မ်က္ႏွာေခၽြးေပါက္က်ယ္တာကို သက္သာသြားေစမယ့္ အလြယ္ကူဆုံး နည္းလမ္းေလးမ်ား
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
အမ်ိဳးသမီးသမီးေတြက လွပဖို႔အတြက္ မိတ္ကပ္ပစၥည္းေတြ အမ်ားႀကီး သုံးၾကပါတယ္ …. ။
ညေနေရာက္တဲ့အခါ မိတ္ကပ္ကို ဖ်က္ၾကပါတယ္ … ။
အဲဒီလို မိတ္ကပ္လိမ္းလိုက္၊ ဖ်က္လိုက္၊ scrub လုပ္လိုက္၊ mask အုပ္လိုက္
လုပ္တဲ့အခါ ေခြၽးေပါက္ေတြက က်ယ္လာပါတယ္ … ။
မ်က္ႏွာေပၚက ေခြၽးေပါက္က်ယ္ေတြကို က်ဥ္းသြားေအာင္
လြယ္လြယ္ကူကူ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းေတြ ရွိပါတယ္ … … ။
ေခြၽးေပါက္ေတြက အဆီဂလင္းေတြကို ထုတ္ေပးပါတယ္ … ။
အဆီဂလင္းေတြက အသားအေရကို ေရဓာတ္ျဖည့္ဖို႔၊
oxygen ပို႔ေပးဖို႔အတြက္ လိုအပ္ပါတယ္ … ။
ၿပီးေတာ့ အဆီေတြက မိတ္ကပ္ပစၥည္းေတြရဲ႕
အက်ိဳးအာနိသင္ေတြ ကိုလည္း စုပ္ယူပါတယ္ … ။
ေခြၽးေပါက္ေတြမွာ ဖုန္ေတြ၊
အညစ္အေၾကးေတြ ျပည့္လာရင္ ဝက္ၿခံေတြ ျဖစ္လာတတ္ပါတယ္ … …. ။
ေခြၽးေပါက္ေတြက ဘာ့ေၾကာင့္ က်ယ္ရသလဲ
1.အဆီထုတ္လုပ္မႈ မ်ားလို႔ပါ။
က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအစာေတြ၊ စိတ္ဖိစီးမႈေတြ၊ ေနေရာင္ျခည္ေတြ၊
အရည္အေသြး မေကာင္းတဲ့ skincare ပစၥည္းေတြေၾကာင့္ ေခြၽးေပါက္က်ယ္ ပါတယ္။
2.အသက္ႀကီးလာတဲ့ အခါ ေကာ္လဂ်င္ ထုတ္လုပ္မႈက ေႏွးလာၿပီး အေရျပားက က်ဳံ႕ႏိုင္ဆန႔္ႏိုင္အား နည္းလာပါတယ္။
အဲဒီအခါ ေခြၽးေပါက္က်ယ္ လာပါတယ္။ ေနေရာင္နဲ႔ မ်ားမ်ား ထိေတြ႕တဲ့အခါ ေကာ္လဂ်င္ေတြ ပ်က္စီး ပါတယ္။
3.ေလ့လာခ်က္ေတြ အရ အာရွတိုက္က အမ်ိဳးသမီးေတြရဲ႕ ေခြၽးေပါက္က အမ်ားႀကီးေျပာင္းလဲမႈ မရွိပါဘူး။
အိႏၵိယႏိုင္ငံက အမ်ိဳးသမီးေတြရဲ႕ ေခြၽးေပါက္က ပိုက်ယ္ ပါတယ္။
အဲဒါေၾကာင့္ ေခြၽးေပါက္က်ယ္တာ မ်ိဳး႐ိုးဗီဇ နဲ႔လည္း သက္ဆိုင္ ပါတယ္။
ေခြၽးေပါက္က်ဥ္းဖို႔
