“ျမန္မာႏိုင္ငံမွာ ဒီေလာက္အံ့ဩဖို႔ေကာင္းတဲ့ ေရွးေဟာင္းနယ္ေျမတစ္ခု ရွိေနတယ္ဆိုတာ သင္သိၿပီးၿပီလား”
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
“ျမန္မာႏိုင္ငံမွာ ဒီေလာက္အံ့ဩဖို႔ေကာင္းတဲ့
ေရွးေဟာင္းနယ္ေျမတစ္ခု ရွိေနတယ္ဆိုတာ သင္သိၿပီးၿပီလား”
ဘာနည္းပညာ အကူအညီမွမပါပဲ ေက်ာက္ေတာင္ႀကီးတစ္ခုလုံးကို လက္နဲ႔သာ ထြင္းထုပုံေဖာ္ထားတဲ့
ေ႐ႊဘေတာင္ႏွစ္ေပါင္း ၉၀၀ တိုင္ေအာင္ ခမ္းခမ္းနားနား ရွိေနဆဲျဖစ္တဲ့ မုံ႐ြာၿမိဳ႕ရဲ႕
#ေ႐ႊဘေတာင္ေက်ာက္ေစတီေတြ၊
ေက်ာက္လႈိင္ဂူေတြ၊ ေက်ာက္ေလွကားေတြ၊ ေက်ာက္ဆင္႐ုပ္ေတြႏွင့္ ေက်ာက္ပန္ပုေတြႏွင့္ ခမ္းနားစြာ တည္ရွိေနတဲ့
ေ႐ႊဘေတာင္ေနာင္တခ်ိန္ သြားေရာက္ ေလ့လာ
လည္ပတ္ဖို႔ ႏွလုံးသားထဲ ေတးမွတ္ထားရမယ့္
ေ႐ႊဘေတာင္ေ႐ႊဘေတာင္မုံ႐ြာတစ္ဘက္ကမ္းဆားလင္းႀကီးၿမိဳ႕နယ္၊ ယင္းမာပင္ခ႐ိုင္၊ စစ္ကိုင္းတိုင္း
ဖိုးဝင္းေတာင္ဘက္ကို သြားတဲ့လမ္းေတြ ေက်ာ္ၿပီးမွ ေရာက္တဲ့ေနရာေလး
ေတာ္ေတာ္သြားရတယ္။
အံၾသရပါေပတယ္။
ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ ဒီလိုေနရာ ရွိေနတယ္ဆိုတာ သိရေတာ့
အလြန႔္အလြန္ကိုလည္း ဂုဏ္ယူမိပါတယ္။
ဖိုလ္ဝင္ေတာင္နဲ႔ ေတာင္ေၾကာတစ္ဆက္တည္းျဖစ္ၿပီး အျခားေသာ
ႏြားသိုးေတာင္၊ ဖန္ခါးေတာင္၊ လင္းႏို႔ေတာင္၊
ေက်ာက္တစ္လုံးေတာင္တို႔ႏွင့္လဲ တစ္ဆက္တည္းရွိေနပါတယ္။
ေရွးေဟာင္းေက်ာက္ထြင္း ေက်ာက္ေတာင္ႀကီးေတြ
ဝန္းရံထားတဲ့ ေ႐ႊဘေတာင္ဟာ ထူးျခားေနပါတယ္။
ျမန္မာတို႔ရဲ႕ေစတီဘုရားေတြဟာ
ပုံမွန္ေတာ့ အုတ္ေတြသဲေတြနဲ႔သာ တည္ထားကိုးကြယ္ၾကေသာ္လည္း
ေ႐ႊဘေတာင္မွာရွိတဲ့
ဘုရားေတြကေတာ့ ေက်ာက္ေတြနဲ႔သာ ထြင္းထုထားပါတယ္။
ေက်ာက္သားနံရံမ်ားကို အဂၤေတ လုံးဝမပါပဲ
ျမန္မာမႈလက္ရာ ေက်ာက္ပန္းတေမာ့ႏွင့္ ေက်ာက္လက္မႈပညာ စစ္စစ္ေတြနဲ႔သာ ထြင္းထုထားပါတယ္။
ေ႐ႊဘေတာင္မွာ နာမည္ႀကီး ေက်ာက္ေလွကားကေတာ့ Instragram နာမည္ႀကီး
