ေရေအာက္ကေန ျပန္ေတြ႕ရွိခဲ့တဲ့ အီဂ်စ္ဘုရင္မ ကလီယိုပက္ထရာရဲ႕ၿမိဳ႕ေတာ္ ဟီရာ့ခလီယန္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
ဂရိေတြက ဟီရာ့ခလီယန္(Heracleion) လို႔ေခၚတဲ့ၿမိဳ႕ကို အီဂ်စ္ေတြကေတာ့ သြန္နစ္(Thonis) လို႔ေခၚပါတယ္။
တခါတရံမွာေတာ့ ႏွစ္မ်ိဳးစလုံးကိုေပါင္းၿပီး Thonis-Heracleion လို႔ေခၚတတ္ပါတယ္။
ဟာရာကလီယြန္ဟာ ႏိုင္းျမစ္ဝကြၽန္းေပၚေဒသမွာ ရွိခဲ့တဲ့ အီဂ်စ္ႏိုင္ငံက
ေရွးေဟာင္းဆိပ္ကမ္းၿမိဳ႕ႀကီး တစ္ၿမိဳ႕ျဖစ္ခဲ့ပါတယ္။
ဒီၿမိဳ႕ဟာ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၂၇၀၀ခန႔္ (8th century BC ) ကတည္းက ရွိခဲ့တဲ့ၿမိဳ႕ျဖစ္ၿပီး
အီဂ်စ္ရဲ႕အထင္ကရၿမိဳ႕ အလက္ဇျႏၵီးယားၿမိဳ႕ရဲ႕ အေရွ႕ေျမာက္ဘက္ ၃၂ကီလိုမီတာခန႔္အကြာမွာ တည္ရွိခဲ့ပါတယ္။
အီဂ်စ္ဖာ႐ိုဘုရင္ေတြ ႀကီးစိုးတဲ့အခ်ိန္ျဖစ္ၿပီး ဒီၿမိဳ႕ဟာတျဖည္းျဖည္းႀကီးထြားလာခဲ့ပါတယ္။
ဟီရာ့ခလီယန္ဟာ မက္ဒီတာေရးနီးယန္း ရဲ႕ တံခါးေပါက္တစ္ခုအျဖစ္ အေရးပါခဲ့ၿပီး
အဓိက အခ်က္အခ်ာ က်ေသာ ကုန္သြယ္ေရး ၿမိဳ႕ တစ္ၿမိဳ႕ ျဖစ္ခဲ့ပါတယ္။
ကမာၻ႔သမိုင္းမွာ အလြန္ထင္ရွားတဲ့ ကလီယိုပက္ထရာ ဘုရင္မရဲ႕ ၿမိဳ႕ျဖစ္ခဲ့ၿပီး ဒီၿမိဳ႕မွာ
သူမ ဘိသိက္ခံယူခဲ့သည့္ ဘုရားေက်ာင္းရွိခဲ့ပါတယ္။
ဒီၿမိဳ႕ႀကီးအေၾကာင္းကို ဂရိပညာရွင္ႀကီး ဟီေရာ့ဒိုးတပ္(Herodotus) က
သူ႔စာေတြထဲမွာ ထည့္ေရးခဲ့ဖူးသလို ဂရိေရွးေဟာင္းကဗ်ာဆရာေတြရဲ႕ ကဗ်ာေတြထဲမွာလည္း ပါရွိပါတယ္။
ဒါေပမယ့္ ဒီၿမိဳ႕ႀကီးဟာ ေအဒီ ၃ရာစုေလာက္မွာ ကြယ္ေပ်ာက္သြားခဲ့ပါတယ္။
ၿမိဳ႕ႀကီးရွိခဲ့တယ္ဆိုတာ သမိုင္းမွတ္တမ္းေတြထဲမွာသာ က်န္ရစ္ခဲ့ေပမယ့္
ဒီၿမိဳ႕ဘယ္ေရာက္သြားမွန္း ဘယ္သူမွ မသိၾကေတာ့ပါဘူး။
ေပ်ာက္ကြယ္သြားတဲ့ ေရွးေဟာင္းၿမိဳ႕ေတာ္ႀကီးရွာေဖြမႈကို ျပင္သစ္သုေတသနပညာရွင္ ေဒါက္တာ Franck Goddio က ဦးေဆာင္ခဲ့ၿပီး