အစားအေသာက္နဲ႔ အသားအေရကို ထိန္းသိမ္းၿပီး အလွအပ ပစၥည္းေတြကို ေသခ်ာ ေ႐ြးခ်ယ္ သုံးစြဲသင့္ပါတယ္။
-ေကာ္လဂ်င္ေတြ မပ်က္စီးေအာင္ လို႔ ေန႔တိုင္း sunscreen ကို သုံးေပးသင့္ ပါတယ္။
-မ်က္ႏွာကို ပုံမွန္သစ္တာ၊ ေရဓာတ္ျဖည့္တာေတြ ျပဳလုပ္ေပးသင့္ ပါတယ္။
မနက္ခင္း မိတ္ကပ္လိမ္းၿပီးတစ္နာရီ အၾကာမွာ အဆီျပန္လာတယ္ ဆိုရင္ အသားအေရမွာ အဆီဂလင္းေတြ မ်ားေနလို႔ပါ။
-အခ်ိဳဓာတ္မ်ားတဲ့ အစားအစာေတြကို ေလွ်ာ့စားသင့္ပါတယ္။
-သဘာဝအသီးအႏွံေတြနဲ႔ ပူပူစပ္စပ္ ေတြကို ပိုစားေပးပါ။
သစ္ႀကံပိုးေခါက္၊ ေလးညႇင္းပြင့္၊ ဂ်င္း၊ ၾကက္သြန္ျဖဴေတြက အသားအေရ တြန႔္တာကို ကာကြယ္ေပးပါတယ္။
-လက္ဖက္စီးရည္ ေသာက္ပါ။
လက္ဖက္စိမ္းရည္က အဆီဂလင္း ထုတ္လုပ္မႈကို ေလ်ာ့ေစၿပီး ဝက္ၿခံမေပါက္ေစေတာ့ ပါဘူး။
-ငါးနဲ႔ အသီးအ႐ြက္ေတြကို ပိုစားပါ။
အဲဒီအခါ ဝက္ၿခံေပါက္ဖို႔ အခြင့္အေရး နည္းသြားပါတယ္။
မ်က္ႏွာသန႔္စင္ဖို႔နဲ႔ ေရဓာတ္ျဖည့္ဖို႔
ေခြၽးေပါက္က်ယ္တဲ့ သူေတြက ေရဓာတ္ျဖည့္ေပး သင့္ၿပီး တစ္ေန႔ကိုႏွစ္ခါ မ်က္ႏွာသစ္ေပးသင့္ပါတယ္။
မိတ္ကပ္အက်န္ေတြ၊ ဆဲလ္ေသေတြ၊ ဖုန္ေတြက ေခြၽးေပါက္ေတြကို ပိတ္ေစပါတယ္။
မ်က္ႏွာ သစ္ၿပီးတဲ့ အခါ မ်က္ႏွာကို ေရဓာတ္ျဖည့္ cream လိမ္းေပးသင့္ပါတယ္။
မ်က္ႏွာကို အလွဆီ လိမ္းေပးပါ။
အဲဒီအခါ ဆဲလ္ေတြ အားျပည့္လာၿပီး ေခြၽးေပါက္ေတြ လည္း သန႔္သြားမွာပါ။
Scrubs သုံးတာက အသားအေရကို ပ်က္စီးေစၿပီး ေခြၽးေပါက္ေတြကို ပိုက်ယ္လာေစ ပါတယ္။
မ်က္ႏွာ ၾကည္လင္ဖို႔အတြက္ ဂ်ယ္ လ္သုံးသင့္ပါတယ္။
အဆီျပန္တတ္တဲ့ အသားအေရအတြက္ lotion ထက္ gel က ပိုသင့္ေတာ္ ပါတယ္။
ပုံမွန္သုံးေနတဲ့ ဆပ္ျပာနဲ႔ မ်က္ႏွာ မသစ္သင့္ပါဘူး။
ဆပ္ျပာမွာ pH 8 ကေန 10 အထိ ပါဝင္ပါတယ္။
အဲဒါေၾကာင့္ အေပၚယံ အသားအေရကို ပ်က္စီးေစၿပီး အဆီဂလင္း ထုတ္လုပ္မႈကို ပိုမ်ားေစမွာပါ။
pH level 5.5 ထက္ မမ်ားတဲ့ ဆပ္ျပာကို သုံးလို႔ ရပါတယ္။
