ၾကားဖူးနားဝရွိေပမဲ့ ေသခ်ာမသိခဲ့တဲ့ “အပ္ေပ်ာက္ရင္ ဆင္နဲ႔ရွာပါ” ဆိုတဲ့ ဆို႐ိုးစကား အဓိပၸါယ္
Zaw Gyi
အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်
“အပ္”ေပ်ာက္ရင္”ဆင္”နဲ႔ရွာပါ
ဒီေရွးစကားေလးကို ငယ္စဥ္ထဲကၾကားဖူးနားဝရွိခဲ့တာၾကာပါၿပီ
သို႔ေသာ္ျငား အဲဒီစကားကို အရင္တုန္းကေတာ့
သာမန္အေပၚယံအေတြးေလးနဲ႔ေတြးမိခဲ့ဖူးပါတယ္
“အပ္ကေလးတစ္ေခ်ာင္းေပ်ာက္တာမ်ား ဆင္စီးၿပီးရွာစရာလား”
ဆိုတဲ့အေတြးထက္ပိုၿပီး နက္နက္နဲနဲမေတြးမိ မစဥ္းစားမိခဲ့ဘူး
ေနာက္တစ္ျဖည္းျဖည္းနဲ႔ စာေပဗဟုသုတေတြ ဖတ္မွတ္ေလ့လာရင္းနဲ႔
အျမင္မွန္ရသြားခဲ့ရပါေတာ့တယ္
(အပ္ေပ်ာက္ရင္ ဆင္နဲ႔ရွာ)ဆိုတဲ့
ေဝါဟာရ စကားေလးဟာ အင္မတန္မွ
ေလးနက္ၿပီး အဓိပ္ပါယ်ပြည်႕ဝတဲ့
ပညာရွိသူေတာ္ေကာင္းတို႔ရဲ႕စကားဆိုတာ မိမိရဲ႕
အသိဉာဏ္မွာ ပြင့္လင္းသြားပါေတာ့တယ္
တစ္ကယ္ေတာ့”အပ္”ဆိုတာက
လူေတြရဲ႕အသုံးအေဆာင္တစ္ခုျဖစ္တဲ့
အဝတ္ခ်ဳပ္တဲ့အပ္ကို ဆိုလိုတာမဟုတ္ပါဘူး
ပညာရွိေတြေျပာတဲ့”အပ္”ကေတာ့
လူတစ္ေယာက္အတြက္ေန႔စဥ္ႀကဳံေတြ႕ၾကရတဲ့ လူမႈကိစၥေတြမ်ားစြာထဲက
မိမိမွာ ေျပာစရာကိစၥရွိလာတဲ့အခါ
ေျပာ”အပ္” မေျပာ”အပ္”
သြားစရာကိစၥ ႀကဳံလာတဲ့အခါမွာ
သြား”အပ္ မသြား”အပ္”
ေနစရာကိစၥမ်ားနဲ႔ႀကဳံတဲ့အခါ
ေန”အပ္”မေန”အပ္”
မိမိတို႔ လိုအင္ဆႏၵရဲ႕ ပါတ္သက္တဲ့အခါ လို”အပ္” မလို”အပ္” အစရွိတဲ့
လူမႈဝန္းက်င္မွာ ေန႔စဥ္ထိေတြ႕ ႀကဳံေတြ႕ေနရတဲ့ “အပ္” ေပါင္းမ်ားစြာေတြပါ
တစ္ခါတရံ မိမိတို႔မွာ လုပ္အပ္
မလုပ္အပ္ သြားအပ္မသြားအပ္ စသည္ေတြကို ဆုံးျဖတ္ရခက္ခဲေနတတ္ပါတယ္
အဲဒီလိုအခက္အခဲႀကဳံလာရင္ တစ္နည္းအားျဖင့္ “အပ္” ေပ်ာက္ေနရင္ ခုနကေျပာတဲ့
“ဆင္”ဆိုတဲ့အရာနဲ႔ ရွာရပါမယ္တဲ့
“ဆင္” ဆိုတာကလည္း ဆင္ေကာင္ႀကီးကို ဆိုလိုတာမဟုတ္ပါဘူး
(ေယာနိေသာမနသီကာရ) နည္းမွန္လမ္း
