ဂ်က္ဖ္ဘီဇို႔စ္(သို႔)ဆင္ေျခဖုံးကားဂိုေဒါင္မွအာကာသအထိ ခရီးႏွင္ခဲ့သူ

Zaw Gyi

အောက်တွင် Unicode နှင့် ဖတ်ရှု့နိုင်ပါသည်

အေမဇုံကို တည္ေထာင္သူ အေမရိကန္စီးပြားေရး လုပ္ငန္း႐ွင္ ဂ်က္ဖ္ဘီဇို႔စ္ဟာ

သူ၏ အာကာသခရီးသြား ကုမၸဏီ Blue Origin ရဲ႕ New Shepard ဒုံးပ်ံျဖင့္ အာကာသသို႔ သြားေရာက္ခဲ့ၿပီး ဘီလ်ံနာ အာကာသယာဥ္မႉးျဖစ္လာခဲ့ပါၿပီ။

ဒါဟာ ၎၏ ၿပိဳင္ဘက္ျဖစ္တဲ့ ရစ္ခ်တ္ဘရန္ဆင္ ပထမဆုံးဘီလ်ံနာ အာကာသယာဥ္မႉး ျဖစ္လာၿပီးေနာက္ ကိုးရက္အၾကာမွာ‌ ျဖစ္ပါတယ္။

ဘီဇို႔စ္၏ ဘဝက စိတ္ဝင္စား အတုယူဖို႔ေကာင္းပါတယ္‌။ သူ႕အေၾကာင္းကို ေလ့လာၾကည့္ရေအာင္ဗ်ာ။

သူဟာ အီလက္ထ႐ြန္နစ္ စီးပြားေရးလုပ္ငန္းကို အေမရိကန္ႏိုင္ငံ ဆီယက္တဲလ္ၿမိဳ႕ ဆင္ေျခဖုံး႐ွိ ကားဂိုေဒါင္တစ္ခုမွ စတင္ခဲ့ၿပီး အာကာသထဲသို႔ သြားေရာက္ခဲ့သူပါ။

သူ ၅ ႏွစ္အ႐ြယ္ကတည္းက စြန္႔ဦးတီထြင္သူအိပ္မက္တစ္ခု တကယ္ျဖစ္လာခဲ့တာပါ။

၁၉၆၄ ခုႏွစ္ ဇန္နဝါရီ ၁၂ ရက္တြင္ ဂ်က္ဖရီ ပရက္စတန္ ေဂ်ာ့ဂ်င္ဆင္ (Jeffrey Preston Jorgensen) ကို အေမရိကန္ႏိုင္ငံ၊ နယူးမကၠစီကို၊ အယ္ဘူကြာကြီတြင္ ဂ်က္လင္း ႏွင့္ တက္ ေဂ်ာ့ဂ်င္ဆင္ တို႔မွ ေမြးဖြားခဲ့ၿပီး ေနာက္ပိုင္းတြင္ မီဂူးလ္ ဘီးဇို႔စ္မွ ေမြးစားခဲ့ပါတယ္။ သူရဲ႕အမည္ကိုလည္း ဂ်က္ဖ္ဘီဇို႔စ္ လို႔ေျပာင္းလဲခဲ့ပါတယ္။

၁၉၈၆ ခုႏွစ္တြင္ ပရင့္စ္တန္ တကၠသိုလ္မွ လွ်ပ္စစ္အင္ဂ်င္နီယာႏွင့္ကြန္ပ်ဴတာသိပၸံ ဘြဲ႕ ရ႐ွိခဲ့ပါတယ္။

၁၉၉၀ ခုႏွစ္တြင္ ရင္းႏွီးျမႇဳပ္ႏွံမႈဘဏ္ တစ္ခုျဖစ္တဲ့ D.E. Shaw & Co တြင္ ဝင္ေရာက္ခဲ့ၿပီး ၁၉၉၄ ခုႏွစ္အထိ အလုပ္လုပ္ခဲ့ပါတယ္။ ၎ကုမၸဏီရဲ႕ အသက္အငယ္ဆုံး အႀကီးတန္း ဒုတိယဥကၠအထိ တာဝန္ယူေဆာင္႐ြက္ခဲ့သူပါ။

၁၉၉၃ ခုႏွစ္တြင္ D.E.Shaw &Co တြင္ ေတြ႕ဆုံခဲ့တဲ့ မက္ကင္ဇီး တီ့ထ္ ဆိုသူအမ်ိဳးသမီးႏွင့္လက္ထပ္ခဲ့ပါတယ္။

၁၉၉၄ ခုႏွစ္တြင္ D.E. Shaw & Co ကေန အလုပ္ထြက္ခဲ့ၿပီး ဆီယက္တဲလ္သို႔ ေျပာင္းေ႐ႊ႕ေနထိုင္ကာ ကားဂိုေဒါင္ထဲမွ အြန္လိုင္းစာအုပ္ဆိုင္ တစ္ခု ဖြင့္ခဲ့ပါတယ္။ ဘီဇို႔စ္ဟာ ငယ္ငယ္ကတည္းက သူ႕ကိုယ္သူ “ ကားဂိုေဒါင္တီထြင္သူ” လို႔ ေခၚခဲ့တာပါ။