မ်က္ႏွာကို ေန႔လယ္ 12 နာရီနဲ႔ ညေန 4 နာရီၾကားမွာ တစ္ခါသစ္ေပးပါ။
ေန႔လယ္ အခ်ိန္မွာ အဆီထုတ္လုပ္မႈ ပိုမ်ားပါတယ္။
အဲဒါေၾကာင့္ ေန႔လယ္မွာ အဆီ ပိုျပန္တတ္ တာပါ။
Sunscreen က ေနေရာင္ျခည္ကို ကာကြယ္ေပးလို႔ သုံးသင့္ပါတယ္။
Suncscreen သုံးတဲ့အခါ ေကာ္လဂ်င္ မပ်က္စီးေတာ့လို႔ အေရးအေၾကာင္းေပၚတာ သက္သာသြားမွာပါ။
-ေရဓာတ္ ပါဝင္တဲ့ creamေတြ၊ ဂ်ယ္လ္ေတြကိုလည္း သုံးသင့္ပါတယ္။
အဲဒီအခါ ေခြၽးေပါက္မပိတ္ေတာ့ပါဘူး။
စိတ္ခ်ရတဲ့ မိတ္ကပ္ပစၥည္းေတြကိုပဲ သုံးပါ … ။
မိတ္ကပ္မွာ ပါဝင္တဲ့ ဖေယာင္း၊ အဆီ၊ ေတြကလည္း ေခြၽးေပါက္ ပိတ္ေစပါတယ္ …. ။
1.ေပါင္ဒါမႈန႔္ေတြက ေခြၽးေပါက္ကို ပိတ္ေစပါတယ္။
Mineral powder ကို အသုံးျပဳသင့္ ပါတယ္။
2.Alcoholက အသားအေရကို ေျခာက္ေသြ႕ေစၿပီး ဆဲလ္ေသေတြကို ဖယ္ရွားရမွာ ေႏွာင့္ယွက္ပါတယ္။
3.Mineral oil ပါဝင္တဲ့ အလွအပပစၥည္းေတြ ပိုလည္း မ်ားမ်ား မသုံးသင့္ပါဘူး။
Credit – Zombie(LoveMedia)
Unicode
အမျိုးသမီးသမီးတွေက လှပဖို့အတွက် မိတ်ကပ်ပစ္စည်းတွေ အများကြီး သုံးကြပါတယ် …. ။ ညနေရောက်တဲ့အခါ မိတ်ကပ်ကို ဖျက်ကြပါတယ် … ။
အဲဒီလို မိတ်ကပ်လိမ်းလိုက်၊ ဖျက်လိုက်၊ scrub လုပ်လိုက်၊ mask အုပ်လိုက် လုပ်တဲ့အခါ ချွေးပေါက်တွေက ကျယ်လာပါတယ် … ။
မျက်နှာပေါ်က ချွေးပေါက်ကျယ်တွေကို ကျဉ်းသွားအောင် လွယ်လွယ်ကူကူ ပြုလုပ်နိုင်မယ့် နည်းလမ်းတွေ ရှိပါတယ် … … ။
ချွေးပေါက်တွေက အဆီဂလင်းတွေကို ထုတ်ပေးပါတယ် … ။
အဆီဂလင်းတွေက အသားအရေကို ရေဓာတ်ဖြည့်ဖို့၊ oxygen ပို့ပေးဖို့အတွက် လိုအပ်ပါတယ် … ။
ပြီးတော့ အဆီတွေက မိတ်ကပ်ပစ္စည်းတွေရဲ့ အကျိုးအာနိသင်တွေ ကိုလည်း စုပ်ယူပါတယ် … ။
ချွေးပေါက်တွေမှာ ဖုန်တွေ၊ အညစ်အကြေးတွေ ပြည့်လာရင် ဝက်ခြံတွေ ဖြစ်လာတတ်ပါတယ် … …. ။
ချွေးပေါက်တွေက ဘာ့ကြောင့် ကျယ်ရသလဲ