ဥေရာပ အဏၰဝါ ေရွးေဟာင္း သုေတသန ပညာရွင္မ်ားအဖြဲ႕(IEASM)နဲ႔ အတူ ၁၉၉၈ခုႏွစ္မွာ စတင္ရွာေဖြခဲ့ပါတယ္။
၂၀၀၀ျပည့္ႏွစ္ ဝန္းက်င္မွာ သုေတသနအဖြဲ႕ဟာ Abu Qir ပင္လယ္ေကြ႕က
ေရေအာက္ကမ္းလြန္မွာ ေရွးေဟာင္းပစၥည္းအႂကြင္းအက်န္ေတြ ႐ုပ္တုေတြကို ေတြ႕ရွိခဲ့ပါတယ္။
ဆက္လက္ရွာေဖြ သုေတသနလုပ္ခဲ့ရာမွာေတာ့ ဒီေနရာဟာ ဟီရာ့ခလီယန္ၿမိဳ႕ႀကီးျဖစ္ေနတာကို အမွတ္မထင္သိရွိလိုက္ၾကၿပီး ေပ်ာက္ဆုံးၿမိဳ႕ေတာ္ကို ျပန္လည္ေတြ႕ရွိခဲ့ၾကပါတယ္။
“ ဒါဟာ ကမာၻေပၚမွာ ေနာက္ထပ္ မရွိႏိုင္တဲ့ ေနရာ တစ္ခုပါ ” လို႔ ေဒါက္တာ Franck Goddio က ဆိုပါတယ္။
အဆိုပါရွာေဖြေတြ႕ရွိမႈဟာ ေရေအာက္ရွာေဖြေတြ႕ရွိမႈမ်ားအနက္ အႀကီးက်ယ္ဆုံးေတြ႕ရွိမႈလည္းျဖစ္ပါတယ္။
ေရေအာက္က ျပန္လည္ေတြ႕ရွိခဲ့တဲ့ ေပ်ာက္ဆုံးၿမိဳ႕ေတာ္ဟာ ႐ြံႏြံ႕ေတြဖုံးလႊမ္းကာ ပ်က္စီးေနၿပီျဖစ္ေပမယ့္ နန္းေတာ္ အုတ္ျမစ္႐ိုး ၊
အနီေရာင္ေက်ာက္တိုင္လုံးႀကီးမ်ား ၊ နတ္ဘုရား Osiris ရဲ႕ ႐ုပ္တု နဲ႔ စဖင့္႐ုပ္တုမ်ား စတဲ့ အဓိကက်တဲ့ အရာေတြကိုေတာ့ ေတြ႕ရွိရပါေသးတယ္။
ၿပိဳလဲၿပီး ထုထည္ႀကီးမားတဲ့ ထုံးေက်ာက္တုံးႀကီးမ်ား အၾကားမွာ သလင္းေက်ာက္နဲ႔ထုလုပ္ထားတဲ့ ႀကီးမားေသာ ႐ုပ္တုတစ္ခုကိုလည္းေတြ႕ခဲ့ၾကပါတယ္။
ဖာ႐ိုဘုရင္တစ္ပါးရဲ႕႐ုပ္တုျဖစ္ၿပီး ႐ုပ္တုေပၚမွာေတာ့ ပထမေျမာက္ ဆက္တီ – Seti I လို႔ ေရးထိုးထားပါတယ္။
အလြန္ႀကီးမားတဲ့ ေက်ာက္ ဦးေခါင္းပုံ တစ္ခုကို လည္း ရွာေဖြေတြ႕ရွိခဲ့ၾကၿပီး
အဆိုပါ ႐ုပ္ထုကေတာ့ ကလီယို ပတ္ထရာ ႏွင့္ သူမ၏ ယခင္က ခ်စ္သူေဟာင္း ဂ်ဴးလိယက္ဆီဇာတို႔ရဲ႕သား ဆီဇာရီရမ္ – Caesarion ျဖစ္မည္ ဟု ထင္မွတ္ရေၾကာင္း ဆိုပါတယ္။
ဒါအျပင္ စဖင့္႐ုပ္ထု ႏွစ္ခုကိုလည္း ေတြ႕ရွိခဲ့ၿပီး ဒီအထဲက တစ္ခုဟာ ကလီယို ပတ္ထရာ၏ ဖခင္ ေဖၚလိုမီ Ptolemy XII ကို ကိုယ္စားျပဳတာျဖစ္ေၾကာင္း ပညာရွင္ေတြက ဆိုပါတယ္။
ေနာက္ထပ္ေတြ႕ရွိရတဲ့အရာေတြကေတာ့ Heracleion ၿမိဳ႕၏ ပန္းခ်ီကား တစ္ခ်ပ္ ၊ ေရွးေဟာင္းေက်ာက္စာမ်ား၊