မွန္သင့္တင့္ေလွ်ာက္ပတ္တဲ့ေတြးေတာမႈလို႔ေခၚရမယ့္
(ဆင္ျခင္တုံတရား)ကိုဆိုလိုတာပါ
“အပ္”ေပ်ာက္ေနရင္ တစ္နည္းအားျဖင့္ မိမိမွာ လုပ္အပ္ မလုပ္အပ္နဲ႔
ေျပာအပ္ မေျပာအပ္ စသည္ ေဝခြဲရခက္ေနရင္
(ဆင္ျခင္တုံတရား)ေလးနဲ႔စဥ္းစားဆုံးျဖတ္ပါ
(ဆင္ျခင္တုံတရား)ကိုျဖစ္ေပၚေစဖို႔ပံ့ပိုးေပးတဲ့အဓိကအေၾကာင္းတရားကေတာ့
(သတိနဲ႔ဉာဏ္ပညာ)ပါ
အဲဒီတရား၂ ပါးကသာ မိမိတို႔ရဲ႕ေပ်ာက္ေနတဲ့”အပ္”
ကို ရွာေဖြေပးႏိုင္မွာပါ
ဒါေၾကာင့္မို႔ ေပ်ာက္ေနတဲ့”အပ္”
ကိုရွာေဖြဖို႔ မိမိတို႔မွာ”ဆင္” ရွိဖို႔လိုပါတယ္ နည္းမွန္လမ္းမွန္ သမာသမတ္က်
က်စဥ္းစားေတြးေခၚ ခ်င့္ခ်ိန္သုံးသပ္ႏိုင္
မႈ(အခံ) ရွိရပါမယ္
အဲဒီနည္းမွန္လမ္းမွန္ေတြးေခၚ
သုံးသပ္ႏိုင္စြမ္းဆိုတဲ့(အခံ)ကို ရရွိဖို႔ရာ
မွာမိမိတို႔အေနနဲ႔ (ကလ်ာဏ)မိတ္ေဆြ
သူေတာ္ေကာင္းမိတ္ေဆြရွိရပါမယ္ပညာရွိသူေတာ္ေကာင္းဆရာမ်ားထံမွာ
ေကာင္းျမတ္တဲ့ ေလ့လာသင္ယူမႈေတြ
ျပဳလုပ္ရပါမယ္
အဲဒီလိုေလ့လာသင္ယူႏိုင္ေအာင္
လည္း နည္းမွန္လမ္းမွန္ေတြကို လက္ဆင့္ကမ္းေျပာျပ ေဟာျပႏိုင္တဲ့ သူေတာ္
ေကာင္းပညာရွိေတြကို ေပါင္းေဖာ္ ဆည္းကပ္ရပါမယ္
ပညာရွိ သူေတာ္ေကာင္းေတြနဲ႔အေဆြခင္ပြန္းျဖစ္ရတာဟာ
မိမိတို႔အတြက္ ပစ္စုပ္ပါန်ဘဝမွာေရာ တမလြန္ဘဝေတြအထိ ေကာင္းက်ိဳးခ်မ္းသာကို
ျဖစ္ေစပါတယ္
ဒါေၾကာင့္ျမတ္စြာဘုရားရွင္က”အေဆြခင္ပြန္းေကာင္းရွိသူဟာ
ျမင့္ျမတ္တဲ့စ႐ိုက္လကၡဏာ ျမင့္ျမတ္တဲ့အက်င့္သီလေတြ ျဖစ္ထြန္းေစရန္အတြက္
ၿပီးျပည့္စုံေစတယ္” လို႔(သဂါထာဝဂၢသံယုတ္ပါဠိကလ်ာဏမိတၱ)သုတ္မွာ ေဟာၾကားေတာ္မူခဲ့ပါတယ္
ထို႔ေၾကာင့္ ဓမၼမိတ္ေဆြသူေတာ္ေကာင္းအေပါင္းတို႔မွာလည္း
ေကာင္းမြန္ေသာကလ်ာဏမိတၱတို႔ျဖင့္ေပါင္းမွီဝဲၿပီး
တစ္ခါတရံ ေပ်ာက္ေနတတ္တဲ့မိမိတို႔”အပ္” ကို “ဆင္”စီးၿပီးရွာေဖြ ေတြ႕ရွိႏိုင္ၾကပါေစလို႔ ေတာင္းဆုပတၳနာ အခါခါျပဳလိုက္ပါေၾကာင္း