ေနရာျဖစ္ၿပီး ေက်ာက္နံရံကို ေက်ာက္ေရအိုးစဥ္ အျဖစ္ အသက္သြင္းထားမႈေတြ၊
ေက်ာက္ေတာင္ႀကီးကို ေက်ာက္လႈိဏ္ဂူအျဖစ္ေဆာက္လုပ္ထားၿပီး
အတြင္းမွာ ေစတီမ်ား ဘုရားမ်ား တည္ထားပါသည္။
ေနာက္ထပ္ အထင္ကရေနရာကေတာ့ ေက်ာက္ဆင္႐ုပ္ႀကီးပါ။
ေက်ာက္ဆင္႐ုပ္ႀကီးဟာ ေက်ာက္တုံးအႀကီးႀကီးကို ထြင္းထုထားၿပီး
ဆင္ႀကီးရဲ႕အတြင္းဂူထဲမွာေတာ့ ဘုရားမ်ားကို ပူေဇာ္ထားပါတယ္။
ေ႐ႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းမွာေတာ့ ပုဂံေခတ္ အေလာင္းစည္သူမင္း လက္ထက္တြင္
ေက်ာက္ထြင္း အႏုပညာဆရာႀကီး သူေဌးမင္း ဦးေ႐ႊဘ မွ ထိုေက်ာက္ေတာင္ အႀကီးႀကီးတြင္
ေက်ာက္နံရံမ်ား၊ ေက်ာက္႐ုပ္ထုမ်ား၊ ေက်ာက္ဂူမ်ား၊
ေက်ာက္ဘုရားမ်ားႏွင့္ ေက်ာက္ပန္းပုလက္ရာမ်ားကို ထြင္းထုၿပီး
ေက်ာက္လူသြားလမ္း ေဖာက္လုပ္ရာမွ ေ႐ႊဘေတာင္ဟူ၍ အမည္တြင္ရျခင္းပါ။
ေက်ာက္ထြင္းအႏုပညာရွင္ ဦးေ႐ႊဘႏွင့္ တပည့္မ်ားမွ
ထို ေက်ာက္ေတာင္ႀကီးကို ပုံေဖာ္ရာတြင္လည္း
မည္သည့္ နည္းပညာမွမပါဝင္ပဲ လက္ႏွင့္ေဆာက္ကိုသာသုံး၍
ေက်ာက္သားမ်ားကို ထြင္းထုခဲ့ၾကပါတယ္။
ထိုသို႔ ေက်ာက္သားမ်ားကို ထြင္းထုရာတြင္
ဂဝံေျမသာကို အသုံးျပဳခဲ့ၾကပါသည္။
ဂဝံေျမသားဆိုသည္မွာ ေက်ာက္ေပ်ာ့အမ်ိဳးအစားျဖစ္ၿပီး
ေအးေသာဓာတ္ရွိပါတယ္။
လိုသလို ပုံသြင္းႏိုင္ၿပီးေနာက္မွ အလိုလို မာသြားကာ ျဖတ္သုံး၍ ရေသာေက်ာက္ ျဖစ္ပါတယ္။
လူသြားလမ္းမ်ား၊ သာသနာ ေက်ာင္းေဆာင္မ်ား၊ ဘုရားမ်ားေစတီမ်ား၊
ေက်ာက္ပန္းပု႐ုပ္ အစုံ၊ ျမန္မာမႈလက္ရာမ်ားႏွင့္ ခမ္းနားေနတဲ့ ေ႐ႊဘေတာင္ဟာ
ထိန္းသိမ္းေစာင့္ေရွာက္မႈမ်ား အားနည္းေနေသးတာေတာ့ ေတြ႕ရပါတယ္။
ဥပမာေျပာရရင္ အေဆာက္အဦးေတြနား အမႈိက္ပြေနျခင္းေတြ၊
ေရွးေဟာင္းလက္ရာေက်ာင္းေဆာင္မ်ားအား
ေခတ္လက္ရာေဆးမ်ား သုတ္ပစ္ျခင္းတို႔ ျဖစ္ပါတယ္။
စစ္ကိုင္းဘက္ကို ေရာက္ျဖစ္ခဲ့ရင္ေတာ့ ေ႐ႊဘေတာင္ကို ဝင္ၿပီး
ျမန္မာေက်ာက္ပန္းပု လက္ရာေတြကို အဝေငးေမာရန္ ႏွလုံးသားထဲ ေတးမွတ္ ထားသင့္ပါတယ္။
Credit to original.