နစ္ျမဳပ္ေနေသာ သေဘၤာ ၆၄ စင္း၊ ေက်ာက္ဆူးေပါင္း ၇၀၀ေက်ာ္ ၊ ေ႐ႊဒဂၤါးမ်ား ေၾကးဒဂၤါး၊ ႐ုပ္ထုႀကီးေပါင္း၁၆ ခု နဲ႔ ႐ုပ္တုငယ္ေပါင္း ၁၀၀ေက်ာ္ တို႔ျဖစ္ပါတယ္။
ေရွးေဟာင္းၿမိဳ႕ေတာ္ဟာ ကမ္း႐ိုးတမ္းကေန ၂.၅ကီလိုမီတာ အကြာအေဝးက ေရေအာက္အနက္ေပ ၃၀ခန႔္မွာ လဲေလ်ာင္းေနခဲ့တာျဖစ္ပါတယ္။
ၿမိဳ႕ႀကီးတစ္ခုလုံး ဘာေၾကာင့္ ေရေအာက္ကိုေရာက္ရွိသြားသလဲ ဆိုတာကိုေတာ့ ဘယ္သူမွ အေသအခ်ာ မသိၾကပါဘူး။
သမိုင္းပညာရွင္ေတြကေတာ့ ဘီစီ ၁ရာစု ဝန္းက်င္မွာ ျဖစ္ခဲ့တဲ့ ႀကီးမားတဲ့မီးေတာင္ေပါက္ကြဲမႈေတြ ၊
ဆူနာမီအႀကီးစား ငလွ်င္ဒါဏ္ေတြေၾကာင့္ ပင္လယ္ေရျပင္ျမင့္တက္လာခဲ့သလို ေျမသားေတြေပ်ာ့သြားခဲ့ၿပီး
ေအဒီ ၃ရာစုမတိုင္မီမွာ တစ္ၿမိဳ႕လုံးေရေအာက္ကို ေရာက္သြားခဲ့ျခင္းျဖစ္တယ္လို႔ ဆိုၾကပါတယ္။
အီဂ်စ္အစိုးရအေနနဲ႔ကေတာ့ အဆိုပါ ေနရာအား ေရေအာက္ျပတိုက္တစ္ခုအျဖစ္ ဖန္တီးၿပီး ကမာၻလွည့္ ခရီးသည္မ်ားအား ဆြဲေဆာင္ႏိုင္ဖို႔ စီစဥ္လွ်က္ရွိပါတယ္။
Credit
Unicode
ဂရိတွေက ဟီရာ့ခလီယန်(Heracleion) လို့ခေါ်တဲ့မြို့ကို အီဂျစ်တွေကတော့ သွန်နစ်(Thonis) လို့ခေါ်ပါတယ်။
တခါတရံမှာတော့ နှစ်မျိုးစလုံးကိုပေါင်းပြီး Thonis-Heracleion လို့ခေါ်တတ်ပါတယ်။
ဟာရာကလီယွန်ဟာ နိုင်းမြစ်ဝကျွန်းပေါ်ဒေသမှာ ရှိခဲ့တဲ့ အီဂျစ်နိုင်ငံက ရှေးဟောင်းဆိပ်ကမ်းမြို့ကြီး တစ်မြို့ဖြစ်ခဲ့ပါတယ်။
ဒီမြို့ဟာ လွန်ခဲ့သော နှစ်ပေါင်း ၂၇၀၀ခန့် (8th century BC ) ကတည်းက ရှိခဲ့တဲ့မြို့ဖြစ်ပြီး
အီဂျစ်ရဲ့အထင်ကရမြို့ အလက်ဇန္ဒြီးယားမြို့ရဲ့ အရှေ့မြောက်ဘက် ၃၂ကီလိုမီတာခန့်အကွာမှာ တည်ရှိခဲ့ပါတယ်။
အီဂျစ်ဖာရိုဘုရင်တွေ ကြီးစိုးတဲ့အချိန်ဖြစ်ပြီး ဒီမြို့ဟာတဖြည်းဖြည်းကြီးထွားလာခဲ့ပါတယ်။
ဟီရာ့ခလီယန်ဟာ မက်ဒီတာရေးနီးယန်း ရဲ့ တံခါးပေါက်တစ်ခုအဖြစ် အရေးပါခဲ့ပြီး အဓိက အချက်အချာ ကျသော ကုန်သွယ်ရေး မြို့ တစ်မြို့ ဖြစ်ခဲ့ပါတယ်။
