“စစ္ေကာင္စီက မေအာင္မေနရ စနစ္နဲ႔ ထုတ္ျပန္ခိုင္းတဲ့ တကၠသိုလ္ေအာင္စာရင္း မွာ စာေမးပြဲ မေျဖထားသူမ်ားပါ ေအာင္ေန”

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

စစ္ေကာင္စီက တကၠသိုလ္အသီးသီး၌ တက္ေရာက္ခဲ့ၾကသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ စာေမးပြဲအေျဖလႊာမ်ားကို မေအာင္မေနရစနစ္ျဖင့္ စစ္ေဆးကာ ေအာင္စာရင္းမ်ားကို ထုတ္ျပန္ခိုင္းခဲ့ေၾကာင္း ေက်ာက္ဆည္ေက်ာင္းသားမ်ား သမဂၢက ေျပာသည္။

အာဏာသိမ္း စစ္ေကာင္စီလက္ထက္ မဟာတန္း၊ စတုတၳတန္းႏွင့္ ဂုဏ္ထူးတန္းမ်ား၏ ေအာင္စာရင္းတြင္ ေက်ာင္းမတက္၊ စာေမးပြဲမေျဖဆိုခဲ့သည့္ ေက်ာင္းသူ၊ ေက်ာင္းသားမ်ား၏ အမည္ပါဝင္ေနျခင္းျဖစ္သည္။

အာဏာသိမ္း စစ္ေကာင္စီက ဖြင့္လွစ္ခဲ့သည့္ မဟာတန္း၊ စတုတၳတန္းႏွင့္ ဂုဏ္ထူးတန္းမ်ားအတြက္ ေအာင္စာရင္းမ်ားကို ဩဂုတ္ ၁၃ ရက္ ရက္စြဲျဖင့္ အာဏာသိမ္း စစ္ေကာင္စီလက္ေအာက္ခံ ပညာေရးဌာနက ထုတ္ျပန္ခဲ့ျခင္းျဖစ္သည္။

ထိုသို႔ထုတ္ျပန္ရာတြင္ မေအာင္မေနရ စနစ္ျဖင့္ ေအာင္စာရင္းထုတ္ျပန္ခိုင္းရန္ ၫႊန္ၾကားေၾကာင္းကို စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဝန္ထမ္းအခ်ိဳ႕ထံက အတြင္းသတင္းအျဖစ္ သိရသည္ဟု ေက်ာက္ဆည္ေက်ာင္းသားမ်ား သမဂၢက ဩဂုတ္ ၁၅ ရက္ ရက္စြဲျဖင့္ ထုတ္ျပန္ထားသည္။

တခ်ိဳ႕ေက်ာင္းသူ၊ ေက်ာင္းသားမ်ားမွာ စာေျဖလႊာေပၚတြင္ ေအာင္မွတ္ျပည့္သည္အထိ ေျဖဆိုထားျခင္းမ႐ွိေသာ္လည္း ေအာင္စာရင္းထုတ္ျပန္မႈတြင္ အမည္စာရင္း ပါဝင္ခဲ့ေၾကာင္း ေက်ာက္ဆည္ေက်ာင္းသားမ်ား သမဂၢက ဆိုသည္။

အဆိုပါကိစၥႏွင့္ ပတ္သက္၍ တကၠသိုလ္ေက်ာင္းသားတစ္ဦးက “က်ေနာ္ေက်ာင္းလည္းမတက္၊ စာေမးပြဲလည္း မေျဖခဲ့ပါဘူး။ ဒါေတြမျဖစ္ခင္က ကြၽန္ေတာ္ ေနာက္ဆုံးႏွစ္ကို ဒုတိယအသုတ္ေအာင္ၿပီး ပထမအသုတ္မွာ paper 3 ေျဖၿပီး ကိုဗစ္ေၾကာင့္ ဆက္မေျဖေတာ့ဘူး။ အဲဒါကို အခုေအာင္စာရင္းမွာပါလာပါတယ္” ဟု ၎၏ ေဖ့စ္ဘြတ္စာမ်က္ႏွာေပၚတြင္ မွ်ေဝထားသည္။

ထပ္မံ၍ေက်ာင္းသူတစ္ဦးကလည္း “အခုေအာင္စာရင္းမွာ ပါလာတဲ့ သူငယ္ခ်င္း က CDM သမားပါ။ ေက်ာင္းလုံးဝ သြားမတက္ခဲ့ပါဘူး” ဟု ေျပာသည္။