Edit-TZMDaw Aye Aye Chaw Mon Oo
Unicode
“မြန်မာနိုင်ငံမှာ ဒီလောက်အံ့ဩဖို့ကောင်းတဲ့ ရှေးဟောင်းနယ်မြေတစ်ခု ရှိနေတယ်ဆိုတာ သင်သိပြီးပြီလား”
ဘာနည်းပညာ အကူအညီမှမပါပဲ ကျောက်တောင်ကြီးတစ်ခုလုံးကို လက်နဲ့သာ ထွင်းထုပုံဖော်ထားတဲ့
ရွှေဘတောင်နှစ်ပေါင်း ၉၀၀ တိုင်အောင် ခမ်းခမ်းနားနား ရှိနေဆဲဖြစ်တဲ့
မုံရွာမြို့ရဲ့ ရွှေဘတောင်ကျောက်စေတီတွေ၊
ကျောက်လှိုင်ဂူတွေ၊ ကျောက်လှေကားတွေ၊ ကျောက်ဆင်ရုပ်တွေနှင့်
ကျောက်ပန်ပုတွေနှင့် ခမ်းနားစွာ တည်ရှိနေတဲ့
ရွှေဘတောင်နောင်တချိန် သွားရောက် လေ့လာ လည်ပတ်ဖို့ နှလုံးသားထဲ တေးမှတ်ထားရမယ့်
ရွှေဘတောင်ရွှေဘတောင်မုံရွာတစ်ဘက်ကမ်းဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်ခရိုင်၊ စစ်ကိုင်းတိုင်း
ဖိုးဝင်းတောင်ဘက်ကို သွားတဲ့လမ်းတွေ ကျော်ပြီးမှ ရောက်တဲ့နေရာလေး တော်တော်သွားရတယ်။အံသြရပါပေတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ဒီလိုနေရာ ရှိနေတယ်ဆိုတာ သိရတော့ အလွန့်အလွန်ကိုလည်း ဂုဏ်ယူမိပါတယ်။
ဖိုလ်ဝင်တောင်နဲ့ တောင်ကြောတစ်ဆက်တည်းဖြစ်ပြီး အခြားသော နွားသိုးတောင်၊ ဖန်ခါးတောင်၊
လင်းနို့တောင်၊ ကျောက်တစ်လုံးတောင်တို့နှင့်လဲ တစ်ဆက်တည်းရှိနေပါတယ်။
ရှေးဟောင်းကျောက်ထွင်း ကျောက်တောင်ကြီးတွေ ဝန်းရံထားတဲ့ ရွှေဘတောင်ဟာ ထူးခြားနေပါတယ်။
မြန်မာတို့ရဲ့စေတီဘုရားတွေဟာ ပုံမှန်တော့ အုတ်တွေသဲတွေနဲ့သာ တည်ထားကိုးကွယ်ကြသော်လည်း
ရွှေဘတောင်မှာရှိတဲ့ ဘုရားတွေကတော့ ကျောက်တွေနဲ့သာ ထွင်းထုထားပါတယ်။
ကျောက်သားနံရံများကို အင်္ဂတေ လုံးဝမပါပဲ မြန်မာမှုလက်ရာ ကျောက်ပန်းတမော့နှင့်
ကျောက်လက်မှုပညာ စစ်စစ်တွေနဲ့သာ ထွင်းထုထားပါတယ်။
ရွှေဘတောင်မှာ နာမည်ကြီး ကျောက်လှေကားကတော့ Instragram နာမည်ကြီး နေရာဖြစ်ပြီး
ကျောက်နံရံကို ကျောက်ရေအိုးစဉ် အဖြစ် အသက်သွင်းထားမှုတွေ၊