ကမ္ဘာ့သမိုင်းမှာ အလွန်ထင်ရှားတဲ့ ကလီယိုပက်ထရာ ဘုရင်မရဲ့ မြို့ဖြစ်ခဲ့ပြီး ဒီမြို့မှာ သူမ ဘိသိက်ခံယူခဲ့သည့် ဘုရားကျောင်းရှိခဲ့ပါတယ်။
ဒီမြို့ကြီးအကြောင်းကို ဂရိပညာရှင်ကြီး ဟီရော့ဒိုးတပ်(Herodotus) က သူ့စာတွေထဲမှာ ထည့်ရေးခဲ့ဖူးသလို ဂရိရှေးဟောင်းကဗျာဆရာတွေရဲ့ ကဗျာတွေထဲမှာလည်း ပါရှိပါတယ်။
ဒါပေမယ့် ဒီမြို့ကြီးဟာ အေဒီ ၃ရာစုလောက်မှာ ကွယ်ပျောက်သွားခဲ့ပါတယ်။ မြို့ကြီးရှိခဲ့တယ်ဆိုတာ သမိုင်းမှတ်တမ်းတွေထဲမှာသာ ကျန်ရစ်ခဲ့ပေမယ့်
ဒီမြို့ဘယ်ရောက်သွားမှန်း ဘယ်သူမှ မသိကြတော့ပါဘူး။ ပျောက်ကွယ်သွားတဲ့ ရှေးဟောင်းမြို့တော်ကြီးရှာဖွေမှုကို ပြင်သစ်သုတေသနပညာရှင် ဒေါက်တာ Franck Goddio က ဦးဆောင်ခဲ့ပြီး
ဥရောပ အဏ္ဏဝါ ရှေးဟောင်း သုတေသန ပညာရှင်များအဖွဲ့(IEASM)နဲ့ အတူ ၁၉၉၈ခုနှစ်မှာ စတင်ရှာဖွေခဲ့ပါတယ်။
၂၀၀၀ပြည့်နှစ် ဝန်းကျင်မှာ သုတေသနအဖွဲ့ဟာ Abu Qir ပင်လယ်ကွေ့က ရေအောက်ကမ်းလွန်မှာ ရှေးဟောင်းပစ္စည်းအကြွင်းအကျန်တွေ ရုပ်တုတွေကို တွေ့ရှိခဲ့ပါတယ်။
ဆက်လက်ရှာဖွေ သုတေသနလုပ်ခဲ့ရာမှာတော့ ဒီနေရာဟာ ဟီရာ့ခလီယန်မြို့ကြီးဖြစ်နေတာကို အမှတ်မထင်သိရှိလိုက်ကြပြီး ပျောက်ဆုံးမြို့တော်ကို ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။
“ ဒါဟာ ကမ္ဘာပေါ်မှာ နောက်ထပ် မရှိနိုင်တဲ့ နေရာ တစ်ခုပါ ” လို့ ဒေါက်တာ Franck Goddio က ဆိုပါတယ်။
အဆိုပါရှာဖွေတွေ့ရှိမှုဟာ ရေအောက်ရှာဖွေတွေ့ရှိမှုများအနက် အကြီးကျယ်ဆုံးတွေ့ရှိမှုလည်းဖြစ်ပါတယ်။
ရေအောက်က ပြန်လည်တွေ့ရှိခဲ့တဲ့ ပျောက်ဆုံးမြို့တော်ဟာ ရွံနွံ့တွေဖုံးလွှမ်းကာ ပျက်စီးနေပြီဖြစ်ပေမယ့် နန်းတော် အုတ်မြစ်ရိုး ၊
အနီရောင်ကျောက်တိုင်လုံးကြီးများ ၊ နတ်ဘုရား Osiris ရဲ့ ရုပ်တု နဲ့ စဖင့်ရုပ်တုများ စတဲ့ အဓိကကျတဲ့ အရာတွေကိုတော့ တွေ့ရှိရပါသေးတယ်။