စစ္ေကာင္စီလက္ေအာက္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ Non- CDM ပါေမာကၡခ်ဳပ္မ်ား၊ ဌာနမႉးမ်ား၊ ကထိကမ်ား၊ နည္းျပ၊ သ႐ုပ္ျပမ်ားသည္ ေအာင္စာရင္းရလဒ္မ်ား ထုတ္ျပန္မႈအေပၚတြင္ အဂတိလိုက္စားမႈမ်ားလည္း ႐ွိႏိုင္ေၾကာင္း ေက်ာက္ဆည္ေက်ာင္းသားမ်ား သမဂၢက သုံးသပ္ထားသည္။

Unicode

စစ်ကောင်စီက တက္ကသိုလ်အသီးသီး၌ တက်ရောက်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ စာမေးပွဲအဖြေလွှာများကို မအောင်မနေရစနစ်ဖြင့် စစ်ဆေးကာ အောင်စာရင်းများကို ထုတ်ပြန်ခိုင်းခဲ့ကြောင်း ကျောက်ဆည်ကျောင်းသားများ သမဂ္ဂက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီလက်ထက် မဟာတန်း၊ စတုတ္ထတန်းနှင့် ဂုဏ်ထူးတန်းများ၏ အောင်စာရင်းတွင် ကျောင်းမတက်၊ စာမေးပွဲမဖြေဆိုခဲ့သည့် ကျောင်းသူ၊ ကျောင်းသားများ၏ အမည်ပါဝင်နေခြင်းဖြစ်သည်။

အာဏာသိမ်း စစ်ကောင်စီက ဖွင့်လှစ်ခဲ့သည့် မဟာတန်း၊ စတုတ္ထတန်းနှင့် ဂုဏ်ထူးတန်းများအတွက် အောင်စာရင်းများကို ဩဂုတ် ၁၃ ရက် ရက်စွဲဖြင့် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ပညာရေးဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ထုတ်ပြန်ရာတွင် မအောင်မနေရ စနစ်ဖြင့် အောင်စာရင်းထုတ်ပြန်ခိုင်းရန် ညွှန်ကြားကြောင်းကို စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းအချို့ထံက အတွင်းသတင်းအဖြစ် သိရသည်ဟု ကျောက်ဆည်ကျောင်းသားများ သမဂ္ဂက ဩဂုတ် ၁၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

တချို့ကျောင်းသူ၊ ကျောင်းသားများမှာ စာဖြေလွှာပေါ်တွင် အောင်မှတ်ပြည့်သည်အထိ ဖြေဆိုထားခြင်းမရှိသော်လည်း အောင်စာရင်းထုတ်ပြန်မှုတွင် အမည်စာရင်း ပါဝင်ခဲ့ကြောင်း ကျောက်ဆည်ကျောင်းသားများ သမဂ္ဂက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ တက္ကသိုလ်ကျောင်းသားတစ်ဦးက “ကျနော်ကျောင်းလည်းမတက်၊ စာမေးပွဲလည်း မဖြေခဲ့ပါဘူး။ ဒါတွေမဖြစ်ခင်က ကျွန်တော် နောက်ဆုံးနှစ်ကို ဒုတိယအသုတ်အောင်ပြီး ပထမအသုတ်မှာ paper 3 ဖြေပြီး ကိုဗစ်ကြောင့် ဆက်မဖြေတော့ဘူး။ အဲဒါကို အခုအောင်စာရင်းမှာပါလာပါတယ်” ဟု ၎င်း၏ ဖေ့စ်ဘွတ်စာမျက်နှာပေါ်တွင် မျှဝေထားသည်။

ထပ်မံ၍ကျောင်းသူတစ်ဦးကလည်း “အခုအောင်စာရင်းမှာ ပါလာတဲ့ သူငယ်ချင်း က CDM သမားပါ။ ကျောင်းလုံးဝ သွားမတက်ခဲ့ပါဘူး” ဟု ပြောသည်။

စစ်ကောင်စီလက်အောက်တွင် တာဝန်ထမ်းဆောင်နေသည့် Non- CDM ပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ကထိကများ၊ နည်းပြ၊ သရုပ်ပြများသည် အောင်စာရင်းရလဒ်များ ထုတ်ပြန်မှုအပေါ်တွင် အဂတိလိုက်စားမှုများလည်း ရှိနိုင်ကြောင်း ကျောက်ဆည်ကျောင်းသားများ သမဂ္ဂက သုံးသပ်ထားသည်။