ႏွွင္းဆီပန္းေတြ ထြားထြားႀကီးပြင့္ေစဖို႔ ဆားကိုဒီလိုသုံးပါ…

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

ႏွင္းဆီပန္းေတြ ထြားထြားႀကီးပြင့္ေစဖို႔ ဆားကိုဒီလိုသုံးပါ…

ဆား ခါးကို ႏွင္းဆီပန္းစိုက္ပ်ိဳးသူေတြက လြန္ခဲ့တဲ့ ႏွစ္ရွည္ကာလေတြထဲက အသုံးျပဳခဲ့ၾကပါတယ္ …။

ဆားခါးမွာ အပင္အတြက္ မရွိမျဖစ္လိုအပ္တဲ့ အနည္းလိုအာဟာရဓာတ္ေတြျဖစ္တဲ့

မဂၢနီဆီယမ္နဲ႔ ဆာလဖာလို႔ေခၚတဲ့ ကန႔္ဓာတ္ေတြ ပါဝင္ပါတယ္ …။

ဆားခါးဟာ ႏွင္းဆီပင္ေတြကို အပြင့္ႀကီးႀကီးေတြ ပြင့္ေစဖို႔

ကူညီ႐ုံမွ်မက အပင္ ေျခကေန ပင္စည္အသစ္ေတြ ႀကီးထြားဖို႔ကိုလည္း အေထာက္အကူေပးပါတယ္တဲ့ …။

ဒါ့အျပင္ အ႐ြက္ေတြ ပိုမိုရင့္ ေမွာင္ေစဖို႔ အတြက္ ကလို႐ိုဖီးလ္ကိုလည္း တိုးျမႇင့္ထုတ္လုပ္ေပးပါတယ္ …။

သီးႏွံစိုက္ပ်ိဳးေရးမွာ ဆားခါးကို အသုံးျပဳျခင္းအားျဖင့္ မ်ိဳးေစ့ေတြကို

အေညႇာင့္ေပါက္ေကာင္းမြန္ေစျခင္း၊

အပင္အတြက္ လိုအပ္တဲ့ အာဟာရ ဓာတ္ စုပ္ယူမႈတိုးျမႇင့္ေစျခင္း၊

အသီးအပြင့္ျဖစ္ေပၚမႈကို အားေပးျခင္း၊

အ႐ြက္မ်ားကို ပိုမိုစိမ္းေစျခင္း၊

ပိုးမႊား က်ေရာက္ဖ်က္ဆီးမႈကို ဟန႔္တားေပးျခင္း၊

အသီးအရသာကို ပိုမိုေကာင္းမြန္ေစျခင္း၊

အပင္ႀကီးထြားမႈ ျမန္ဆန္ ေစျခင္း စတဲ့အက်ိဳးေက်းဇူးေတြကို ရရွိေစႏိုင္ပါတယ္ …။

ဒီလိုပဲ ႏွင္းဆီစိုက္ပ်ိဳးေရးမွာ

ဆားခါးအသုံးျပဳျခင္းအားျဖင့္ အပင္ေတြကို ပိုမိုစိမ္းလန္းေစၿပီး၊

ပန္းပြင့္မ်ားမ်ားပြင့္ေစတဲ့အျပင္ ပန္းပြင့္အေရာင္အေသြးေတြကိုလည္း ပိုမို ေတာက္ပေစပါတယ္။

ဒါ့အျပင္ ပန္းပြင့္အ႐ြယ္အစားကိုလည္း ပိုမိုႀကီးမားေစၿပီး ႏွင္းဆီပင္အတြက္

အက်ိဳးျပဳေပးတဲ့ ဆားခါး အသုံးျပဳနည္းေလးကို မွ်ေဝေပးလိုက္ပါတယ္ေနာ္ …။

စတင္စိုက္ပ်ိဳးခ်ိန္ ေျမခံမွာကတည္းက အသုံးျပဳႏိုင္ပါတယ္။

ဆားခါးလက္တစ္ဆုပ္စာ သာသာခန႔္ကို စိုက္ပ်ိဳးမယ့္ အပင္စိုက္ပ်ိဳးမယ့္ က်င္းတစ္ဝိုက္မွာ ႀကဲၿပီး ေျမဆြေပးပါ။

