သင့္အိမ္ထဲကို ကံေကာင္းျခင္း အေငြ႕အသက္ေတြ ေရာက္ရွိလာေစမယ့္ နည္း(၅)နည္း
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
သင့္အိမ္ထဲကို ကံေကာင္းျခင္း အေငြ႕အသက္ေတြ ေရာက္ရွိလာေစမယ့္ နည္း(၅)နည္း
တခါတေလ အိမ္ထဲမွာထိုင္ေနရင္းနဲ႔ အလိုလိုေနရင္း ေနလို႔ထိုင္လို႔ မေကာင္းတာ၊ စိတ္ညစ္ညဴးလာတာ၊
မေကာင္းတဲ့အေငြ႕အသက္ တစ္ခုခုရွိေနသလို ခံစားေနရတာမ်ိဳး ျဖစ္တတ္ၾကပါတယ္။
အဲ့လိုျဖစ္ေနတာဟာ အိမ္အျပင္အဆင္နဲ႔ ပတ္သက္ၿပီး ျပႆနာရွိေနလို႔ပါ။ အဲ့ဒီ မေကာင္းတဲ့ အေငြ႕အသက္ေတြကို ႏွင္ထုတ္ဖို႔ ဒီနည္းေလးေတြကို သုံးလိုက္ပါ။
(၁) အိမ္ထဲကပစၥည္းအေဟာင္းေတြကိုလဲပါ
အိမ္ထဲမွာ ေကာင္းတဲ့အေငြ႕အသက္ေတြ ရွိေနေစခ်င္ရင္ အၿမဲတမ္းသန႔္ရွင္းေရး လုပ္ဖို႔လိုပါတယ္။ ဒါ့အျပင္ မသုံးတာၾကာေနတဲ့ ပစၥည္းအေဟာင္းေတြ၊
အသုံးမဝင္ေတာ့တဲ့ ပစၥည္းေတြ၊ ပစ္သင့္တာေတြကို ပစ္ၿပီး အသစ္လဲသင့္တာေတြကိုလဲရပါမယ္။
ၿပီးရင္ အိပ္ရာခင္းစြပ္၊ ေခါင္းအုံးစြပ္၊ ဆိုဖာအဖုံး၊ ခန္းဆီး၊ လိုက္ကာေတြကို အသစ္လဲလိုက္ပါ။
(၂) ပရိေဘာဂေတြကို ေနရာေ႐ႊ႕ပါ
ႏွစ္ရွည္လမ်ား အသားေသေနတဲ့ ပုံစံကေန အသစ္တစ္မ်ိဳး ေျပာင္းၾကည့္လိုက္ပါ။ က်ဥ္းက်ပ္ေနတဲ့ ေနရာမွာ က်ယ္ဝန္းသလို ထင္ရေအာင္၊
သင့္ရဲ႕စိတ္ကိုသက္ေတာင့္သက္သာရွိတဲ့ အခင္းအက်င္းမ်ိဳးျဖစ္ေအာင္ ေျပာင္းလိုက္မယ္ဆိုရင္ ေကာင္းတဲ့ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာတာကို ေတြ႕ရပါလိမ့္မယ္။
(၃) အေမႊးနံ႔ေလးေတြသုံးပါ
ကိုယ္ေနတဲ့ ပတ္ဝန္းက်င္မွာ အေမႊးနံ႔ေလးေတြ လႊမ္းၿခဳံေနမယ္ဆိုရင္ ေကာင္းတဲ့အရိပ္အေငြ႕ေလးေတြလည္း သူ႔အလိုလိုေရာက္ရွိလာမွာပါ။
ဒါေၾကာင့္ မနက္ေစာေစာနဲ႔ ညအိပ္ခါနီးေတြမွာ ေမႊးရနံ႔ပါတဲ့ ဖေယာင္းတိုင္ထြန္းတာမ်ိဳး၊ ခန္းဆီး၊ လိုက္ကာေတြကိုေရေမြးဆြတ္ေပးတာမ်ိဳး ပုံမွန္လုပ္ေပးပါ။
(၄) အိမ္အတြင္းမွာ အပင္ေလးေတြစိုက္ထားပါ
အ႐ြယ္အစားေသးငယ္တဲ့အပင္ေလးေတြေတာင္မွ အိမ္ထဲကညစ္ညမ္းတဲ့ေလထုကို အေထာက္အေလ်ာက္သန႔္စင္ေပးႏိုင္ပါတယ္။
အိမ္ထဲမွာ မ်က္စိအျမင္လည္းေအး၊ ေလထုကိုလည္းသန႔္စင္ေပးႏိုင္တာေၾကာင့္ ေကာင္းမြန္တဲ့အရိပ္အေငြ႕ေလးေတြျဖစ္ေစႏိုင္ပါတယ္။
(၅) သင့္ရဲ႕မေကာင္းတဲ့ အေတြးအျမင္ေတြကို ရပ္တန႔္ပါ
မေကာင္းတဲ့အျဖစ္ေတြႀကဳံရတဲ့၊ မေကာင္းတဲ့အရိပ္အေငြ႕ေလးေတြခံစားေနရတဲ့အဓိကအေၾကာင္းရင္းက စိတ္ထဲကမေကာင္းတဲ့အေတြးအျမင္၊ ခံစားခ်က္ေတြေၾကာင့္ပါ။
အတတ္ႏိုင္ဆုံးကိုယ့္စိတ္ထဲမွာ အဆိုးျမင္အေတြးေတြမျဖစ္လာေအာင္၊ စိတ္ရွင္းေအာင္ႀကိဳးစားလိုက္မယ္ဆို သင့္ေဘးနားက မေကာင္းတာေတြအကုန္ထြက္ခြာသြားပါလိမ့္မယ္။