#Credit
Unicode
“အပ်”ပျောက်ရင်”ဆင်”နဲ့ရှာပါ
ဒီရှေးစကားလေးကို ငယ်စဉ်ထဲက ကြားဖူးနားဝရှိခဲ့တာကြာပါပြီ
သို့သော်ငြား အဲဒီစကားကို အရင်တုန်းကတော့
သာမန်အပေါ်ယံအတွေးလေးနဲ့တွေးမိခဲ့ဖူးပါတယ်
“အပ်ကလေးတစ်ချောင်းပျောက်တာများ ဆင်စီးပြီးရှာစရာလား”
ဆိုတဲ့အတွေးထက်ပိုပြီး နက်နက်နဲနဲမတွေးမိ မစဉ်းစားမိခဲ့ဘူး
နောက်တစ်ဖြည်းဖြည်းနဲ့ စာပေဗဟုသုတတွေ ဖတ်မှတ်လေ့လာရင်းနဲ့
အမြင်မှန်ရသွားခဲ့ရပါတော့တယ်
(အပ်ပျောက်ရင် ဆင်နဲ့ရှာ)ဆိုတဲ့
ဝေါဟာရ စကားလေးဟာ အင်မတန်မှ
လေးနက်ပြီး အဓိပ်ပါယျပွညျ့ဝတဲ့ ပညာရှိ
သူတော်ကောင်းတို့ရဲ့စကားဆိုတာ မိမိရဲ့
အသိဉာဏ်မှာ ပွင့်လင်းသွားပါတော့တယ်
တစ်ကယ်တော့”အပ်”ဆိုတာက
လူတွေရဲ့အသုံးအဆောင်တစ်ခုဖြစ်တဲ့
အဝတ်ချုပ်တဲ့အပ်ကို ဆိုလိုတာမဟုတ်ပါဘူး
ပညာရှိတွေပြောတဲ့”အပ်”ကတော့
လူတစ်ယောက်အတွက်နေ့စဉ်ကြုံတွေ့ကြရတဲ့ လူမှုကိစ္စတွေများစွာထဲက
မိမိမှာ ပြောစရာကိစ္စရှိလာတဲ့အခါ
ပြော”အပ်” မပြော”အပ်”
သွားစရာကိစ္စ ကြုံလာတဲ့အခါမှာ
သွား”အပ် မသွား”အပ်”
နေစရာကိစ္စများနဲ့ကြုံတဲ့အခါ
နေ”အပ်”မနေ”အပ်”
မိမိတို့ လိုအင်ဆန္ဒရဲ့ ပါတ်သက်တဲ့အခါ လို”အပ်” မလို”အပ်” အစရှိတဲ့
လူမှုဝန်းကျင်မှာ နေ့စဉ်ထိတွေ့ ကြုံတွေ့နေရတဲ့ “အပ်” ပေါင်းများစွာတွေပါ
တစ်ခါတရံ မိမိတို့မှာ လုပ်အပ်
မလုပ်အပ် သွားအပ်မသွားအပ် စသည်တွေကို ဆုံးဖြတ်ရခက်ခဲနေတတ်ပါတယ်
အဲဒီလိုအခက်အခဲကြုံလာရင် တစ်နည်းအားဖြင့် “အပ်” ပျောက်နေရင် ခုနကပြောတဲ့
“ဆင်”ဆိုတဲ့အရာနဲ့ ရှာရပါမယ်တဲ့
“ဆင်” ဆိုတာကလည်း ဆင်ကောင်ကြီးကို ဆိုလိုတာမဟုတ်ပါဘူး
(ယောနိသောမနသီကာရ) နည်းမှန်လမ်း
မှန်သင့်တင့်လျှောက်ပတ်တဲ့တွေးတောမှုလို့ခေါ်ရမယ့်