၁၉၉၅ ခုႏွစ္တြင္ အေမဇုံမွာ ၎၏ပထမ ဦးဆုံးစာအုပ္ေရာင္းခ်ခဲ့ၿပီး လွ်င္ျမန္စြာ တိုးတက္လာခဲ့ပါတယ္။

၂၀၀၀ ခုႏွစ္တြင္ ဘီဇို႔စ္ဟာ အာကာသခရီးသြားလုပ္ငန္းဝန္ေဆာင္မႈအတြက္ Blue Origin ဒုံးပ်ံ တည္ေဆာက္ေရးကို စတင္ခဲ့ပါတယ္။

၂ဝဝ၆ ခုႏွစ္တြင္ အေမဇုံ မွ Cloud computing ဝန္ေဆာင္မႈ၊ Amazon Web Services (AWS) ႏွင့္ Amazon Unbox ကို မိတ္ဆက္ခဲ့ပါတယ္။ မူလ ဗီဒီယို အစီအစဥ္ ဝန္ေဆာင္မႈကို ေနာက္ပိုင္းတြင္ Amazon Prime Video ဟုအမည္ေျပာင္းေပးခဲ့ပါတယ္။

၂ဝဝ၇ ခုႏွစ္တြင္ အေမဇုံမွ သယ္ေဆာင္ရလြယ္ကူေသာ ဒစ္ဂ်စ္တယ္ စာဖတ္ကိရိယာ Kindle ကို ထုတ္လုပ္ခဲ့ပါတယ္။

၂၀၁၂ ခုႏွစ္တြင္ Blue Origin ရဲ႕ New Shepard ဒုံးပ်ံကို စတင္စမ္းသပ္ပ်ံသန္းမႈ ျပဳလုပ္ခဲ့ပါတယ္။

၂၀၁၉ ခုႏွစ္တြင္ ၂၅ ႏွစ္အၾကာ လက္တြဲခဲ့သည့္ ဇနီးျဖစ္သူ မက္ကင္ဇီး ႏွင့္ ကြာ႐ွင္းခဲ့ပါတယ္။ သူတို႔စုံတြဲတြင္ ကေလးေလးေယာက္႐ွိပါတယ္။

၂၀၂၁ ခုႏွစ္၊ ဇူလိုင္လ ၅ ရက္ေန႔တြင္ ဘီဇို႔စ္ဟာ အေမဇုံ၏ အမႈေဆာင္အရာ႐ွိခ်ဳပ္ရာထူးမွ အမႈေဆာင္ ဥကၠဌ အျဖစ္ ရာထူးမွ ဆင္းခဲ့ေသာ္လည္း

ေဒၚလာဘီလ်ံ ၂၀၆ ဘီလီယံေက်ာ္ပိုင္ဆိုင္သည့္ ကမ႓ာ့အခ်မ္းသာဆုံး ဘီလ်ံနာ တစ္ဦးအျဖစ္ ရပ္တည္ေနလ်က္႐ွိပါတယ္။

Credit

Unicode

အမေဇုံကို တည်ထောင်သူ အမေရိကန်စီးပွားရေး လုပ်ငန်းရှင် ဂျက်ဖ်ဘီဇို့စ်ဟာ

သူ၏ အာကာသခရီးသွား ကုမ္ပဏီ Blue Origin ရဲ့ New Shepard ဒုံးပျံဖြင့် အာကာသသို့ သွားရောက်ခဲ့ပြီး ဘီလျံနာ အာကာသယာဉ်မှူးဖြစ်လာခဲ့ပါပြီ။

ဒါဟာ ၎င်း၏ ပြိုင်ဘက်ဖြစ်တဲ့ ရစ်ချတ်ဘရန်ဆင် ပထမဆုံးဘီလျံနာ အာကာသယာဉ်မှူး ဖြစ်လာပြီးနောက် ကိုးရက်အကြာမှာ‌ ဖြစ်ပါတယ်။

ဘီဇို့စ်၏ ဘဝက စိတ်ဝင်စား အတုယူဖို့ကောင်းပါတယ်‌။ သူ့အကြောင်းကို လေ့လာကြည့်ရအောင်ဗျာ။

သူဟာ အီလက်ထရွန်နစ် စီးပွားရေးလုပ်ငန်းကို အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့ ဆင်ခြေဖုံးရှိ ကားဂိုဒေါင်တစ်ခုမှ စတင်ခဲ့ပြီး အာကာသထဲသို့ သွားရောက်ခဲ့သူပါ။

