တခ်ိန္တုန္းက ျမန္မာႏိုင္ငံမွ ဓာတ္ရထားတို႔အေၾကာင္း

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ဓာတ္ရထားလိုင္းကို ထေရာ္လီဘတ္စ္ (Trolley Bus)

ျဖင့္ ေျပာင္းလဲ ေျပးဆြဲ၏။

အလုံပန္းၿခံ (သခင္ျမပန္းၿခံ) အနီး

ကီလီလမ္းအထိ ေျပးဆြဲသျဖင့္

ယင္းေနရာကို ယေန႔တိုင္

ထေရာ္လီေကြ႕ဟု ေခၚဆိုေနၾကသည္။

ထေရာ္လီဘတ္စ္ ဟူသည္ ဓာတ္ဆီ၊

ဒီဇယ္ဆီ မသုံးဘဲ လွ်ပ္စစ္ဓာတ္ျဖင့္ ေမာင္းႏွင္ေသာ ကားမ်ိဳး ျဖစ္သည္။

 

လွ်ပ္စစ္ဓာတ္အားကို ေကာင္းကင္ႀကိဳး မ်ဥ္းၿပိဳင္ ႏွစ္ႀကိဳးတြင္

ဘတ္စ္၏ အမိုးထက္မွ လွ်ပ္စစ္ဓာတ္အား သြယ္ယူရန္ လက္တံႏွစ္ေခ်ာင္းျဖင့္ ရယူပါသည္။

ေနာက္ပိုင္း ထေရာ္လီလိုင္းမ်ားကို တစ္စတစ္စ တိုးခ်ဲ႕ ဖြင့္လွစ္ခဲ့သည္။

ဖေရဇာလိုင္း၊ မားခ်င္းလိုင္း စသည္ျဖင့္ ေခၚဆိုၾကသည္။

ဖေရဇာလိုင္းမွာ ဗိုလ္တစ္ေထာင္ဘက္မွ

အေနာ္ရထာလမ္းတစ္ေလွ်ာက္၊

ယင္းမွ ေ႐ႊတိဂုံဘုရား လမ္းဆုံ၊

သိမ္ႀကီးေဈးအထိ ေဖာက္လုပ္ထားေသာ လမ္းျဖစ္သည္။

မားခ်င္းလိုင္းမွာ တာေမြမွ ကုန္သည္လမ္းအထိ ေျပးဆြဲေသာလိုင္း ျဖစ္သည္။

ထေရာ္လီကားမ်ားသည္ အဂၤလန္ႏိုင္ငံလုပ္ ဘက္ဖို႔ဒ္ ဘတ္စ္ကားမ်ား ျဖစ္ၾကသည္။ ေရွ႕ႏွင့္ေဘးတို႔တြင္ အတက္အဆင္းေပါက္မ်ား ပါရွိသည္။

ျမန္မာႏွင့္ ျမန္မာကျပားမ်ားက ေမာင္းႏွင္ၾကၿပီး လက္မွတ္ေရာင္းတို႔မွာ အိႏၵိယ တိုင္းသားမ်ား ျဖစ္ၾကသည္ ဆို၏။

လက္မွတ္ေရာင္းႏွင့္ ခရီးသည္တို႔မွာ အမ်ားအားျဖင့္ ဟင္ဒီဘာသာျဖင့္ ဆက္သြယ္ ေျပာဆိုၾကရသည္။

လမ္းခုလတ္မွ ကျပားလက္မွတ္စစ္မ်ား တက္လာေလ့ရွိၾကသည္။

ခရီးပိုစီးမိပါက ေနာက္ထပ္ က်သင့္သည့္ လက္မွတ္ ထပ္ဝယ္ရသည္။

သို႔ေသာ္ ထိုသို႔ ျဖစ္ေလ့ ျဖစ္ထ မရွိဘဲ စည္းကမ္းတက် စီးေလ့ရွိၾကသည္ ဆို၏။

မႏၲေလးၿမိဳ႕ႏွင့္ဓာတ္ရထား

၁၈၈၅ခုတြင္ၿဗိတိသွ်တို႔သည္အထက္ျမန္မာႏိုင္ငံကိုသိမ္းပိုက္၍ ၁၈၈၇ခုတြင္ ကတၱရာလမ္မ်ားစတင္ေဖာက္ခဲ့ၾကသည္။