ကျောက်တောင်ကြီးကို ကျောက်လှိုဏ်ဂူအဖြစ်ဆောက်လုပ်ထားပြီး အတွင်းမှာ စေတီများ ဘုရားများ တည်ထားပါသည်။
နောက်ထပ် အထင်ကရနေရာကတော့ ကျောက်ဆင်ရုပ်ကြီးပါ။
ကျောက်ဆင်ရုပ်ကြီးဟာ ကျောက်တုံးအကြီးကြီးကို ထွင်းထုထားပြီး
ဆင်ကြီးရဲ့အတွင်းဂူထဲမှာတော့ ဘုရားများကို ပူဇော်ထားပါတယ်။
ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းမှာတော့
ပုဂံခေတ် အလောင်းစည်သူမင်း လက်ထက်တွင်
ကျောက်ထွင်း အနုပညာဆရာကြီး သူဌေးမင်း ဦးရွှေဘ မှ
ထိုကျောက်တောင် အကြီးကြီးတွင်
ကျောက်နံရံများ၊ ကျောက်ရုပ်ထုများ၊ ကျောက်ဂူများ၊
ကျောက်ဘုရားများနှင့် ကျောက်ပန်းပုလက်ရာများကို ထွင်းထုပြီး
ကျောက်လူသွားလမ်း ဖောက်လုပ်ရာမှ ရွှေဘတောင်ဟူ၍ အမည်တွင်ရခြင်းပါ။
ကျောက်ထွင်းအနုပညာရှင် ဦးရွှေဘနှင့် တပည့်များမှ ထို ကျောက်တောင်ကြီးကို ပုံဖော်ရာတွင်လည်း
မည်သည့် နည်းပညာမှမပါဝင်ပဲ လက်နှင့်ဆောက်ကိုသာသုံး၍ ကျောက်သားများကို ထွင်းထုခဲ့ကြပါတယ်။
ထိုသို့ ကျောက်သားများကို ထွင်းထုရာတွင် ဂဝံမြေသာကို အသုံးပြုခဲ့ကြပါသည်။
ဂဝံမြေသားဆိုသည်မှာ ကျောက်ပျော့အမျိုးအစားဖြစ်ပြီး အေးသောဓာတ်ရှိပါတယ်။
လိုသလို ပုံသွင်းနိုင်ပြီးနောက်မှ အလိုလို မာသွားကာ ဖြတ်သုံး၍ ရသောကျောက် ဖြစ်ပါတယ်။
လူသွားလမ်းများ၊ သာသနာ ကျောင်းဆောင်များ၊ ဘုရားများစေတီများ၊ ကျောက်ပန်းပုရုပ် အစုံ၊ မြန်မာမှုလက်ရာများနှင့် ခမ်းနားနေတဲ့ ရွှေဘတောင်ဟာ
ထိန်းသိမ်းစောင့်ရှောက်မှုများ အားနည်းနေသေးတာတော့ တွေ့ရပါတယ်။
ဥပမာပြောရရင် အဆောက်အဦးတွေနား အမှိုက်ပွနေခြင်းတွေ၊
ရှေးဟောင်းလက်ရာကျောင်းဆောင်များအား ခေတ်လက်ရာဆေးများ သုတ်ပစ်ခြင်းတို့ ဖြစ်ပါတယ်။
စစ်ကိုင်းဘက်ကို ရောက်ဖြစ်ခဲ့ရင်တော့ ရွှေဘတောင်ကို ဝင်ပြီး မြန်မာကျောက်ပန်းပု လက်ရာတွေကို အဝငေးမောရန် နှလုံးသားထဲ တေးမှတ် ထားသင့်ပါတယ်။
Credit to original.
Edit-TZMDaw Aye Aye Chaw Mon Oo