ပြိုလဲပြီး ထုထည်ကြီးမားတဲ့ ထုံးကျောက်တုံးကြီးများ အကြားမှာ သလင်းကျောက်နဲ့ထုလုပ်ထားတဲ့ ကြီးမားသော ရုပ်တုတစ်ခုကိုလည်းတွေ့ခဲ့ကြပါတယ်။
ဖာရိုဘုရင်တစ်ပါးရဲ့ရုပ်တုဖြစ်ပြီး ရုပ်တုပေါ်မှာတော့ ပထမမြောက် ဆက်တီ – Seti I လို့ ရေးထိုးထားပါတယ်။
အလွန်ကြီးမားတဲ့ ကျောက် ဦးခေါင်းပုံ တစ်ခုကို လည်း ရှာဖွေတွေ့ရှိခဲ့ကြပြီး
အဆိုပါ ရုပ်ထုကတော့ ကလီယို ပတ်ထရာ နှင့် သူမ၏ ယခင်က ချစ်သူဟောင်း ဂျူးလိယက်ဆီဇာတို့ရဲ့သား ဆီဇာရီရမ် – Caesarion ဖြစ်မည် ဟု ထင်မှတ်ရကြောင်း ဆိုပါတယ်။
ဒါအပြင် စဖင့်ရုပ်ထု နှစ်ခုကိုလည်း တွေ့ရှိခဲ့ပြီး ဒီအထဲက တစ်ခုဟာ ကလီယို ပတ်ထရာ၏ ဖခင် ဖေါ်လိုမီ Ptolemy XII ကို ကိုယ်စားပြုတာဖြစ်ကြောင်း ပညာရှင်တွေက ဆိုပါတယ်။
နောက်ထပ်တွေ့ရှိရတဲ့အရာတွေကတော့ Heracleion မြို့၏ ပန်းချီကား တစ်ချပ် ၊ ရှေးဟောင်းကျောက်စာများ၊
နစ်မြုပ်နေသော သင်္ဘော ၆၄ စင်း၊ ကျောက်ဆူးပေါင်း ၇၀၀ကျော် ၊ ရွှေဒင်္ဂါးများ ကြေးဒင်္ဂါး၊ ရုပ်ထုကြီးပေါင်း၁၆ ခု နဲ့ ရုပ်တုငယ်ပေါင်း ၁၀၀ကျော် တို့ဖြစ်ပါတယ်။
ရှေးဟောင်းမြို့တော်ဟာ ကမ်းရိုးတမ်းကနေ ၂.၅ကီလိုမီတာ အကွာအဝေးက ရေအောက်အနက်ပေ ၃၀ခန့်မှာ လဲလျောင်းနေခဲ့တာဖြစ်ပါတယ်။
မြို့ကြီးတစ်ခုလုံး ဘာကြောင့် ရေအောက်ကိုရောက်ရှိသွားသလဲ ဆိုတာကိုတော့ ဘယ်သူမှ အသေအချာ မသိကြပါဘူး။
သမိုင်းပညာရှင်တွေကတော့ ဘီစီ ၁ရာစု ဝန်းကျင်မှာ ဖြစ်ခဲ့တဲ့ ကြီးမားတဲ့မီးတောင်ပေါက်ကွဲမှုတွေ ၊
ဆူနာမီအကြီးစား ငလျှင်ဒါဏ်တွေကြောင့် ပင်လယ်ရေပြင်မြင့်တက်လာခဲ့သလို မြေသားတွေပျော့သွားခဲ့ပြီး
အေဒီ ၃ရာစုမတိုင်မီမှာ တစ်မြို့လုံးရေအောက်ကို ရောက်သွားခဲ့ခြင်းဖြစ်တယ်လို့ ဆိုကြပါတယ်။
အီဂျစ်အစိုးရအနေနဲ့ကတော့ အဆိုပါ နေရာအား ရေအောက်ပြတိုက်တစ်ခုအဖြစ် ဖန်တီးပြီး ကမ္ဘာလှည့် ခရီးသည်များအား ဆွဲဆောင်နိုင်ဖို့ စီစဉ်လျှက်ရှိပါတယ်။
Credit