒါနလုပ်ပါ
ပညာရေး – ပညာရေးကံ တအားကောင်းနေအံ့။ဆရာကောင်း သမားကောင်းများထံမှ အကူအညီကောင်း အကြံကောင်း ဉာဏ်ကောင်းများရအံ့
မိမိရည်မှန်းထားသည်ထက် ပိုမိုအောင်မြင်အံ့။ ပညာရေးရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်လတ္တံ့
ပညာရေးကံကောင်းစေရန် – မနက်စောစော လက်ဖက်ရည်(၄)ခွက်၊ နှင်းဆီ(၇)ပွင့်၊ သောက်တော်ရေ(၃)ခွက်၊
ဖယောင်းတိုင်(၃)တိုင် ဘုရားလှူပြီး မိမိဖြစ်ချင်တာကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ အသံထွက်ဆုတောင်းပါ။ ချိုးမယ့်ရေထဲမှာ ရွှေရည် ငွေရည် ထည့်ပြီး ရေးချိုးရင်းလည်းဆုတောင်းပါ ( စာမေးပွဲဖြေ၊ အင်တာဗျူးဖြေ၊ အလုပ်လျောက်သည့်အခါများတွင်လည်း ပြုလုပ်နိုင်ပါသည်)
ကျန်းမာရေး – ဝမ်းဗိုက် ၊အဖုအပိန့် ၊ မျက်လုံး နှင့် ပက်သက်သောရောဂါ ဝေဒနာများ သတိထားသင့်(တပ်အပ်ဖြစ်မည်ဟု မဆိုလိုပါ သတိထားရန်ဖြစ်သည်)
ကျန်းမာရေးညံ့လျှင်ပြုလုပ်ရမည့်ယတြာ – သောကြာနေ့ည … သံပုံး တစ်ခုထဲတွင် မိမိ၏ ခြေသည်း ၊ လက်သည်း ၊ ဆံပင် အနည်းငယ်ထည့်ပါ …
အကျီအစုတ် ၊ လုံချည်အစုတ်ထည့်ပါ …ဆန်လက်တစ်ဆုပ်ထည့်ပါ …အိပ်ယာဘေးမှာ တစ်ညထားအိပ်ပါ … နောက်မေ့မနက် စီးနေသောရေထဲသို့သွားမျှောလိုက်ပါ …မကောင်းတဲ့အခိုကအညံ့တွေ ရောဂါတွေပါသွားပါစေလို့ဆုတောင်းပါ …
ပစ္စည်းများ အမြန်ရောင်းထွက်ရောင်းကောင်းရန် – အမြန်ရောင်းထွက်ချင်တဲ့ ၊ ရောင်းကောင်းချင်တဲ့ပစ္စည်းများကို ပန်းအဝါ (၅)ပွင့် နဲ့ရိုက်ပေးပါ …
ပါးစပ်ကနေပြီးတော့လည်း ပြတ်ပြတ်သားသား ဆုတောင်းပါ …ဘယ်နေ့ ဘယ်ချိန်မဆို ဉာဏ်ရှိသလိုလုပ်ပါ …
ယတြာ မည့်သည့်နေ့တွင်မဆို မနက်(၇)နာရီ (၄၀) မိနစ်တိတိတွင် ယို(၄)ပွဲ ၊ နှင်းဆီ(၇)ပွင့် ၊ နွားနို့(၃)ခွက် ၊ သောက်တော်ရေ (၃)ခွက် ၊ ဖယောင်းတိုင် (၃) တိုင် ၊ ကို
မိမိနေအိမ်ဘုရားတွင် လှူဒါန်းဆုတောင်းခြင်းဖြင့် တစ်နှစ်တာလုံး အခိုက်အညံ့များ ကင်းစင်ကြေပျောက်ပြီး အကြံအစည်များအောင်မြင်လတ္တံ့ (အကြောင်းရှိတိုင်း မကြာခဏပြုလုပ်နိုင်သည်)
(လေးစားမှုဖြင့် ခရက်ဒစ်) မင်းသိမ်းခိုင် – ရွှေရမ်းထူးလင်း