အိုးေလး ဒိန္ခ်ဥ္လုပ္နည္း

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အိုးေလး ဒိန္ခ်ဥ္လုပ္နည္း ေတာင္းထားသူေတြအတြက္

ဒီနည္းကေတာ့ အိုးေလးဒိန္ခ်ဥ္လုပ္နည္း ျဖစ္ပါတယ္။

ဒိန္ခ်ဥ္လုပ္နည္းေတြ အမ်ားအျပား ရွိပါတယ္။

အလြယ္နည္း၊ အခက္နည္း၊ ေရာင္းတန္းအတြက္ လုပ္နည္း စသျဖင့္

အနည္းငယ္စီသာ ကြာျခားပါတယ္။

အလြယ္နည္း ေျပာေနၾတတာကေတာ့ ႏြားႏို႔ထဲကို ဒိန္ခ်ဥ္ထည့္ထားလိုက္ရင္ ဒိန္ခ်ဥ္ျဖစ္သြားတယ္ ဆိုတာပါပဲ။

ဒါေပမယ့္ အဲဒီဒိန္ခ်ဥ္အနည္းငယ္ကို ဘယ္လိုလုပ္မလဲ။

အဲဒါကို အခု စေျပာျပပါမယ္။

အိုးကို ေျမအိုးရွိပါက ပိုအဆင္ေျပပါတယ္။

အျခားအိုးနဲ႔လည္း ရႏိုင္ပါတယ္။အရင္ဆုံး ႏို႔အခ်ဥ္ စလုပ္ရမယ္

( ကိုယ္ဘာသာအခ်ဥ္မေဖာက္ခ်င္လို႔ လုပ္ၿပီးသားဒိန္ခ်ဥ္ ကိုလဲ ေရာထည့္လဲရတယ္ )

(၁) အိုးသစ္တစ္လုံးကို သန႔္ရွင္းၿပီး ေျခာက္ေအာင္ထားပါ။

(၂) ၎အိုးထဲကို က်ိဳထားေသာႏြားႏို႔ စားပြဲတင္ဇြန္း ၄ ဇြန္းခန႔္ ထည့္ပါ။

(၃) အိုးကို အဖုံးအုပ္ထားၿပီး ေနပူထဲမွာ ၆ နာရီခန႔္ ခ်ထားပါ။

(၄) အိုးထဲမွႏြားႏို႔မ်ား ခဲသြားသြားၿပီး အခ်ဥ္နံ႔ေလး ထြက္လာရင္ ဒိန္ခ်ဥ္စလုပ္လို႔ ရပါၿပီ။

ဒိန္ခ်ဥ္ျပဳလုပ္နည္း

(၁) ဒိန္ခ်ဥ္ျပဳလုပ္မည့္ ႏြားႏို႔ကို အိုးသန႔္သန႔္ျဖင့္ ၁၀ မိနစ္ခန႔္ ဆူပြတ္လာေအာင္ တည္ပါ။

(အပူ ဖာရင္ဟို 200 ခန႔္ ရွိရပါမယ္)

(၂) ၿပီးလွ်င္ ေအာက္ခ်ထားၿပီး ၾကက္သီးေႏြးေလးအထိ (112 to 115 ဖာရင္ဟိုက္)ခန႔္ အေအးခံပါ။

(၃) အနည္းငယ္ ေႏြးေသာ အေနအထားမွာ အထက္က ဒိန္ခ်ဥ္လုပ္ထားေသာ အိုးထဲကို အနည္းငယ္ ေလာင္းထည့္ၿပီး

ခဲေနတဲ့ဒိန္ခ်ဥ္ကို ေၾကေအာင္ေခ်ေပးပါ။

(၄) ဒိန္ခ်ဥ္အိုး တည္ထားမည့္ေနရာကို ေ႐ြးပါ။ အပူခ်ိန္ 110 ဖာရင္ဟိုက္ ရွိရမည္။

အိုးမလႈပ္ႏိုင္သည့္ေနရာမွာ ထားလွ်င္ ပိုေကာင္းမည္။

(၅) ဒိန္ခ်ဥ္ေခ်ထားေသာ အိုးထဲကို တည္ထားေသာႏြားႏို႔မ်ား အကုန္ေလာင္းထည့္ၿပီး အဖုံးလုံေအာင္ ပိတ္ထားပါ။