သူ ၅ နှစ်အရွယ်ကတည်းက စွန့်ဦးတီထွင်သူအိပ်မက်တစ်ခု တကယ်ဖြစ်လာခဲ့တာပါ။

၁၉၆၄ ခုနှစ် ဇန်နဝါရီ ၁၂ ရက်တွင် ဂျက်ဖရီ ပရက်စတန် ဂျော့ဂျင်ဆင် (Jeffrey Preston Jorgensen) ကို အမေရိကန်နိုင်ငံ၊ နယူးမက္ကစီကို၊ အယ်ဘူကွာကွီတွင် ဂျက်လင်း နှင့် တက် ဂျော့ဂျင်ဆင် တို့မှ မွေးဖွားခဲ့ပြီး နောက်ပိုင်းတွင် မီဂူးလ် ဘီးဇို့စ်မှ မွေးစားခဲ့ပါတယ်။ သူရဲ့အမည်ကိုလည်း ဂျက်ဖ်ဘီဇို့စ် လို့ပြောင်းလဲခဲ့ပါတယ်။

၁၉၈၆ ခုနှစ်တွင် ပရင့်စ်တန် တက္ကသိုလ်မှ လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံ ဘွဲ့ ရရှိခဲ့ပါတယ်။

၁၉၉၀ ခုနှစ်တွင် ရင်းနှီးမြှုပ်နှံမှုဘဏ် တစ်ခုဖြစ်တဲ့ D.E. Shaw & Co တွင် ဝင်ရောက်ခဲ့ပြီး ၁၉၉၄ ခုနှစ်အထိ အလုပ်လုပ်ခဲ့ပါတယ်။ ၎င်းကုမ္ပဏီရဲ့ အသက်အငယ်ဆုံး အကြီးတန်း ဒုတိယဥက္ကအထိ တာဝန်ယူဆောင်ရွက်ခဲ့သူပါ။

၁၉၉၃ ခုနှစ်တွင် D.E.Shaw &Co တွင် တွေ့ဆုံခဲ့တဲ့ မက်ကင်ဇီး တီ့ထ် ဆိုသူအမျိုးသမီးနှင့်လက်ထပ်ခဲ့ပါတယ်။

၁၉၉၄ ခုနှစ်တွင် D.E. Shaw & Co ကနေ အလုပ်ထွက်ခဲ့ပြီး ဆီယက်တဲလ်သို့ ပြောင်းရွှေ့နေထိုင်ကာ ကားဂိုဒေါင်ထဲမှ အွန်လိုင်းစာအုပ်ဆိုင် တစ်ခု ဖွင့်ခဲ့ပါတယ်။ ဘီဇို့စ်ဟာ ငယ်ငယ်ကတည်းက သူ့ကိုယ်သူ “ ကားဂိုဒေါင်တီထွင်သူ” လို့ ခေါ်ခဲ့တာပါ။

၁၉၉၅ ခုနှစ်တွင် အမေဇုံမှာ ၎င်း၏ပထမ ဦးဆုံးစာအုပ်ရောင်းချခဲ့ပြီး လျှင်မြန်စွာ တိုးတက်လာခဲ့ပါတယ်။

၂၀၀၀ ခုနှစ်တွင် ဘီဇို့စ်ဟာ အာကာသခရီးသွားလုပ်ငန်းဝန်ဆောင်မှုအတွက် Blue Origin ဒုံးပျံ တည်ဆောက်ရေးကို စတင်ခဲ့ပါတယ်။

၂ဝဝ၆ ခုနှစ်တွင် အမေဇုံ မှ Cloud computing ဝန်ဆောင်မှု၊ Amazon Web Services (AWS) နှင့် Amazon Unbox ကို မိတ်ဆက်ခဲ့ပါတယ်။ မူလ ဗီဒီယို အစီအစဉ် ဝန်ဆောင်မှုကို နောက်ပိုင်းတွင် Amazon Prime Video ဟုအမည်ပြောင်းပေးခဲ့ပါတယ်။

၂ဝဝ၇ ခုနှစ်တွင် အမေဇုံမှ သယ်ဆောင်ရလွယ်ကူသော ဒစ်ဂျစ်တယ် စာဖတ်ကိရိယာ Kindle ကို ထုတ်လုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်တွင် Blue Origin ရဲ့ New Shepard ဒုံးပျံကို စတင်စမ်းသပ်ပျံသန်းမှု ပြုလုပ်ခဲ့ပါတယ်။

၂၀၁၉ ခုနှစ်တွင် ၂၅ နှစ်အကြာ လက်တွဲခဲ့သည့် ဇနီးဖြစ်သူ မက်ကင်ဇီး နှင့် ကွာရှင်းခဲ့ပါတယ်။ သူတို့စုံတွဲတွင် ကလေးလေးယောက်ရှိပါတယ်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၅ ရက်နေ့တွင် ဘီဇို့စ်ဟာ အမေဇုံ၏ အမှုဆောင်အရာရှိချုပ်ရာထူးမှ အမှုဆောင် ဥက္ကဌ အဖြစ် ရာထူးမှ ဆင်းခဲ့သော်လည်း

ဒေါ်လာဘီလျံ ၂၀၆ ဘီလီယံကျော်ပိုင်ဆိုင်သည့် ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာ တစ်ဦးအဖြစ် ရပ်တည်နေလျက်ရှိပါတယ်။

Credit