၁၉၀၄ခုတြင္လွ်ပ္စစ္စတင္အသုံးျပဳ၍ ဓာတ္ရထားလမ္းကိုလည္း တင္ႀကိဳေဖာက္လုပ္ခဲ့ပါသည္။

ဓာတ္ရထားလမ္းမွာႏွစ္လမ္းျဖစ္ၿပီး ဘုရာႀကီးႏွင့္ ႐ုံးႀကီးလမ္း၊ ႐ုံးႀကီးေဂါဝိန္ဆိပ္လမ္းတို႔ျဖစ္ၾကသည္။

ခရီးဆုံးဘူတာမ်ားမွာ႐ုမ္းစုဘူတာ၊ ေဂါဝန္ဆိပ္ႏွင့္ ႐ုံႀကီးတို႔ျဖစ္သည္။

ဘုရားႀကီးႏွင့္ ႐ုံးႀကီးလမ္းကို ၁၉၀၄ခု ဇူလိုင္လ၁၄ရက္တြင္စတင္ဖြင့္လစ္ခဲ့ေလသည္။

၎ေနာက္ ၈၄လမ္းဘက္သို႔ခ်ဲကာ ႐ုံႀကီးႏွင့္ေဂါဝိန္ဆိပ္လမ္းကို ၁၉၀၇ခုႏွစ္ ဇန္နဝါရီလ၂၆ရက္တြင္ ဖြင့္လွစ္ ေျပးဆြဲခဲ့ပါသည္။

ေဘးတံခါမပါေသာဓာတ္ရထား၂၄စီး ႏွင့္ေျပဆြဲးခဲ့ၿပီးရထားတစ္စီးသည္ လူ၄၈ေယာက္ စီးနင္ႏိုင္သည္။

ဓာတ္ရထားေျပးဆြဲျခင္း ႏွင့္ သံလမ္းေဖာက္လုပ္ျခင္းတို႔ကို

လန္ဒန္ ဒစ္ကားကုမၸဏီမွ တာဝန္ ယူေဖာက္လုပ္ေျပးဆြဲခဲ့ပါသည္။

ဓာတ္ရထား ထားရန္၊ ျပင္ရန္ႏွင့္ကုမၸဏီ ႐ုံးခန္းအျပင္ ဓာတ္အားေပစက္႐ုံ တို႔သည္၂၆လမ္းႏွင့္၇၈လမ္းေထာင့္လမ္းအေရွ႕ ဘက္တြင္တည္ရွိခဲ့သည္။

ထို႔ေၾကာင့္ ၎ေနရာကို မႏၲေလးၿမိဳ႕သူၿမိဳ႕သားတို႔က ဓာတ္စက္႐ုံဟု ေခၚခဲ့ၾကေလသည္။

ျမန္မာႏိုင္ငံသို႔ ဒုတိယ ကမာၻစစ္ ကူးလာခ်ိန္တြင္ ထေရာ္လီဘတ္စ္မ်ားလည္း ရပ္ဆိုင္းသြားပါသည္။

တစ္ဘက္မွ ျမန္မာလူမ်ိဳးပိုင္ ဘတ္စ္ကားလုပ္ငန္းမွာ ၁၉၂၄ ခုႏွစ္မွ စတင္ ေပၚေပါက္လာခဲ့ရာ ထေရာ္လီဘတ္စ္မ်ား တစ္စတစ္စ တိမ္ေကာသြားဟန္ ရွိပါသည္။

မင္းမေဟာ္၊ ဣစၦိတံ စသည့္ ဘတ္စ္ကားမ်ားက ေ႐ႊတိဂုံေစတီေတာ္မွ

သိမ္ႀကီးေဈးသို႔ ၁ ပဲ၊ ငါးထပ္ႀကီးသို႔ ၂ ပဲ စသည္ျဖင့္

ေဈးႏႈန္း ခ်ိဳသာစြာ ေျပးဆြဲေပးခဲ့သည္ကလည္း

ထေရာ္လီဘတ္စ္မ်ား ေပ်ာက္ကြယ္သြားေစသည့္ အေၾကာင္းတစ္ရပ္ ျဖစ္ဟန္ ရွိပါသည္။

ဆရာတင္ႏိုင္တိုး၏ ေရးသားမႈကို Ko Kyel Sin (ဗဟုသုတၾကယ္စင္ဂ႐ု)မွ စာ႐ိုက္တင္ပါသည္။

ကိုညီညီ (ေတာင္ႀကီး)