1.အဆီထုတ်လုပ်မှု များလို့ပါ။
ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေ၊ စိတ်ဖိစီးမှုတွေ၊ နေရောင်ခြည်တွေ၊ အရည်အသွေး မကောင်းတဲ့ skincare ပစ္စည်းတွေကြောင့် ချွေးပေါက်ကျယ် ပါတယ်။
2.အသက်ကြီးလာတဲ့ အခါ ကော်လဂျင် ထုတ်လုပ်မှုက နှေးလာပြီး အရေပြားက ကျုံ့နိုင်ဆန့်နိုင်အား နည်းလာပါတယ်။
အဲဒီအခါ ချွေးပေါက်ကျယ် လာပါတယ်။ နေရောင်နဲ့ များများ ထိတွေ့တဲ့အခါ ကော်လဂျင်တွေ ပျက်စီး ပါတယ်။
3.လေ့လာချက်တွေ အရ အာရှတိုက်က အမျိုးသမီးတွေရဲ့ ချွေးပေါက်က အများကြီးပြောင်းလဲမှု မရှိပါဘူး။
အိန္ဒိယနိုင်ငံက အမျိုးသမီးတွေရဲ့ ချွေးပေါက်က ပိုကျယ် ပါတယ်။
အဲဒါကြောင့် ချွေးပေါက်ကျယ်တာ မျိုးရိုးဗီဇ နဲ့လည်း သက်ဆိုင် ပါတယ်။
ချွေးပေါက်ကျဉ်းဖို့
အစားအသောက်နဲ့ အသားအရေကို ထိန်းသိမ်းပြီး အလှအပ ပစ္စည်းတွေကို သေချာ ရွေးချယ် သုံးစွဲသင့်ပါတယ်။
-ကော်လဂျင်တွေ မပျက်စီးအောင် လို့ နေ့တိုင်း sunscreen ကို သုံးပေးသင့် ပါတယ်။
-မျက်နှာကို ပုံမှန်သစ်တာ၊ ရေဓာတ်ဖြည့်တာတွေ ပြုလုပ်ပေးသင့် ပါတယ်။
မနက်ခင်း မိတ်ကပ်လိမ်းပြီးတစ်နာရီ အကြာမှာ အဆီပြန်လာတယ် ဆိုရင် အသားအရေမှာ အဆီဂလင်းတွေ များနေလို့ပါ။
-အချိုဓာတ်များတဲ့ အစားအစာတွေကို လျှော့စားသင့်ပါတယ်။
-သဘာဝအသီးအနှံတွေနဲ့ ပူပူစပ်စပ် တွေကို ပိုစားပေးပါ။
သစ်ကြံပိုးခေါက်၊ လေးညှင်းပွင့်၊ ဂျင်း၊ ကြက်သွန်ဖြူတွေက အသားအရေ တွန့်တာကို ကာကွယ်ပေးပါတယ်။
-လက်ဖက်စီးရည် သောက်ပါ။
လက်ဖက်စိမ်းရည်က အဆီဂလင်း ထုတ်လုပ်မှုကို လျော့စေပြီး ဝက်ခြံမပေါက်စေတော့ ပါဘူး။
-ငါးနဲ့ အသီးအရွက်တွေကို ပိုစားပါ။
အဲဒီအခါ ဝက်ခြံပေါက်ဖို့ အခွင့်အရေး နည်းသွားပါတယ်။
မျက်နှာသန့်စင်ဖို့နဲ့ ရေဓာတ်ဖြည့်ဖို့
ချွေးပေါက်ကျယ်တဲ့ သူတွေက ရေဓာတ်ဖြည့်ပေး သင့်ပြီး တစ်နေ့ကိုနှစ်ခါ မျက်နှာသစ်ပေးသင့်ပါတယ်။