Credit : Aunty May
Unicode
သင့်အိမ်ထဲကို ကံကောင်းခြင်း အငွေ့အသက်တွေ ရောက်ရှိလာစေမယ့် နည်း(၅)နည်း
တခါတလေ အိမ်ထဲမှာထိုင်နေရင်းနဲ့ အလိုလိုနေရင်း နေလို့ထိုင်လို့ မကောင်းတာ၊ စိတ်ညစ်ညူးလာတာ၊
မကောင်းတဲ့အငွေ့အသက် တစ်ခုခုရှိနေသလို ခံစားနေရတာမျိုး ဖြစ်တတ်ကြပါတယ်။
အဲ့လိုဖြစ်နေတာဟာ အိမ်အပြင်အဆင်နဲ့ ပတ်သက်ပြီး ပြဿနာရှိနေလို့ပါ။ အဲ့ဒီ မကောင်းတဲ့ အငွေ့အသက်တွေကို နှင်ထုတ်ဖို့ ဒီနည်းလေးတွေကို သုံးလိုက်ပါ။
(၁) အိမ်ထဲကပစ္စည်းအဟောင်းတွေကိုလဲပါ
အိမ်ထဲမှာ ကောင်းတဲ့အငွေ့အသက်တွေ ရှိနေစေချင်ရင် အမြဲတမ်းသန့်ရှင်းရေး လုပ်ဖို့လိုပါတယ်။ ဒါ့အပြင် မသုံးတာကြာနေတဲ့ ပစ္စည်းအဟောင်းတွေ၊
အသုံးမဝင်တော့တဲ့ ပစ္စည်းတွေ၊ ပစ်သင့်တာတွေကို ပစ်ပြီး အသစ်လဲသင့်တာတွေကိုလဲရပါမယ်။
ပြီးရင် အိပ်ရာခင်းစွပ်၊ ခေါင်းအုံးစွပ်၊ ဆိုဖာအဖုံး၊ ခန်းဆီး၊ လိုက်ကာတွေကို အသစ်လဲလိုက်ပါ။
(၂) ပရိဘောဂတွေကို နေရာရွှေ့ပါ
နှစ်ရှည်လများ အသားသေနေတဲ့ ပုံစံကနေ အသစ်တစ်မျိုး ပြောင်းကြည့်လိုက်ပါ။ ကျဉ်းကျပ်နေတဲ့ နေရာမှာ ကျယ်ဝန်းသလို ထင်ရအောင်၊
သင့်ရဲ့စိတ်ကိုသက်တောင့်သက်သာရှိတဲ့ အခင်းအကျင်းမျိုးဖြစ်အောင် ပြောင်းလိုက်မယ်ဆိုရင် ကောင်းတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်လာတာကို တွေ့ရပါလိမ့်မယ်။
(၃) အမွှေးနံ့လေးတွေသုံးပါ
ကိုယ်နေတဲ့ ပတ်ဝန်းကျင်မှာ အမွှေးနံ့လေးတွေ လွှမ်းခြုံနေမယ်ဆိုရင် ကောင်းတဲ့အရိပ်အငွေ့လေးတွေလည်း သူ့အလိုလိုရောက်ရှိလာမှာပါ။
ဒါကြောင့် မနက်စောစောနဲ့ ညအိပ်ခါနီးတွေမှာ မွှေးရနံ့ပါတဲ့ ဖယောင်းတိုင်ထွန်းတာမျိုး၊ ခန်းဆီး၊ လိုက်ကာတွေကိုရေမွေးဆွတ်ပေးတာမျိုး ပုံမှန်လုပ်ပေးပါ။
(၄) အိမ်အတွင်းမှာ အပင်လေးတွေစိုက်ထားပါ
အရွယ်အစားသေးငယ်တဲ့အပင်လေးတွေတောင်မှ အိမ်ထဲကညစ်ညမ်းတဲ့လေထုကို အထောက်အလျောက်သန့်စင်ပေးနိုင်ပါတယ်။
အိမ်ထဲမှာ မျက်စိအမြင်လည်းအေး၊ လေထုကိုလည်းသန့်စင်ပေးနိုင်တာကြောင့် ကောင်းမွန်တဲ့အရိပ်အငွေ့လေးတွေဖြစ်စေနိုင်ပါတယ်။
(၅) သင့်ရဲ့မကောင်းတဲ့ အတွေးအမြင်တွေကို ရပ်တန့်ပါ
မကောင်းတဲ့အဖြစ်တွေကြုံရတဲ့၊ မကောင်းတဲ့အရိပ်အငွေ့လေးတွေခံစားနေရတဲ့အဓိကအကြောင်းရင်းက စိတ်ထဲကမကောင်းတဲ့အတွေးအမြင်၊ ခံစားချက်တွေကြောင့်ပါ။
အတတ်နိုင်ဆုံးကိုယ့်စိတ်ထဲမှာ အဆိုးမြင်အတွေးတွေမဖြစ်လာအောင်၊ စိတ်ရှင်းအောင်ကြိုးစားလိုက်မယ်ဆို သင့်ဘေးနားက မကောင်းတာတွေအကုန်ထွက်ခွာသွားပါလိမ့်မယ်။
Credit : Aunty May