Unicode

ဓာတ်ရထားလိုင်းကို ထရော်လီဘတ်စ် (Trolley Bus) ဖြင့် ပြောင်းလဲ ပြေးဆွဲ၏။

အလုံပန်းခြံ (သခင်မြပန်းခြံ) အနီး

ကီလီလမ်းအထိ ပြေးဆွဲသဖြင့်

ယင်းနေရာကို ယနေ့တိုင် ထရော်လီကွေ့ဟု ခေါ်ဆိုနေကြသည်။

ထရော်လီဘတ်စ် ဟူသည် ဓာတ်ဆီ၊

ဒီဇယ်ဆီ မသုံးဘဲ လျှပ်စစ်ဓာတ်ဖြင့် မောင်းနှင်သော ကားမျိုး ဖြစ်သည်။

လျှပ်စစ်ဓာတ်အားကို ကောင်းကင်ကြိုး မျဉ်းပြိုင် နှစ်ကြိုးတွင်

ဘတ်စ်၏ အမိုးထက်မှ လျှပ်စစ်ဓာတ်အား သွယ်ယူရန် လက်တံနှစ်ချောင်းဖြင့် ရယူပါသည်။

နောက်ပိုင်း ထရော်လီလိုင်းများကို တစ်စတစ်စ တိုးချဲ့ ဖွင့်လှစ်ခဲ့သည်။

ဖရေဇာလိုင်း၊ မားချင်းလိုင်း စသည်ဖြင့် ခေါ်ဆိုကြသည်။

ဖရေဇာလိုင်းမှာ ဗိုလ်တစ်ထောင်ဘက်မှ အနော်ရထာလမ်းတစ်လျှောက်၊

ယင်းမှ ရွှေတိဂုံဘုရား လမ်းဆုံ၊ သိမ်ကြီးဈေးအထိ ဖောက်လုပ်ထားသော လမ်းဖြစ်သည်။

မားချင်းလိုင်းမှာ တာမွေမှ ကုန်သည်လမ်းအထိ ပြေးဆွဲသောလိုင်း ဖြစ်သည်။

ထရော်လီကားများသည် အင်္ဂလန်နိုင်ငံလုပ် ဘက်ဖို့ဒ် ဘတ်စ်ကားများ ဖြစ်ကြသည်။ ရှေ့နှင့်ဘေးတို့တွင် အတက်အဆင်းပေါက်များ ပါရှိသည်။

မြန်မာနှင့် မြန်မာကပြားများက မောင်းနှင်ကြပြီး လက်မှတ်ရောင်းတို့မှာ အိန္ဒိယ တိုင်းသားများ ဖြစ်ကြသည် ဆို၏။

လက်မှတ်ရောင်းနှင့် ခရီးသည်တို့မှာ အများအားဖြင့် ဟင်ဒီဘာသာဖြင့် ဆက်သွယ် ပြောဆိုကြရသည်။

လမ်းခုလတ်မှ ကပြားလက်မှတ်စစ်များ တက်လာလေ့ရှိကြသည်။

ခရီးပိုစီးမိပါက နောက်ထပ် ကျသင့်သည့် လက်မှတ် ထပ်ဝယ်ရသည်။

သို့သော် ထိုသို့ ဖြစ်လေ့ ဖြစ်ထ မရှိဘဲ စည်းကမ်းတကျ စီးလေ့ရှိကြသည် ဆို၏။

မန္တလေးမြို့နှင့်ဓာတ်ရထား

၁၈၈၅ခုတွင်ဗြိတိသျှတို့သည်အထက်မြန်မာနိုင်ငံကိုသိမ်းပိုက်၍ ၁၈၈၇ခုတွင် ကတ္တရာလမ်များစတင်ဖောက်ခဲ့ကြသည်။