ႏို႔ဒိန္ခ်ဥ္မကြဲေအာင္ အိုးကို ေ႐ႊ႕ျခင္း၊ မျခင္းမျပဳရပါ။

(၆) ေနရာအပူခ်ိန္ေပၚ မူတည္ၿပီး ၅ နာရီမွ ၇ နာရီခန႔္ထိ ထားေပးၿပီးလွ်င္

ဒိန္ခ်ဥ္ကို ျမည္းၾကည့္ၿပီး

ကိုယ္လိုအပ္သည့္ အခ်ဥ္ အေနေတာ္ျဖစ္လွ်င္ စတင္သုံးေဆာင္ႏိုင္ပါၿပီ။

ဒိန္ခ်ဥ္ႏွင့္အလိုက္ဖက္ဆုံးေသာ အစားအစာမွာ စေတာ္ဘယ္ရီသီး ျဖစ္ပါတယ္။

အခ်ဥ္အရသာ ထပ္မပိုေစရန္ ေရခဲေသတၱာထဲထည့္၍

လိုအပ္သေလာက္သာ ပုဂံထဲထည့္စားႏိုင္ပါတယ္။

ကုန္ခါနီးလွ်င္ လက္က်န္ဒိန္ခ်ဥ္ျဖင့္

ေနာက္ထပ္ ဒိန္ခ်ဥ္အသစ္တစ္အိုးကို ဆင့္ပြါးလုပ္ႏိုင္ပါတယ္။

Credit : ကိုေအာင္ျမင့္ျမတ္

foodinmyanmar

Unicode

အိုးလေး ဒိန်ချဉ်လုပ်နည်း တောင်းထားသူတွေအတွက်

ဒီနည်းကတော့ အိုးလေးဒိန်ချဉ်လုပ်နည်း ဖြစ်ပါတယ်။

ဒိန်ချဉ်လုပ်နည်းတွေ အများအပြား ရှိပါတယ်။

အလွယ်နည်း၊ အခက်နည်း၊ ရောင်းတန်းအတွက် လုပ်နည်း စသဖြင့်

အနည်းငယ်စီသာ ကွာခြားပါတယ်။

အလွယ်နည်း ပြောနေတြတာကတော့ နွားနို့ထဲကို ဒိန်ချဉ်ထည့်ထားလိုက်ရင် ဒိန်ချဉ်ဖြစ်သွားတယ် ဆိုတာပါပဲ။

ဒါပေမယ့် အဲဒီဒိန်ချဉ်အနည်းငယ်ကို ဘယ်လိုလုပ်မလဲ။

အဲဒါကို အခု စပြောပြပါမယ်။

အိုးကို မြေအိုးရှိပါက ပိုအဆင်ပြေပါတယ်။

အခြားအိုးနဲ့လည်း ရနိုင်ပါတယ်။အရင်ဆုံး နို့အချဉ် စလုပ်ရမယ်

( ကိုယ်ဘာသာအချဉ်မဖောက်ချင်လို့ လုပ်ပြီးသားဒိန်ချဉ် ကိုလဲ ရောထည့်လဲရတယ် )

(၁) အိုးသစ်တစ်လုံးကို သန့်ရှင်းပြီး ခြောက်အောင်ထားပါ။

(၂) ၎င်းအိုးထဲကို ကျိုထားသောနွားနို့ စားပွဲတင်ဇွန်း ၄ ဇွန်းခန့် ထည့်ပါ။

(၃) အိုးကို အဖုံးအုပ်ထားပြီး နေပူထဲမှာ ၆ နာရီခန့် ချထားပါ။

(၄) အိုးထဲမှနွားနို့များ ခဲသွားသွားပြီး အချဉ်နံ့လေး ထွက်လာရင် ဒိန်ချဉ်စလုပ်လို့ ရပါပြီ။

ဒိန်ချဉ်ပြုလုပ်နည်း

(၁) ဒိန်ချဉ်ပြုလုပ်မည့် နွားနို့ကို အိုးသန့်သန့်ဖြင့် ၁၀ မိနစ်ခန့် ဆူပွတ်လာအောင် တည်ပါ။

(အပူ ဖာရင်ဟို 200 ခန့် ရှိရပါမယ်)

(၂) ပြီးလျှင် အောက်ချထားပြီး ကြက်သီးနွေးလေးအထိ (112 to 115 ဖာရင်ဟိုက်)ခန့် အအေးခံပါ။

(၃) အနည်းငယ် နွေးသော အနေအထားမှာ အထက်က ဒိန်ချဉ်လုပ်ထားသော အိုးထဲကို အနည်းငယ် လောင်းထည့်ပြီး ခဲနေတဲ့ဒိန်ချဉ်ကို ကြေအောင်ချေပေးပါ။

(၄) ဒိန်ချဉ်အိုး တည်ထားမည့်နေရာကို ရွေးပါ။ အပူချိန် 110 ဖာရင်ဟိုက် ရှိရမည်။ အိုးမလှုပ်နိုင်သည့်နေရာမှာ ထားလျှင် ပိုကောင်းမည်။

(၅) ဒိန်ချဉ်ချေထားသော အိုးထဲကို တည်ထားသောနွားနို့များ အကုန်လောင်းထည့်ပြီး အဖုံးလုံအောင် ပိတ်ထားပါ။ နို့ဒိန်ချဉ်မကွဲအောင် အိုးကို ရွှေ့ခြင်း၊ မခြင်းမပြုရပါ။

(၆) နေရာအပူချိန်ပေါ် မူတည်ပြီး ၅ နာရီမှ ၇ နာရီခန့်ထိ ထားပေးပြီးလျှင် ဒိန်ချဉ်ကို မြည်းကြည့်ပြီး ကိုယ်လိုအပ်သည့် အချဉ် အနေတော်ဖြစ်လျှင် စတင်သုံးဆောင်နိုင်ပါပြီ။

ဒိန်ချဉ်နှင့်အလိုက်ဖက်ဆုံးသော အစားအစာမှာ စတော်ဘယ်ရီသီး ဖြစ်ပါတယ်။

အချဉ်အရသာ ထပ်မပိုစေရန် ရေခဲသေတ္တာထဲထည့်၍ လိုအပ်သလောက်သာ ပုဂံထဲထည့်စားနိုင်ပါတယ်။

ကုန်ခါနီးလျှင် လက်ကျန်ဒိန်ချဉ်ဖြင့် နောက်ထပ် ဒိန်ချဉ်အသစ်တစ်အိုးကို ဆင့်ပွါးလုပ်နိုင်ပါတယ်။

Credit : ကိုအောင်မြင့်မြတ်

foodinmyanmar