(ဆင်ခြင်တုံတရား)ကိုဆိုလိုတာပါ
“အပ်”ပျောက်နေရင် တစ်နည်းအားဖြင့် မိမိမှာ လုပ်အပ် မလုပ်အပ်နဲ့
ပြောအပ် မပြောအပ် စသည် ဝေခွဲရခက်နေရင်
(ဆင်ခြင်တုံတရား)လေးနဲ့စဉ်းစားဆုံးဖြတ်ပါ
(ဆင်ခြင်တုံတရား)ကိုဖြစ်ပေါ်စေဖို့ပံ့ပိုးပေးတဲ့အဓိကအကြောင်းတရားကတော့
(သတိနဲ့ဉာဏ်ပညာ)ပါ
အဲဒီတရား၂ ပါးကသာ မိမိတို့ရဲ့ပျောက်နေတဲ့”အပ်”
ကို ရှာဖွေပေးနိုင်မှာပါ
ဒါကြောင့်မို့ ပျောက်နေတဲ့”အပ်”
ကိုရှာဖွေဖို့ မိမိတို့မှာ”ဆင်” ရှိဖို့လိုပါတယ် နည်းမှန်လမ်းမှန် သမာသမတ်ကျ
ကျစဉ်းစားတွေးခေါ် ချင့်ချိန်သုံးသပ်နိုင်
မှု(အခံ) ရှိရပါမယ်
အဲဒီနည်းမှန်လမ်းမှန်တွေးခေါ်
သုံးသပ်နိုင်စွမ်းဆိုတဲ့(အခံ)ကို ရရှိဖို့ရာ
မှာမိမိတို့အနေနဲ့ (ကလျာဏ)မိတ်ဆွေ
သူတော်ကောင်းမိတ်ဆွေရှိရပါမယ်ပညာရှိသူတော်ကောင်းဆရာများထံမှာ
ကောင်းမြတ်တဲ့ လေ့လာသင်ယူမှုတွေ
ပြုလုပ်ရပါမယ်
အဲဒီလိုလေ့လာသင်ယူနိုင်အောင်
လည်း နည်းမှန်လမ်းမှန်တွေကို လက်ဆင့်ကမ်းပြောပြ ဟောပြနိုင်တဲ့ သူတော်
ကောင်းပညာရှိတွေကို ပေါင်းဖော် ဆည်းကပ်ရပါမယ်
ပညာရှိ သူတော်ကောင်းတွေနဲ့အဆွေခင်ပွန်းဖြစ်ရတာဟာ
မိမိတို့အတွက် ပစ်စုပ်ပါနျဘဝမှာရော တမလွန်ဘဝတွေအထိ ကောင်းကျိုးချမ်းသာကို
ဖြစ်စေပါတယ်
ဒါကြောင့်မြတ်စွာဘုရားရှင်က”အဆွေခင်ပွန်းကောင်းရှိသူဟာ
မြင့်မြတ်တဲ့စရိုက်လက္ခဏာ မြင့်မြတ်တဲ့အကျင့်သီလတွေ ဖြစ်ထွန်းစေရန်အတွက်
ပြီးပြည့်စုံစေတယ်” လို့(သဂါထာဝဂ္ဂသံယုတ်ပါဠိကလျာဏမိတ္တ)သုတ်မှာ ဟောကြားတော်မူခဲ့ပါတယ်
ထို့ကြောင့် ဓမ္မမိတ်ဆွေသူတော်ကောင်းအပေါင်းတို့မှာလည်း
ကောင်းမွန်သောကလျာဏမိတ္တတို့ဖြင့်ပေါင်းမှီဝဲပြီး
တစ်ခါတရံ ပျောက်နေတတ်တဲ့မိမိတို့”အပ်” ကို “ဆင်”စီးပြီးရှာဖွေ တွေ့ရှိနိုင်ကြပါစေလို့ တောင်းဆုပတ္ထနာ အခါခါပြုလိုက်ပါကြောင်း
Credit