မိတ်ကပ်အကျန်တွေ၊ ဆဲလ်သေတွေ၊ ဖုန်တွေက ချွေးပေါက်တွေကို ပိတ်စေပါတယ်။
မျက်နှာ သစ်ပြီးတဲ့ အခါ မျက်နှာကို ရေဓာတ်ဖြည့် cream လိမ်းပေးသင့်ပါတယ်။
မျက်နှာကို အလှဆီ လိမ်းပေးပါ။
အဲဒီအခါ ဆဲလ်တွေ အားပြည့်လာပြီး ချွေးပေါက်တွေ လည်း သန့်သွားမှာပါ။
Scrubs သုံးတာက အသားအရေကို ပျက်စီးစေပြီး ချွေးပေါက်တွေကို ပိုကျယ်လာစေ ပါတယ်။
မျက်နှာ ကြည်လင်ဖို့အတွက် ဂျယ် လ်သုံးသင့်ပါတယ်။
အဆီပြန်တတ်တဲ့ အသားအရေအတွက် lotion ထက် gel က ပိုသင့်တော် ပါတယ်။
ပုံမှန်သုံးနေတဲ့ ဆပ်ပြာနဲ့ မျက်နှာ မသစ်သင့်ပါဘူး။
ဆပ်ပြာမှာ pH 8 ကနေ 10 အထိ ပါဝင်ပါတယ်။
အဲဒါကြောင့် အပေါ်ယံ အသားအရေကို ပျက်စီးစေပြီး အဆီဂလင်း ထုတ်လုပ်မှုကို ပိုများစေမှာပါ။
pH level 5.5 ထက် မများတဲ့ ဆပ်ပြာကို သုံးလို့ ရပါတယ်။
မျက်နှာကို နေ့လယ် 12 နာရီနဲ့ ညနေ 4 နာရီကြားမှာ တစ်ခါသစ်ပေးပါ။
နေ့လယ် အချိန်မှာ အဆီထုတ်လုပ်မှု ပိုများပါတယ်။
အဲဒါကြောင့် နေ့လယ်မှာ အဆီ ပိုပြန်တတ် တာပါ။
Sunscreen က နေရောင်ခြည်ကို ကာကွယ်ပေးလို့ သုံးသင့်ပါတယ်။
Suncscreen သုံးတဲ့အခါ ကော်လဂျင် မပျက်စီးတော့လို့ အရေးအကြောင်းပေါ်တာ သက်သာသွားမှာပါ။
-ရေဓာတ် ပါဝင်တဲ့ creamတွေ၊ ဂျယ်လ်တွေကိုလည်း သုံးသင့်ပါတယ်။
အဲဒီအခါ ချွေးပေါက်မပိတ်တော့ပါဘူး။
စိတ်ချရတဲ့ မိတ်ကပ်ပစ္စည်းတွေကိုပဲ သုံးပါ … ။
မိတ်ကပ်မှာ ပါဝင်တဲ့ ဖယောင်း၊ အဆီ၊ တွေကလည်း ချွေးပေါက် ပိတ်စေပါတယ် …. ။
1.ပေါင်ဒါမှုန့်တွေက ချွေးပေါက်ကို ပိတ်စေပါတယ်။
Mineral powder ကို အသုံးပြုသင့် ပါတယ်။
2.Alcoholက အသားအရေကို ခြောက်သွေ့စေပြီး ဆဲလ်သေတွေကို ဖယ်ရှားရမှာ နှောင့်ယှက်ပါတယ်။
3.Mineral oil ပါဝင်တဲ့ အလှအပပစ္စည်းတွေ ပိုလည်း များများ မသုံးသင့်ပါဘူး။
Credit – Zombie(LoveMedia)