ဒါမွမဟုတ္ စိုက္က်င္းထဲမွာ ဆားခါး စားပြဲတင္ဇြန္း (၁)ဇြန္း၊

ႏြားေခ်း၊ေျမေဆြးကို က်င္းစာေကြၽးထားၿပီး အပင္စိုက္ပ်ိဳးလို႔လည္း ရပါတယ္ …။

ဆားခါးစားပြဲတင္ဇြန္း (၁)ဇြန္းကို ေရ(၁)ဂါလံထဲေဖ်ာ္ၿပီး အျမစ္စိမ္ စိုက္ပ်ိဳးႏိုင္ပါတယ္ …။

စိုက္ပ်ိဳးၿပီးတဲ့ ႏွင္းဆီပင္မွာ အတက္သစ္ေလးေတြထြက္လာတဲ့အခ်ိန္ ၿပီးေတာ့ပန္းစပြင့္တဲ့အခ်ိန္ေတြမွာ ေကြၽးေပးပါ။

တစ္ေပပတ္လည္မွာ စားပြဲတင္ဇြန္း (၁)ဇြန္းကို (၂)ပတ္တစ္ႀကိမ္ ေကြၽးႏိုင္ပါတယ္။

ဒီလိုေကြၽးၿပီးသြားရင္ ေရဝေအာင္ ေလာင္းေပးဖို႔လိုပါတယ္။

ဒါမွသာ အာဟာရဓာတ္ေတြ ေကာင္းေကာင္း ေပ်ာ္ဝင္ၿပီး အပင္လည္း ေကာင္းေကာင္းစုပ္ယူႏိုင္မွာပဲ ျဖစ္ပါတယ္ …။

႐ြက္ဖ်န္းအေနနဲ႔ အသုံးျပဳခ်င္ရင္ေတာ့ ဆားခါး စားပြဲတင္ဇြန္း (၁)ဇြန္းကို ေရ(၁)ဂါလံထဲေဖ်ာ္ၿပီး အပင္ေျခမွ (၁)ေပအျမင့္အတြင္းမွာ ပက္ဖ်န္းေပး ႏိုင္ပါတယ္။

ဒါ့အျပင္ အ႐ြက္ေတြ ႀကီးထြားဖြံၿဖိဳးခ်ိန္နဲ႔ ပန္းစပြင့္တဲ့အခ်ိန္ေတြမွာ ႐ြက္ဖ်န္းအေနနဲ႔ ပက္ဖ်န္း အသုံးျပဳႏိုင္ပါတယ္ …။

ဆားခါးကို အလြန္အကြၽံသုံးစြဲမိတယ္ဆိုတာမ်ိဳး မျဖစ္ႏိုင္သေလာက္ ဆားခါးဟာ မွ်တတဲ့ pH ရွိတာေၾကာင့္ ေျမဆီလႊာကို မထိခိုက္ေစႏိုင္ပါ။

ႏွင္းဆီပန္းပြင့္တဲ့အခ်ိန္မွာ အ႐ြက္မ်က္ႏွာျပင္ေတြမွာ အဝါေရာင္ အစက္အေျပာက္ေလးေတြ ဆိုးဆိုးဝါးဝါးျဖစ္ေနတာကို ေတြ႕ဖူးမွာပါ …။