၁၉၀၄ခုတွင်လျှပ်စစ်စတင်အသုံးပြု၍ ဓာတ်ရထားလမ်းကိုလည်း တင်ကြိုဖောက်လုပ်ခဲ့ပါသည်။

ဓာတ်ရထားလမ်းမှာနှစ်လမ်းဖြစ်ပြီး ဘုရာကြီးနှင့် ရုံးကြီးလမ်း၊ ရုံးကြီးဂေါဝိန်ဆိပ်လမ်းတို့ဖြစ်ကြသည်။

ခရီးဆုံးဘူတာများမှာရုမ်းစုဘူတာ၊ ဂေါဝန်ဆိပ်နှင့် ရုံကြီးတို့ဖြစ်သည်။

ဘုရားကြီးနှင့် ရုံးကြီးလမ်းကို ၁၉၀၄ခု ဇူလိုင်လ၁၄ရက်တွင်စတင်ဖွင့်လစ်ခဲ့လေသည်။

၎င်းနောက် ၈၄လမ်းဘက်သို့ချဲကာ ရုံကြီးနှင့်ဂေါဝိန်ဆိပ်လမ်းကို ၁၉၀၇ခုနှစ် ဇန်နဝါရီလ၂၆ရက်တွင် ဖွင့်လှစ် ပြေးဆွဲခဲ့ပါသည်။

ဘေးတံခါမပါသောဓာတ်ရထား၂၄စီး နှင့်ပြေဆွဲးခဲ့ပြီးရထားတစ်စီးသည် လူ၄၈ယောက် စီးနင်နိုင်သည်။

ဓာတ်ရထားပြေးဆွဲခြင်း နှင့် သံလမ်းဖောက်လုပ်ခြင်းတို့ကို လန်ဒန် ဒစ်ကားကုမ္ပဏီမှ တာဝန် ယူဖောက်လုပ်ပြေးဆွဲခဲ့ပါသည်။

ဓာတ်ရထား ထားရန်၊ ပြင်ရန်နှင့်ကုမ္ပဏီ ရုံးခန်းအပြင် ဓာတ်အားပေစက်ရုံ တို့သည်၂၆လမ်းနှင့်၇၈လမ်းထောင့်လမ်းအရှေ့ ဘက်တွင်တည်ရှိခဲ့သည်။

ထို့ကြောင့် ၎င်းနေရာကို မန္တလေးမြို့သူမြို့သားတို့က ဓာတ်စက်ရုံဟု ခေါ်ခဲ့ကြလေသည်။

မြန်မာနိုင်ငံသို့ ဒုတိယ ကမ္ဘာစစ် ကူးလာချိန်တွင် ထရော်လီဘတ်စ်များလည်း ရပ်ဆိုင်းသွားပါသည်။

တစ်ဘက်မှ မြန်မာလူမျိုးပိုင် ဘတ်စ်ကားလုပ်ငန်းမှာ ၁၉၂၄ ခုနှစ်မှ စတင် ပေါ်ပေါက်လာခဲ့ရာ ထရော်လီဘတ်စ်များ တစ်စတစ်စ တိမ်ကောသွားဟန် ရှိပါသည်။

မင်းမဟော်၊ ဣစ္ဆိတံ စသည့် ဘတ်စ်ကားများက ရွှေတိဂုံစေတီတော်မှ သိမ်ကြီးဈေးသို့ ၁ ပဲ၊ ငါးထပ်ကြီးသို့ ၂ ပဲ စသည်ဖြင့်

ဈေးနှုန်း ချိုသာစွာ ပြေးဆွဲပေးခဲ့သည်ကလည်း ထရော်လီဘတ်စ်များ ပျောက်ကွယ်သွားစေသည့် အကြောင်းတစ်ရပ် ဖြစ်ဟန် ရှိပါသည်။

ဆရာတင်နိုင်တိုး၏ ရေးသားမှုကို Ko Kyel Sin (ဗဟုသုတကြယ်စင်ဂရု)မှ စာရိုက်တင်ပါသည်။

ကိုညီညီ (တောင်ကြီး)