ဒါက အပင္မွာ မဂၢနီဆီယမ္ခ်ိဳ႕တဲ့တဲ့ လကၡဏာျဖစ္ပါတယ္။

ဒီလိုျပႆာနာေတြကိုလည္း ဆားခါးအသုံးျပဳၿပီး ေျဖရွင္းႏိုင္မွာပဲ ျဖစ္ပါတယ္ေနာ္ …။

ခရက္ဒစ္ – Maung Maung Naing

(ဥယ်ာဥ္နဲ႔ အပင္မ်ားအတြက္ အံ့မခန္းဖြယ္ဆားခါးအသုံးျပဳမႈ ၁၀ မ်ိဳး ေ႐ႊသီးႏွံံ)

Unicode

နှင်းဆီပန်းတွေ ထွားထွားကြီးပွင့်စေဖို့ ဆားကိုဒီလိုသုံးပါ…

ဆား ခါးကို နှင်းဆီပန်းစိုက်ပျိုးသူတွေက လွန်ခဲ့တဲ့ နှစ်ရှည်ကာလတွေထဲက အသုံးပြုခဲ့ကြပါတယ် …။

ဆားခါးမှာ အပင်အတွက် မရှိမဖြစ်လိုအပ်တဲ့ အနည်းလိုအာဟာရဓာတ်တွေဖြစ်တဲ့ မဂ္ဂနီဆီယမ်နဲ့ ဆာလဖာလို့ခေါ်တဲ့ ကန့်ဓာတ်တွေ ပါဝင်ပါတယ် …။

ဆားခါးဟာ နှင်းဆီပင်တွေကို အပွင့်ကြီးကြီးတွေ ပွင့်စေဖို့ ကူညီရုံမျှမက

အပင် ခြေကနေ ပင်စည်အသစ်တွေ ကြီးထွားဖို့ကိုလည်း အထောက်အကူပေးပါတယ်တဲ့ …။

ဒါ့အပြင် အရွက်တွေ ပိုမိုရင့် မှောင်စေဖို့ အတွက် ကလိုရိုဖီးလ်ကိုလည်း တိုးမြှင့်ထုတ်လုပ်ပေးပါတယ် …။

သီးနှံစိုက်ပျိုးရေးမှာ ဆားခါးကို အသုံးပြုခြင်းအားဖြင့် မျိုးစေ့တွေကို အညှောင့်ပေါက်ကောင်းမွန်စေခြင်း၊

အပင်အတွက် လိုအပ်တဲ့ အာဟာရ ဓာတ် စုပ်ယူမှုတိုးမြှင့်စေခြင်း၊

အသီးအပွင့်ဖြစ်ပေါ်မှုကို အားပေးခြင်း၊ အရွက်များကို ပိုမိုစိမ်းစေခြင်း၊

ပိုးမွှား ကျရောက်ဖျက်ဆီးမှုကို ဟန့်တားပေးခြင်း၊ အသီးအရသာကို ပိုမိုကောင်းမွန်စေခြင်း၊

အပင်ကြီးထွားမှု မြန်ဆန် စေခြင်း စတဲ့အကျိုးကျေးဇူးတွေကို ရရှိစေနိုင်ပါတယ် …။

ဒီလိုပဲ နှင်းဆီစိုက်ပျိုးရေးမှာ ဆားခါးအသုံးပြုခြင်းအားဖြင့် အပင်တွေကို ပိုမိုစိမ်းလန်းစေပြီး၊

ပန်းပွင့်များများပွင့်စေတဲ့အပြင် ပန်းပွင့်အရောင်အသွေးတွေကိုလည်း ပိုမို တောက်ပစေပါတယ်။

ဒါ့အပြင် ပန်းပွင့်အရွယ်အစားကိုလည်း ပိုမိုကြီးမားစေပြီး နှင်းဆီပင်အတွက်

အကျိုးပြုပေးတဲ့ ဆားခါး အသုံးပြုနည်းလေးကို မျှဝေပေးလိုက်ပါတယ်နော် …။

စတင်စိုက်ပျိုးချိန် မြေခံမှာကတည်းက အသုံးပြုနိုင်ပါတယ်။

ဆားခါးလက်တစ်ဆုပ်စာ သာသာခန့်ကို စိုက်ပျိုးမယ့် အပင်စိုက်ပျိုးမယ့် ကျင်းတစ်ဝိုက်မှာ ကြဲပြီး မြေဆွပေးပါ။

ဒါမှမဟုတ် စိုက်ကျင်းထဲမှာ ဆားခါး စားပွဲတင်ဇွန်း (၁)ဇွန်း၊ နွားချေး၊မြေဆွေးကို ကျင်းစာကျွေးထားပြီး အပင်စိုက်ပျိုးလို့လည်း ရပါတယ် …။

ဆားခါးစားပွဲတင်ဇွန်း (၁)ဇွန်းကို ရေ(၁)ဂါလံထဲဖျော်ပြီး အမြစ်စိမ် စိုက်ပျိုးနိုင်ပါတယ် …။

စိုက်ပျိုးပြီးတဲ့ နှင်းဆီပင်မှာ အတက်သစ်လေးတွေထွက်လာတဲ့အချိန် ပြီးတော့ပန်းစပွင့်တဲ့အချိန်တွေမှာ ကျွေးပေးပါ။

တစ်ပေပတ်လည်မှာ စားပွဲတင်ဇွန်း (၁)ဇွန်းကို (၂)ပတ်တစ်ကြိမ် ကျွေးနိုင်ပါတယ်။

ဒီလိုကျွေးပြီးသွားရင် ရေဝအောင် လောင်းပေးဖို့လိုပါတယ်။

ဒါမှသာ အာဟာရဓာတ်တွေ ကောင်းကောင်း ပျော်ဝင်ပြီး အပင်လည်း ကောင်းကောင်းစုပ်ယူနိုင်မှာပဲ ဖြစ်ပါတယ် …။

ရွက်ဖျန်းအနေနဲ့ အသုံးပြုချင်ရင်တော့ ဆားခါး စားပွဲတင်ဇွန်း (၁)ဇွန်းကို ရေ(၁)ဂါလံထဲဖျော်ပြီး အပင်ခြေမှ (၁)ပေအမြင့်အတွင်းမှာ ပက်ဖျန်းပေး နိုင်ပါတယ်။

ဒါ့အပြင် အရွက်တွေ ကြီးထွားဖွံဖြိုးချိန်နဲ့ ပန်းစပွင့်တဲ့အချိန်တွေမှာ ရွက်ဖျန်းအနေနဲ့ ပက်ဖျန်း အသုံးပြုနိုင်ပါတယ် …။

ဆားခါးကို အလွန်အကျွံသုံးစွဲမိတယ်ဆိုတာမျိုး မဖြစ်နိုင်သလောက် ဆားခါးဟာ မျှတတဲ့ pH ရှိတာကြောင့် မြေဆီလွှာကို မထိခိုက်စေနိုင်ပါ။

နှင်းဆီပန်းပွင့်တဲ့အချိန်မှာ အရွက်မျက်နှာပြင်တွေမှာ အဝါရောင် အစက်အပြောက်လေးတွေ ဆိုးဆိုးဝါးဝါးဖြစ်နေတာကို တွေ့ဖူးမှာပါ …။

ဒါက အပင်မှာ မဂ္ဂနီဆီယမ်ချို့တဲ့တဲ့ လက္ခဏာဖြစ်ပါတယ်။

ဒီလိုပြဿာနာတွေကိုလည်း ဆားခါးအသုံးပြုပြီး ဖြေရှင်းနိုင်မှာပဲ ဖြစ်ပါတယ်နော် …။

ခရက်ဒစ် – Maung Maung Naing

(ဥယျာဉ်နဲ့ အပင်များအတွက် အံ့မခန်းဖွယ်ဆားခါးအသုံးပြုမှု ၁၀ မျိုး ရွှေသီးနှံံ)